iMyanmarHouse.com - Best Property Website for Myanmar
×








Credit : Duwun



#Unicode Version

မိန်းကလေးတွေဟာ ဓမ္မတာပေါ်စဉ်မှာ အိပ်ရတာ ခါတိုင်းအချိန်ထက် ပိုခက်လေ့ရှိပြီး အရင်က အိပ်လို့ သက်သောင့်သက်သာဖြစ်တဲ့ အနေအထားမှာတောင် ဒီလိုရက်မျိုးတွေမှာ အနေခက်လှပါတယ်။

အိပ်ရတာ သက်သောင့်သက်သာရှိပြီး နာကျင်ကိုက်ခဲမှုလျော့နည်းအောင် ကူညီပေးမယ့် အိပ်စက်နည်းရှိပါတယ်။

ဓမ္မတာပေါ်နေစဉ်မှာ ဘေးတစ်စောင်းအိပ်ကာ ခြေထောက်တွေကို ဗိုက်နားအထိ ရော်ကအောင် ကွေးပြီး အိပ်သင့်တယ်လို့ ပညာရှင်များက အကြံပြုထားပါတယ်။


ဒီလိုအိပ်တာဟာ ဝမ်းဗိုက်က ကြွက်သားတွေကို ဖိအားလျော့နည်းစေတယ်လို့ ဆိုပါတယ်။

ခြေထောက်တွေကို ကွေးပြီး တစ်စောင်းအိပ်ခြင်းအားဖြင့် ဝမ်းဗိုက်ကြွက်သားတွေကို လျော့စေတဲ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး နာကျင်ကိုက်ခဲမှုကိုလည်း လျော့ကျစေတယ်လို့ ဒေါက်တာ ဂျနီဖာဝိုက်ဒါက ပြောပါတယ်။

လုံးဝမအိပ်သင့်တဲ့ပုံစံကတော့ မှောက်လျက်အနေအထားဖြစ်ပြီး အဲဒီလို အိပ်ခြင်းက ဝမ်းဗိုက်ကို ပိုဖိမိကာ ညဘက်မှာ ဓမ္မတာဆင်းတာ ပိုများစေတယ်လို့ ဒေါက်တာဝိုက်ဒါက ဆိုပါတယ်။


Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top