iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရယ္လို႕ျဖစ္လာရင္ေတာ့ 'ခ်စ္တယ္' ဆိုတဲ့စကားကို အျမဲလိုလိုၾကားခ်င္တတ္ၾကတာ ဓမၼတာပါပဲ။ ဒါေပမဲ့ တန္ဖိုးရွိတဲ့စကားေတြက ခဏခဏမေျပာရဘူးလို႕လည္း ေျပာစမွတ္ရွိေနၾကျပန္ေတာ့ အဲ့လို႕ခ်စ္ေၾကာင္းခဏခဏေျပာရင္ ခ်စ္သူေတြၾကားမွာ ဘာေတြျဖစ္လာတတ္လဲဆိုတာ ေတြးၾကည့္ႏိုင္ပါတယ္။

၁။ ႐ိုးလာ

ရွင္းရွင္းေလးပါပဲ။ လူဆိုတာ ခဏခဏ ျမင္ေနေတြ႕ေနၾကားေနရတဲ့အရာေတြဆိုရင္ ရိုးလာတတ္တဲ့သေဘာရွိပါတယ္။ အဲ့လို ခ်စ္တယ္ဆိုတဲ့စကားကို ခဏခဏေျပာတဲ့အခါက်ရင္ ကိုယ္တကယ္စိတ္ခံစားခ်က္ပါရင္လည္း မပါဘူးလို႕ေပါ့ေပါ့ေလ်ာ့ေလ်ာ့ထင္သြားႏိုင္သလို ကိုယ္ကစိတ္မပါလက္မပါေျပာေနတာကိုလည္း ခ်စ္သူက စိတ္မပါရေကာင္းလားဆိုျပီး စိတ္ဆိုးတဲ့အခါမ်ိဳးေတြရွိလာႏုိင္ပါတယ္။

၂။ သံသယေတြပြား

သံသယသိပ္မထားတတ္တဲ့သူဆို ျပႆနာသိပ္မရွိေပမယ့္ အဲ့လို ခ်စ္တယ္ခ်ည္းပဲ ေတြ႕တိုင္းေျပာေနတာဟာ ထူးထူးျခားျခားကိစၥတစ္ခုခုကို ဖံုးကြယ္ထားလို႕မ်ားလားဆိုျပီး သံသယပြားရတာမ်ိဳးလည္း ျဖစ္လာႏုိင္ပါတယ္။

၃။ စိတ္ေက်နပ္

ေကာင္းတဲ့ဘက္ကၾကည့္ျပန္ေတာ့လည္း တကယ္ခ်စ္တဲ့ခ်စ္သူႏွစ္ဦးသာဆိုရင္ေတာ့ ခ်စ္တယ္လို႕ ၾကားလိုက္ရရင္ ျပႆနာၾကီးၾကီးမားမားရွိခဲ့ရင္ေတာင္ တစ္၀က္ေလာက္က ေက်ေအးျပီးသား ျဖစ္သြားတတ္ပါတယ္။

၄။ အျမင္ကတ္လာ

ဒါလည္း ရွင္းရွင္းေလးပါပဲ။ ကိုယ္ေတြခ်စ္သူႏွစ္ေယာက္အဆင္ေျပေနရင္ေတာင္ ေဘးပတ္ဝန္းက်င္အျမင္မွာေတာ့ ဒီသမီးရည္းစားႏွစ္ေယာက္က အကဲပိုလြန္းတယ္လို႕ ေတြးတာထင္တာေတြ ရွိေနႏိုင္ပါတယ္။

၅။ အခ်စ္ေပါ့

ပထမဆံုးအခ်က္နဲ႕နည္းနည္းဆင္ပါတယ္။ ဒါေပမယ့္ ၾကားရတာတင္ရိုးလာတာမ်ိဳးမဟုတ္ဘဲ တကယ္ ခဏခဏေျပာတဲ့သူ ကာယကံရွင္ ကိုယ္တုိင္ကိုကပါ ခ်စ္တဲ့စိတ္ေပါ့လာတတ္တယ္လို႕ ႏွလံုးသားေရးရာသုေတသနအခ်ိဳ႕ကဆိုပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချစ်သူရယ်လို့ဖြစ်လာရင်တော့ 'ချစ်တယ်' ဆိုတဲ့စကားကို အမြဲလိုလိုကြားချင်တတ်ကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ တန်ဖိုးရှိတဲ့စကားတွေက ခဏခဏမပြောရဘူးလို့လည်း ပြောစမှတ်ရှိနေကြပြန်တော့ အဲ့လို့ချစ်ကြောင်းခဏခဏပြောရင် ချစ်သူတွေကြားမှာ ဘာတွေဖြစ်လာတတ်လဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

၁။ ရိုးလာ

ရှင်းရှင်းလေးပါပဲ။ လူဆိုတာ ခဏခဏ မြင်နေတွေ့နေကြားနေရတဲ့အရာတွေဆိုရင် ရိုးလာတတ်တဲ့သဘောရှိပါတယ်။ အဲ့လို ချစ်တယ်ဆိုတဲ့စကားကို ခဏခဏပြောတဲ့အခါကျရင် ကိုယ်တကယ်စိတ်ခံစားချက်ပါရင်လည်း မပါဘူးလို့ပေါ့ပေါ့လျော့လျော့ထင်သွားနိုင်သလို ကိုယ်ကစိတ်မပါလက်မပါပြောနေတာကိုလည်း ချစ်သူက စိတ်မပါရကောင်းလားဆိုပြီး စိတ်ဆိုးတဲ့အခါမျိုးတွေရှိလာနိုင်ပါတယ်။

၂။ သံသယတွေပွား

သံသယသိပ်မထားတတ်တဲ့သူဆို ပြဿနာသိပ်မရှိပေမယ့် အဲ့လို ချစ်တယ်ချည်းပဲ တွေ့တိုင်းပြောနေတာဟာ ထူးထူးခြားခြားကိစ္စတစ်ခုခုကို ဖုံးကွယ်ထားလို့များလားဆိုပြီး သံသယပွားရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

၃။ စိတ်ကျေနပ်

ကောင်းတဲ့ဘက်ကကြည့်ပြန်တော့လည်း တကယ်ချစ်တဲ့ချစ်သူနှစ်ဦးသာဆိုရင်တော့ ချစ်တယ်လို့ ကြားလိုက်ရရင် ပြဿနာကြီးကြီးမားမားရှိခဲ့ရင်တောင် တစ်ဝက်လောက်က ကျေအေးပြီးသား ဖြစ်သွားတတ်ပါတယ်။

၄။ အမြင်ကတ်လာ

ဒါလည်း ရှင်းရှင်းလေးပါပဲ။ ကိုယ်တွေချစ်သူနှစ်ယောက်အဆင်ပြေနေရင်တောင် ဘေးပတ်ဝန်းကျင်အမြင်မှာတော့ ဒီသမီးရည်းစားနှစ်ယောက်က အကဲပိုလွန်းတယ်လို့ တွေးတာထင်တာတွေ ရှိနေနိုင်ပါတယ်။

၅။ အချစ်ပေါ့

ပထမဆုံးအချက်နဲ့နည်းနည်းဆင်ပါတယ်။ ဒါပေမယ့် ကြားရတာတင်ရိုးလာတာမျိုးမဟုတ်ဘဲ တကယ် ခဏခဏပြောတဲ့သူ ကာယကံရှင် ကိုယ်တိုင်ကိုကပါ ချစ်တဲ့စိတ်ပေါ့လာတတ်တယ်လို့ နှလုံးသားရေးရာသုတေသနအချို့ကဆိုပါတယ်။



Credit : Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top