iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာသက္တမ္း ၇ ႏွစ္ရွိလာၿပီျဖစ္တဲ့ သဥၹာႏြယ္၀င္းဟာ ပရိသတ္ေပးတဲ့ေနရာတစ္ခုကို တစ္စထက္တစ္စ ရရွိပိုင္ဆိုင္လာၿပီျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာ သူမပါ၀င္ရုိက္ကူးထားတဲ့ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားကုိလည္း ပရိသတ္ေတြက ပိုမုိႏွစ္သက္သေဘာက် အားေပးလာၾကပါတယ္။ လက္ရွိမွာ အမ်ားစိတ္ပူေနသလုိ မဟုတ္ပဲ ေအးေအးေဆးေဆးရွိေနသလုိ က်န္းမာေရးေၾကာင့္သာ ေရွ႕ရက္ေတြက စိတ္ညစ္ေနရတာပါလုိ႕ေျပာျပလာတဲ့ သဥၹာႏြယ္၀င္းရဲ႕စိတ္ခံစားခ်က္အခ်ိဳ႕ကိုေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ ေဖ့စ္ဘြတ္မွာ တင္ျဖစ္တဲ့ စာေလးေတြနဲ႕ပတ္သက္ၿပီး ပရိသတ္ေတာ္ေတာ္မ်ားမ်ားက သဥၹာ့အခ်စ္ေရးကုိ စိတ္၀င္စားေနၾကတယ္။

အခ်စ္ေရးက မေျဖခ်င္ဘူး။ အစ္မ ….. ။ အားလံုးလဲသိေနၿပီးသားဆိုေတာ့ေလ …… ။

-ဒီရဲ႕ အေရွ႕ရက္ေတြက စိတ္ညစ္ေနတယ္လို႕ၾကားတယ္။ အဲ့ဒါက အခ်စ္ေရးေၾကာင့္လား။

အဲ့ဒါက သဥၹာေနမေကာင္းလုိ႕ပါ။ မ်က္စိစြြံလို႕ေလ။ မ်က္စိစြံတာေၾကာင့္ ကားရုိက္ရတာလဲ အခက္အခဲျဖစ္တယ္။ ၿပီးေတာ့လဲ ဘယ္ေန႕ေပ်ာက္မယ္မွန္းမသိေတာ့ ကားရုိက္ကဖ်က္လို႕လဲမရဘူး။ အဲ့ဒီအတြက္အားနာတယ္။ တျခားစိတ္ညစ္စရာေတာ့ ဘာမွမရွိပါဘူး။ မ်က္စိစြံတယ္ ဆိုတာကလဲ ဘာမွမဟုတ္တဲ့အေၾကာင္းအရာျဖစ္ေပမဲ့လဲ ကုိယ့္အလုပ္နဲ႕ပတ္သက္ေနတဲ့အခါက်ေတာ့ နည္းနည္းစိတ္အေႏွာင့္အယွက္ျဖစ္ရတယ္။ မိုးတြင္းဆိုေတာ့ မိုးကလဲရွိေသးတယ္။ မ်က္စိကလဲ စြံ၊ ေနကလဲသိပ္မေကာင္းဆုိေတာ့ စိတ္ညစ္ရလို႕ပါ။ က်န္တာကေတာ့ မရွိပါဘူး။ အခ်စ္ေရးေၾကာင့္လဲမဟုတ္ပါဘူး။ က်န္းမာေရးမေကာင္းလုိ႕ပါ။

-မ်က္စိစြံတာကေရာ ေပ်ာက္သြားၿပီလား။

မ်က္စိစြံတာက ေပ်ာက္သြားပါၿပီ။ ေနမေကာင္းတာကေတာ့ က်န္ေသးတယ္အစ္မ။

-အခုလက္ရွိစိတ္ခံစားခ်က္က ပံုမွန္ပဲလား။ အရမ္း၀မ္းနည္းေနတာမ်ိဳး၊ အရမ္းေပ်ာ္ရႊင္ေနတာမ်ိဳး ျဖစ္ေနမလား။

အခုလက္ရွိမွာ အရမ္းေပ်ာ္ေနပါတယ္။

-ဘယ္လိုအေၾကာင္းအရာမ်ိဳးေၾကာင့္ ေပ်ာ္ရႊင္ေနတာလဲ။

အခုေလာေလာဆယ္က အစစအရာရာ အကုန္လံုးအဆင္ေျပေနတယ္။ အလုပ္ကိစၥေတြေရာ၊ လူမႈေရးကိစၥေတြေရာ အားလံုးအဆင္ေျပေနတဲ့အတြက္ေပ်ာ္တယ္။ ၿပီးေတာ့ ပရိသတ္ေတြကလဲ အခုေနာက္ပိုင္းထြက္တဲ့ကားေလးေတြမွာ သဥၹာ့ကုိ သေဘာက်ၾကတယ္ေျပာေတာ့ အဲ့ဒီအတြက္လဲပါတာေပါ့ေနာ္။ အခုကေတာ့ ေပ်ာ္ေနပါတယ္။

-ကုိယ္ကုိတိုင္က စိတ္ခံစားခ်က္ကို ဦးစားေပးတဲ့သူတစ္ေယာက္လား။ ပံုမွန္လူတစ္ေယာက္လား။

စိတ္ခံစားခ်က္ကိုဦးစားေပးတဲ့သူပါ။

-အဲ့ဒီလိုလူတစ္ေယာက္ျဖစ္တဲ့အတြက္ ကုိယ့္ခံစားခ်က္နဲ႕ပတ္သက္ၿပီး အားမလိုအားမရျဖစ္တာမ်ိဳးေတြေရာ ရွိလား။

သဥၹာကေတာ့ ကံကိုယံုတယ္အစ္မ။ လူျဖစ္လာၿပီဆိုရင္ ဘယ္အခ်ိန္မွာဘာျဖစ္မယ္။ ဘယ္အခ်ိန္မွာ ဘာလုပ္ကုိလုပ္ရမယ္။ ဘယ္အခ်ိန္မွာ ဘာေတြျဖစ္မလဲဆိုတာ ပါလာၿပီးသားေလ။ ကိုယ္ေကာင္းေအာင္လုပ္လို႕ရတာမ်ိဳးပဲရွိမယ္။ အဲ့ဒီေတာ့ ျဖစ္လာသမွ်အရာအားလံုးကို သဥၹာလက္ခံတယ္။ အားမလိုအားမရျဖစ္တာမ်ိဳးေတာ့မရွိဘူး။ ေနာင္တရတာမ်ိဳးလဲမရွိဘူး။ အစ္မ။

-ဘယ္လိုအခ်ိန္မ်ိဳးေတြမွာ မ်က္ရည္က်တာမ်ိဳးရွိလဲ။

၀မ္းနည္းတဲ့အခါမ်ိဳး၊ စိတ္မေကာင္းတဲ့အခါမ်ိဳးေတြဆိုရင္ေတာ့ မ်က္ရည္က်တတ္ပါတယ္။

-ကုိယ္ကိုတုိင္က စိတ္ဓာတ္မာေက်ာတဲ့သူလား။ ၀မ္းနည္းခံစားလြယ္တဲ့သူလား။

သဥၹာက စိတ္အားေပ်ာ့တဲ့သူထဲမွာပါတယ္။ ဒါေပမဲ့ တစ္ခုရွိတာက သဥၹာကနည္းနည္းေပတယ္။ ေပၿပီး တင္းၿပီးခံစားတတ္တယ္။

-အိမ္ကေရာ သဥၹာ့ကို အရင္လုိစိတ္မခ်ျဖစ္ေနတုန္းပဲလား။ လြတ္လပ္ခြင့္ေပးတာမ်ိဳးေရာ ရွိေနၿပီလား။

အိမ္ကေတာ့ အျမဲေနာက္ကေန လုိက္ေပးေနတုန္းပဲ။ ဒါေပမဲ့အခုေနာက္ပိုင္းက်ေတာ့ တစ္ပတ္မွာတစ္ရက္ အျပင္ေပးသြားတယ္။ တစ္ခါထြက္ရင္ သံုးနာရီေလာက္ေပါ့။ မုန္႕ထြက္စားခြင့္ေပးတယ္။ အရင္ကထက္ေတာ့ နည္းနည္းေလးအေလွ်ာ့ေပးလာတယ္ေပါ့။

-အိမ္ရဲ႕စီးပြားေရးျဖစ္တဲ့ ေရႊဆုိင္မွာေရာ ဘယ္လုိမ်ိဳးေလးပါ၀င္ကူညီေပးျဖစ္လဲ။

သဥၹာကက်ေတာ့ အိမ္စီးပြားေရးကို ဘာမွသိပ္မလုပ္ေပးျဖစ္ဘူး။ ဒီဇိုင္းေလးေတြေရြးေပးတာေလာက္ပဲ လုပ္ေပးျဖစ္တယ္။ က်န္တာကေတာ့ သိပ္မလုပ္ေပးျဖစ္ဘူး။ ကုိယ္လဲသိပ္နားမလည္တဲ့အလုပ္တစ္ခုျဖစ္လို႕ပါ။

-အခုမုိးတြင္းဆိုေတာ့ ရႈတင္မရွိတဲ့နားရက္ေတြကုိ ဘယ္လုိကုန္ဆံုးျဖစ္လဲ။

မိုးတြင္း outdoor ထြက္ရုိက္ရင္အဆင္မေျပဘူး။ မုိးေတြကရြာတဲ့အခါေစာင့္ရတယ္။ နားနားၿပီးရုိက္ရတယ္။ အခုလိုမိုးတြင္းမ်ိဳးအိမ္မွာနားရတဲ့ ရက္ေတြဆိုပိုေကာင္းတာေပါ့။

-အိမ္မွာပဲ အျမဲေနရတဲ့ သဥၹာ့အတြက္မိုးရာသီနဲ႕ပတ္သက္တဲ့ အမွတ္တရေတြေရာ ထူးထူးျခားျခားရွိဦးမလား။

မိုးရြာရင္ သဥၹာအိမ္မွာ ေကာ္ဖီေသာက္တယ္။ စာအုပ္ဖတ္တယ္။ အိပ္တယ္။ ဒီေလာက္ပါပဲ။

-သဥၹာ့အားလပ္ခ်ိန္ေတြမွာေရာ ဘယ္လိုေလးကုန္ဆံုးျဖစ္လဲ။

ကားရုိက္မရွိရင္ အိမ္မွာပဲ ကုိယ္လုပ္စရာရွိတဲ့အလုပ္ေလးေတြလုပ္ျဖစ္တယ္။ မိုးရြာေတာ့ အိမ္မွာေနရတာေတာ့ပိုၾကိဳက္တယ္။ အျပင္လဲသိပ္မထြက္ျဖစ္ဘူးဆိုေတာ့ေလ။ သဥၹာအိမ္မွာေနရင္ ေဖ့စ္ဘြတ္သံုးျဖစ္တယ္။ အဓိဌာန္၀င္ျဖစ္တယ္။ ဘာသာေရးေလးေတြလဲလုပ္ျဖစ္ပါတယ္။

-သဥၹာ့ကို အားေပးေနတဲ့ ပရိသတ္ေတြကိုေရာ စကားလက္ေဆာင္အေနနဲ႕ဘာမ်ားေျပာခ်င္ေသးလဲ။

အခုေနာက္ပိုင္းမွာ သဥၹာ့ရဲ႕ၾကိဳးစားမႈေတြကုိ သူတို႕ကအားေပးတယ္။ ၿပီးေတာ့ အဲ့ဒီမွာ သဥၹာဘယ္လုိသရုပ္ေဆာင္တာေကာင္းတယ္ဆိုတာ ကြန္မန္႕ေဘာက္မွာလာေျပာတယ္။ သဥၹာ့လုိအပ္ခ်က္ေတြကိုလဲ တျဖည္းျဖည္းသူတို႕ေျပာျပလို႕သိရၿပီးျပဳျပင္ယူသြားျဖစ္တယ္။ အဲ့ဒီ္လိုသဥၹာ့ကို အၾကံဥာဏ္ေပးၿပီးေျပာျပတဲ့အတြက္ေက်းဇူးအမ်ားၾကီးတင္ပါတယ္။
Credit: trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

အနုပညာသက်တမ်း ၇ နှစ်ရှိလာပြီဖြစ်တဲ့ သဉ္ဖာနွယ်ဝင်းဟာ ပရိသတ်ပေးတဲ့နေရာတစ်ခုကို တစ်စထက်တစ်စ ရရှိပိုင်ဆိုင်လာပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ သူမပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတော်တော်များများကိုလည်း ပရိသတ်တွေက ပိုမိုနှစ်သက်သဘောကျ အားပေးလာကြပါတယ်။ လက်ရှိမှာ အများစိတ်ပူနေသလို မဟုတ်ပဲ အေးအေးဆေးဆေးရှိနေသလို ကျန်းမာရေးကြောင့်သာ ရှေ့ရက်တွေက စိတ်ညစ်နေရတာပါလို့ပြောပြလာတဲ့ သဉ္ဖာနွယ်ဝင်းရဲ့စိတ်ခံစားချက်အချို့ကိုမေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဖေ့စ်ဘွတ်မှာ တင်ဖြစ်တဲ့ စာလေးတွေနဲ့ပတ်သက်ပြီး ပရိသတ်တော်တော်များများက သဉ္ဖာ့အချစ်ရေးကို စိတ်ဝင်စားနေကြတယ်။

အချစ်ရေးက မဖြေချင်ဘူး။ အစ်မ ….. ။ အားလုံးလဲသိနေပြီးသားဆိုတော့လေ …… ။

-ဒီရဲ့ အရှေ့ရက်တွေက စိတ်ညစ်နေတယ်လို့ကြားတယ်။ အဲ့ဒါက အချစ်ရေးကြောင့်လား။

အဲ့ဒါက သဉ္ဖာနေမကောင်းလို့ပါ။ မျက်စိစွံလို့လေ။ မျက်စိစွံတာကြောင့် ကားရိုက်ရတာလဲ အခက်အခဲဖြစ်တယ်။ ပြီးတော့လဲ ဘယ်နေ့ပျောက်မယ်မှန်းမသိတော့ ကားရိုက်ကဖျက်လို့လဲမရဘူး။ အဲ့ဒီအတွက်အားနာတယ်။ တခြားစိတ်ညစ်စရာတော့ ဘာမှမရှိပါဘူး။ မျက်စိစွံတယ် ဆိုတာကလဲ ဘာမှမဟုတ်တဲ့အကြောင်းအရာဖြစ်ပေမဲ့လဲ ကိုယ့်အလုပ်နဲ့ပတ်သက်နေတဲ့အခါကျတော့ နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်ရတယ်။ မိုးတွင်းဆိုတော့ မိုးကလဲရှိသေးတယ်။ မျက်စိကလဲ စွံ၊ နေကလဲသိပ်မကောင်းဆိုတော့ စိတ်ညစ်ရလို့ပါ။ ကျန်တာကတော့ မရှိပါဘူး။ အချစ်ရေးကြောင့်လဲမဟုတ်ပါဘူး။ ကျန်းမာရေးမကောင်းလို့ပါ။

-မျက်စိစွံတာကရော ပျောက်သွားပြီလား။

မျက်စိစွံတာက ပျောက်သွားပါပြီ။ နေမကောင်းတာကတော့ ကျန်သေးတယ်အစ်မ။

-အခုလက်ရှိစိတ်ခံစားချက်က ပုံမှန်ပဲလား။ အရမ်းဝမ်းနည်းနေတာမျိုး၊ အရမ်းပျော်ရွှင်နေတာမျိုး ဖြစ်နေမလား။

အခုလက်ရှိမှာ အရမ်းပျော်နေပါတယ်။

-ဘယ်လိုအကြောင်းအရာမျိုးကြောင့် ပျော်ရွှင်နေတာလဲ။

အခုလောလောဆယ်က အစစအရာရာ အကုန်လုံးအဆင်ပြေနေတယ်။ အလုပ်ကိစ္စတွေရော၊ လူမှုရေးကိစ္စတွေရော အားလုံးအဆင်ပြေနေတဲ့အတွက်ပျော်တယ်။ ပြီးတော့ ပရိသတ်တွေကလဲ အခုနောက်ပိုင်းထွက်တဲ့ကားလေးတွေမှာ သဉ္ဖာ့ကို သဘောကျကြတယ်ပြောတော့ အဲ့ဒီအတွက်လဲပါတာပေါ့နော်။ အခုကတော့ ပျော်နေပါတယ်။

-ကိုယ်ကိုတိုင်က စိတ်ခံစားချက်ကို ဦးစားပေးတဲ့သူတစ်ယောက်လား။ ပုံမှန်လူတစ်ယောက်လား။

စိတ်ခံစားချက်ကိုဦးစားပေးတဲ့သူပါ။

-အဲ့ဒီလိုလူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ခံစားချက်နဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်တာမျိုးတွေရော ရှိလား။

သဉ္ဖာကတော့ ကံကိုယုံတယ်အစ်မ။ လူဖြစ်လာပြီဆိုရင် ဘယ်အချိန်မှာဘာဖြစ်မယ်။ ဘယ်အချိန်မှာ ဘာလုပ်ကိုလုပ်ရမယ်။ ဘယ်အချိန်မှာ ဘာတွေဖြစ်မလဲဆိုတာ ပါလာပြီးသားလေ။ ကိုယ်ကောင်းအောင်လုပ်လို့ရတာမျိုးပဲရှိမယ်။ အဲ့ဒီတော့ ဖြစ်လာသမျှအရာအားလုံးကို သဉ္ဖာလက်ခံတယ်။ အားမလိုအားမရဖြစ်တာမျိုးတော့မရှိဘူး။ နောင်တရတာမျိုးလဲမရှိဘူး။ အစ်မ။

-ဘယ်လိုအချိန်မျိုးတွေမှာ မျက်ရည်ကျတာမျိုးရှိလဲ။

ဝမ်းနည်းတဲ့အခါမျိုး၊ စိတ်မကောင်းတဲ့အခါမျိုးတွေဆိုရင်တော့ မျက်ရည်ကျတတ်ပါတယ်။

-ကိုယ်ကိုတိုင်က စိတ်ဓာတ်မာကျောတဲ့သူလား။ ဝမ်းနည်းခံစားလွယ်တဲ့သူလား။

သဉ္ဖာက စိတ်အားပျော့တဲ့သူထဲမှာပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက သဉ္ဖာကနည်းနည်းပေတယ်။ ပေပြီး တင်းပြီးခံစားတတ်တယ်။

-အိမ်ကရော သဉ္ဖာ့ကို အရင်လိုစိတ်မချဖြစ်နေတုန်းပဲလား။ လွတ်လပ်ခွင့်ပေးတာမျိုးရော ရှိနေပြီလား။

အိမ်ကတော့ အမြဲနောက်ကနေ လိုက်ပေးနေတုန်းပဲ။ ဒါပေမဲ့အခုနောက်ပိုင်းကျတော့ တစ်ပတ်မှာတစ်ရက် အပြင်ပေးသွားတယ်။ တစ်ခါထွက်ရင် သုံးနာရီလောက်ပေါ့။ မုန့်ထွက်စားခွင့်ပေးတယ်။ အရင်ကထက်တော့ နည်းနည်းလေးအလျှော့ပေးလာတယ်ပေါ့။

-အိမ်ရဲ့စီးပွားရေးဖြစ်တဲ့ ရွှေဆိုင်မှာရော ဘယ်လိုမျိုးလေးပါဝင်ကူညီပေးဖြစ်လဲ။

သဉ္ဖာကကျတော့ အိမ်စီးပွားရေးကို ဘာမှသိပ်မလုပ်ပေးဖြစ်ဘူး။ ဒီဇိုင်းလေးတွေရွေးပေးတာလောက်ပဲ လုပ်ပေးဖြစ်တယ်။ ကျန်တာကတော့ သိပ်မလုပ်ပေးဖြစ်ဘူး။ ကိုယ်လဲသိပ်နားမလည်တဲ့အလုပ်တစ်ခုဖြစ်လို့ပါ။

-အခုမိုးတွင်းဆိုတော့ ရှုတင်မရှိတဲ့နားရက်တွေကို ဘယ်လိုကုန်ဆုံးဖြစ်လဲ။

မိုးတွင်း outdoor ထွက်ရိုက်ရင်အဆင်မပြေဘူး။ မိုးတွေကရွာတဲ့အခါစောင့်ရတယ်။ နားနားပြီးရိုက်ရတယ်။ အခုလိုမိုးတွင်းမျိုးအိမ်မှာနားရတဲ့ ရက်တွေဆိုပိုကောင်းတာပေါ့။

-အိမ်မှာပဲ အမြဲနေရတဲ့ သဉ္ဖာ့အတွက်မိုးရာသီနဲ့ပတ်သက်တဲ့ အမှတ်တရတွေရော ထူးထူးခြားခြားရှိဦးမလား။

မိုးရွာရင် သဉ္ဖာအိမ်မှာ ကော်ဖီသောက်တယ်။ စာအုပ်ဖတ်တယ်။ အိပ်တယ်။ ဒီလောက်ပါပဲ။

-သဉ္ဖာ့အားလပ်ချိန်တွေမှာရော ဘယ်လိုလေးကုန်ဆုံးဖြစ်လဲ။

ကားရိုက်မရှိရင် အိမ်မှာပဲ ကိုယ်လုပ်စရာရှိတဲ့အလုပ်လေးတွေလုပ်ဖြစ်တယ်။ မိုးရွာတော့ အိမ်မှာနေရတာတော့ပိုကြိုက်တယ်။ အပြင်လဲသိပ်မထွက်ဖြစ်ဘူးဆိုတော့လေ။ သဉ္ဖာအိမ်မှာနေရင် ဖေ့စ်ဘွတ်သုံးဖြစ်တယ်။ အဓိဌာန်ဝင်ဖြစ်တယ်။ ဘာသာရေးလေးတွေလဲလုပ်ဖြစ်ပါတယ်။

-သဉ္ဖာ့ကို အားပေးနေတဲ့ ပရိသတ်တွေကိုရော စကားလက်ဆောင်အနေနဲ့ဘာများပြောချင်သေးလဲ။

အခုနောက်ပိုင်းမှာ သဉ္ဖာ့ရဲ့ကြိုးစားမှုတွေကို သူတို့ကအားပေးတယ်။ ပြီးတော့ အဲ့ဒီမှာ သဉ္ဖာဘယ်လိုသရုပ်ဆောင်တာကောင်းတယ်ဆိုတာ ကွန်မန့်ဘောက်မှာလာပြောတယ်။ သဉ္ဖာ့လိုအပ်ချက်တွေကိုလဲ တဖြည်းဖြည်းသူတို့ပြောပြလို့သိရပြီးပြုပြင်ယူသွားဖြစ်တယ်။ အဲ့ဒီ်လိုသဉ္ဖာ့ကို အကြံဉာဏ်ပေးပြီးပြောပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။


Credit: trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top