iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ရံမွာ စိတ္အလိုမက်မႈ၊ စိတ္ညစ္ညဴးမႈေတြေၾကာင့္ မနက္ျဖန္ဆိုတာေတြကို မႀကံဳခ်င္ေလာက္ေအာင္ ျဖစ္တက္ၾကပါတယ္။ ဒါဆိုကိုယ္လုပ္တာ ဘာေတြမွားေနၿပီလဲ ျပန္ၾကည့္ဖို႔ လိုလာၿပီျဖစ္ပါတယ္။ ေအာက္မွာ ေျပာျပမယ့္ အခ်က္သံုးခ်က္ကို လုိက္နာလိုက္ရင္ သင့္ရဲ႕တေန႔တာဟာ ေပ်ာ္စရာေတြနဲ႔ အဆံုးသတ္လာပါလိမ့္မယ္။

၁။ ၿပီးျပည့္စံုဖို႔ ႀကိဳးစားေနတာကိုရပ္တန္႔လိုက္ပါ

ကြၽန္ေတာ္တို႔အား ရုပ္ရွင္ထဲကလို မဟာလူသားေတြမဟုတ္ၾကပါဘူး။ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ေတာ့ တစ္ခ်ိန္တည္းမွာ အေကာင္းဆံုးမိခင္၊ အေကာင္းဆံုးသူငယ္ခ်င္း၊ အေကာင္းဆံုးအိမ္ရွင္မ၊ စာအေတာ္ဆံုးေက်ာင္းသူ တစ္ေယာက္ျဖစ္ခ်င္လို႔ မရပါဘူး။ ဘဝမွာ အရာရာတုိင္း ၿပီးျပည့္စံုေအာင္ လုပ္လို႔ မရႏုိင္ပါဘူး။ သင့္ကိုသင္ အမွားေတြ လုပ္ခြင့္ျပဳလုိက္ပါ။ အမွားထဲက သင္ခန္းစာ ယူဖို႔က အမွားမလုပ္မိဖို႔ထက္ ပိုအေရးႀကီးပါတယ္။ မျပည့္စံုမႈေတြ၊ အမွားေတြကတဆင့္ သင့္ရဲ႕အေျခအေန တိုးတက္လာပါေစ။

၂။ ေဝဖန္အျပစ္တင္မႈေတြ ရပ္လိုက္ပါ။

ဒါအေရးႀကီးပါတယ္။ သူမ်ားကိုယ္မွ မဟုတ္ပါဘူး။ သင့္ကိုသင္ အသံုးမက်ဘူးလို႔ ထင္ေနတာကိုလည္း ရပ္တန္႔လိုက္ပါ။ အလုပ္မွာ ငါ့ရဲ႕စြမ္းေဆာင္ရည္ ေကာင္းရဲ႕လား၊ ငါနဲ႔ လူေတြရဲ႕ ဆက္ဆံေရး အဆင္ေျပရဲ႕လားဆိုတဲ့ အေတြးေတြကေန အျပစ္တင္ေဝဖန္တက္တဲ့ အက်င့္ကို ရလာေစတက္ပါတယ္။ အထူးသျဖင့္ေတာ့ ဒီေန႔ငါၾကည့္ေကာင္းရဲ႕လားဆိုၿပီး စိုးရိမ္ပူပန္တက္မႈက အဆိုးဆံုးပါပဲ။ အေသးအဖြဲ ေအာင္ျမင္မႈေတြကို ေအာင္ပြဲခံစရာမလိုသလို အေသးအဖြဲ႔ ကိစၥေတြအတြက္လည္း စိတ္ညစ္စရာမလိုပါဘူး။ ကိုယ့္မွာရွိတဲ့အရာေတြနဲ႔ ေလာေလာဆယ္ ျပည့္စံုတယ္လို႔သာ မွတ္လိုက္ပါ။

၃။ တျခားသူေတြနဲ႔ ကိုယ့္ကိုကုိယ္ ႏိႈင္းယွဥ္တာရပ္လုိက္ပါ

ဒီေန႔ေခတ္မွာ လူမႈကြန္ယက္ေတြလည္း ရွိေနတဲ့အတြက္ ဒီအခ်က္ကို အမ်ားစုက သိသိသာသာေရာ၊ မသိမသာပါ လုပ္တက္ၾကပါတယ္။ အမွန္ေတာ့ ဒါေတြအားလံုးဟာ ဘဝရဲ႕ေပ်ာ္ရႊင္မႈ အစိတ္အပိုင္း တစ္ခုထက္ မပိုဘူးဆိုတာကို သတိရပါ။ မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕ ကေလးငယ္ဓါတ္ပံုေတြ၊ အိမ္အသစ္ဓါတ္ပံုေတြကိုၾကည့္ၿပီး ကိုယ့္မွာရွိတာေတြကို ေမ့ကာ ၿပီးျပည့္စံုတဲ့ဘဝကို ေတာင့္တတက္ၾကပါတယ္။
ေရကူးဝတ္စံုနဲ႔ အမ်ိဳးသမီးပံုေတြ facebook မွာျမင္ေတာ့လည္း ေပ်ာ္စရာေကာင္းတဲ့ ကမ္းေျခခရီးကို သြားခ်င္စိတ္ေတြ ျဖစ္လာၾကျပန္ပါတယ္။ ဒါေတြဟာ ကိုယ့္ကိုကိုယ္ သူတပါးနဲ႔ ႏိႈင္းယွဥ္ေနမိတာ ျဖစ္ပါတယ္။ တကယ္ေတာ့ သင္ျမင္ေနရတဲ့ သင့္သူငယ္ခ်င္းမိတ္ေဆြေတြရဲ႕ လူမႈကြန္ယက္ေပၚက ဘဝေတြဟာ လွ်ပ္တျပက္အရာေတြသာျဖစ္ပါတယ္။ အဲဒီေနာက္ကြယ္မွာ ဘာေတြရွိမလဲ သင္မသိႏုိင္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ဘဝမွာေပ်ာ္ေအာင္ဖန္တီးပါ။ သူတပါးနဲ႔ ကိုယ့္ကိုကုိယ္ မႏိႈင္းယွဥ္ပါနဲ႔။

Credit: planetMyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တစ်ခါတစ်ရံမှာ စိတ်အလိုမကျမှု၊ စိတ်ညစ်ညူးမှုတွေကြောင့် မနက်ဖြန်ဆိုတာတွေကို မကြုံချင်လောက်အောင် ဖြစ်တက်ကြပါတယ်။ ဒါဆိုကိုယ်လုပ်တာ ဘာတွေမှားနေပြီလဲ ပြန်ကြည့်ဖို့ လိုလာပြီဖြစ်ပါတယ်။ အောက်မှာ ပြောပြမယ့် အချက်သုံးချက်ကို လိုက်နာလိုက်ရင် သင့်ရဲ့တနေ့တာဟာ ပျော်စရာတွေနဲ့ အဆုံးသတ်လာပါလိမ့်မယ်။

၁။ ပြီးပြည့်စုံဖို့ ကြိုးစားနေတာကိုရပ်တန့်လိုက်ပါ

ကျွန်တော်တို့အား ရုပ်ရှင်ထဲကလို မဟာလူသားတွေမဟုတ်ကြပါဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့တော့ တစ်ချိန်တည်းမှာ အကောင်းဆုံးမိခင်၊ အကောင်းဆုံးသူငယ်ချင်း၊ အကောင်းဆုံးအိမ်ရှင်မ၊ စာအတော်ဆုံးကျောင်းသူ တစ်ယောက်ဖြစ်ချင်လို့ မရပါဘူး။ ဘဝမှာ အရာရာတိုင်း ပြီးပြည့်စုံအောင် လုပ်လို့ မရနိုင်ပါဘူး။ သင့်ကိုသင် အမှားတွေ လုပ်ခွင့်ပြုလိုက်ပါ။ အမှားထဲက သင်ခန်းစာ ယူဖို့က အမှားမလုပ်မိဖို့ထက် ပိုအရေးကြီးပါတယ်။ မပြည့်စုံမှုတွေ၊ အမှားတွေကတဆင့် သင့်ရဲ့အခြေအနေ တိုးတက်လာပါစေ။

၂။ ဝေဖန်အပြစ်တင်မှုတွေ ရပ်လိုက်ပါ။

ဒါအရေးကြီးပါတယ်။ သူများကိုယ်မှ မဟုတ်ပါဘူး။ သင့်ကိုသင် အသုံးမကျဘူးလို့ ထင်နေတာကိုလည်း ရပ်တန့်လိုက်ပါ။ အလုပ်မှာ ငါ့ရဲ့စွမ်းဆောင်ရည် ကောင်းရဲ့လား၊ ငါနဲ့ လူတွေရဲ့ ဆက်ဆံရေး အဆင်ပြေရဲ့လားဆိုတဲ့ အတွေးတွေကနေ အပြစ်တင်ဝေဖန်တက်တဲ့ အကျင့်ကို ရလာစေတက်ပါတယ်။ အထူးသဖြင့်တော့ ဒီနေ့ငါကြည့်ကောင်းရဲ့လားဆိုပြီး စိုးရိမ်ပူပန်တက်မှုက အဆိုးဆုံးပါပဲ။ အသေးအဖွဲ အောင်မြင်မှုတွေကို အောင်ပွဲခံစရာမလိုသလို အသေးအဖွဲ့ ကိစ္စတွေအတွက်လည်း စိတ်ညစ်စရာမလိုပါဘူး။ ကိုယ့်မှာရှိတဲ့အရာတွေနဲ့ လောလောဆယ် ပြည့်စုံတယ်လို့သာ မှတ်လိုက်ပါ။

၃။ တခြားသူတွေနဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်တာရပ်လိုက်ပါ

ဒီနေ့ခေတ်မှာ လူမှုကွန်ယက်တွေလည်း ရှိနေတဲ့အတွက် ဒီအချက်ကို အများစုက သိသိသာသာရော၊ မသိမသာပါ လုပ်တက်ကြပါတယ်။ အမှန်တော့ ဒါတွေအားလုံးဟာ ဘဝရဲ့ပျော်ရွှင်မှု အစိတ်အပိုင်း တစ်ခုထက် မပိုဘူးဆိုတာကို သတိရပါ။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကလေးငယ်ဓါတ်ပုံတွေ၊ အိမ်အသစ်ဓါတ်ပုံတွေကိုကြည့်ပြီး ကိုယ့်မှာရှိတာတွေကို မေ့ကာ ပြီးပြည့်စုံတဲ့ဘဝကို တောင့်တတက်ကြပါတယ်။
ရေကူးဝတ်စုံနဲ့ အမျိုးသမီးပုံတွေ facebook မှာမြင်တော့လည်း ပျော်စရာကောင်းတဲ့ ကမ်းခြေခရီးကို သွားချင်စိတ်တွေ ဖြစ်လာကြပြန်ပါတယ်။ ဒါတွေဟာ ကိုယ့်ကိုကိုယ် သူတပါးနဲ့ နှိုင်းယှဉ်နေမိတာ ဖြစ်ပါတယ်။ တကယ်တော့ သင်မြင်နေရတဲ့ သင့်သူငယ်ချင်းမိတ်ဆွေတွေရဲ့ လူမှုကွန်ယက်ပေါ်က ဘဝတွေဟာ လျှပ်တပြက်အရာတွေသာဖြစ်ပါတယ်။ အဲဒီနောက်ကွယ်မှာ ဘာတွေရှိမလဲ သင်မသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ဘဝမှာပျော်အောင်ဖန်တီးပါ။ သူတပါးနဲ့ ကိုယ့်ကိုကိုယ် မနှိုင်းယှဉ်ပါနဲ့။

Credit: planetMyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top