iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္ရဲ႕ အလွလို႔သတ္မွတ္ၾကတဲ့အထဲမွာ မ်က္ႏွာအလွအျပင္ ရင္၊ တင္အလွေတြလည္း အဓိက ပါဝင္ပါတယ္။ ရုပ္မလွရင္ေတာင္ ကိုယ္လုံးကိုယ္ေပါက္လွတဲ့ မိန္းကေလးေတြ ဆုိရင္ ပုရိသတုိ႔ရဲ႕ ႏွစ္ခါျပန္အၾကည့္ခံရျပီး သေဘာက်တတ္ၾကပါတယ္။ ဒါေပမဲ့ မိန္းကေလးတစ္ေယာက္က တစ္ေန႔ကို ၈ နာရီခန္႔ ထုိင္ျပီး အလုပ္လုပ္ရတယ္ဆုိရင္ ႏွလုံး၊ စိတ္က်ေရာဂါေတြျဖစ္ႏုိင္ေခ်မ်ားျပီး အဆုိးဆုံးကေတာ့ office ass ေခၚတဲ့ တင္ပါးခပ္ျပားျပားေတြ ျဖစ္သြားေစတာပဲ ျဖစ္ပါတယ္။

ကာယကုထုံးပညာရွင္ ၟAbby Bales က လႈပ္ရွားမႈသိပ္မရွိဘဲ ထုိင္ခုံမွာ ၾကာၾကာထုိင္တာမ်ားေလ တင္ပါးမွာရွိတဲ့ ၾကြက္သားေတြရဲ႕ အားေကာင္းသန္မာမႈနဲ႔ ပုံသ႑န္ျဖစ္ေပၚမႈေတြကို ေလ်ာ့နည္းသြားေစေလျဖစ္ပါတယ္လုိ႔ ဆိုပါတယ္။ ဆုိလိုတာက မ်ားမ်ားထုိင္ေလ တင္ျပားေလပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ တစ္ေန႔လုံး အထုိင္မ်ားျပီး ေလ့က်င့္ခန္းလုပ္ဖို႔လည္း အခ်ိန္မရတဲ့ မိန္းကေလးေတြအဖို႔ အလုပ္ထုိင္ျပီးလုပ္ေနစဥ္မွာ ၁ နာရီျခားတစ္ခါ ၅ မိနစ္ေလာက္ မတ္တပ္ရပ္တာ၊ လမ္းေလွ်ာက္တာေတြကို လုပ္ေပးရင္ တင္ပါးကားထြက္လာေစျပီး တင္ပါးကို ျပားသြားျခင္းမွ ကာကြယ္ေပးႏုိင္သလုိ တင္ပါးၾကြက္သားေတြကို ၾကီးထြားလာေစဖို႔ကိုလည္း လႈံ႕ေဆာ္ေပးႏုိင္ပါတယ္။

၁နာရီျခားတစ္ခါ အားလပ္ခ်ိန္မယူႏုိင္သူေတြအဖို႔လည္း ထုိင္ခုံမွာထုိင္တဲ့အခါ မတ္မတ္ထုိင္ျပီး ခါးေနာက္မွာ ကူရွင္တစ္ခုခံျပီးထုိင္သင့္ပါတယ္။ ေနာက္ျပီးအလုပ္ကိုလာတဲ့အခါ ကားစီးျပီးလာမယ့္အစား လမ္းေလွ်ာက္ လာသင့္ပါတယ္လို႔ အၾကံျပဳပါတယ္။

Credit : Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

မိန်းကလေးတစ်ယောက်ရဲ့ အလှလို့သတ်မှတ်ကြတဲ့အထဲမှာ မျက်နှာအလှအပြင် ရင်၊ တင်အလှတွေလည်း အဓိက ပါဝင်ပါတယ်။ ရုပ်မလှရင်တောင် ကိုယ်လုံးကိုယ်ပေါက်လှတဲ့ မိန်းကလေးတွေ ဆိုရင် ပုရိသတို့ရဲ့ နှစ်ခါပြန်အကြည့်ခံရပြီး သဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်က တစ်နေ့ကို ၈ နာရီခန့် ထိုင်ပြီး အလုပ်လုပ်ရတယ်ဆိုရင် နှလုံး၊ စိတ်ကျရောဂါတွေဖြစ်နိုင်ချေများပြီး အဆိုးဆုံးကတော့ office ass ခေါ်တဲ့ တင်ပါးခပ်ပြားပြားတွေ ဖြစ်သွားစေတာပဲ ဖြစ်ပါတယ်။

ကာယကုထုံးပညာရှင် ၟAbby Bales က လှုပ်ရှားမှုသိပ်မရှိဘဲ ထိုင်ခုံမှာ ကြာကြာထိုင်တာများလေ တင်ပါးမှာရှိတဲ့ ကြွက်သားတွေရဲ့ အားကောင်းသန်မာမှုနဲ့ ပုံသဏ္ဍန်ဖြစ်ပေါ်မှုတွေကို လျော့နည်းသွားစေလေဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက များများထိုင်လေ တင်ပြားလေပဲ ဖြစ်ပါတယ်။

ဒါကြောင့် တစ်နေ့လုံး အထိုင်များပြီး လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မရတဲ့ မိန်းကလေးတွေအဖို့ အလုပ်ထိုင်ပြီးလုပ်နေစဉ်မှာ ၁ နာရီခြားတစ်ခါ ၅ မိနစ်လောက် မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာတွေကို လုပ်ပေးရင် တင်ပါးကားထွက်လာစေပြီး တင်ပါးကို ပြားသွားခြင်းမှ ကာကွယ်ပေးနိုင်သလို တင်ပါးကြွက်သားတွေကို ကြီးထွားလာစေဖို့ကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။

၁နာရီခြားတစ်ခါ အားလပ်ချိန်မယူနိုင်သူတွေအဖို့လည်း ထိုင်ခုံမှာထိုင်တဲ့အခါ မတ်မတ်ထိုင်ပြီး ခါးနောက်မှာ ကူရှင်တစ်ခုခံပြီးထိုင်သင့်ပါတယ်။ နောက်ပြီးအလုပ်ကိုလာတဲ့အခါ ကားစီးပြီးလာမယ့်အစား လမ်းလျှောက် လာသင့်ပါတယ်လို့ အကြံပြုပါတယ်။


Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top