iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ျခံေတြထြက္လို႔ စိတ္ညစ္ေနမယ့္အစား ဒီစာေလးကိုဖတ္လိုက္ပါ။

ဝက္ျခံ ေတြ တအားထြက္ေနလို႔ ဝက္ျခံအတြက္ အေကာင္းဆံုးဆိုတဲ့ ေဆးေတြဝယ္သံုးေနတာဟာ သင့္ရဲ႕ေငြေတြကို ျဖဳန္းတီးရာေရာက္ပါလိမ့္မယ္။ ေအာက္မွာေျပာမယ့္ အခ်က္ေလးေတြကို ေန႔စဥ္မွန္မွန္ေလး လုပ္ေပးၾကည့္ပါ။ အမွန္တကယ္ကို သက္သာလာပါလိမ့္မယ္။

သင့္ရဲ႕မ်က္ႏွာကို သန္႔ရွင္းေအာင္ထားပါ။ ကိုယ့္ရဲ႕မ်က္နွာကို သန္႔ရွင္းေနေစဖို႔အတြက္ ခဏခဏမ်က္ႏွာသစ္ခိုင္းေနတာ မဟုတ္ပါဘူး။ တစ္ေန႔မွာ ႏွစ္ႀကိမ္ပဲ မ်က္နွာသစ္ပါ။ မနက္တစ္ခါ ညတစ္ခါ ဆိုပိုေကာင္းပါလိမ့္မယ္။

မ်က္နွာသစ္တဲ့အခါမွာလည္း  ေရေႏြးေႏြးနဲ႔ ႏူးညံ့တဲ့မ်က္ႏွာသစ္ဆပ္ျပာကိုသံုးရင္ လံုေလာက္ပါတယ္။

မ်က္နွာသုတ္တဲ့အခ်ိန္မွာလည္း ႏူးညံ့တဲ့ တဘက္ နဲ႔ အသာအယာသုတ္ေပးဖို႔လိုပါတယ္။ မ်က္နွာသစ္လိုက္တာေၾကာင့္ မလိုအပ္တဲ့ အဆီေတြ နဲ႔ ေသေနတဲ့ ဆဲလ္ေတြကို ဖယ္ရွားေပးၿပီး ေခၽြးေပါက္ေတြမွာ ပိတ္ေနတဲ့ ေခ်းေညွာ္ေတြကို ဖယ္ရွားေပးလိုက္သလို ျဖစ္ေစတယ္လို႔ သိရပါတယ္။

မ်က္နွာသစ္ၿပီးရင္ေတာ့ moisturizer ေလးတစ္ခုုခုသံုးၾကည့္ပါ။ moisturizer ကိုေရြးခ်ယ္ရာမွာလည္း ဝက္ျခံမျဖစ္ေစတဲ့  "noncomedogenic" ဆိုတဲ့ စာသားကို label မွာရွာၾကည့္ၿပီးမွေရြးခ်ယ္ဝယ္ယူသင့္ပါတယ္။

မိတ္ကပ္လိမ္းတာၾကိဳက္တဲ့သူဆိုရင္ေတာ့ မိတ္ကပ္ကို ပါးပါးလိမ္းထားတာ ပိုသင့္ေလ်ာ္တယ္လို႕သိရပါတယ္။ မိတ္ကပ္ကထူေနမယ္ဆိုရင္ ေခၽြးေပါက္ေတြပိတ္ၿပီး ဝက္ျခံေတြပိုဆိုးလာနိုင္ပါတယ္။

အေရးၾကီးတဲ့ေနာက္တစ္ခ်က္ကေတာ့ မ်က္နွာေပၚမွာ ဘာမွရွိမေနတာဟာ အေကာင္းဆံုးျဖစ္တယ္လို႔လည္း သိရပါတယ္။

မိမိရဲ႕ ဆံပင္ေတြဟာ မ်က္နွာေပၚမွာက်ေနမယ္ဆိုရင္ ဝက္ျခံေတြကို ပြန္းစားမႈေတြျဖစ္ေစၿပီး ေရာင္ရမ္းလာမွာျဖစ္ပါတယ္။ သင္ဟာ Gel နဲ႔ Hair cream ေတြအသံုးျပဳသူျဖစ္မယ္ဆိုရင္ ထိုအရာေတြဟာ မ်က္နွာေပၚက်ေရာက္သြားခ်ိန္မွာ အဆီေတြျပန္ၿပီး ေခၽြးေပါက္ေတြကို ပိုပိတ္သြားေစတယ္လို႔ သိရပါတယ္။

သင့္ရဲ႕လက္ေတြကိုလည္း မ်က္နွာနဲ႔ အေဝးမွာ ထားတာက ပိုသင့္ေတာ္မွာပါ။

လက္ဟာ ဘက္တီးရီးယား အမ်ားဆံုးတည္ရွိတဲ့ေနရာျဖစ္တာေၾကာင့္ မ်က္ႏွာကို ကုတ္ျခစ္မိတဲ့ အခ်ိန္မွာ ဘက္တီးရိးယားေတြ ပ်ံ႕ႏွံ႔ၿပီး ဝက္ျခံေတြကို ပိုဆိုးရြားလာေစႏုိင္လုိ႔ပါ။

ေနေရာင္ျခည္နဲ႔ တိုက္ရိုက္ထိေတြ႕တာကလည္း ဝက္ျခံေတြကို ပိုမိုဆိုးရြားလာပါေစသတဲ့။ SPF 30 အထက္ရွိတဲ့ေနေရာင္ထဲမွာ မိနစ္နွစ္ဆယ္ထက္ပိုၿပီးမေနတာက သင့္မ်က္ႏွာေပၚက ဝက္ျခံေတြအတြက္ အေကာင္းဆံုးျဖစ္မွာပါ။

ေန႔စဥ္ပံုမွန္ exercise လုပ္ျခင္းကလည္း ဝက္ျခံေတြကို သက္သာလာေစႏုိင္ပါတယ္။ စိတ္ဖိစီးမႈေတြကလည္း ဝက္ျခံကိုပိုထြက္လာေစလို႔ စိတ္ကိုတည္ျငိမ္ေအာင္ လုပ္တာကလည္း အေကာင္းမြန္ဆံုးျဖစ္ေစႏိုင္ပါတယ္။

Credit:Thit Htoo Lwin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဝက်ခြံတွေထွက်လို့ စိတ်ညစ်နေမယ့်အစား ဒီစာလေးကိုဖတ်လိုက်ပါ။

ဝက်ခြံတွေ တအားထွက်နေလို့ ဝက်ခြံအတွက် အကောင်းဆုံးဆိုတဲ့ ဆေးတွေဝယ်သုံးနေတာဟာ သင့်ရဲ့ငွေတွေကို ဖြုန်းတီးရာရောက်ပါလိမ့်မယ်။ အောက်မှာပြောမယ့် အချက်လေးတွေကို နေ့စဉ်မှန်မှန်လေး လုပ်ပေးကြည့်ပါ။ အမှန်တကယ်ကို သက်သာလာပါလိမ့်မယ်။

သင့်ရဲ့မျက်နှာကို သန့်ရှင်းအောင်ထားပါ။ ကိုယ့်ရဲ့မျက်နှာကို သန့်ရှင်းနေစေဖို့အတွက် ခဏခဏမျက်နှာသစ်ခိုင်းနေတာ မဟုတ်ပါဘူး။ တစ်နေ့မှာ နှစ်ကြိမ်ပဲ မျက်နှာသစ်ပါ။ မနက်တစ်ခါ ညတစ်ခါ ဆိုပိုကောင်းပါလိမ့်မယ်။

မျက်နှာသစ်တဲ့အခါမှာလည်း  ရေနွေးနွေးနဲ့ နူးညံ့တဲ့မျက်နှာသစ်ဆပ်ပြာကိုသုံးရင် လုံလောက်ပါတယ်။

မျက်နှာသုတ်တဲ့အချိန်မှာလည်း နူးညံ့တဲ့ တဘက် နဲ့ အသာအယာသုတ်ပေးဖို့လိုပါတယ်။ မျက်နှာသစ်လိုက်တာကြောင့် မလိုအပ်တဲ့ အဆီတွေ နဲ့ သေနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေမှာ ပိတ်နေတဲ့ ချေးညှော်တွေကို ဖယ်ရှားပေးလိုက်သလို ဖြစ်စေတယ်လို့ သိရပါတယ်။

မျက်နှာသစ်ပြီးရင်တော့ moisturizer လေးတစ်ခုုခုသုံးကြည့်ပါ။ moisturizer ကိုရွေးချယ်ရာမှာလည်း ဝက်ခြံမဖြစ်စေတဲ့  "noncomedogenic" ဆိုတဲ့ စာသားကို label မှာရှာကြည့်ပြီးမှရွေးချယ်ဝယ်ယူသင့်ပါတယ်။

မိတ်ကပ်လိမ်းတာကြိုက်တဲ့သူဆိုရင်တော့ မိတ်ကပ်ကို ပါးပါးလိမ်းထားတာ ပိုသင့်လျော်တယ်လို့သိရပါတယ်။ မိတ်ကပ်ကထူနေမယ်ဆိုရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေပိုဆိုးလာနိုင်ပါတယ်။

အရေးကြီးတဲ့နောက်တစ်ချက်ကတော့ မျက်နှာပေါ်မှာ ဘာမှရှိမနေတာဟာ အကောင်းဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

မိမိရဲ့ ဆံပင်တွေဟာ မျက်နှာပေါ်မှာကျနေမယ်ဆိုရင် ဝက်ခြံတွေကို ပွန်းစားမှုတွေဖြစ်စေပြီး ရောင်ရမ်းလာမှာဖြစ်ပါတယ်။ သင်ဟာ Gel နဲ့ Hair cream တွေအသုံးပြုသူဖြစ်မယ်ဆိုရင် ထိုအရာတွေဟာ မျက်နှာပေါ်ကျရောက်သွားချိန်မှာ အဆီတွေပြန်ပြီး ချွေးပေါက်တွေကို ပိုပိတ်သွားစေတယ်လို့ သိရပါတယ်။

သင့်ရဲ့လက်တွေကိုလည်း မျက်နှာနဲ့ အဝေးမှာ ထားတာက ပိုသင့်တော်မှာပါ။

လက်ဟာ ဘက်တီးရီးယား အများဆုံးတည်ရှိတဲ့နေရာဖြစ်တာကြောင့် မျက်နှာကို ကုတ်ခြစ်မိတဲ့ အချိန်မှာ ဘက်တီးရိးယားတွေ ပျံ့နှံ့ပြီး ဝက်ခြံတွေကို ပိုဆိုးရွားလာစေနိုင်လို့ပါ။

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကလည်း ဝက်ခြံတွေကို ပိုမိုဆိုးရွားလာပါစေသတဲ့။ SPF 30 အထက်ရှိတဲ့နေရောင်ထဲမှာ မိနစ်နှစ်ဆယ်ထက်ပိုပြီးမနေတာက သင့်မျက်နှာပေါ်က ဝက်ခြံတွေအတွက် အကောင်းဆုံးဖြစ်မှာပါ။

နေ့စဉ်ပုံမှန် exercise လုပ်ခြင်းကလည်း ဝက်ခြံတွေကို သက်သာလာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကလည်း ဝက်ခြံကိုပိုထွက်လာစေလို့ စိတ်ကိုတည်ငြိမ်အောင် လုပ်တာကလည်း အကောင်းမွန်ဆုံးဖြစ်စေနိုင်ပါတယ်။


Credit:Thit Htoo Lwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top