iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ခ်စ္တဲ့သူက ကို္ယ့္အေပၚဘယ္ေလာက္ အေလးထားလဲဆုိတာ ခ်စ္တဲ့သူတုိင္း သိခ်င္တဲ့ ေမးခြန္းေလးတစ္ခုပါ။ သူကုိ္ယ့္အေပၚ အရမ္းခ်စ္ပါတယ္လို႔ ယုံၾကည္ေနရတဲ့ ခံစားခ်က္က အလိုလို လုံျခဳံေႏြးေထြးေစပါတယ္။ ဒါေၾကာင့္ ကုိယ့္ကိုယ္ သူ တန္ဖုိးထားျပီး ခ်စ္ပါတယ္ဆုိတာကုိ သိႏုိင္မယ့္နည္းေလးေတြနဲ႔ စမ္းသပ္ၾကည့္လို႔ ရပါတယ္။ ဒီနည္းေလးေတြက ကေလးဆန္ေကာင္း ဆန္ႏုိင္ေပမဲ့ ကုိယ္ခ်စ္ရတဲ့သူဆီက တုန္႔ျပန္မႈကုိ အျမန္ဆုံး သိခြင့္ရႏုိင္မယ့္ နည္းေလးေတြမို႔ စမ္းၾကည့္သင့္ပါတယ္။

၁)သူတုိ႔ရဲ႕ ေဖ့စ္ဘြတ္ထဲက သူငယ္ခ်င္း စာရင္းအားလုံးကို ဖ်က္ပစ္ၾကည့္လုိက္ပါ။ သူ႔ရဲ႔ ေဖ့စ္ဘြတ္ထဲက သူငယ္ခ်င္းေတြက ကိ္ုယ့္ေလာက္ အေရးမၾကီးပါဘူးလုိ႔ ေျပာတဲ့သူဆုိရင္ေတာ့ စိတ္ခ်လက္ခ် ခ်စ္သင့္တဲ့ လကၡဏာပါ။

၂)မနက္ျဖန္ အလုပ္ထြက္ေတာ့မယ္လုိ႔ သူတုိ႔ကုိ ေျပာလုိက္တဲ့အခါ ဘာေတြအဆင္မေျပလို႔လဲလို႔ အရင္မေမးဘဲ သူ႔ကုိ ဘာလုိ႔ ခုမွေျပာတာလဲလုိ႔ ေျပာတဲ့သူ မျဖစ္သင့္ပါဘူး။

၃)ည သန္းေခါင္အခ်ိန္ေလာက္ ဖုန္းခဏ ခဏ ဆက္ျပီး သူတုိ႔ျပန္ေျဖတဲ့အခါ ဖုန္းခ်လုိက္ပါ။ ေယာက္်ားေလး အမ်ားစုက သူတုိ႔အိပ္ေပ်ာ္ေနတဲ့အခ်ိန္ ေႏွာက္ယွက္ခံရတာကုိ အမုန္းဆုံးေပမဲ့ ကို္ယ္ေခၚလုိက္တဲ့အခ်ိန္တုိင္း သူဖုန္းကုိင္လားဆုိတာ စမ္းၾကည့္ႏုိင္ပါတယ္။

၄)သူမခ်စ္ေပမဲ့ ကုိယ္ခ်စ္တဲ့ အိမ္ေမြးတိရစာၦန္ တစ္ေကာင္လက္ေဆာင္  ဝယ္ေပးလုိက္ပါ။ ကုိယ္စိတ္ၾကိဳက္ျဖစ္ေအာင္ သူသည္းခံျပီး ေမြးေပးထားႏုိင္လား ဆုိတာၾကည့္ျပီး ကိ္ု္ယ့္အေပၚ ဘယ္ေလာက္ အႏြံတာခံႏုိင္မလဲ ဆုိတာ တစ္စိတ္တစ္ပုိင္းေလာက္ ျဖစ္ျဖစ္သိႏိုင္ပါတယ္။

၅)သူနဲ႔ခ်ိန္းထားတဲ့ အခ်ိန္ထက္ တမင္ေနာက္က်ေအာင္ သြားပါ။ အမွန္က တစ္ေနရာရာမွာ ပုန္းေနျပီး သူဘယ္အခ်ိန္ထိ ကိုယ့္ကုိ ေစာင့္ေနသလဲဆုိတာ ၾကည့္ျပီး ကိုယ့္အတြက္ ဘယ္ေလာက္ အခ်ိ္န္ေပးႏိုင္မလဲဆုိတာ သိႏုိင္ပါတယ္။

၆)သူနဲ႔ အျပင္သြားေနတုန္း ကို္ယ့္ေယာက္်ားေလး မိတ္ေဆြတစ္ေယာက္နဲ႔ အခ်ိန္ၾကာၾကာ စကားေျပာၾကည့္လိုက္ပါ။ ကုိယ့္အေပၚ ဘယ္ေလာက္နားလည္မႈေပးႏုိင္ျပီး တန္ဖုိးထားတဲ့သူျဖစ္မလဲဆုိတာ သိႏို္င္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ်ဘယ်လောက် အလေးထားလဲဆိုတာ ချစ်တဲ့သူတိုင်း သိချင်တဲ့ မေးခွန်းလေးတစ်ခုပါ။ သူကိုယ့်အပေါ် အရမ်းချစ်ပါတယ်လို့ ယုံကြည်နေရတဲ့ ခံစားချက်က အလိုလို လုံခြုံနွေးထွေးစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ် သူ တန်ဖိုးထားပြီး ချစ်ပါတယ်ဆိုတာကို သိနိုင်မယ့်နည်းလေးတွေနဲ့ စမ်းသပ်ကြည့်လို့ ရပါတယ်။ ဒီနည်းလေးတွေက ကလေးဆန်ကောင်း ဆန်နိုင်ပေမဲ့ ကိုယ်ချစ်ရတဲ့သူဆီက တုန့်ပြန်မှုကို အမြန်ဆုံး သိခွင့်ရနိုင်မယ့် နည်းလေးတွေမို့ စမ်းကြည့်သင့်ပါတယ်။

၁)သူတို့ရဲ့ ဖေ့စ်ဘွတ်ထဲက သူငယ်ချင်း စာရင်းအားလုံးကို ဖျက်ပစ်ကြည့်လိုက်ပါ။ သူ့ရဲ့ ဖေ့စ်ဘွတ်ထဲက သူငယ်ချင်းတွေက ကိုယ့်လောက် အရေးမကြီးပါဘူးလို့ ပြောတဲ့သူဆိုရင်တော့ စိတ်ချလက်ချ ချစ်သင့်တဲ့ လက္ခဏာပါ။

၂)မနက်ဖြန် အလုပ်ထွက်တော့မယ်လို့ သူတို့ကို ပြောလိုက်တဲ့အခါ ဘာတွေအဆင်မပြေလို့လဲလို့ အရင်မမေးဘဲ သူ့ကို ဘာလို့ ခုမှပြောတာလဲလို့ ပြောတဲ့သူ မဖြစ်သင့်ပါဘူး။

၃)ည သန်းခေါင်အချိန်လောက် ဖုန်းခဏ ခဏ ဆက်ပြီး သူတို့ပြန်ဖြေတဲ့အခါ ဖုန်းချလိုက်ပါ။ ယောက်ျားလေး အများစုက သူတို့အိပ်ပျော်နေတဲ့အချိန် နှောက်ယှက်ခံရတာကို အမုန်းဆုံးပေမဲ့ ကိုယ်ခေါ်လိုက်တဲ့အချိန်တိုင်း သူဖုန်းကိုင်လားဆိုတာ စမ်းကြည့်နိုင်ပါတယ်။

၄)သူမချစ်ပေမဲ့ ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန် တစ်ကောင်လက်ဆောင်  ဝယ်ပေးလိုက်ပါ။ ကိုယ်စိတ်ကြိုက်ဖြစ်အောင် သူသည်းခံပြီး မွေးပေးထားနိုင်လား ဆိုတာကြည့်ပြီး ကိုယ့်အပေါ် ဘယ်လောက် အနွံတာခံနိုင်မလဲ ဆိုတာ တစ်စိတ်တစ်ပိုင်းလောက် ဖြစ်ဖြစ်သိနိုင်ပါတယ်။

၅)သူနဲ့ချိန်းထားတဲ့ အချိန်ထက် တမင်နောက်ကျအောင် သွားပါ။ အမှန်က တစ်နေရာရာမှာ ပုန်းနေပြီး သူဘယ်အချိန်ထိ ကိုယ့်ကို စောင့်နေသလဲဆိုတာ ကြည့်ပြီး ကိုယ့်အတွက် ဘယ်လောက် အချိန်ပေးနိုင်မလဲဆိုတာ သိနိုင်ပါတယ်။

၆)သူနဲ့ အပြင်သွားနေတုန်း ကိုယ့်ယောက်ျားလေး မိတ်ဆွေတစ်ယောက်နဲ့ အချိန်ကြာကြာ စကားပြောကြည့်လိုက်ပါ။ ကိုယ့်အပေါ် ဘယ်လောက်နားလည်မှုပေးနိုင်ပြီး တန်ဖိုးထားတဲ့သူဖြစ်မလဲဆိုတာ သိနိုင်ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top