iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ဓာတ္က်ၿပီး အလုပ္ထဲမွာ စိတ္မပါျဖစ္ေနတာဟာ ခဏခဏ ျဖစ္တတ္ၿပီး စိတ္အေႏွာင့္အယွက္ အရမ္း ျဖစ္ရပါတယ္။ ဘာေၾကာင့္ ျဖစ္ေနမွန္း စဥ္းစားမရသလို ႏွင္ထုတ္ရံုနဲ႔ဲ ထြက္မသြားပါဘူး။ အဲဒီလို အခ်ိန္မွာဆိုရင္ သင္ ဘာမွ မလုပ္ခ်င္ေတာ့ပါဘူး။ လွဲၿပီး ေတာင္စဥ္ေရမရ တီဗြီအစီအစဥ္ေတြ ၾကည့္ရင္ၾကည့္ အိပ္ရင္အိပ္၊ အဲဒီလို ပ်င္းရိပ်င္းတြဲႀကီးပဲ ေနခ်င္ေတာ့တာပါ။ သြားတိုက္တာ၊ အိပ္ရာျပင္တာလို ပံုမွန္ အလုပ္ကေလးကိုေတာင္ ဧရာမ တာဝန္ႀကီးလို ထင္ေနရပါတယ္။

ဒါေပမယ့္ အဲဒီလိုမ်ိဳး အေျခအေနက ႐ုန္းထြက္ခ်င္ရင္ သင္ တစ္ခုခုလုပ္ရမွာပါ။ ဘာမွ မလုပ္ရင္ သင္ ဒီတိုင္းႀကီးပဲ ျဖစ္ေနမွာပါ။

    ၁. မွတ္စုစာအုပ္

သင့္ခံစားခ်က္ေတြကို ခ်ေရးပါ။ သင့္ခံစားခ်က္ ျဖစ္ေပၚလာရတဲ့ အရင္းအျမစ္ေတြကို ဦးတည္ေပးပါ။ ” ဘယ္လိုသာ ျဖစ္ခဲ့ရင္ ” ဆိုတာနဲ႔စတာေတြ ကို ခ်ေရးပါ။ ဥပမာ သင့္မိန္းမနဲ႔ ရန္ျဖစ္ၿပီးလို႔ စိတ္ေတြေလးေနရင္ ရန္သာ မျဖစ္ခဲ့ဘူးဆိုရင္ ဘာျဖစ္မလဲဆိုတာေတြ ေရးခ်ပါ။ ဘာေၾကာင့္ ရန္ျဖစ္တာလဲ။ အခု အဲဒါကို ျပင္ဆင္ဖို႔ သင္ ဘာလုပ္ႏိူင္သလဲဆိုတာ ခ်ေရးပါ။

သင္္ရဲ႕ အေတြးေတြကို စာနဲ႔ ခ်ေရးတာဟာ စိတ္ကို ပို႐ွင္းလင္းေစၿပီး သင့္စိတ္ဓာတ္က်ေနရတဲ့ အေၾကာင္းရင္းကို မွန္ကန္တဲ့ ႐ႈေထာင့္ကေန ျမင္ေစပါတယ္။ သင့္ရဲ႕ မေကာင္းတဲ့ အေတြးေတြဟာ စာရြက္ေပၚမွာဆိုပိုၿပီးေသးငယ္သြားသေယာင္ ခံစားရေစပါတယ္။

    ၂. ဘုရား႐ွိခိုးဆုေတာင္းပါ

သင္ စိတ္ဓာတ္က်ေနရင္ တျခားသူေတြကို အျပစ္တင္ခ်င္ပါတယ္။ ကြၽန္ေတာ့္မွာ ကံၾကမၼာကို ယိုးမယ္ဖြဲ႔ရတဲ့ အေခါက္ေတြ မနည္းေတာ့ပါဘူး။ ဒါေပမယ့္ သင္ ကံၾကမၼာမေကာင္းရင္ မေကာင္းေအာင္လုပ္ခဲ့တဲ့ အေၾကာင္း ႐ွိေနလို႔ပါပဲ။ ဘုရား႐ွိခိုး ဆုေတာင္းလိုက္ရင္ တျခားသူေတြအေပၚ အျပစ္ပံုခ်တာ နည္းသြားၿပီး ကိုယ့္ကံၾကမၼာကုိပဲ ေကာင္းေအာင္လုပ္ဖို႔ စိတ္အားထက္သန္ လာတတ္ပါတယ္။

    ၃. ေက်းဇူးမွတ္တမ္း

မွတ္တမ္းစာအုပ္ တစ္ခုထဲမွာ သင္က လူေတြအေပၚ ဘာေက်းဇူး႐ွိသလဲ ဆိုတာ တစ္ခုျခင္း ခ်ေရးပါ။ အဲဒါ တစ္ခုျခင္းစီေအာက္မွာ အက်ယ္ျဖန္႔ ႐ွင္းလင္းခ်က္ေတြခ်ေရးပါ။ သင္က ဘာမွ ေက်းဇူး မတင္ထိုက္ဘူးေတာ့ မေျပာပါနဲ႔။ ကြၽန္ေတာ့္ သူငယ္ခ်င္းတစ္ေယာက္ သူ႔ရည္းစား ကားတိုက္မႈနဲ႔ ဆံုးသြားၿပီးေနာက္ေန႔မွာေတာင္မွ ေက်းဇူးမွတ္တမ္း ေရးႏိုင္ပါေသးတယ္။

သင့္ဦးေႏွာက္က တစ္ခ်ိန္မွာ အလုပ္တစ္ခုပဲ လုပ္ႏိုင္ပါတယ္။ သင္က အေကာင္းဘက္ေတြ စဥ္းစားထားခိုင္းတဲ့အခါ သင့္ကို စိတ္ဓာတ္က်ေစတဲ့ အေတြးေတြ ဝင္မလာႏိုင္ေတာ့ပါဘူး။

    ၄. အျခားသူေတြအတြက္ တစ္ခုခု လုပ္ေပးပါ

တစ္ခုခု အခက္အခဲ ၾကံဳေနရတဲ့ သူ တစ္ေယာက္ေယာက္ကို ႐ွာၿပီး ကူညီေပးပါ။ ႀကီးႀကီးမားမားႀကီး ကူစရာ မလိုပါဘူး။ သင့္ကေလးကို အိမ္စာ ကူလုပ္ေပးတာ၊ သင့္မိန္းမကို ပန္းကန္ ကူေဆးေပးတာေတာင္ လံုေလာက္ပါတယ္။ ႏွစ္ေယာက္တူတူ လုပ္ဖို႔ပဲ သတိရပါ။ သင့္မိန္းမ အလုပ္သြားတုန္း ပန္းကန္ကူေဆးတာ အရမ္း အက်ိဳး မထူးပါဘူး။

တျခားသူေတြကို ကူညီတာ အက်ိဳး ႏွစ္ခု ရပါတယ္။ ပထမ၊ အလုပ္လုပ္ေနရေတာ့ သင့္မွာ ငိုင္ၿပီး စိတ္ဓာတ္က်ေနဖို႔ အခ်ိန္ မ႐ွိေတာ့ပါဘူး။ ဒုတိယ သင့္စိတ္ကို သင့္ျပသနာကေန သူမ်ား အခက္အခဲဆီ လမ္းေၾကာင္းလႊဲေပးလိုက္ပါတယ္။

    ၅. သင့္ထက္ ပိုဆိုးတဲ့ လူေတြအေၾကာင္း စဥ္းစားေပးပါ

သင့္စီးပြားေရးမွာ ေငြေၾကး အ႐ွံုး႐ွိေနရင္ေတာင္ သင့္ေခါင္းေပၚမွာ အိမ္ေခါင္မိုးနဲ႔ ေရခဲေသတၱာထဲမွာ စားစရာေတြ ႐ွိတုန္းပါ။ မလံုမျခံဳ ဘဝမွာ ေနရၿပီး မနက္ျဖန္အတြက္ စားစရာ မေသခ်ာတဲ့သူေတြ ကမၻာေပၚမွာ အမ်ားႀကီးပါ။

သင္ ခုၾကံဳေနရတဲ့ အခက္အခဲထက္ ပုိဆိုးတဲ့ အခက္အခဲကို ၾကံဳရၿပီး ျပန္႐ုန္းကန္လာႏိုင္သူ တစ္ေယာက္ေတာ့ အျမဲ ႐ွိေနမွာပါ။ အာဖရိက၊ တ႐ုတ္၊ အိႏိၵယတို႔မွာ ကုန္းေကာက္စရာ မ႐ွိေအာင္ ဆင္းရဲတဲ့ သင္ အခုၾကံဳေနရတာေတြကို ျပသနာလို႔ကို ထင္မွာ မဟုတ္္တဲ့ လူေပါင္း သန္းေထာင္နဲ႔ခ်ီ ႐ွိပါတယ္။ အဲဒီထဲမွာ က်ရာဘဝကို ေမ်ွာ္လင့္ခ်က္ မေပ်ာက္ပဲ ေပ်ာ္ေပ်ာ္ ျဖတ္သန္းေနသူေတြ သန္းနဲ႔ခ်ီ ႐ွိမွာပါ။ သူတို႔ေတာင္ ေပ်ာ္ႏိုင္၊ေမ်ွာ္လင့္ခ်က္ ထားႏိုင္ေသးတာ သင္က ဘာလို႔ မထားႏိုင္ရမွာလဲ။

အေပၚက အေတြးမ်ိဳးေတြဟာ သင့္စိတ္ကို ထံုထိုင္းေနမႈ ေပ်ာက္ေစပါတယ္။ သင့္ထက္ အေျခအေန ဆိုးၿပီး ေမ်ွာ္လင့္ခ်က္ မေပ်ာက္တဲ့ သူေတြအေၾကာင္း စဥ္းစားရတာ သင့္ စိုးရိမ္မႈေတြကို ေပ်ာက္ေစပါတယ္။

အေပၚက နည္းလမ္း ငါးရပ္ဟာ အရမ္း လြယ္ကူပါတယ္။ အဲဒါက သူတို႔ရဲ႕ အားသာခ်က္ပါပဲ။သင္ စိတ္ဓာတ္က်တဲ့အခါမွာ သင့္မွာ ခက္ခဲတာေတြလုပ္ဖို႔ လံုေလာက္တဲ့ စိတ္ခြန္အား မ႐ွိပါဘူး။ တျခားအားသာခ်က္ကေတာ့ နံပါတ္ ၄ ကလြဲရင္ က်န္တဲ့ဟာေတြက ျပင္ပ အကူအညီ မလိုတာပါပဲ။ ေယာက္်ားတိုင္း လုပ္လို႔ရပါတယ္။

Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

စိတ်ဓာတ်ကျပြီး အလုပ်ထဲမှာ စိတ်မပါဖြစ်နေတာဟာ ခဏခဏ ဖြစ်တတ်ပြီး စိတ်အနှောင့်အယှက် အရမ်း ဖြစ်ရပါတယ်။ ဘာကြောင့် ဖြစ်နေမှန်း စဉ်းစားမရသလို နှင်ထုတ်ရုံနဲ့ဲ ထွက်မသွားပါဘူး။ အဲဒီလို အချိန်မှာဆိုရင် သင် ဘာမှ မလုပ်ချင်တော့ပါဘူး။ လှဲပြီး တောင်စဉ်ရေမရ တီဗွီအစီအစဉ်တွေ ကြည့်ရင်ကြည့် အိပ်ရင်အိပ်၊ အဲဒီလို ပျင်းရိပျင်းတွဲကြီးပဲ နေချင်တော့တာပါ။ သွားတိုက်တာ၊ အိပ်ရာပြင်တာလို ပုံမှန် အလုပ်ကလေးကိုတောင် ဧရာမ တာဝန်ကြီးလို ထင်နေရပါတယ်။

ဒါပေမယ့် အဲဒီလိုမျိုး အခြေအနေက ရုန်းထွက်ချင်ရင် သင် တစ်ခုခုလုပ်ရမှာပါ။ ဘာမှ မလုပ်ရင် သင် ဒီတိုင်းကြီးပဲ ဖြစ်နေမှာပါ။

    ၁. မှတ်စုစာအုပ်

သင့်ခံစားချက်တွေကို ချရေးပါ။ သင့်ခံစားချက် ဖြစ်ပေါ်လာရတဲ့ အရင်းအမြစ်တွေကို ဦးတည်ပေးပါ။ ” ဘယ်လိုသာ ဖြစ်ခဲ့ရင် ” ဆိုတာနဲ့စတာတွေ ကို ချရေးပါ။ ဥပမာ သင့်မိန်းမနဲ့ ရန်ဖြစ်ပြီးလို့ စိတ်တွေလေးနေရင် ရန်သာ မဖြစ်ခဲ့ဘူးဆိုရင် ဘာဖြစ်မလဲဆိုတာတွေ ရေးချပါ။ ဘာကြောင့် ရန်ဖြစ်တာလဲ။ အခု အဲဒါကို ပြင်ဆင်ဖို့ သင် ဘာလုပ်နိူင်သလဲဆိုတာ ချရေးပါ။

သင်ရဲ့ အတွေးတွေကို စာနဲ့ ချရေးတာဟာ စိတ်ကို ပိုရှင်းလင်းစေပြီး သင့်စိတ်ဓာတ်ကျနေရတဲ့ အကြောင်းရင်းကို မှန်ကန်တဲ့ ရှုထောင့်ကနေ မြင်စေပါတယ်။ သင့်ရဲ့ မကောင်းတဲ့ အတွေးတွေဟာ စာရွက်ပေါ်မှာဆိုပိုပြီးသေးငယ်သွားသယောင် ခံစားရစေပါတယ်။

    ၂. ဘုရားရှိခိုးဆုတောင်းပါ

သင် စိတ်ဓာတ်ကျနေရင် တခြားသူတွေကို အပြစ်တင်ချင်ပါတယ်။ ကျွန်တော့်မှာ ကံကြမ္မာကို ယိုးမယ်ဖွဲ့ရတဲ့ အခေါက်တွေ မနည်းတော့ပါဘူး။ ဒါပေမယ့် သင် ကံကြမ္မာမကောင်းရင် မကောင်းအောင်လုပ်ခဲ့တဲ့ အကြောင်း ရှိနေလို့ပါပဲ။ ဘုရားရှိခိုး ဆုတောင်းလိုက်ရင် တခြားသူတွေအပေါ် အပြစ်ပုံချတာ နည်းသွားပြီး ကိုယ့်ကံကြမ္မာကိုပဲ ကောင်းအောင်လုပ်ဖို့ စိတ်အားထက်သန် လာတတ်ပါတယ်။

    ၃. ကျေးဇူးမှတ်တမ်း

မှတ်တမ်းစာအုပ် တစ်ခုထဲမှာ သင်က လူတွေအပေါ် ဘာကျေးဇူးရှိသလဲ ဆိုတာ တစ်ခုခြင်း ချရေးပါ။ အဲဒါ တစ်ခုခြင်းစီအောက်မှာ အကျယ်ဖြန့် ရှင်းလင်းချက်တွေချရေးပါ။ သင်က ဘာမှ ကျေးဇူး မတင်ထိုက်ဘူးတော့ မပြောပါနဲ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် သူ့ရည်းစား ကားတိုက်မှုနဲ့ ဆုံးသွားပြီးနောက်နေ့မှာတောင်မှ ကျေးဇူးမှတ်တမ်း ရေးနိုင်ပါသေးတယ်။

သင့်ဦးနှောက်က တစ်ချိန်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်ပါတယ်။ သင်က အကောင်းဘက်တွေ စဉ်းစားထားခိုင်းတဲ့အခါ သင့်ကို စိတ်ဓာတ်ကျစေတဲ့ အတွေးတွေ ဝင်မလာနိုင်တော့ပါဘူး။

    ၄. အခြားသူတွေအတွက် တစ်ခုခု လုပ်ပေးပါ

တစ်ခုခု အခက်အခဲ ကြုံနေရတဲ့ သူ တစ်ယောက်ယောက်ကို ရှာပြီး ကူညီပေးပါ။ ကြီးကြီးမားမားကြီး ကူစရာ မလိုပါဘူး။ သင့်ကလေးကို အိမ်စာ ကူလုပ်ပေးတာ၊ သင့်မိန်းမကို ပန်းကန် ကူဆေးပေးတာတောင် လုံလောက်ပါတယ်။ နှစ်ယောက်တူတူ လုပ်ဖို့ပဲ သတိရပါ။ သင့်မိန်းမ အလုပ်သွားတုန်း ပန်းကန်ကူဆေးတာ အရမ်း အကျိုး မထူးပါဘူး။

တခြားသူတွေကို ကူညီတာ အကျိုး နှစ်ခု ရပါတယ်။ ပထမ၊ အလုပ်လုပ်နေရတော့ သင့်မှာ ငိုင်ပြီး စိတ်ဓာတ်ကျနေဖို့ အချိန် မရှိတော့ပါဘူး။ ဒုတိယ သင့်စိတ်ကို သင့်ပြသနာကနေ သူများ အခက်အခဲဆီ လမ်းကြောင်းလွှဲပေးလိုက်ပါတယ်။

    ၅. သင့်ထက် ပိုဆိုးတဲ့ လူတွေအကြောင်း စဉ်းစားပေးပါ

သင့်စီးပွားရေးမှာ ငွေကြေး အရှုံးရှိနေရင်တောင် သင့်ခေါင်းပေါ်မှာ အိမ်ခေါင်မိုးနဲ့ ရေခဲသေတ္တာထဲမှာ စားစရာတွေ ရှိတုန်းပါ။ မလုံမခြုံ ဘဝမှာ နေရပြီး မနက်ဖြန်အတွက် စားစရာ မသေချာတဲ့သူတွေ ကမ္ဘာပေါ်မှာ အများကြီးပါ။

သင် ခုကြုံနေရတဲ့ အခက်အခဲထက် ပိုဆိုးတဲ့ အခက်အခဲကို ကြုံရပြီး ပြန်ရုန်းကန်လာနိုင်သူ တစ်ယောက်တော့ အမြဲ ရှိနေမှာပါ။ အာဖရိက၊ တရုတ်၊ အိန္ဒိယတို့မှာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတဲ့ သင် အခုကြုံနေရတာတွေကို ပြသနာလို့ကို ထင်မှာ မဟုတ်တဲ့ လူပေါင်း သန်းထောင်နဲ့ချီ ရှိပါတယ်။ အဲဒီထဲမှာ ကျရာဘဝကို မျှော်လင့်ချက် မပျောက်ပဲ ပျော်ပျော် ဖြတ်သန်းနေသူတွေ သန်းနဲ့ချီ ရှိမှာပါ။ သူတို့တောင် ပျော်နိုင်၊မျှော်လင့်ချက် ထားနိုင်သေးတာ သင်က ဘာလို့ မထားနိုင်ရမှာလဲ။

အပေါ်က အတွေးမျိုးတွေဟာ သင့်စိတ်ကို ထုံထိုင်းနေမှု ပျောက်စေပါတယ်။ သင့်ထက် အခြေအနေ ဆိုးပြီး မျှော်လင့်ချက် မပျောက်တဲ့ သူတွေအကြောင်း စဉ်းစားရတာ သင့် စိုးရိမ်မှုတွေကို ပျောက်စေပါတယ်။

အပေါ်က နည်းလမ်း ငါးရပ်ဟာ အရမ်း လွယ်ကူပါတယ်။ အဲဒါက သူတို့ရဲ့ အားသာချက်ပါပဲ။သင် စိတ်ဓာတ်ကျတဲ့အခါမှာ သင့်မှာ ခက်ခဲတာတွေလုပ်ဖို့ လုံလောက်တဲ့ စိတ်ခွန်အား မရှိပါဘူး။ တခြားအားသာချက်ကတော့ နံပါတ် ၄ ကလွဲရင် ကျန်တဲ့ဟာတွေက ပြင်ပ အကူအညီ မလိုတာပါပဲ။ ယောက်ျားတိုင်း လုပ်လို့ရပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top