iMyanmarHouse.com - Best Property Website for Myanmar
×

အသည္းကြဲေနတဲ့ ေကာင္ေလးေတြ ၁၀ေယာက္မွာ ၈ေယာက္ဟာ ခုေဖာ္ျပေပမယ့္ အခ်က္ေတြေၾကာင့္ ခ်စ္သူေကာင္မေလးရဲ႕ စြန္႔ခြာျခင္း ခံခဲ့ၾကရတာပါ။ ဒါဟာ ဘာမွမဟုတ္ပါဘူး။ ဒါေပမယ့္ အမွန္တရားတစ္ခုပါ။ မိန္းကေလးေတြဟာ သူ႕ခ်စ္သူကို လမ္းခြဲဖုိ႔ဆံုးျဖတ္တဲ့အခါ ဒီလိုအခ်က္ေတြကို စဥ္းစားၿပီးမွ ဆံုးျဖတ္ခ်က္ ခ်တတ္တာပါ။

၁။သင္ဟာ သူနဲ႔သူ႕သူငယ္ခ်င္းေတြကို တစ္ျဖည္းျဖည္း ေ၀းကြာသြားေအာင္ ဖိအားေတြေပးေနခဲ့တာဆုိရင္

သင့္ခ်စ္သူေကာင္မေလး သင္နဲ႔လမ္းခြဲဖုိ႔ ဆံုးျဖတ္လုိက္တာဟာ သင္က သူ႕အသိေတြ၊ သူငယ္ခ်င္းေတြနဲ႔ သူမကို ေ၀းကြာေအာင္ တြန္းအားေပးခဲ့တာေၾကာင့္လို႔ ေျပာရင္ သင္ယံုၾကည္ပါ့မလား။ ဒါတကယ္ပါပဲ။ မိန္းကေလးေတြဟာ သူတုိ႔ေဘးမွာ သူခ်စ္တဲ့ သူငယ္ခ်င္းေတြ၊ အေပါင္းအသင္းေတြ ရွိေနတာမ်ိဳးကို ႏွစ္ၿခိဳက္ၾကပါတယ္။ သူေပါင္းေနတဲ့ သူငယ္ခ်င္းေတြနဲ႔ မေပါင္းဖုိ႔၊ သူ႕အသိေတြနဲ႔ မသြားလာဖုိ႔၊ အဆက္အသြယ္ မလုပ္ဖုိ႔ သင္က ဖိအားေပးမယ္ဆုိရင္ သင့္ကို သူတုိ႔စြန္႔လႊတ္သြားပါလိမ့္မယ္။

၂။သင္ဟာ အေမခ်စ္တဲ့ သားတစ္ေယာက္ျဖစ္ေနမယ္ဆုိရင္

အေမေတြဟာ သားေတြကို သဲသဲလႈပ္ခ်စ္တာ မထူးဆန္းပါဘူး။ ဒါေပမယ့္ သင့္ရဲ႕လႈပ္ရွားမႈတုိင္းမွာ သင့္အေမက ပါ၀င္ပတ္သက္ေနမယ္ဆုိရင္ေတာ့ သူတုိ႔စိတ္အေႏွာင့္အယွက္ ျဖစ္ရၿပီေပါ့။ သင့္ဘ၀ကို သင္ထိန္းေက်ာင္းရေတာ့မယ့္အရြယ္မွာ သင့္အေမေျပာစကားအတုိင္း တေသြမတိမ္း သင္ျပဳမူလႈပ္ရွားေနရၿပီဆုိရင္ေတာ့ သူမက တတိယေနရာကေနၿပီး သင္နဲ႔အတူ လက္တြဲသြားဖုိ႔ စဥ္းစားေတာ့မွာ မဟုတ္ဘူးေနာ္။

၃။ သူမကုိ ဂရုမစိုက္ေတာ့ဘူးဆုိရင္

ရည္းစားျဖစ္ခါစအခ်ိန္ေတြတုန္းကေတာ့ သင္ဟာ သူမရဲ႕အႀကိဳက္ေတြ၊ အလုပ္အေၾကာင္းေတြ၊ သူငယ္ခ်င္းေတြအေၾကာင္း၊ မိသားစုအေၾကာင္း အားလံုးကို လိုက္ေမးျမန္းတတ္သူတစ္ေယာက္ ျဖစ္ေကာင္းျဖစ္ခဲ့ပါလိမ့္မယ္။ ေနာက္ပိုင္းမွာ သင္က ဒီလိုလုပ္စရာ မလိုေတာ့ဘူးဆုိၿပီး သူမကို ဘာဆိုဘာမွ မေမးေတာ့တာမ်ိဳးေတြ ျဖစ္လာတဲ့အခါ သူမစိတ္ထဲမွာ ငါလည္း သူမေမးတဲ့အတြက္ ဘာမွမေျပာေတာ့ဘူးလုိ႔ အရာေရာက္သြားပါလိမ့္မယ္။ ျပသနာကေတာ့ အဲ့ဒါပါပဲ။ အစပိုင္းက စိတ္၀င္းစားမႈႀကီးမားသလို ေနျပခဲ့ၿပီး ေနာက္ပိုင္း ဒီလိုအရာေတြ ဆက္လက္မလုပ္ေဆာင္ေတာ့တဲ့အခါ သူမကို စိတ္မ၀င္စားေတာ့သလိုလို ပံုစံမ်ိဳး ျဖစ္သြားတဲ့ သေဘာပါ။ ဒါ့ေၾကာင့္ သူမကလည္း ငါ့ကိုဂရုမွမစိုက္ေတာ့တာ။ ငါလည္း ငါ့ဘာသာငါ ေနႏိုင္ေအာင္ လုပ္ရမွာေပါ့ ဆိုတဲ့ စိတ္၀င္သြားမွာ စိုးရပါတယ္။

၄။သင္ဟာ ရစ္ႏိုင္လြန္းသူ၊ ဘာမွမဟုတ္တဲ့အရာကို ျပသနာလုပ္တတ္သူဆုိ၇င္

အတြဲတုိင္းဟာ ရန္ေတာ့ ျဖစ္ဖူးၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ ႏွစ္ေယာက္သား ျပႆနာတက္တဲ့ကိစၥေတြဟာ ဘာမဟုတ္တဲ့ အေၾကာင္းအရာေတြခ်ည္းပဲ ျဖစ္ေနမယ္။ ျပႆနာတုိင္းကလည္း သင္ကခ်ည္း ဖန္တီးေနမယ္၊ ရစ္ေနတာမ်ိဳးဆိုရင္ ဘယ္သူကမွ ၾကာရွည္သည္းခံႏိုင္မွာ မဟုတ္ပါဘူး။ ေရရွည္ကို ေတြးတတ္တဲ့သူဆုိ ပိုၿပီးေတာ့ေတာင္ သင့္ကို စိတ္ကုန္သြားဖြယ္ရာ ရွိပါေသးတယ္။

၅။သင့္မွာ ဘ၀အတြက္ ရည္မွန္းခ်က္၊ ရည္ရြယ္ခ်က္ေတြ ဘာတစ္ခုမွ မရွိဘူးဆုိရင္

ဘ၀ကို ျဖတ္သလိုပဲ ျဖတ္သန္းမယ္လို႔ သင္ စိတ္ကူးထားတာကို သူမကို ေျပာျပလိုက္မယ္ဆုိရင္ သူမက ေကာင္းတယ္၊ အရမ္းမိုက္တယ္လို႔ေတာ့ ဘယ္ေျပာမွာလဲ။ စိတ္ကုန္သြားမွာပဲေလ။  ဘယ္မိန္းကေလးမဆို ကိုယ့္ခ်စ္သူ ေကာင္ေလးက ဘယ္လိုေတာ္တယ္၊ မိုက္တယ္၊ ဘာေတြလုပ္တယ္ဆိုတာမ်ိဳး ဂုဏ္ယူခ်င္ၾကတာခ်ည္းပါပဲ။ ကိုယ္ကအဲ့ဒီလို ဂုဏ္ယူစရာ မေကာင္းရင္ေတာင္ ႀကိဳးစားရပ္တည္ေနသူတစ္ဦး ျဖစ္ရင္ေတာ္ေသး။ အဲ့ဒီလို မဟုတ္ဘဲ ဘာမွလည္း မလုပ္ခ်င္ေတာ့ဘူး။ အားလံုးကို စိတ္ကုန္သြားၿပီဆိုတဲ့ လူစားမ်ိဳးဆိုရင္ေတာ့ သူလည္း သင့္ကို စိတ္ကုန္သြားမွာ အေသအခ်ာပဲေနာ္။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


အသည်းကွဲနေတဲ့ ကောင်လေးတွေ ၁၀ယောက်မှာ ၈ယောက်ဟာ ခုဖော်ပြပေမယ့် အချက်တွေကြောင့် ချစ်သူကောင်မလေးရဲ့ စွန့်ခွာခြင်း ခံခဲ့ကြရတာပါ။ ဒါဟာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးဖြတ်တဲ့အခါ ဒီလိုအချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတတ်တာပါ။

၁။သင်ဟာ သူနဲ့သူ့သူငယ်ချင်းတွေကို တစ်ဖြည်းဖြည်း ဝေးကွာသွားအောင် ဖိအားတွေပေးနေခဲ့တာဆိုရင်

သင့်ချစ်သူကောင်မလေး သင်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သင်က သူ့အသိတွေ၊ သူငယ်ချင်းတွေနဲ့ သူမကို ဝေးကွာအောင် တွန်းအားပေးခဲ့တာကြောင့်လို့ ပြောရင် သင်ယုံကြည်ပါ့မလား။ ဒါတကယ်ပါပဲ။ မိန်းကလေးတွေဟာ သူတို့ဘေးမှာ သူချစ်တဲ့ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ရှိနေတာမျိုးကို နှစ်ခြိုက်ကြပါတယ်။ သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းဖို့၊ သူ့အသိတွေနဲ့ မသွားလာဖို့၊ အဆက်အသွယ် မလုပ်ဖို့ သင်က ဖိအားပေးမယ်ဆိုရင် သင့်ကို သူတို့စွန့်လွှတ်သွားပါလိမ့်မယ်။

၂။သင်ဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်နေမယ်ဆိုရင်

အမေတွေဟာ သားတွေကို သဲသဲလှုပ်ချစ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင့်ရဲ့လှုပ်ရှားမှုတိုင်းမှာ သင့်အမေက ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ သူတို့စိတ်အနှောင့်အယှက် ဖြစ်ရပြီပေါ့။ သင့်ဘဝကို သင်ထိန်းကျောင်းရတော့မယ့်အရွယ်မှာ သင့်အမေပြောစကားအတိုင်း တသွေမတိမ်း သင်ပြုမူလှုပ်ရှားနေရပြီဆိုရင်တော့ သူမက တတိယနေရာကနေပြီး သင်နဲ့အတူ လက်တွဲသွားဖို့ စဉ်းစားတော့မှာ မဟုတ်ဘူးနော်။

၃။ သူမကို ဂရုမစိုက်တော့ဘူးဆိုရင်

ရည်းစားဖြစ်ခါစအချိန်တွေတုန်းကတော့ သင်ဟာ သူမရဲ့အကြိုက်တွေ၊ အလုပ်အကြောင်းတွေ၊ သူငယ်ချင်းတွေအကြောင်း၊ မိသားစုအကြောင်း အားလုံးကို လိုက်မေးမြန်းတတ်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ နောက်ပိုင်းမှာ သင်က ဒီလိုလုပ်စရာ မလိုတော့ဘူးဆိုပြီး သူမကို ဘာဆိုဘာမှ မမေးတော့တာမျိုးတွေ ဖြစ်လာတဲ့အခါ သူမစိတ်ထဲမှာ ငါလည်း သူမမေးတဲ့အတွက် ဘာမှမပြောတော့ဘူးလို့ အရာရောက်သွားပါလိမ့်မယ်။ ပြသနာကတော့ အဲ့ဒါပါပဲ။ အစပိုင်းက စိတ်ဝင်းစားမှုကြီးမားသလို နေပြခဲ့ပြီး နောက်ပိုင်း ဒီလိုအရာတွေ ဆက်လက်မလုပ်ဆောင်တော့တဲ့အခါ သူမကို စိတ်မဝင်စားတော့သလိုလို ပုံစံမျိုး ဖြစ်သွားတဲ့ သဘောပါ။ ဒါ့ကြောင့် သူမကလည်း ငါ့ကိုဂရုမှမစိုက်တော့တာ။ ငါလည်း ငါ့ဘာသာငါ နေနိုင်အောင် လုပ်ရမှာပေါ့ ဆိုတဲ့ စိတ်ဝင်သွားမှာ စိုးရပါတယ်။

၄။သင်ဟာ ရစ်နိုင်လွန်းသူ၊ ဘာမှမဟုတ်တဲ့အရာကို ပြသနာလုပ်တတ်သူဆို၇င်

အတွဲတိုင်းဟာ ရန်တော့ ဖြစ်ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် နှစ်ယောက်သား ပြဿနာတက်တဲ့ကိစ္စတွေဟာ ဘာမဟုတ်တဲ့ အကြောင်းအရာတွေချည်းပဲ ဖြစ်နေမယ်။ ပြဿနာတိုင်းကလည်း သင်ကချည်း ဖန်တီးနေမယ်၊ ရစ်နေတာမျိုးဆိုရင် ဘယ်သူကမှ ကြာရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်ကို တွေးတတ်တဲ့သူဆို ပိုပြီးတော့တောင် သင့်ကို စိတ်ကုန်သွားဖွယ်ရာ ရှိပါသေးတယ်။

၅။သင့်မှာ ဘဝအတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မရှိဘူးဆိုရင်

ဘဝကို ဖြတ်သလိုပဲ ဖြတ်သန်းမယ်လို့ သင် စိတ်ကူးထားတာကို သူမကို ပြောပြလိုက်မယ်ဆိုရင် သူမက ကောင်းတယ်၊ အရမ်းမိုက်တယ်လို့တော့ ဘယ်ပြောမှာလဲ။ စိတ်ကုန်သွားမှာပဲလေ။  ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူ ကောင်လေးက ဘယ်လိုတော်တယ်၊ မိုက်တယ်၊ ဘာတွေလုပ်တယ်ဆိုတာမျိုး ဂုဏ်ယူချင်ကြတာချည်းပါပဲ။ ကိုယ်ကအဲ့ဒီလို ဂုဏ်ယူစရာ မကောင်းရင်တောင် ကြိုးစားရပ်တည်နေသူတစ်ဦး ဖြစ်ရင်တော်သေး။ အဲ့ဒီလို မဟုတ်ဘဲ ဘာမှလည်း မလုပ်ချင်တော့ဘူး။ အားလုံးကို စိတ်ကုန်သွားပြီဆိုတဲ့ လူစားမျိုးဆိုရင်တော့ သူလည်း သင့်ကို စိတ်ကုန်သွားမှာ အသေအချာပဲနော်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top