iMyanmarHouse.com - Best Property Website for Myanmar
×
Credit: duwun
#Unicode Version
လူတွေရဲ့ အသားအရေမှာ အရောင်အမျိုးမျိုး၊ ပျော့ပြောင်းမှု အမျိုးမျိုးရှိပါတယ်။ အသားအရေမှာ အစက်အပြောက်တွေရှိတာ၊ ကြမ်းတာ၊ အရေးအကြောင်းထတာတွေဟာ နဂိုရှိရမှာထက် ရုပ်ကို ပိုရင့်သွားစေပါတယ်။ သင့်ဆီမှာ ရှိတဲ့ အသားအရေဟာ သင့်အသက်အရွယ်နဲ့ တကယ်ရှိသင့်တဲ့ အသားအရေလားဆိုတာကို စမ်းသပ်လို့ရပါတယ်။ နည်းကလွယ်ပါတယ်။
၁ - လက်ဖမိုးကို မှောက်လိုက်ပြီး အရေပြားကို ဆွဲစိတ်ထားပါ။ တအားကြီး အားစိုက်စရာမလိုပါဘူး။ ဆွဲထားရုံလောက်ပါပဲ။
၂ - ဒီလိုမျိုး ငါးစက္ကန့်လောက် ဆွဲစိတ်ထားပြီး ပြန်လွှတ်လိုက်ပါ။
အရေပြားဟာ နဂိုအခြေအနေကို ပြန်ရောက်ဖို့ တစ်စက္ကန့်ကနေ နှစ်စက္ကန့်ကြာတယ်ဆိုရင် အသက် ၃၀ အောက်အသားအရေဖြစ်ပါတယ်။  သုံးစက္ကန့်ကနေ လေးစက္ကန့်ကြားဆိုရင်တော့ အသက် ၃၀ ကနေ ၄၄ ပါ။ ငါးစက္ကန့်ကနေ ကိုးစက္ကန့်ဆိုရင်တော့ ၄၅ ကနေ ၅၀ ကြားပါ။ ဆယ်စက္ကန့်အထက်ကြာနေတယ် ဆိုရင်တော့ ၆၀ အထက်ပါ။
သင့်အသက်အရွယ်နဲ့ အသားအရေဟာ မလိုက်ဖက်လို့ စိတ်ပူစရာ မရှိပါဘူး။ အစားအသောက်ပုံစံပြောင်းရုံပါပဲ။ အစား များများစားပြီး အားရှိဖို့တော့လိုပါတယ်။ ရေများများလည်း သောက်ပေးရပါမယ်။ အသီးအရွက်များများလည်း စားပေးပါ။
Credit: duwun
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top