iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ားေသြးဆံုးျခင္းသည္ ပံုမွန္အားျဖင့္ အသက္ 40 ေႏွာင္းပိုင္းႏွင့္ အသက္ 50 ေက်ာ္ စတြင္ျဖစ္ေပၚေလ့ရွိေသာ္လည္း ယေန႔ေခတ္တြင္ အသက္ 30 ေက်ာ္စႏွင့္ ေသြးဆံုးစျပဳလာသူ အမ်ိဳးသမီး မ်ားစြာရွိလာၿပီး ေသြးဆံုးျခင္းလကၡဏာမ်ားအေနျဖင့္ အိပ္မေပ်ာ္ျခင္း၊ ပူလိုက္ေအးလုိက္ျဖစ္ျခင္း၊ ဝလာျခင္း၊ လိင္စိတ္ေလ်ာ့နည္းလာျခင္း၊ ကေလးမရႏုိင္ျခင္း၊ စိတ္က်ျခင္း စသည္တို႔အျပင္ က်န္းမာေရးျပႆနာမ်ားစြာ ၾကံဳေတြ႔ရတတ္ပါသည္။ ေသြးဆံုးျခင္းကို ေရွာင္လႊဲ၍မရေသာ္လည္း အသက္ 30 ေက်ာ္စ အမ်ိဳးသမီးမ်ားအဖို႔ အရြယ္မတိုင္မီေသြးမဆံုးေစရန္အတြက္ မွားယြင္းေသာေနထိုင္မႈပံုစံမ်ားကို ေရွာင္ၾကဥ္ရန္လိုအပ္ပါသည္။ အရြယ္မတိုင္မီေသြးဆံုးျခင္းကို ေအာက္ပါသဘာဝနည္းလမ္းမ်ားျဖင့္ ကာကြယ္ႏုိင္ပါသည္။

1. ဖိုင္တိုအီစထရိုဂ်င္ဓာတ္ (Phytoestrogen) ႂကြယ္ဝေသာအစားအစာမ်ားစားသံုးျခင္း

          ေသြးဆံုးကာနီးအမ်ိဳးသမီးမ်ားတြင္ မေဟာ္မုန္းဓာတ္ျဖစ္ေသာ အီစထရိုဂ်င္ (Estrogen) ေဟာ္မုန္း ေလ်ာ့နည္းလာတတ္သည့္အတြက္ အီစထရုိဂ်င္ႏွင့္ဆင္တူၿပီး အပင္မ်ားမွရရွိတတ္သည့္ ဖိုင္တိုအီစထရိုဂ်င္ဓာတ္မ်ားမ်ားပါဝင္သည့္ အစားအစာမ်ားကို အထူးစားသံုးရန္ လိုအပ္ပါသည္။ ဖိုင္တိုအီစထရိုဂ်င္ ျပည့္ဝေသာအစားအစာမ်ားစားသည့္ အမ်ိဳးသမီးမ်ားတြင္ ခံစားရသည့္ ေသြးဆံုးကုိင္ေသာလကၡဏာမ်ားကို ေလ်ာ့ပါးသက္သာေၾကာင္းေတြ႔ရွိခဲ့ရသည္။ မုေယာစပါးကဲ့သို႔ေသာ အေစ့အဆန္မ်ား၊ ပဲဲ၊ သစ္ၾကားသီးကဲ့သုိ႔ေသာ အခြံမ်ာသီမ်ားႏွင့္ ေဆးဘက္ဝင္ အပင္အမ်ားစုတြင္ ဖိုင္ထိုအီစထရိုဂ်င္ဓာတ္ ေပါမ်ားစြာပါဝင္သည္။

2. ေလ့က်င့္ခန္းလုပ္ျခင္း

         အသက္ 20 ေက်ာ္အရြယ္တြင္ ေလ့က်င့္ခန္းပံုမွန္မလုပ္လွ်င္ရေသးေသာ္လည္း 30 ေက်ာ္အရြယ္တြင္ ေလ့က်င့္ခန္းမလုပ္ဘဲ မေနသင့္ေပ။ ေသြးဆံုးျခင္းသည္ ပံုမွန္သားဥမေႂကြျခင္းေၾကာင့္ျဖစ္ၿပီး အဝလြန္ျခင္းသည္ သားဥေႂကြျခင္းကို ပံုမမွန္ျဖစ္ေစတတ္သည္။ အသက္အရြယ္မေရြး ကိုယ္အေလးခ်ိန္ထိန္းသိမ္းျခင္းသည္ က်န္းမာေရး၏ေသာ့ခ်က္ျဖစ္ၿပီး ေန႔စဥ္ ရိုးရွင္းေသာေလ့က်င့္ခန္းမ်ားကို ပံုမွန္ျပဳလုပ္ေပးျခင္းျဖင့္ ေသြးလွည့္ပတ္မႈေကာင္းမြန္ေစၿပီး အရြယ္မတိုင္မီေသြးဆံုးျခင္းကိုလည္း ကာကြယ္ေပးႏုိင္ပါသည္။ က်န္းမာေရးကို ထိခိုက္ေစသည္ အထိ ေလ့က်င့္ခန္းအလြန္အကၽြံလုပ္ျခင္းကိုမူ ေရွာင္ၾကဥ္သင့္ပါသည္။

3. ဓာတ္တိုးဆန္႔က်င္ပစၥည္း (Antioxidants) မ်ား စားသံုးျခင္း

         ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားသည္ အရြယ္မတိုင္မီအုိမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးႏုိင္သည့္ အေလ်ာက္ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားမ်ားပါသည့္ အစားအေသာက္မ်ားစားေသာက္ျခင္းျဖင့္ အရြယ္မတိုင္မီေသြးဆံုးျခင္းကို္လည္း ကာကြယ္ႏုိင္ပါသည္။ ဆီးသီးအနက္၊ စပ်စ္သီးအနီ၊ မုန္လာဥနီ၊ စေတာ္ဘယ္ရီသီး၊ ဘလက္ဘယ္ရီသီး၊ ရပ္စ္ဘယ္ရီသီး၊ ခရမ္ဘယ္ရီ၊ သံလြင္ဆီ၊ ပဲေတာင့္၊ ငရုတ္ပြ၊ အနက္ေရာင္ေခ်ာကလက္ စသည္တုိ႔တြင္ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားစြာပါဝင္ပါသည္။

4. သဘာဝျဖစ္ အေရျပားထိန္းသိမ္းေဆး (Natural Skincare) ႏွင့္ အလွကုန္မ်ားအသံုးျပဳျခင္း

        မ်က္ႏွာအေရးအေၾကာင္းေပ်ာက္ေစသည့္ အခ်ိဳ႕ေသာ အစိုဓာတ္ထိန္းအလွကုန္မ်ားတြင္ပါဝင္သည့္ ဓာတုပစၥည္းမ်ားမွာ ခႏၶာကိုယ္တြင္း ေဟာ္မုန္းဓာတ္မွ်ေျခကို ပ်က္စီးေစၿပီး ေစာစီးစြာေသြးဆံုးျခင္း ကို ျဖစ္ေပၚေစႏုိင္ပါသည္။ သို႔ျဖစ္ရာ သဘာဝထုတ္ကုန္မ်ားျဖင့္ျပဳလုပ္ထားေသာ အလွကုန္ပစၥည္းမ်ား ကိုသာ ေရြးခ်ယ္သံုးစြဲသင့္သည္။ သင္းရနံ႔မ်ား၊ တာရွည္ခံဓာတုပစၥည္းမ်ားပါဝင္ေသာ အလွကုန္မ်ားကိုလံုးဝေရွာင္ၾကဥ္သင့္သည္။ မ်က္ႏွာအေရးအေၾကာင္းမ်ားႏွင့္ အရြယ္မတိုင္မီေသြးဆံုးျခင္းကို ကာကြယ္ႏုိင္ရန္အတြက္ ေရမ်ားမ်ားေသာက္ျခင္း၊ အသီးအႏွံႏွင့္ဟင္းသီးဟင္းရြက္မ်ား ပိုမိုစားသံုးျခင္း၊ စိတ္ဖိစီးမႈမ်ားကိုေလွ်ာ့ခ်ျခင္းႏွင့္ သန္းေခါင္ယံမတိုင္မီ အိပ္ရာဝင္ျခင္းကိုျပဳလုပ္သင့္သည္။

5. ေဆးလိပ္ႏွင့္အရက္ကို ေရွာင္ၾကဥ္ျခင္း

        ေဆးလိပ္ႏွင့္အရက္သည္ အရြယ္မတိုင္မီအိုမင္းရင့္ေရာ္ေစျခင္း၊ အရြယ္မတိုင္မီေသြးဆံုးျခင္းတို႔ ကို ျဖစ္ေပၚေစႏုိင္သည့္အျပင္ ႏွလံုးေရာဂါ၊ ကင္ဆာေရာဂါ အစရွိသည့္က်န္းမာေရးဆုိးက်ိဳးမ်ားစြာ ရရွိေစႏုိင္သည့္အတြက္ ေရွာင္ၾကဥ္သင့္ၿပီး ေဆးလိပ္အရက္စြဲေနပါကတတ္ကၽြမ္းသည့္ ဆရာဝန္ႏွင့္တုိင္ပင္ၿပီး ျဖတ္သင့္သည္။

6. ဦးေႏွာက္ထက္ျမက္ေနေစရန္ အေလ့အက်င့္လုပ္ျခင္း

         ေန႔စဥ္ေတြးေခၚစဥ္းစားမႈထက္သန္ေနျခင္းသည္ ေမ့ေလ်ာ့လြယ္သူငယ္ျပန္ေရာဂါဟုေခၚသည့္ အယ္လ္ဇိုင္းမားေရာဂါကုိသာမက အရြယ္မတိုင္မီေသြးဆံုုးျခင္းကိုပါ ကာကြယ္ႏုိင္ေၾကာင္း မၾကာေသးမီ က ေလ့လာခ်က္မ်ားအရသိရသည္။ စာအုပ္ဖတ္ျခင္း၊ ဉာဏ္စမ္းပေဟဠိမ်ားေျဖျခင္း၊ စာလံုးဆက္ ကစားနည္းမ်ားကစားျခင္း၊ ဆုဒိုကု၊ စာလံုးရွာဂိမ္းမ်ား ကစားျခင္းစသည္တို႔ကို လုပ္ေဆာင္ေပးသင့္သည္။ ယခုအခါဖုန္းမ်ားတြင္လည္း အဆိုပါဂိမ္းကစားနည္းမ်ား ထည့္သြင္းကစားႏုိင္ၿပီျဖစ္ရာ ေနရာမေရြး အခ်ိန္မေရြးလုပ္ေဆာင္ႏုိင္ၿပီျဖစ္သည္။ အျခားနည္းလမ္းတစ္ခုမွာ ဘာသာစကား အသစ္တစ္ခု သင္ယူရန္ျဖစ္ၿပီး အသက္ 20 ေနာက္ပိုင္းတြင္ ဘာသာစကားအသစ္သင္ယူျခင္းမွာ ခက္ခဲႏုိင္ေသာ္လည္း ႀကိဳးစားလွ်င္ ဂုဏ္ယူဖြယ္ေအာင္ျမင္ႏုိင္ပါသည္။


Credit: drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးများသွေးဆုံးခြင်းသည် ပုံမှန်အားဖြင့် အသက် 40 နှောင်းပိုင်းနှင့် အသက် 50 ကျော် စတွင်ဖြစ်ပေါ်လေ့ရှိသော်လည်း ယနေ့ခေတ်တွင် အသက် 30 ကျော်စနှင့် သွေးဆုံးစပြုလာသူ အမျိုးသမီး များစွာရှိလာပြီး သွေးဆုံးခြင်းလက္ခဏာများအနေဖြင့် အိပ်မပျော်ခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ဝလာခြင်း၊ လိင်စိတ်လျော့နည်းလာခြင်း၊ ကလေးမရနိုင်ခြင်း၊ စိတ်ကျခြင်း စသည်တို့အပြင် ကျန်းမာရေးပြဿနာများစွာ ကြုံတွေ့ရတတ်ပါသည်။ သွေးဆုံးခြင်းကို ရှောင်လွှဲ၍မရသော်လည်း အသက် 30 ကျော်စ အမျိုးသမီးများအဖို့ အရွယ်မတိုင်မီသွေးမဆုံးစေရန်အတွက် မှားယွင်းသောနေထိုင်မှုပုံစံများကို ရှောင်ကြဉ်ရန်လိုအပ်ပါသည်။ အရွယ်မတိုင်မီသွေးဆုံးခြင်းကို အောက်ပါသဘာဝနည်းလမ်းများဖြင့် ကာကွယ်နိုင်ပါသည်။

1. ဖိုင်တိုအီစထရိုဂျင်ဓာတ် (Phytoestrogen) ကြွယ်ဝသောအစားအစာများစားသုံးခြင်း

          သွေးဆုံးကာနီးအမျိုးသမီးများတွင် မဟော်မုန်းဓာတ်ဖြစ်သော အီစထရိုဂျင် (Estrogen) ဟော်မုန်း လျော့နည်းလာတတ်သည့်အတွက် အီစထရိုဂျင်နှင့်ဆင်တူပြီး အပင်များမှရရှိတတ်သည့် ဖိုင်တိုအီစထရိုဂျင်ဓာတ်များများပါဝင်သည့် အစားအစာများကို အထူးစားသုံးရန် လိုအပ်ပါသည်။ ဖိုင်တိုအီစထရိုဂျင် ပြည့်ဝသောအစားအစာများစားသည့် အမျိုးသမီးများတွင် ခံစားရသည့် သွေးဆုံးကိုင်သောလက္ခဏာများကို လျော့ပါးသက်သာကြောင်းတွေ့ရှိခဲ့ရသည်။ မုယောစပါးကဲ့သို့သော အစေ့အဆန်များ၊ ပဲ၊ သစ်ကြားသီးကဲ့သို့သော အခွံမျာသီများနှင့် ဆေးဘက်ဝင် အပင်အများစုတွင် ဖိုင်ထိုအီစထရိုဂျင်ဓာတ် ပေါများစွာပါဝင်သည်။

2. လေ့ကျင့်ခန်းလုပ်ခြင်း

         အသက် 20 ကျော်အရွယ်တွင် လေ့ကျင့်ခန်းပုံမှန်မလုပ်လျှင်ရသေးသော်လည်း 30 ကျော်အရွယ်တွင် လေ့ကျင့်ခန်းမလုပ်ဘဲ မနေသင့်ပေ။ သွေးဆုံးခြင်းသည် ပုံမှန်သားဥမကြွေခြင်းကြောင့်ဖြစ်ပြီး အဝလွန်ခြင်းသည် သားဥကြွေခြင်းကို ပုံမမှန်ဖြစ်စေတတ်သည်။ အသက်အရွယ်မရွေး ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းသည် ကျန်းမာရေး၏သော့ချက်ဖြစ်ပြီး နေ့စဉ် ရိုးရှင်းသောလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အရွယ်မတိုင်မီသွေးဆုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ ကျန်းမာရေးကို ထိခိုက်စေသည် အထိ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကိုမူ ရှောင်ကြဉ်သင့်ပါသည်။

3. ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ စားသုံးခြင်း

         ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်သည့် အလျောက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများများပါသည့် အစားအသောက်များစားသောက်ခြင်းဖြင့် အရွယ်မတိုင်မီသွေးဆုံးခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။ ဆီးသီးအနက်၊ စပျစ်သီးအနီ၊ မုန်လာဥနီ၊ စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ရပ်စ်ဘယ်ရီသီး၊ ခရမ်ဘယ်ရီ၊ သံလွင်ဆီ၊ ပဲတောင့်၊ ငရုတ်ပွ၊ အနက်ရောင်ချောကလက် စသည်တို့တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ပါသည်။

4. သဘာဝဖြစ် အရေပြားထိန်းသိမ်းဆေး (Natural Skincare) နှင့် အလှကုန်များအသုံးပြုခြင်း

        မျက်နှာအရေးအကြောင်းပျောက်စေသည့် အချို့သော အစိုဓာတ်ထိန်းအလှကုန်များတွင်ပါဝင်သည့် ဓာတုပစ္စည်းများမှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ်မျှခြေကို ပျက်စီးစေပြီး စောစီးစွာသွေးဆုံးခြင်း ကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ရာ သဘာဝထုတ်ကုန်များဖြင့်ပြုလုပ်ထားသော အလှကုန်ပစ္စည်းများ ကိုသာ ရွေးချယ်သုံးစွဲသင့်သည်။ သင်းရနံ့များ၊ တာရှည်ခံဓာတုပစ္စည်းများပါဝင်သော အလှကုန်များကိုလုံးဝရှောင်ကြဉ်သင့်သည်။ မျက်နှာအရေးအကြောင်းများနှင့် အရွယ်မတိုင်မီသွေးဆုံးခြင်းကို ကာကွယ်နိုင်ရန်အတွက် ရေများများသောက်ခြင်း၊ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးခြင်း၊ စိတ်ဖိစီးမှုများကိုလျှော့ချခြင်းနှင့် သန်းခေါင်ယံမတိုင်မီ အိပ်ရာဝင်ခြင်းကိုပြုလုပ်သင့်သည်။

5. ဆေးလိပ်နှင့်အရက်ကို ရှောင်ကြဉ်ခြင်း

        ဆေးလိပ်နှင့်အရက်သည် အရွယ်မတိုင်မီအိုမင်းရင့်ရော်စေခြင်း၊ အရွယ်မတိုင်မီသွေးဆုံးခြင်းတို့ ကို ဖြစ်ပေါ်စေနိုင်သည့်အပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါ အစရှိသည့်ကျန်းမာရေးဆိုးကျိုးများစွာ ရရှိစေနိုင်သည့်အတွက် ရှောင်ကြဉ်သင့်ပြီး ဆေးလိပ်အရက်စွဲနေပါကတတ်ကျွမ်းသည့် ဆရာဝန်နှင့်တိုင်ပင်ပြီး ဖြတ်သင့်သည်။

6. ဦးနှောက်ထက်မြက်နေစေရန် အလေ့အကျင့်လုပ်ခြင်း

         နေ့စဉ်တွေးခေါ်စဉ်းစားမှုထက်သန်နေခြင်းသည် မေ့လျော့လွယ်သူငယ်ပြန်ရောဂါဟုခေါ်သည့် အယ်လ်ဇိုင်းမားရောဂါကိုသာမက အရွယ်မတိုင်မီသွေးဆုံုးခြင်းကိုပါ ကာကွယ်နိုင်ကြောင်း မကြာသေးမီ က လေ့လာချက်များအရသိရသည်။ စာအုပ်ဖတ်ခြင်း၊ ဉာဏ်စမ်းပဟေဠိများဖြေခြင်း၊ စာလုံးဆက် ကစားနည်းများကစားခြင်း၊ ဆုဒိုကု၊ စာလုံးရှာဂိမ်းများ ကစားခြင်းစသည်တို့ကို လုပ်ဆောင်ပေးသင့်သည်။ ယခုအခါဖုန်းများတွင်လည်း အဆိုပါဂိမ်းကစားနည်းများ ထည့်သွင်းကစားနိုင်ပြီဖြစ်ရာ နေရာမရွေး အချိန်မရွေးလုပ်ဆောင်နိုင်ပြီဖြစ်သည်။ အခြားနည်းလမ်းတစ်ခုမှာ ဘာသာစကား အသစ်တစ်ခု သင်ယူရန်ဖြစ်ပြီး အသက် 20 နောက်ပိုင်းတွင် ဘာသာစကားအသစ်သင်ယူခြင်းမှာ ခက်ခဲနိုင်သော်လည်း ကြိုးစားလျှင် ဂုဏ်ယူဖွယ်အောင်မြင်နိုင်ပါသည်။


Credit: drmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top