iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက္ေတြ အိပ္ရာ၀င္တာေနာက္က်တဲ့အခါ မနက္ပုိင္း အိပ္ယာထတဲ့အခ်ိန္ပါ ေနာက္က်သြားတတ္တာ သဘာ၀ပါ။ တစ္ခ်ိဳ႕က်ေတာ့လည္း မနက္ပိုင္း အလုပ္ရွိတာမုိ႕ ေစာေစာကလည္း ထရေသး၊ ညဘက္ေတြလညး္ ေစာေစာ အိပ္ယာမ၀င္တတ္ ျဖစ္ၾကရပါတယ္။ အဲ့ဒီလို လူမ်ိဳးေတြဟာ အိပ္ေရးမ၀တဲ့အတြက္ က်န္းမာေရးဆိုးက်ိဳးေတြ အမ်ားၾကီး ခံစားၾကရတာပါ။ ညဘက္ဘယ္ေလာက္ေနာက္က်ေနာက္က် သင္ဟာ မနက္ပိုင္း ေစာေစာထရသူဆုိရင္ အနည္းဆံုး ည ၁၁နာရီ  မျဖစ္မေန အိပ္ယာ၀င္သင့္ပါတယ္။ ဒီေတာ့ ပံုမွန္ အိပ္ယာေစာေစာ၀င္တဲ့ အက်င့္ေလးတစ္ခု ျဖစ္လာဖုိ႕ ဘာေတြလုပ္ေဆာင္ဖုိ႕ လိုအပ္လိမ့္မလဲ။

၁။ မအိပ္ခင္ ၁နာရီေက်ာ္ေလာက္ကတည္းက ဖုန္းကို လံုး၀မသံုးပါနဲ႕ေတာ့။

အစပိုင္းရက္ေတြမွာ ဒီအက်င့္လုပ္ဖုိ႕ ခက္ခဲမွာ ျဖစ္ေပမယ့္ ၾကိဳးစားလုပ္ေဆာင္ၾကည့္ပါ။ သင္ဟာ ည ၁၁နာရီေလာက္ အိပ္ယာ၀င္မယ္လုိ႕ ဆံုးျဖတ္ထားရင္ ည၁၀နာရီေလာက္ကတည္းက ဖုန္းကိုလံုး၀မသံုးပါနဲ႕ေတာ့၊ ဖုန္းေတာက္ေလ်ွာက္သံုးျခင္းဟာ သင့္ကို အလြယ္တကူ အိပ္ေပ်ာ္ေစဖုိ႕ ခက္ခဲတတ္တာေၾကာင့္ပါ။

၂။ ခ်ေရးပါ။

သင့္အလုပ္မွာ ဒါမွမဟုတ္ ေက်ာင္းမွာ စိတ္ပူပန္စရာ၊ ဖိစီးမႈေတြ ခံစားေနရရင္ အခ်ိန္ ငါးမိနစ္၊ ဆယ္မိနစ္ေလာက္ယူျပီး သင္လုပ္ေဆာင္ရမယ့္ အရာေတြကို ခ်ေရးလုိက္ပါ။ ေနာက္ေန႕မွာ သင္ဘာေတြစလုပ္မယ္၊ ျပီးရင္ဘာလုပ္မယ္ ဆုိတာမ်ိဳးေပါ့။ ဒါ့အျပင္ စိတ္ဖိစီးမႈေတြရွိရင္လည္း စာရြက္ေပၚခ်ေရးလိုက္ပါ။ ေနာက္ေန႕မနက္ ဘာေတြလုပ္မယ္ဆုိတာမ်ိဳး သင္ျပင္ဆင္ျပီးသြားရင္ ဒီဖိစီးမႈေတြေၾကာင့္ သင္ညဘက္မွာ တေရးခဏခဏ မႏိုးေတာ့ဘူးေပါ့။

၃။ အိပ္ေတာ့မယ္ဆုိတာနဲ႕ ဖုနး္ကို ခပ္ေ၀းေ၀းမွာ ထားလိုက္ပါ။

ဖုနး္ကို ေခါင္းဦးနားထားအိပ္ျခင္းက သင့္က်န္းမာေရးအတြက္ မေကာင္းဘူးဆိုတာ တစ္ေၾကာင္းပါ။ ေနာက္တစ္ခုကေတာ့ ဖုန္းေဘးနားရွိေနရင္ အိပ္မေပ်ာ္ဘူးလို႕ ခံစားရတာနဲ႕ ဖုန္းကို ေကာက္ဖြင့္ျပီး ဟိုလုပ္ဒီလုပ္ လုပ္မိေနပါလိမ့္မယ္။ ဒါ့အျပင္ ကိုယ္အိပ္ရမယ့္အခ်ိန္မွာ အိပ္မေပ်ာ္ေသးတဲ့အခါ စိတ္ပူျပီး ဖုန္းကို ျပန္ျပန္ဖြင့္ျပီး ဘယ္ႏွစ္နာရီရွိျပီလဲ ၾကည့္မိေနတာမ်ိဳး မျဖစ္ေစဖုိ႕ ဖုန္းကို သင့္ကုတင္ရဲ႕ ခပ္ေ၀းေ၀းမွာထားလိုက္ပါ။

၄။ ကိုယ္လက္ေလ့က်င့္ခန္းကို မနက္ပိုင္းေတြမွာသာ လုပ္ပါ။

သင္ဟာညဘက္ေတြမွာ တက္ၾကြလြန္ေနတယ္ဆိုရင္ေတာ့ သင္ကိုယ္လက္ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္ဟာ ဘယ္အခ်ိန္လဲဆိုတာ ျပန္စဥ္းစားဖုိ႕ အခ်ိန္ေရာက္ပါျပီ။ ညေနပိုင္း ကိုယ္လက္ေလ့က်င့္ခန္းလုပ္တယ္၊ GYM ေဆာ့တယ္ဆုိရင္ ေဆာ့တဲ့အခ်ိန္ဟာ အိပ္ယာမ၀င္ခင္နဲ႕ ေလးနာရီျခားထားရပါမယ္။ တကယ္ေတာ့ မနက္ပိုင္း GYM ေဆာ့ေပးျခင္းဟာ သင္အိပ္ယာ၀င္တဲ့အခါ ပိုႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။

၅။ အိပ္ခ်ိန္ကို အတတ္ႏိုင္ဆံုး ပံုမွန္ထားပါ။

အိပ္ခ်ိန္သတ္မွတ္ထားတယ္ဆုိတာ ကေလးေတြအတြက္ပဲ မဟုတ္ပါဘူး။ တကယ္လုိ႕ သင္ဟာ အိပ္ခ်ိန္ကို သတ္သတ္မွတ္မွတ္ထားျပီး အိပ္ယာ၀င္မယ္ဆုိရင္ ေနာက္ပိုင္းက်င့္သားရလာတဲ့အခါ မနက္ပိုင္းႏြမ္းနယ္ေနတဲ့ စိတ္ခံစားခ်က္ ေတြ ရွိမွာ မဟုတ္ေတာ့ပါဘူး။ ဒီေတာ့ ပံုမွန္အိပ္ယာ၀င္တဲ့အက်င့္ေလး လုပ္ေပးပါ။

Credit: trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ညဘက်တွေ အိပ်ရာဝင်တာနောက်ကျတဲ့အခါ မနက်ပိုင်း အိပ်ယာထတဲ့အချိန်ပါ နောက်ကျသွားတတ်တာ သဘာဝပါ။ တစ်ချို့ကျတော့လည်း မနက်ပိုင်း အလုပ်ရှိတာမို့ စောစောကလည်း ထရသေး၊ ညဘက်တွေလည်း စောစော အိပ်ယာမဝင်တတ် ဖြစ်ကြရပါတယ်။ အဲ့ဒီလို လူမျိုးတွေဟာ အိပ်ရေးမဝတဲ့အတွက် ကျန်းမာရေးဆိုးကျိုးတွေ အများကြီး ခံစားကြရတာပါ။ ညဘက်ဘယ်လောက်နောက်ကျနောက်ကျ သင်ဟာ မနက်ပိုင်း စောစောထရသူဆိုရင် အနည်းဆုံး ည ၁၁နာရီ  မဖြစ်မနေ အိပ်ယာဝင်သင့်ပါတယ်။ ဒီတော့ ပုံမှန် အိပ်ယာစောစောဝင်တဲ့ အကျင့်လေးတစ်ခု ဖြစ်လာဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်လိမ့်မလဲ။

၁။ မအိပ်ခင် ၁နာရီကျော်လောက်ကတည်းက ဖုန်းကို လုံးဝမသုံးပါနဲ့တော့။

အစပိုင်းရက်တွေမှာ ဒီအကျင့်လုပ်ဖို့ ခက်ခဲမှာ ဖြစ်ပေမယ့် ကြိုးစားလုပ်ဆောင်ကြည့်ပါ။ သင်ဟာ ည ၁၁နာရီလောက် အိပ်ယာဝင်မယ်လို့ ဆုံးဖြတ်ထားရင် ည၁၀နာရီလောက်ကတည်းက ဖုန်းကိုလုံးဝမသုံးပါနဲ့တော့၊ ဖုန်းတောက်လျှောက်သုံးခြင်းဟာ သင့်ကို အလွယ်တကူ အိပ်ပျော်စေဖို့ ခက်ခဲတတ်တာကြောင့်ပါ။

၂။ ချရေးပါ။

သင့်အလုပ်မှာ ဒါမှမဟုတ် ကျောင်းမှာ စိတ်ပူပန်စရာ၊ ဖိစီးမှုတွေ ခံစားနေရရင် အချိန် ငါးမိနစ်၊ ဆယ်မိနစ်လောက်ယူပြီး သင်လုပ်ဆောင်ရမယ့် အရာတွေကို ချရေးလိုက်ပါ။ နောက်နေ့မှာ သင်ဘာတွေစလုပ်မယ်၊ ပြီးရင်ဘာလုပ်မယ် ဆိုတာမျိုးပေါ့။ ဒါ့အပြင် စိတ်ဖိစီးမှုတွေရှိရင်လည်း စာရွက်ပေါ်ချရေးလိုက်ပါ။ နောက်နေ့မနက် ဘာတွေလုပ်မယ်ဆိုတာမျိုး သင်ပြင်ဆင်ပြီးသွားရင် ဒီဖိစီးမှုတွေကြောင့် သင်ညဘက်မှာ တရေးခဏခဏ မနိုးတော့ဘူးပေါ့။

၃။ အိပ်တော့မယ်ဆိုတာနဲ့ ဖုန်းကို ခပ်ဝေးဝေးမှာ ထားလိုက်ပါ။

ဖုန်းကို ခေါင်းဦးနားထားအိပ်ခြင်းက သင့်ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ တစ်ကြောင်းပါ။ နောက်တစ်ခုကတော့ ဖုန်းဘေးနားရှိနေရင် အိပ်မပျော်ဘူးလို့ ခံစားရတာနဲ့ ဖုန်းကို ကောက်ဖွင့်ပြီး ဟိုလုပ်ဒီလုပ် လုပ်မိနေပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်အိပ်ရမယ့်အချိန်မှာ အိပ်မပျော်သေးတဲ့အခါ စိတ်ပူပြီး ဖုန်းကို ပြန်ပြန်ဖွင့်ပြီး ဘယ်နှစ်နာရီရှိပြီလဲ ကြည့်မိနေတာမျိုး မဖြစ်စေဖို့ ဖုန်းကို သင့်ကုတင်ရဲ့ ခပ်ဝေးဝေးမှာထားလိုက်ပါ။

၄။ ကိုယ်လက်လေ့ကျင့်ခန်းကို မနက်ပိုင်းတွေမှာသာ လုပ်ပါ။

သင်ဟာညဘက်တွေမှာ တက်ကြွလွန်နေတယ်ဆိုရင်တော့ သင်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အချိန်ဟာ ဘယ်အချိန်လဲဆိုတာ ပြန်စဉ်းစားဖို့ အချိန်ရောက်ပါပြီ။ ညနေပိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တယ်၊ GYM ဆော့တယ်ဆိုရင် ဆော့တဲ့အချိန်ဟာ အိပ်ယာမဝင်ခင်နဲ့ လေးနာရီခြားထားရပါမယ်။ တကယ်တော့ မနက်ပိုင်း GYM ဆော့ပေးခြင်းဟာ သင်အိပ်ယာဝင်တဲ့အခါ ပိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

၅။ အိပ်ချိန်ကို အတတ်နိုင်ဆုံး ပုံမှန်ထားပါ။

အိပ်ချိန်သတ်မှတ်ထားတယ်ဆိုတာ ကလေးတွေအတွက်ပဲ မဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး အိပ်ယာဝင်မယ်ဆိုရင် နောက်ပိုင်းကျင့်သားရလာတဲ့အခါ မနက်ပိုင်းနွမ်းနယ်နေတဲ့ စိတ်ခံစားချက် တွေ ရှိမှာ မဟုတ်တော့ပါဘူး။ ဒီတော့ ပုံမှန်အိပ်ယာဝင်တဲ့အကျင့်လေး လုပ်ပေးပါ။


Credit: trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top