iMyanmarHouse.com - Best Property Website for Myanmar
×

 ေကာ္ဖီေသာက္သံုးခဲ့တဲ့ အဆင့္ ၃ အူမႀကီးကင္ဆာအဆင့္ရွိ လူနာမ်ားဟာ သူတို႔ရဲ႕ကင္ဆာေရာဂါ တစ္၀က္နီးပါးသက္သာေပ်ာက္ကင္းၾကၿပီး ေသဆံုးႏိုင္တဲ့အခြင့္အလမ္း သံုးပံုပံုတစ္ပံုခန္႔ နည္းပါးသြားေၾကာင္း ေလ့လာမႈအသစ္အရ သိရွိပါတယ္။

ေလ့လာသူေတြက ေကာ္ဖီအတြင္းမွာပါ၀င္တဲ့ ကဖင္းဓါတ္ဟာ ကင္ဆာေရာဂါျပန္လည္ျဖစ္ပြားႏိုင္မႈကို ေလ်ာ့က်ေစတယ္ဆုိတာ ေလ့လာေတြ႔ရွိခဲ့ပါတယ္။

ေကာ္ဖီေသာက္သံုးျခင္းျဖင့္ ေကာင္းမြန္တဲ့ကာကြယ္မႈေတြ သို႔ ရင္သားကင္ဆာ၊ အသည္းကင္ဆာ၊ အေရျပားကင္ဆာ၊ ဆီးက်ိတ္ကင္ဆာစတဲ့ ကင္ဆာေရာဂါေတြကို ကာကြယ္ႏိုင္ၿပီး ဆီးခ်ိဳေရာဂါကိုလည္း ေလ်ာ့နည္းသြားေစေၾကာင္း ေလ့လာေတြ႔ရွိထားၿပီး ျဖစ္ပါတယ္။

 “ ခင္ဗ်ားသာ ေကာ္ဖီေသာက္သံုးသူတစ္ေယာက္ဆိုရင္ အူမႀကီးကင္ဆာအတြက္ ကာကြယ္ၿပီးသားျဖစ္ပါတယ္။ ဆက္ၿပီးေတာ့သာ ေသာက္ပါ” လို႔ Dana Farber ကင္ဆာဌာနရဲ႕ ဒါရိုက္တာျဖစ္သူ Dr. Charles Fuchs ကဆိုပါတယ္။

“ ဒါေပမယ့္ ခင္ဗ်ားက ေကာ္ဖီေသာက္တတ္သူတစ္ဦးမဟုတ္ဘူး စတင္ေသာက္သံုးဖို႔ စဥ္းစားေနရင္တာ့ ကိုယ့္ရဲ႕ဆရာ၀န္နဲ႔အရင္ တိုင္ပင္သင့္ပါတယ္” လို႔လည္း ဆိုပါတယ္။

ေလ့လာသူေတြဟာ အူမႀကီးကင္ဆာ အဆင့္၃ရွိ လူနာ ၁၀၀၀ ကို ေလ့လာခဲ့ရာ တစ္ေန႔ကို ေကာ္ဖီတစ္ခြက္ သို႔ တစ္ခြက္နဲ႔အထက္ - ကဖင္းဓါတ္ ၄၆၀ မီလီဂရမ္ခန္႔ ္ေသာက္သံုးသူေတြဟာ ကင္ဆာေရာဂါျပန္လည္ျဖစ္ပြားဖို႔ ၄၂ရာခိုင္းႏႈန္းခန္႔ ပိုၿပီးသက္သာေစတယ္လို႔ ေတြ႔ရွိခဲ့ပါသတဲ့။ ကင္ဆာေရာဂါေၾကာင့္ ေသဆံုးႏုိင္ေခ် ၃၄ ရာခိုင္ႏႈန္းခန္႔လည္း ေလ်ာ့နည္းသြားေစတယ္လို႔ ဆိုပါတယ္။

Fuchs က ကဖင္းဓါတ္ဟာ ကင္ဆာေရာဂါကိုသာမက ဆီးခ်ိဳေရာဂါအတြက္လည္း အက်ိဳးသက္ေရာက္မႈရွိေစတယ္လို႔ ဆိုပါတယ္။ ေကာ္ဖီဟာ ခႏၶာကိုယ္တြင္း အင္ဆူလင္ သိရွိခံစားႏိုင္မႈကို ျမင့္တက္ေစၿပီး ေယာင္ရမ္းနာက်င္မႈေတြကို သက္သာေစပါတယ္။ ဆီးခ်ိဳေရာဂါကို သက္သာေစရံုသာမက ကင္ဆာေရာဂါပိုမို ဆိုးရြားလာေစမႈကိုလည္း ေလ်ာ့က်ေစပါတယ္။

Credit:ThitHtooLwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ကော်ဖီသောက်သုံးခဲ့တဲ့ အဆင့် ၃ အူမကြီးကင်ဆာအဆင့်ရှိ လူနာများဟာ သူတို့ရဲ့ကင်ဆာရောဂါ တစ်ဝက်နီးပါးသက်သာပျောက်ကင်းကြပြီး သေဆုံးနိုင်တဲ့အခွင့်အလမ်း သုံးပုံပုံတစ်ပုံခန့် နည်းပါးသွားကြောင်း လေ့လာမှုအသစ်အရ သိရှိပါတယ်။

လေ့လာသူတွေက ကော်ဖီအတွင်းမှာပါဝင်တဲ့ ကဖင်းဓါတ်ဟာ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားနိုင်မှုကို လျော့ကျစေတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။

ကော်ဖီသောက်သုံးခြင်းဖြင့် ကောင်းမွန်တဲ့ကာကွယ်မှုတွေ သို့ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပြီး ဆီးချိုရောဂါကိုလည်း လျော့နည်းသွားစေကြောင်း လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။

 “ ခင်ဗျားသာ ကော်ဖီသောက်သုံးသူတစ်ယောက်ဆိုရင် အူမကြီးကင်ဆာအတွက် ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဆက်ပြီးတော့သာ သောက်ပါ” လို့ Dana Farber ကင်ဆာဌာနရဲ့ ဒါရိုက်တာဖြစ်သူ Dr. Charles Fuchs ကဆိုပါတယ်။

“ ဒါပေမယ့် ခင်ဗျားက ကော်ဖီသောက်တတ်သူတစ်ဦးမဟုတ်ဘူး စတင်သောက်သုံးဖို့ စဉ်းစားနေရင်တာ့ ကိုယ့်ရဲ့ဆရာဝန်နဲ့အရင် တိုင်ပင်သင့်ပါတယ်” လို့လည်း ဆိုပါတယ်။

လေ့လာသူတွေဟာ အူမကြီးကင်ဆာ အဆင့်၃ရှိ လူနာ ၁၀၀၀ ကို လေ့လာခဲ့ရာ တစ်နေ့ကို ကော်ဖီတစ်ခွက် သို့ တစ်ခွက်နဲ့အထက် - ကဖင်းဓါတ် ၄၆၀ မီလီဂရမ်ခန့် ်သောက်သုံးသူတွေဟာ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားဖို့ ၄၂ရာခိုင်းနှုန်းခန့် ပိုပြီးသက်သာစေတယ်လို့ တွေ့ရှိခဲ့ပါသတဲ့။ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေ ၃၄ ရာခိုင်နှုန်းခန့်လည်း လျော့နည်းသွားစေတယ်လို့ ဆိုပါတယ်။

Fuchs က ကဖင်းဓါတ်ဟာ ကင်ဆာရောဂါကိုသာမက ဆီးချိုရောဂါအတွက်လည်း အကျိုးသက်ရောက်မှုရှိစေတယ်လို့ ဆိုပါတယ်။ ကော်ဖီဟာ ခန္ဓာကိုယ်တွင်း အင်ဆူလင် သိရှိခံစားနိုင်မှုကို မြင့်တက်စေပြီး ယောင်ရမ်းနာကျင်မှုတွေကို သက်သာစေပါတယ်။ ဆီးချိုရောဂါကို သက်သာစေရုံသာမက ကင်ဆာရောဂါပိုမို ဆိုးရွားလာစေမှုကိုလည်း လျော့ကျစေပါတယ်။

Credit:ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top