iMyanmarHouse.com - Best Property Website for Myanmar
×

တြက္နည္းကေတာ့ လြယ္ပါတယ္ဗ်ာ။ အိမ္ေထာင္ျပဳမယ့္ အသက္နဲ႔ အဲဒီေန႔နံရဲ့ ၿဂိုဟ္သက္ရယ္ ေပါင္း လိုက္ေပါ့။ ၿပီးရင္ အဲဒီေပါင္းလို႔ရတဲ့ ကိန္းကို (၇)နဲ႔ စားလိုက္။ ဒါဆိုရင္ ဘာၾကြင္းလဲ။ အၾကြင္းအတိုင္း ၾကည့္ၿပီး ခင္ဗ်ား ဘယ္အသက္အပိုင္းအျခားမွာ အိမ္ေထာင္ျပဳရင္ ဘယ္လို မိန္းမ မ်ိဳးနဲ႔ ရမယ္ဆိုတာ တြက္ၾကည့္လို႔ရၿပီ။

ၿဂိဳဟ္သက္ကေတာ့ လြယ္ပါတယ္။
တနဂၤေႏြ (၆) ၊ တနလၤာ (၁၅) ၊ အဂၤါ (၈) ၊ ဗုဒၶဟူး (၁၇) ၊ ၾကာသပေတး (၁၉) ၊ ေသာၾကာ (၂၁) ၊ စေန (၁၀)

ဥပမာဗ်ာ- အသက္ (၃၅) ႏွစ္ရွိတဲ့ ဗုဒၶဟူးသား တစ္ေယာက္ အိမ္ေထာင္ျပဳမယ္ဆိုရင္ ဘယ္လို မိန္းမမ်ိဳး ကို ရမွာလဲဆိုတာ တြက္ၾကည့္ၾကည့္ရေအာင္။ သူ႔ရဲ့အသက္ (၃၅)ႏွစ္နဲ႔၊ ဗုဒၶဟူးၿဂိဳဟ္သက္(၁၇) နဲ႔ေပါင္း လိုက္ (၃၅+၁၇=၅၂) အဲဒီ (၅၂)ကို (၇)နဲ႔ စားၾကည့္လိုက္ရင္ (၃) ၾကြင္းတယ္ဗ်ာ။ ေအာက္မွာ ဖတ္ ၾကည့္ လိုက္ေပေတာ့။

တစ္ၾကြင္းေဟာကိန္း
အိမ္ေထာင္ဖက္ဇနီးသည္ မူလက မည္မွ်စရိုက္ေကာင္း၊ စိတ္သေဘာထား ေကာင္းသည္ျဖစ္ေစ၊ အိမ္ေထာင္ က်ျပီးေနာက္ ဆိုးသြမ္းေသာ စရိုက္သို႔ ေျပာင္းသြားမည္။ မူလစရိုက္ ဆိုးလွ်င္ကား ဆိုဖြယ္ ရာမရိွ အညံံ့ႀကံဳမည္။ အလြန္ဒုကၡေပးေသာ ဇနီမယားျဖစ္မည္။ ဆိုးယုတ္မည္။ စရိုက္ၾကမ္းမည္။ ျမည္ တြန္ေတာက္တီးမႈ အျမဲျပဳမည္။ အၾကင္နာမဲ့မည္။ ျပႆနာ အျမဲရွာေနမည္။ ကေလးႏွစ္ဦးရၿပီးမွ အညံ့ကင္း မည္။

ႏွစ္ၾကြင္းေဟာကိန္း
ရရိွေသာ ဇနီးမယားသည္ ခိုးသူႏွင့္တူေသာ မယားတည္း။ မူလအေျခအေန စရိုက္မည္မွ် ေကာင္းေစ၊ အိမ္ေထာင္ က်ၿပီးေနာက္ စရိုက္ေျပာင္းမည္။ လင္သားေငြကို ခိုးယူ၍ သူတစ္ပါးကို ေပးမည္။ မာယာ မ်ားေသာ စကားကိုဆိုမည္။ ေငြသံုးျဖဳန္းမည္။ လင္သားမသိေအာင္ အရာရာ လွ်ိဳ႕ဝွက္လုပ္တတ္သည္။ အိမ္ေထာင္သက္ သံုးလတြင္ စရိုက္ျပင္လွ်င္ျပင္ ၊ မျပင္လွ်င္ (၁၅) လ ၾကာမွျပင္မည္။ (၁၅) လၾကာမွ မျပင္က (၃) ႏွစ္ၾကာမွ ျပင္မည္။ သံုးႏွစ္ၾကာမ ွမျပင္ပါက ရာသက္ပန္ အၿမဲစရိုက္ဆိုး လႊမ္းမိုးမည္။

သံုးၾကြင္းေဟာကိန္း
ရရိွေသာ အိမ္ေထာင္ဖက္သည္ မူလမည္မွ် ေကာင္းေသာစရိုက္ရိွသည္ျဖစ္ေစ အိမ္ေထာ္က်ၿပီးေနာက္ စရိုက္ေျပာင္းကာ သခင္ႏွင့္တူေသာ မယားျဖစ္မည္။ အလြန္ပ်င္းမည္။ အတၱႀကီးသြားမည္။ မိမိအေပၚ ျပဳစုယုယမႈကို ႏွစ္လိုမည္။ အခ်ိန္မေရြးအမိန္႔ေပး စိုးမိုးမနာလိုစိတ္မ်ားၿပီး မိမိအေပၚ အျပစ္တင္မည္။ အိမ္တြင္ တဆူဆူ တပူပူ လုပ္တတ္သည္။ ကြယ္ရာတြင္ မိမိမေကာင္းေၾကာင္း သူတစ္ပါးကို အတင္း အဖ်င္း သဖြယ္ေျပာမည္။ စရိုက္ဆိုးကို ရာသက္ပန္ မျပင္ေတာ့။

ေလးၾကြင္းေဟာကိန္း
ေကာင္းေသာဇနီးအမ်ိဳးအစားကိုရမည္။ အိမ္ေထာင္ မျပဳမီမည္မွ်ဆိုးေစ အိမ္ေထာင္က်ၿပီးေနာက္ စ ရိုက္ေျပာင္းသြားမည္။ မိခင္ႏွင့္တူေသာ ဇနီးျဖစ္မည္။ အလြန္ၾကင္နာတတ္မည္။ ေငြေၾကးစုေဆာင္း ေပးမည္။ ယုယစြာ၊ ျမတ္ႏိုးစြာ ဆက္ဆံမည္။ မိမိကို အကာအကြယ္ေပးမည္။ ေဖးမမည္။ ရာသက္ပန္ ေကာင္းမည္။

ငါးၾကြင္းေဟာကိန္း
မိမိအေပၚ အလြန္ေကာင္းမည္။ အိမ္ေထာင္မျပဳမီ မည္မွ်မလိမ္မိုး မလိမၼာ ရိွေစ၊ စရိုက္ဆိုးေစ အိမ္ေထာင္ က်ၿပီး ေနာက္တြင္ မိမိအေပၚ အထူးေကာင္းမည္။ ႏွမႏွင့္တူေသ ဇနီးကိုရရိွမည္။ မိမ္ိအေပၚ ေလးစား၊ အားကိုး၍ လိုေလေသး မရိွေအာင္ ထားမည္။ ရိုရိုက်ိဳးက်ိဳး ဆက္ဆံမည္။

ေျခာက္ၾကြင္းေဟာကိန္း
မူလစရိုက္ မည္သို႔ရိွေစ၊ အိမ္ေထာင္က်ၿပီး ေနာက္ပိုင္း အလြန္ေကာင္းမည္။ အိမ္ေထာင္ဖက္ကို ေကာင္း က်ိဳး ေပးမည္။ အေဆြခင္ပြန္းေကာင္းႏွင့္ တူေသာဇ နီးအမ်ိဳးအစားျဖစ္၍ ဆိုးတိုင္ပင္၊ ေကာင္းတိုင္ပင္ျဖစ္ မည္။ ဒုိးတူေပါင္ဖက္ ၊ ေမာင္တစ္ထမ္း ၊ မယ္တစ္ရြက္ ေဆာင္ရြက္တတ္သူ ျဖစ္မည္။ အခက္ၾကံဳက မိမိဘက္မွ ရပ္တည္မည္။

သုညၾကြင္းေဟာကိန္း
မူလစရိုက္ မည္သို႔ရိွေစ အိမ္ေထာင္က်ၿပီး ေနာက္ပိုင္းတြင္ ေကာင္းေသာ သဘာဝ ထြန္းလာမည္။ ကၽြန္ႏွင့္တူေသာ မယားျဖစ္မည္။ အိမ္ေထာင္ဖက္အေပၚ သခင္လိုဆက္ဆံမည္။ အိမ္ေထာင္ဖက္၏ ဝတ္ႀကီးဝတ္ငယ္ အသြယ္သြယ္ကို ေဆာင္ရြက္ေပးမည္။ လင္ေယာက္်ား၏ ဆူပူမာန္မဲမႈကိုလည္း သည္း ခံမည္။ အိမ္မႈကိစၥ အဝဝကိုလည္း ေက်ပြန္မည့္ ထာဝရ အေဆြခင္ပြန္းေကာင္းျဖစ္မည္။

ကဲ... ေနာက္ဆံုးကေတာ့ အမ်ိဳးသားတစ္ေယာက္ အိမ္ေထာင္ျပဳတဲ့ အသက္အပိုင္း အျခားကို တြက္ၾကည့္ လိုက္လို႔ ညံ့ေနတာမ်ိဳးေတြ ေတြ႕ရင္လည္း ယၾတာလုပ္လို႔ရေအာင္ တစ္ခါတည္း ေဖာ္ျပေပးလိုက္ပါ တယ္။

ေန႔သား စိုက္ရန္အပင္ႏွင့္ အရပ္မ်က္ႏွာ
တနဂၤေႏြ အေနာက္အရပ္တြင္အုန္းပင္စိုက္ပါ။
တနလၤာ အေနာက္ေျမာက္အရပ္တြင္ ကံ့ေကာ္ပင္စို္က္ပါ။
အဂၤါ ေျမာက္အရပ္တြင္ ဇီးပင္စိုက္ပါ။
ဗုဒၶဟူး အေရွ႕ေျမာက္အရပ္တြင္ ရြက္လွပင္စိုက္ပါ။
ရာဟု ေတာင္အရပ္တြင္ေရွာက္ပင္စိုက္ပါ။
ၾကာသပေတး အေရွ႕ေတာင္အရပ္တြင္ ပိန္းပင္စိုက္ပါ။
ေသာၾကာ အေနာက္ေတာင္အရပ္တြင္ သီဟုဠ္ပင္စိုက္ပါ။
စေန အေရွ႕အရပ္တြင္ ဒန္းပင္စိုက္ပါ။

မိမိေနအိမ္တြင္ စိုက္ရန္ေနရာမရိွပါက ေနအိမ္မွၾကည့္ေသာ္ မိမိ၏ ေတဇအရပ္ရိွ လြတ္ေသာေျမ တြင္ျဖစ္ေစ၊ ဘုန္းေတာ္ႀကီးေက်ာင္း၌ျဖစ္ေစ၊ ေမြးနံပင္ စိုက္ပ်ိဳးႏိုင္သည္။ အညံ့ကင္း၍ ေအးခ်မ္းသာယာ အဆင္ေျပသြားမည္ ျဖစ္ပါေၾကာင္း
====================

ေတဇအရပ္

တနဂၤေႏြသားသမီးမ်ား - အေနာက္အရပ္ ၊
တနလၤာသားသမီးမ်ား - အေနာက္ေျမာက္အရပ္ ၊
အဂၤါသားသမီးမ်ား - ေျမာက္အရပ္ ၊
ဗုဒၶဟူးသားသမီးမ်ား - အေရွ ့ေျမာက္အရပ္ ၊
ၾကာသပေတးသားသမီးမ်ား - အေရွ ့ေတာင္အရပ္ ၊
ေသာၾကာသားသမီးမ်ား - အေနာက္ေတာင္အရပ္ ၊
စေနသားသမီးမ်ား - အေရွ ့အရပ္ ၊
ရာဟုသားသမီးမ်ား - ေတာင္အရပ္၊

Credit: ျမန္မာ.ရိုးရာေဗဒင္ပညာရပ္

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တွက်နည်းကတော့ လွယ်ပါတယ်ဗျာ။ အိမ်ထောင်ပြုမယ့် အသက်နဲ့ အဲဒီနေ့နံရဲ့ ဂြိုဟ်သက်ရယ် ပေါင်း လိုက်ပေါ့။ ပြီးရင် အဲဒီပေါင်းလို့ရတဲ့ ကိန်းကို (၇)နဲ့ စားလိုက်။ ဒါဆိုရင် ဘာကြွင်းလဲ။ အကြွင်းအတိုင်း ကြည့်ပြီး ခင်ဗျား ဘယ်အသက်အပိုင်းအခြားမှာ အိမ်ထောင်ပြုရင် ဘယ်လို မိန်းမ မျိုးနဲ့ ရမယ်ဆိုတာ တွက်ကြည့်လို့ရပြီ။

ဂြိုဟ်သက်ကတော့ လွယ်ပါတယ်။
တနင်္ဂနွေ (၆) ၊ တနင်္လာ (၁၅) ၊ အင်္ဂါ (၈) ၊ ဗုဒ္ဓဟူး (၁၇) ၊ ကြာသပတေး (၁၉) ၊ သောကြာ (၂၁) ၊ စနေ (၁၀)

ဥပမာဗျာ- အသက် (၃၅) နှစ်ရှိတဲ့ ဗုဒ္ဓဟူးသား တစ်ယောက် အိမ်ထောင်ပြုမယ်ဆိုရင် ဘယ်လို မိန်းမမျိုး ကို ရမှာလဲဆိုတာ တွက်ကြည့်ကြည့်ရအောင်။ သူ့ရဲ့အသက် (၃၅)နှစ်နဲ့၊ ဗုဒ္ဓဟူးဂြိုဟ်သက်(၁၇) နဲ့ပေါင်း လိုက် (၃၅+၁၇=၅၂) အဲဒီ (၅၂)ကို (၇)နဲ့ စားကြည့်လိုက်ရင် (၃) ကြွင်းတယ်ဗျာ။ အောက်မှာ ဖတ် ကြည့် လိုက်ပေတော့။

တစ်ကြွင်းဟောကိန်း
အိမ်ထောင်ဖက်ဇနီးသည် မူလက မည်မျှစရိုက်ကောင်း၊ စိတ်သဘောထား ကောင်းသည်ဖြစ်စေ၊ အိမ်ထောင် ကျပြီးနောက် ဆိုးသွမ်းသော စရိုက်သို့ ပြောင်းသွားမည်။ မူလစရိုက် ဆိုးလျှင်ကား ဆိုဖွယ် ရာမရှိ အညံံ့ကြုံမည်။ အလွန်ဒုက္ခပေးသော ဇနီမယားဖြစ်မည်။ ဆိုးယုတ်မည်။ စရိုက်ကြမ်းမည်။ မြည် တွန်တောက်တီးမှု အမြဲပြုမည်။ အကြင်နာမဲ့မည်။ ပြဿနာ အမြဲရှာနေမည်။ ကလေးနှစ်ဦးရပြီးမှ အညံ့ကင်း မည်။

နှစ်ကြွင်းဟောကိန်း
ရရှိသော ဇနီးမယားသည် ခိုးသူနှင့်တူသော မယားတည်း။ မူလအခြေအနေ စရိုက်မည်မျှ ကောင်းစေ၊ အိမ်ထောင် ကျပြီးနောက် စရိုက်ပြောင်းမည်။ လင်သားငွေကို ခိုးယူ၍ သူတစ်ပါးကို ပေးမည်။ မာယာ များသော စကားကိုဆိုမည်။ ငွေသုံးဖြုန်းမည်။ လင်သားမသိအောင် အရာရာ လျှို့ဝှက်လုပ်တတ်သည်။ အိမ်ထောင်သက် သုံးလတွင် စရိုက်ပြင်လျှင်ပြင် ၊ မပြင်လျှင် (၁၅) လ ကြာမှပြင်မည်။ (၁၅) လကြာမှ မပြင်က (၃) နှစ်ကြာမှ ပြင်မည်။ သုံးနှစ်ကြာမ ှမပြင်ပါက ရာသက်ပန် အမြဲစရိုက်ဆိုး လွှမ်းမိုးမည်။

သုံးကြွင်းဟောကိန်း
ရရှိသော အိမ်ထောင်ဖက်သည် မူလမည်မျှ ကောင်းသောစရိုက်ရှိသည်ဖြစ်စေ အိမ်ထော်ကျပြီးနောက် စရိုက်ပြောင်းကာ သခင်နှင့်တူသော မယားဖြစ်မည်။ အလွန်ပျင်းမည်။ အတ္တကြီးသွားမည်။ မိမိအပေါ် ပြုစုယုယမှုကို နှစ်လိုမည်။ အချိန်မရွေးအမိန့်ပေး စိုးမိုးမနာလိုစိတ်များပြီး မိမိအပေါ် အပြစ်တင်မည်။ အိမ်တွင် တဆူဆူ တပူပူ လုပ်တတ်သည်။ ကွယ်ရာတွင် မိမိမကောင်းကြောင်း သူတစ်ပါးကို အတင်း အဖျင်း သဖွယ်ပြောမည်။ စရိုက်ဆိုးကို ရာသက်ပန် မပြင်တော့။

လေးကြွင်းဟောကိန်း
ကောင်းသောဇနီးအမျိုးအစားကိုရမည်။ အိမ်ထောင် မပြုမီမည်မျှဆိုးစေ အိမ်ထောင်ကျပြီးနောက် စ ရိုက်ပြောင်းသွားမည်။ မိခင်နှင့်တူသော ဇနီးဖြစ်မည်။ အလွန်ကြင်နာတတ်မည်။ ငွေကြေးစုဆောင်း ပေးမည်။ ယုယစွာ၊ မြတ်နိုးစွာ ဆက်ဆံမည်။ မိမိကို အကာအကွယ်ပေးမည်။ ဖေးမမည်။ ရာသက်ပန် ကောင်းမည်။

ငါးကြွင်းဟောကိန်း
မိမိအပေါ် အလွန်ကောင်းမည်။ အိမ်ထောင်မပြုမီ မည်မျှမလိမ်မိုး မလိမ္မာ ရှိစေ၊ စရိုက်ဆိုးစေ အိမ်ထောင် ကျပြီး နောက်တွင် မိမိအပေါ် အထူးကောင်းမည်။ နှမနှင့်တူသေ ဇနီးကိုရရှိမည်။ မိမိအပေါ် လေးစား၊ အားကိုး၍ လိုလေသေး မရှိအောင် ထားမည်။ ရိုရိုကျိုးကျိုး ဆက်ဆံမည်။

ခြောက်ကြွင်းဟောကိန်း
မူလစရိုက် မည်သို့ရှိစေ၊ အိမ်ထောင်ကျပြီး နောက်ပိုင်း အလွန်ကောင်းမည်။ အိမ်ထောင်ဖက်ကို ကောင်း ကျိုး ပေးမည်။ အဆွေခင်ပွန်းကောင်းနှင့် တူသောဇ နီးအမျိုးအစားဖြစ်၍ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ဖြစ် မည်။ ဒိုးတူပေါင်ဖက် ၊ မောင်တစ်ထမ်း ၊ မယ်တစ်ရွက် ဆောင်ရွက်တတ်သူ ဖြစ်မည်။ အခက်ကြုံက မိမိဘက်မှ ရပ်တည်မည်။

သုညကြွင်းဟောကိန်း
မူလစရိုက် မည်သို့ရှိစေ အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် ကောင်းသော သဘာဝ ထွန်းလာမည်။ ကျွန်နှင့်တူသော မယားဖြစ်မည်။ အိမ်ထောင်ဖက်အပေါ် သခင်လိုဆက်ဆံမည်။ အိမ်ထောင်ဖက်၏ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ဆောင်ရွက်ပေးမည်။ လင်ယောက်ျား၏ ဆူပူမာန်မဲမှုကိုလည်း သည်း ခံမည်။ အိမ်မှုကိစ္စ အဝဝကိုလည်း ကျေပွန်မည့် ထာဝရ အဆွေခင်ပွန်းကောင်းဖြစ်မည်။

ကဲ... နောက်ဆုံးကတော့ အမျိုးသားတစ်ယောက် အိမ်ထောင်ပြုတဲ့ အသက်အပိုင်း အခြားကို တွက်ကြည့် လိုက်လို့ ညံ့နေတာမျိုးတွေ တွေ့ရင်လည်း ယတြာလုပ်လို့ရအောင် တစ်ခါတည်း ဖော်ပြပေးလိုက်ပါ တယ်။

နေ့သား စိုက်ရန်အပင်နှင့် အရပ်မျက်နှာ
တနင်္ဂနွေ အနောက်အရပ်တွင်အုန်းပင်စိုက်ပါ။
တနင်္လာ အနောက်မြောက်အရပ်တွင် ကံ့ကော်ပင်စိုက်ပါ။
အင်္ဂါ မြောက်အရပ်တွင် ဇီးပင်စိုက်ပါ။
ဗုဒ္ဓဟူး အရှေ့မြောက်အရပ်တွင် ရွက်လှပင်စိုက်ပါ။
ရာဟု တောင်အရပ်တွင်ရှောက်ပင်စိုက်ပါ။
ကြာသပတေး အရှေ့တောင်အရပ်တွင် ပိန်းပင်စိုက်ပါ။
သောကြာ အနောက်တောင်အရပ်တွင် သီဟုဠ်ပင်စိုက်ပါ။
စနေ အရှေ့အရပ်တွင် ဒန်းပင်စိုက်ပါ။

မိမိနေအိမ်တွင် စိုက်ရန်နေရာမရှိပါက နေအိမ်မှကြည့်သော် မိမိ၏ တေဇအရပ်ရှိ လွတ်သောမြေ တွင်ဖြစ်စေ၊ ဘုန်းတော်ကြီးကျောင်း၌ဖြစ်စေ၊ မွေးနံပင် စိုက်ပျိုးနိုင်သည်။ အညံ့ကင်း၍ အေးချမ်းသာယာ အဆင်ပြေသွားမည် ဖြစ်ပါကြောင်း
====================

တေဇအရပ်

တနင်္ဂနွေသားသမီးများ - အနောက်အရပ် ၊
တနင်္လာသားသမီးများ - အနောက်မြောက်အရပ် ၊
အင်္ဂါသားသမီးများ - မြောက်အရပ် ၊
ဗုဒ္ဓဟူးသားသမီးများ - အရှေ့မြောက်အရပ် ၊
ကြာသပတေးသားသမီးများ - အရှေ့တောင်အရပ် ၊
သောကြာသားသမီးများ - အနောက်တောင်အရပ် ၊
စနေသားသမီးများ - အရှေ့အရပ် ၊
ရာဟုသားသမီးများ - တောင်အရပ်၊

Credit: မြန်မာ.ရိုးရာဗေဒင်ပညာရပ်


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top