iMyanmarHouse.com - Best Property Website for Myanmar
×

ထက္ျမက္ၿပီး စမတ္က်တဲ့ အမ်ိဳးသမီးေတြဟာ ခ်စ္သူရွာဖို႔ခက္တယ္လို႔ အဆိုရွိပါတယ္။ ဒါေပမယ့္ ဒါဟာ အလံုးစံု မွန္ကန္တဲ့ စကားေတာ့ မဟုတ္ပါဘူး။

အထူးသျဖင့္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏုိင္သူ၊ ကိုယ့္အားကိုယ္ကိုးသူ အမ်ိဳသမီးေတြဟာ နားလည္ရခက္တယ္၊ မာနေထာင္လႊားတယ္လို႔ အမ်ိဳးသားေတြက ထင္တတ္ၾကပါတယ္။ လြတ္လပ္ၿပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ႏုိင္တဲ့ အမ်ိဳးသမီးေေတြနဲ႔ ခ်စ္တဲ့အခါ သိထားတဲ့ သင့္တဲ့ အခ်က္ (၄) ခ်က္ရွိပါတယ္။ ဒီအခ်က္ေတြဟာ သူတို႔ကို နားလည္ႏုိင္ဖို႔ အေထာက္အကူ ေပးပါလိမ့္မယ္။

၁။ အိမ္မႈကိစၥေတြနဲ႔ပဲ  အခ်ိန္မကုန္ႏုိင္

အထက္မွာ ဆိုခဲ့တဲ့အတိုင္း လြတ္လပ္ၿပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏုိင္တဲ့ အမ်ိးသမီး ျဖစ္တဲ့အတြက္ အိမ္မႈကိစၥေတြနဲ႔ အခ်ိန္ကုန္ေနမွာေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္သူတို႔ကို အိမ္မႈကိစၥအကုန္မလုပ္ရေကာင္းလား ဆိုၿပီး အျပစ္တင္မေစာပါနဲ႔။ တစ္အိမ္လံုး အိမ္မႈကိစၥကို ဝိုင္းလုပ္တဲ့စနစ္ကို သူတို႔သူေဘာက်ပါတယ္။ သူ႔ရဲ႕အခ်ိန္နဲ႔ ခြန္အားေတြဟာ အလုပ္၊ မိတ္ေဆြေတြအတြက္ အမ်ားႀကီး ေပးထားရၿပီးလို႔ ျဖစ္ပါတယ္။

၂။ သဝန္တုိဖို႔ အခ်ိန္မရွိ

သာမန္ အမ်ိဳးသမီးေတြလို သင္လုပ္သမွ်ကို သဝန္တိုစိတ္နဲ႔ၾကည့္ကာ လိုက္ၿပီး ပိတ္ပင္ေနမွာေတာ့ မဟုတ္ပါဘူး။ သင့္အေပၚ ခ်စ္တဲ့စိတ္ကေတာ့ တျပားမွ မလ်ာ့ဘူး ဆိုေပမယ့္ အက်ိဳးမရွိတာေတြနဲ႔ အခ်ိန္ကုန္ဖို႔ ဆႏၵမရွိပါဘူး။ သူ႔ရဲ႕ ေယာက္်ားေလး မိတ္ေဆြေတြနဲ႔ ဆက္ဆံေရးကိုလည္း နားလည္ေပးဖို႔ လိုပါတယ္။

၃။ မခ်ဳပ္ခ်ယ္နဲ႔

ခ်ဳပ္ခ်ယ္တာကို ဘယ္သူမွ မႀကိဳက္ပါဘူး။ လြတ္လပ္တဲ့ အမ်ိဳးသမီးေတြက မႀကိဳက္ယံုတင္မဟုတ္ပဲ လံုးဝကိုလက္မခံတာ ျဖစ္ပါတယ္။ သင္ခ်ဳပ္ခ်ယ္ရင္ သူ႔ကိုဆံုး႐ံႈးရမွာပါပဲ။ သင္နဲ႔ရွိတဲ့အခ်ိန္ေတြကိုလည္း သူတန္ဖိုးထားသလို သူ႔ရဲ႕မိတ္ေဆြေတြ၊ မိသားစုဝင္ေတြနဲ႔ ရွိတဲ့အခ်ိန္ေတြကို ခ်ဳပ္ခ်ယ္လို႔မရပါဘူး။ သူတစ္ေယာက္တည္း ခဏေလာက္ေနခ်င္တယ္ဆိုရင္ေတာင္ လက္ခံေပးရမွာပါ။

၄။ ေယာက္်ား ပီသသူကိုသာ လိုခ်င္

ေယာက္်ားပီသတယ္ဆိုလို႔ အျခားမေတြးေစခ်င္ပါဘူး။ လြတ္လပ္ၿပီး ကိုယ့္အားကိုယ္ကိုးတဲ့ အမ်ိဳးသမီးေတြဆိုေပမယ့္ သူတို႔ကို ကာကြယ္ေပးတဲ့သူကိုေတာ့ သေဘာက်တာပါပဲ။ ေနာက္ၿပီး အိမ္မွာ မီးလံုးလဲတာ၊ ႀကိဳးတန္းဆင္တာ၊ အိမ္သာဖံုးလဲတာ စတာေတြဟာ အမ်ိဳးသမီးေတြအတြက္ ခက္ခဲတဲ့ အလုပ္မ်ိဳး ျဖစ္ပါတယ္။ ဒီလို အိမ္ ေထာင္ရွင္ ပီသတဲ့ ေယာက္်ားမ်ိဳးကို သူတို႔ အလိုရွိၾကတာပါ။

Credit : Duwun



ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ထက်မြက်ပြီး စမတ်ကျတဲ့ အမျိုးသမီးတွေဟာ ချစ်သူရှာဖို့ခက်တယ်လို့ အဆိုရှိပါတယ်။ ဒါပေမယ့် ဒါဟာ အလုံးစုံ မှန်ကန်တဲ့ စကားတော့ မဟုတ်ပါဘူး။

အထူးသဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သူ၊ ကိုယ့်အားကိုယ်ကိုးသူ အမျိုသမီးတွေဟာ နားလည်ရခက်တယ်၊ မာနထောင်လွှားတယ်လို့ အမျိုးသားတွေက ထင်တတ်ကြပါတယ်။ လွတ်လပ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ အမျိုးသမီးေတွေနဲ့ ချစ်တဲ့အခါ သိထားတဲ့ သင့်တဲ့ အချက် (၄) ချက်ရှိပါတယ်။ ဒီအချက်တွေဟာ သူတို့ကို နားလည်နိုင်ဖို့ အထောက်အကူ ပေးပါလိမ့်မယ်။

၁။ အိမ်မှုကိစ္စတွေနဲ့ပဲ  အချိန်မကုန်နိုင်

အထက်မှာ ဆိုခဲ့တဲ့အတိုင်း လွတ်လပ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အမျိးသမီး ဖြစ်တဲ့အတွက် အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်နေမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့်သူတို့ကို အိမ်မှုကိစ္စအကုန်မလုပ်ရကောင်းလား ဆိုပြီး အပြစ်တင်မစောပါနဲ့။ တစ်အိမ်လုံး အိမ်မှုကိစ္စကို ဝိုင်းလုပ်တဲ့စနစ်ကို သူတို့သူဘောကျပါတယ်။ သူ့ရဲ့အချိန်နဲ့ ခွန်အားတွေဟာ အလုပ်၊ မိတ်ဆွေတွေအတွက် အများကြီး ပေးထားရပြီးလို့ ဖြစ်ပါတယ်။

၂။ သဝန်တိုဖို့ အချိန်မရှိ

သာမန် အမျိုးသမီးတွေလို သင်လုပ်သမျှကို သဝန်တိုစိတ်နဲ့ကြည့်ကာ လိုက်ပြီး ပိတ်ပင်နေမှာတော့ မဟုတ်ပါဘူး။ သင့်အပေါ် ချစ်တဲ့စိတ်ကတော့ တပြားမှ မလျာ့ဘူး ဆိုပေမယ့် အကျိုးမရှိတာတွေနဲ့ အချိန်ကုန်ဖို့ ဆန္ဒမရှိပါဘူး။ သူ့ရဲ့ ယောက်ျားလေး မိတ်ဆွေတွေနဲ့ ဆက်ဆံရေးကိုလည်း နားလည်ပေးဖို့ လိုပါတယ်။

၃။ မချုပ်ချယ်နဲ့

ချုပ်ချယ်တာကို ဘယ်သူမှ မကြိုက်ပါဘူး။ လွတ်လပ်တဲ့ အမျိုးသမီးတွေက မကြိုက်ယုံတင်မဟုတ်ပဲ လုံးဝကိုလက်မခံတာ ဖြစ်ပါတယ်။ သင်ချုပ်ချယ်ရင် သူ့ကိုဆုံးရှုံးရမှာပါပဲ။ သင်နဲ့ရှိတဲ့အချိန်တွေကိုလည်း သူတန်ဖိုးထားသလို သူ့ရဲ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ရှိတဲ့အချိန်တွေကို ချုပ်ချယ်လို့မရပါဘူး။ သူတစ်ယောက်တည်း ခဏလောက်နေချင်တယ်ဆိုရင်တောင် လက်ခံပေးရမှာပါ။

၄။ ယောက်ျား ပီသသူကိုသာ လိုချင်

ယောက်ျားပီသတယ်ဆိုလို့ အခြားမတွေးစေချင်ပါဘူး။ လွတ်လပ်ပြီး ကိုယ့်အားကိုယ်ကိုးတဲ့ အမျိုးသမီးတွေဆိုပေမယ့် သူတို့ကို ကာကွယ်ပေးတဲ့သူကိုတော့ သဘောကျတာပါပဲ။ နောက်ပြီး အိမ်မှာ မီးလုံးလဲတာ၊ ကြိုးတန်းဆင်တာ၊ အိမ်သာဖုံးလဲတာ စတာတွေဟာ အမျိုးသမီးတွေအတွက် ခက်ခဲတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ ဒီလို အိမ် ထောင်ရှင် ပီသတဲ့ ယောက်ျားမျိုးကို သူတို့ အလိုရှိကြတာပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top