iMyanmarHouse.com - Best Property Website for Myanmar
×







Credit : Trend Myanmar


ပို့သပေးပါတယ်။



Unicode Version


ဆယ်လ်ဖီ ဓါတ်ပုံတွေဟာ စတင် ခေတ်စားလာကတည်းက အသက်အရွယ် အလယ်အလတ် လူတွေဟာ ဆယ်လ်ဖီဓါတ်ပုံတွေ ဟာ ဆိုးကျိုးတွေဖြစ်စေနိုင်တယ်လို့ ဆိုလာကြပါတယ်။ ဆယ်လ်ဖီဓါတ်ပုံ အရိုက်လွန်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ ဆယ်လ်ဖီ အလွန်အကျွံ ရိုက်တယ်ဆိုကတည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတယ်ဆိုတာ သိသာနေပါပြီ။

ဖလော်ရီဒါ ပြည်နယ် တက္ကသိုလ် က ပြုလုပ်ခဲ့တဲ့ လတ်တလော လေ့လာမှု တစ်ခုဟာ Instagram အသုံးပြုသူ ၄၂၀ ခန့်ကို သူတို့ရဲ့ ရည်းစားတွေတင်နေတဲ့ ဆယ်လ်ဖီ ဓါတ်ပုံတွေ ရဲ့ အောင်မြင်မှု ကို မနာလို ဖြစ်တတ်ကြလားဆိုတာကို စစ်တမ်းကောက်ယူ ကြည့်ခဲ့ကြ ပါတယ်။

ရလဒ်အနေနဲ့ကတော့ အချစ်ရေးတစ်ခုမှာ ဆယ်လ်ဖီ ဓါတ်ပုံတင်ခြင်းနဲ့ မနာလိုဖြစ်ခြင်းကြားက ဆက်နွယ်နေမှုကတော့ တစ်ခါတစ်ရံမှာတော့ လမ်းခွဲ ပြတ်စဲ မှုတွေဖြစ်စေနိုင်ပါတယ်။ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်တတ်လည်း ဆိုရင်တော့ အိမ်ထောင်ရေး တစ်ခုမှာ ဇနီးဖြစ်သူ (သို့) ခင်ပွန်းဖြစ်သူက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု(Psycho) ဖြစ်ပြီး ဆယ်လ်ဖီ အလွန်အကျွံ ရိုက်တတ်တဲ့အခါမျိုးမှာ အိမ်ထောင်ရေး ကို ထိခိုက်လာစေနိုင်တယ်လို့ သိရပါတယ်။

နောက်ထပ် သိခဲ့ရတာကတော့ ထို Instagram အသုံးပြုသူ ၄၂၀ ယောက်ရဲ့ ၅၉ ရာခိုင်နှုန်း က ဆယ်လ်ဖီ ဓါတ်ပုံ ရိုက်ကူးခြင်းဟာ အချစ်ရေးကို ပိုမိုခိုင်မြဲစေတယ်လို့ ဝန်ခံထားကြပြီး ၂၇ ရာခိုင်နှုန်း ကသာ မိမိ လက်တွဲဖော်ရဲ့ ဆယ်လ်ဖီ ဓါတ်ပုံတွေကို မနာလိုဖြစ်ပြီး အာရုံနောက် နေရ တယ်လို့ ထွက်ဆိုထားကြပါတယ်။

တစ်ကယ်တော့ ဆယ်လ်ဖီ ဓါတ်ပုံတွေက အချစ်ရေး တစ်ခုမှာ အမှတ်တရတွေ များစွာ ကို ဖြစ်ပေါ်လာစေတာပါ။ ဆယ်လ်ဖီ ဓါတ်ပုံရိုက်လို့ အချစ်ရေးမှာ မပျော်ရွှင်ရဘူးဆိုတာ ဟာ မဖြစ်နိုင်ပါဘူး။ Kim Kardashian ဆိုရင်လည်း ဆယ်လ်ဖီ တွေကို စာအုပ်တောင် ထုတ်ထားပေမယ့် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားရဆဲပါ။

ဒါကြောင့် ဆယ်လ်ဖီ တွေကို အပြစ်မတင်ပါနဲ့။ ဆယ်လ်ဖီ ဓါတ်ပုံတွေက အချစ်ရေးကို ထိခိုက် ပျက်စီးစေခြင်း မရှိပါဘူး။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top