iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာလူမ်ိဳးတို႔အႀကိဳက္ ႐ိုးရာအစားအစာျဖစ္ေသာ တညင္းသီးစားျခင္းမွာ အေနာက္တိုင္းေဆးပညာရွင္ ဆရာဝန္ႀကီးမ်ား လုံး၀လက္မခံေသာ အစား အစာျဖစ္သည္။ ေက်ာက္ကပ္ႏွင့္ဆီးလမ္းေၾကာင္းပိတ္ၿပီး အသက္အႏၲရာယ္ျပဳ ႏိုင္ေသာ အစားအစာျဖစ္သည္။ မ်ားမ်ားစားမိ၍ ဆီးလမ္းေၾကာင္းပိတ္သြားသျဖင့္ ခြဲစိတ္ခန္းဝင္ၿပီး ဆီးခ်ဴရသူပင္ရွိသည္ဟု ဆိုသည္။

ျမန္မာလူမ်ိဳးတို႔သည္ တညင္းသီးကို အဘယ္ေၾကာင့္ႀကိဳက္ၾကသနည္းဟူမူ ႏႈတ္ၿမိန္ေသာအစားအစာျဖစ္၍ဟု ဆိုႏိုင္သည္။ တညင္းသီး၏ထူးျခားေသာ အစြမ္းသတၱိမွာ ခံတြင္းပ်က္ၿပီးစားခ်င္ေသာက္ခ်င္စိတ္မရွိသူတို႔ကို ေစးထန္းေသာ၊ ဖန္ၿပီးစပ္ေသာအရသာတို႔ျဖင့္ လၽွာေပၚရွိအရသာဖုမ်ားကို ႏိုးၾကားေစၿပီး စားခ်င္ ေသာက္ခ်င္စိတ္ျဖစ္လာေသာေၾကာင့္ ျဖစ္သည္။

တညင္းသီးစားပုံအမ်ိဳးမ်ိဳးရွိသည္။ ျပဳတ္၍ေသာ္လည္းေကာင္း၊ မီးဖုတ္၍ ေသာ္လည္းေကာင္း၊ ဆားရည္စိမ္၍ ေသာ္လည္းေကာင္း၊ အဖန္ဓာတ္ႏွင့္ အေစး ဓာတ္ကုန္ေအာင္ျပဳျပင္စားသုံးၾကသည္။ ေရွးယခင္က မႏၲေလးေဈးခ်ိဳေတာ္ အလယ္ ေပါက္တြင္ေရာင္းေသာ တညင္းသီးအုန္းႏို႔ဆမ္းသည္ နာမည္ႀကီးေသာ ေဈးခ်ိဳ သေရစာျဖစ္ခဲ့ဖူးသည္။ ယခုထိလည္းေက်ာ္ၾကားဆဲ ေရာင္းေကာင္းဆဲျဖစ္သည္။
ဗူအနမညေအငလန ၿနိငခငညန ဟုေခၚေသာ ေပါင္းကူးေဆးပညာပါရဂူ ေဒါက္တာ ခင္ေမာင္လြင္၏ ေဟာေျပာခ်က္တြင္ တညင္းသီးကိုဓာတ္ခြဲသုေတသန ျပဳၾကည့္ေသာအခါ လူကိုအက်ိဳးျပဳသည့္ မည္သည့္အာဟာရမၽွမပါဝင္ဟုဆို သည္။ ၎တြင္ပါဝင္ေသာ ဖန္ေခ်ာင္းကဲ့သို႔ေသာ ကလာပ္စည္းမ်ားသည္ ေက်ာက္ကပ္ တြင္ သြားပိတ္ႏိုင္သျဖင့္ အႏၲရာယ္ရွိသည္။ ေက်ာက္ကပ္ပ်က္စီးေစႏိုင္သည္။ စားသင့္သည့္အတိုင္းအတာမရွိ၊ လုံး၀မစားသင့္ေသာအသီးမ်ိဳးျဖစ္သည္ဟုတင္ျပ ထားသည္။ သို႔ေသာ္ ျမစ္၀ကၽြန္းေပၚႏွင့္ ဧရာ၀တီတိုင္းေဒသႀကီးတို႔မွလာေသာ တညင္းသီးကို ျမန္မာတို႔စားသုံးခဲ့သည္မွာ ႏွစ္ေပါင္း ၂၀၀ ေက်ာ္ခဲ့ၿပီဟုသိရသည္။

တညင္းသီးႀကိဳက္သူမ်ားအတြက္ တင္ျပလိုသည္မွာ ျမန္မာ့႐ိုးရာေဆးပညာ ႐ႈေထာင့္အရ ေစးထန္းပ်စ္ခၽြဲေသာ အာေပါအာဗႏၶရအစာျဖစ္သည္။ အာကာသ ကိုပ်က္ေစသျဖင့္ အေပါက္အေခါင္းမ်ားကိုပိတ္ေစႏိုင္ေသာအစာ ျဖစ္သည္။ ထိုအစာကိုစားလၽွင္ အာကာသပြင့္ေစေသာအစာႏွင့္တြဲဖက္စားသင့္သည္။
တညင္းသီးျပဳတ္ကို တို႔စရာအျဖစ္စားလၽွင္ အေျဖဓာတ္အျဖစ္ ေရွာက္႐ြက္ အနည္းအငယ္ကိုတို႔စားေပးပါ။ ပိတ္ေသာအာကာသဓာတ္ကို ျပန္ပြင့္ေအာင္ ကူညီေပးႏိုင္သည္။ တညင္းသီးျပဳတ္လၽွင္ သၾကားအနည္းငယ္ႏွင့္ ေရွာက္ရည္ ၫွစ္ထည့္ၿပီးျပဳတ္ပါ။ ႏူးလြယ္ၿပီး အဖန္ဓာတ္။ အေစးဓာတ္ေလ်ာ့နည္းေစသည္။ တညင္းသီးကို ရင့္သည့္အသီးေရွာင္ၿပီး ႏုေသာအသီးမ်ားကို ထက္ျခမ္းခြဲၿပီး ဖန္ပုလင္းတြင္ထည့္ၿပီး ဆားရည္စိမ္ထားပါ။ အာကာသပိတ္ျခင္း၊ ေက်ာက္ကပ္ တြင္ အေစးဓာတ္ပိတ္ဆို႔ျခင္းမွ ကာကြယ္ႏိုင္ပါသည္။ ထမင္းစားေသာအခါ ႀကိဳက္ တတ္၍ တညင္းသီးမ်ားမ်ားစားမိလၽွင္ျဖစ္ေစ တညင္းသီးအုန္းႏို႔ဆမ္းစားမိလၽွင္ ျဖစ္ေစ စားၿပီးၿပီးခ်င္း သံပရာေဖ်ာ္ရည္တစ္ခြက္ေသာက္ေပးပါ။ အဆိပ္မတက္ ေစႏိုင္ေသာ အေျဖဓာတ္ျဖစ္ေၾကာင္း တင္ျပလိုက္ရေပသည္။

Credit : သတင္းႏွင့္စာနယ္ဇင္းလုပ္ငန္း


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မြန်မာလူမျိုးတို့အကြိုက် ရိုးရာအစားအစာဖြစ်သော တညင်းသီးစားခြင်းမှာ အနောက်တိုင်းဆေးပညာရှင် ဆရာဝန်ကြီးများ လုံးဝလက်မခံသော အစား အစာဖြစ်သည်။ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းပိတ်ပြီး အသက်အန္တရာယ်ပြု နိုင်သော အစားအစာဖြစ်သည်။ များများစားမိ၍ ဆီးလမ်းကြောင်းပိတ်သွားသဖြင့် ခွဲစိတ်ခန်းဝင်ပြီး ဆီးချူရသူပင်ရှိသည်ဟု ဆိုသည်။

မြန်မာလူမျိုးတို့သည် တညင်းသီးကို အဘယ်ကြောင့်ကြိုက်ကြသနည်းဟူမူ နှုတ်မြိန်သောအစားအစာဖြစ်၍ဟု ဆိုနိုင်သည်။ တညင်းသီး၏ထူးခြားသော အစွမ်းသတ္တိမှာ ခံတွင်းပျက်ပြီးစားချင်သောက်ချင်စိတ်မရှိသူတို့ကို စေးထန်းသော၊ ဖန်ပြီးစပ်သောအရသာတို့ဖြင့် လျှာပေါ်ရှိအရသာဖုများကို နိုးကြားစေပြီး စားချင် သောက်ချင်စိတ်ဖြစ်လာသောကြောင့် ဖြစ်သည်။

တညင်းသီးစားပုံအမျိုးမျိုးရှိသည်။ ပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်၍ သော်လည်းကောင်း၊ ဆားရည်စိမ်၍ သော်လည်းကောင်း၊ အဖန်ဓာတ်နှင့် အစေး ဓာတ်ကုန်အောင်ပြုပြင်စားသုံးကြသည်။ ရှေးယခင်က မန္တလေးဈေးချိုတော် အလယ် ပေါက်တွင်ရောင်းသော တညင်းသီးအုန်းနို့ဆမ်းသည် နာမည်ကြီးသော ဈေးချို သရေစာဖြစ်ခဲ့ဖူးသည်။ ယခုထိလည်းကျော်ကြားဆဲ ရောင်းကောင်းဆဲဖြစ်သည်။
ဗူအနမညအေငလန နြိငခငညန ဟုခေါ်သော ပေါင်းကူးဆေးပညာပါရဂူ ဒေါက်တာ ခင်မောင်လွင်၏ ဟောပြောချက်တွင် တညင်းသီးကိုဓာတ်ခွဲသုတေသန ပြုကြည့်သောအခါ လူကိုအကျိုးပြုသည့် မည်သည့်အာဟာရမျှမပါဝင်ဟုဆို သည်။ ၎င်းတွင်ပါဝင်သော ဖန်ချောင်းကဲ့သို့သော ကလာပ်စည်းများသည် ကျောက်ကပ် တွင် သွားပိတ်နိုင်သဖြင့် အန္တရာယ်ရှိသည်။ ကျောက်ကပ်ပျက်စီးစေနိုင်သည်။ စားသင့်သည့်အတိုင်းအတာမရှိ၊ လုံးဝမစားသင့်သောအသီးမျိုးဖြစ်သည်ဟုတင်ပြ ထားသည်။ သို့သော် မြစ်ဝကျွန်းပေါ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှလာသော တညင်းသီးကို မြန်မာတို့စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပြီဟုသိရသည်။

တညင်းသီးကြိုက်သူများအတွက် တင်ပြလိုသည်မှာ မြန်မာ့ရိုးရာဆေးပညာ ရှုထောင့်အရ စေးထန်းပျစ်ချွဲသော အာပေါအာဗန္ဓရအစာဖြစ်သည်။ အာကာသ ကိုပျက်စေသဖြင့် အပေါက်အခေါင်းများကိုပိတ်စေနိုင်သောအစာ ဖြစ်သည်။ ထိုအစာကိုစားလျှင် အာကာသပွင့်စေသောအစာနှင့်တွဲဖက်စားသင့်သည်။
တညင်းသီးပြုတ်ကို တို့စရာအဖြစ်စားလျှင် အဖြေဓာတ်အဖြစ် ရှောက်ရွက် အနည်းအငယ်ကိုတို့စားပေးပါ။ ပိတ်သောအာကာသဓာတ်ကို ပြန်ပွင့်အောင် ကူညီပေးနိုင်သည်။ တညင်းသီးပြုတ်လျှင် သကြားအနည်းငယ်နှင့် ရှောက်ရည် ညှစ်ထည့်ပြီးပြုတ်ပါ။ နူးလွယ်ပြီး အဖန်ဓာတ်။ အစေးဓာတ်လျော့နည်းစေသည်။ တညင်းသီးကို ရင့်သည့်အသီးရှောင်ပြီး နုသောအသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင်ထည့်ပြီး ဆားရည်စိမ်ထားပါ။ အာကာသပိတ်ခြင်း၊ ကျောက်ကပ် တွင် အစေးဓာတ်ပိတ်ဆို့ခြင်းမှ ကာကွယ်နိုင်ပါသည်။ ထမင်းစားသောအခါ ကြိုက် တတ်၍ တညင်းသီးများများစားမိလျှင်ဖြစ်စေ တညင်းသီးအုန်းနို့ဆမ်းစားမိလျှင် ဖြစ်စေ စားပြီးပြီးချင်း သံပရာဖျော်ရည်တစ်ခွက်သောက်ပေးပါ။ အဆိပ်မတက် စေနိုင်သော အဖြေဓာတ်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။


Credit : သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top