iMyanmarHouse.com - Best Property Website for Myanmar
×

တစ်နေ့လုံး အလုပ်ကနေ ပင်ပန်းပြီးပြန်လာတဲ့အချိန် အတွင်းခံ ဘရာကို ချွတ်လိုက်တဲ့အချိန်မှာ အရမ်းကို လွတ်လပ်ပေါ့ပါးပြီး စိတ်သက်သာရာရသွားသလို ခံစားရပါသလား။ ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲ။ ဘရာဆိုတာ မိန်းကလေးတွေအတွက် သက်တောင့်သက်တာရှိဖို့၊ အထောက်အပံ့ပေးဖို့ ရည်ရွယ်ထားတာပါ။ နာကျင်ဖို့၊ စိတ်ကျဉ်းကျပ်ဖို့ အတွက် မဟုတ်ပါဘူး။

ဒါဆိုရင် အတွင်းခံအင်္ကျီတွေက နှိပ်စက်တဲ့ ကိရိယာတွေလို ဖြစ်နေတာ ဘာကြောင့်လဲ။ အကြောင်း ရင်းကတော့ အရွယ်အစား မှားနေလို့ပဲ ဖြစ်ပါတယ်။ အမှန်တော့ မိန်းကလေးအများစု ဝတ်ဆင်နေကြတဲ့ ဘရာဆိုဒ်က ၂ မျိုးပဲရှိပါတယ်။ 34B နဲ့36C  ပဲဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ Swiss Lingerie ကုမ္ပဏီက အမျိုးသမီး ၁၀၀၀၀ ကျော်ကို စစ်တမ်းကောက်လိုက်တဲ့ အခါမှာ ၆၄ ရာခိုင်နှုန်းကျော်က ဘရာဆိုဒ် မှားယွင်းဝတ်ဆင်ထားတာကို တွေ့ရှိခဲ့ပါတယ်။ဘရာတွေက ကိုယ့်ရဲ့ အဝတ်အစားကို ထိခိုက်စေနိုင်သလို တစ်နေ့တာလုံး စိတ်ပင်ပန်းမှုကိုဖြစ်စေနိုင်ပါတယ်။ ကျောနာခြင်းကလည်း ဆိုဒ်မှားယွင်းနေတဲ့ ဘရာကပေးတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ကိုယ့်ခြေထောက်နံပါတ်က ၁၀ ရှိပြီး နံပါတ် ၉ ဖိနပ်ကို ဝတ်ထားရင် ခံစားရသလို ခံစားရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘရာဆိုဒ် မှားယွင်းနေတယ်လို့ သိသာစေတဲ့ အချက်တွေကို ပြောပြချင်ပါတယ်။

(၁) ဘရာတစ်ထည်မှာ ကြိုး၊ ခွက်နဲ့ ကျောပတ်ဆိုပြီး သုံးပိုင်းရှိရာမှာ အကျပ်ဆုံးဖြစ်တဲ့ နောက်ဆုံးချိတ်ကို ချိတ်ထားရဲ့သားနဲ့တောင် လှည့်ပတ်လို့ရနေသေးရင် သင့်ဘရာက အရမ်းကြီးနေလို့ပဲ ဖြစ်ပါတယ်။သင့်ရဲ့ ကြိုးက တင်းနေအောင် အမြဲလုပ်ပေးဖို့ လိုနေပြီဆိုရင်လည်း ကျောပတ်က အရမ်းကြီးနေတယ်ဆိုတာကို ပြတာပါ။ ကိုယ့်ရဲ့ ဘရာအခွက်ကို တိုးချင်ပေမဲ့ ကျောပတ်ထားတဲ့ အစည်းကို လျှော့ချချင်တယ်ဆိုရင် ဥပမာ ဘရာဆိုက်ဇ် 36C ဝတ်မဲ့အစား 34Dကို ပြောင်းဝတ်ကြည့်သင့်ပါတယ်။

(၂) ဘရာတစ်ထည်ရဲ့ အရှေ့ဘက်မှာရှိတဲ့ အလယ်မျဉ်းက ရင်သားနှစ်ခုကြား အရေပြားနဲ့ ကပ်နေရသင့်ပါတယ်။ ကိုယ့်ရင်သားတွေက အလယ်မျဉ်းကိုကျော်ပြီး ခွက်တွေကနေ လျှံထွက်နေတယ်ဆိုရင် ပိုကြီးတဲ့ ခွက်ဆိုက်ဇ်ကို ပြောင်းပြီးဝတ်သင့်ပါတယ်။

(၃) သင်က ဆိုဒ်အားလုံးအတွက် ကြိုးပျောက်ဘရာရော၊ ပုံမှန်ဘရာရော အတူတူပဲလို့ ထင်နေရင် မှားပါလိမ့်မယ်။ ခါးဆိုက်ဒ် ၂၈ ရှိတဲ့ ယောက်ျားလေးဘောင်းဘီနဲ့ မိန်းကလေးဘောင်းဘီ မတူတာကို စဉ်းစားကြည့်နိုင်ပါတယ်။ ဘရာတွေကလည်း ပုံစံအမျိုးမျိုး၊ စတိုင်အမျိုးမျိုးရှိသလို ပစ္စည်းအမျိုးမျိုးကို သုံးပြီး ချုပ်ထားတာဖြစ်တဲ့အတွက် တစ်မျိုးမျိုးနဲ့တစ်မျိုး မတူနိုင်ပါဘူး။

ဒါကြောင့် အတွင်းခံ ဘရာတွေဝယ်မယ်ဆိုရင် ဆိုက်ကို ပုံသေမှတ်ပြီး မဝယ်သင့်သလို လှတာကို မက်ပြီးလည်း မဝယ်သင့်ပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ သက်တောင့်သက်တာရှိမယ့် ဘရာမျိုးကို ရွေးချယ်ဝတ်ဆင်ကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်လို့ ပညာရှင်များက အကြံပြုထားပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top