iMyanmarHouse.com - Best Property Website for Myanmar
×
၂။ အားကစားမှာ ထူးချွန်
၎။ ဉာဏ်ရည်ပိုမြင့်
၅။ ဝင်ငွေပိုကောင်း
Credit : Duwun
Unicode Version
ကမ္ဘာပေါ်က လူသားအားလုံးရဲ့ ဆယ်ရာခိုင်နှုန်းဟာ ဘယ်သန်တွေ ဖြစ်ကြတယ်လို့ စာရင်းရှိပါတယ်။ ဆယ်ဦးမှာ တစ်ဦးက
ဘယ်သန်ဖြစ်တယ်လို့ အဆိုရှိပါတယ်။
ဒါပေမဲ့ အောင်မြင်နေကြတဲ့ သူတွေထဲမှာတော့ ဘယ်သန်လူသားတွေ ပါဝင်မှုနှုန်းက ဆယ်ရာခိုင်နှုန်းထက် ပိုပါတယ်။ ဘယ်သန်ဖြစ်ရတာ ကောင်းကြောင်း သက်သေပြနေတဲ့ အချက် (၅) ချက်ရှိပါတယ်။
၁။ သမ္မတဖြစ်နိုင်ချေပိုရှိ
အမေရိကမှာ ဆိုရင်တော့ သမ္မတတွေထဲမှာ ဘယ်သန်ပါဝင်မှုနှုန်းက မြင့်မားလျှက်ရှိပါတယ်။ နောက်ဆုံး အမေရိကန် သမ္မတ ငါးဦးမှာ သုံးဦးက လုံးဝဘယ်သန်တွေဖြစ်ပြီး ကျန်တဲ့နှစ်ဦးကတော့ ဘယ်ရောညာပါ အသုံးပြုနိုင်သူတွေ ဖြစ်ကြပါတယ်။
၂။ အားကစားမှာ ထူးချွန်
အထူးသဖြင့် တင်းနစ်ပြိုင်ပွဲတွေမှာ ဘယ်သန်တွေက ပိုထူးချွန်ကြပါတယ်။ ရာဖေးနာဒယ်တို့လို ကစားသမားတွေဟာ ဘယ်သန်တွေ ဖြစ်ကြပါတယ်။
၃။ ကားမောင်သင်ရင် အတတ်လွယ်
ကားမောင်းသင်တဲ့အခါ ဘယ်သန်တွေက ပိုပြီး အတတ်မြန်ကြောင်း လေ့လာချက် တစ်ခုက ဖော်ထုတ်ထားပါတယ်။
၄။ ဉာဏ်ရည်ပိုမြင့်
နံပါတ်-၁ အချက်နဲ့ နည်းနည်းပိုနီးစပ်ပါတယ်။ ဘယ်သန်တွေထဲမှာ ဉာဏ်ရည်မြင့်မားသူနှုန်းပိုမို ပါဝင်လေ့ရှိပါတယ်။ ဥပမာ နိုဘယ်ဆုရထားတဲ့ စာရင်းကို ကြည့်လိုက်ရင် ဘယ်သန်အရေအတွက်က နှစ်ဆယ်ရာခိုင်နှုန်းလောက် အနည်းဆုံး ပါဝင်နေပါတယ်။
၅။ ဝင်ငွေပိုကောင်း
ဗြိတိန်မှာ လုပ်ထားတဲ့ စစ်တမ်းတစ်ခုအရ ဘယ်သန်ဝန်ထမ်းတွေက အဆင့်တူ ဝန်ထမ်းတွေနဲ့ ယှဉ်ရင် ပိုပြီး ဝင်ငွေကောင်းတယ်လို့ ဆိုပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top