iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီအေျပာင္းအလဲတြင္ လူေတြ အေအးမိ၊ေခ်ာင္းဆုိးေတြ အျဖစ္မ်ားေနျပီျဖစ္ပါတယ္။ အေအးမိေခ်ာင္းဆုိး တဲ့အခါ ပုိက္ဆံအကုန္ခံျပီး နာမည္ၾကီးတံဆိပ္နဲ ့ေခ်ာင္းဆုိးေပ်ာက္ေဆး၀ယ္ေသာက္ေနမယ့္အစား ျဗိတိန္ရဲ့ နာမည္ၾကီးဆရာ၀န္တစ္ေယာက္က သဘာ၀ေဆးနည္းကိုသာ ေသာက္ဖုိ ့ညႊန္းလုိက္ပါတယ္။

ေခ်ာင္းဆုိးေပ်ာက္ေဆးေတြဟာအလကား၊ပုိက္ဆံျဖဳန္းမွဳသက္သက္ျဖစ္ျပီး၊ ေခ်ာင္းဆုိးေပ်ာက္ေဆးေတြရဲ့
 ေနာက္ကြယ္မွာ ေဆးပညာဆုိင္ရာအေထာက္အထားျပစရာေကာင္းေကာင္းမရွိဘူးလုိ ့အေထြေထြေရာဂါကု ဆရာ၀န္မ်ားေတာ္၀င္ေကာလိပ္ရဲ့ ဒုတိယပါေမာကၡ Dr Tim Ballard က အၾကံျပဳေျပာၾကားလုိက္ပါတယ္။

အလားတူစြာပဲ NGS ရဲ့ ျပည္သူေတြကို က်န္းမာေရးဆုိင္ရာအၾကံေပးခ်က္ေတြေဖာ္ျပတဲ့၀က္ဘ္ဆုိဒ္မွာလည္း
“ ဗိုင္းရပ္စ္ကူးစက္မွဳေၾကာင့္ေခ်ာင္းဆုိးတာကို အျမန္တုိက္ဖ်က္ႏိုင္တဲ့နည္းလမ္းဆုိတာမရွိေသးပါဘူး။ ပုံမွန္ အားျဖင့္ ခႏၶာကိုယ္ရဲ့ခုခံအားစနစ္က ဗိုင္းရပ္စ္ကို ရွင္းထုတ္လိုက္ျပီးခ်ိန္မွာမွ ေခ်ာင္းဆုိးေပ်ာက္သြားမွာ ျဖစ္ပါတယ္။ ေခ်ာင္းၾကာရွည္ဆုိးရတဲ့ေနာက္
ကြယ္မွာအေၾကာင္းရင္းတစ္ခုခုရွိမယ္ဆုိရင္လည္း၊ သီးျခားကုသမွဳ ခံယူဖို ့လိုပါတယ္”

“ ကာလတုိေခ်ာင္းဆုိးတာကို ကုသဖုိ ့အလြယ္ကူဆုံးနည္းနဲ ့ကုန္က်စရိ္တ္အနည္းဆုံးနည္းကေတာ့ ပ်ားရည္နဲ ့ေရွာက္သီး အိမ္တြင္းေဆးနည္းပဲျဖစ္ပါတယ္။ ပ်ားရည္ဟာ ပါးစပ္ထဲက ခၽြဲ၊သလိပ္ေတြကို ထြက္ေစတဲ့အေျမွးကို အလႊာပါးတစ္ထပ္အုပ္ေပးကာ ယားယံမွဳကိုသက္သာေစတဲ့ပစၥည္းတစ္ခု ျဖစ္ပါတယ္။ ဒီအေျမွးပါးယားယံမွဳေၾကာင့္ ကၽြန္ေတာ္တုိ ့ေတြေခ်ာင္းဆုိးရတာပါ” 

ပ်ားရည္နဲ ့ေရွာက္သီးေဆးနည္းကေတာ့ ပ်ားရည္နဲ ့ေရွာက္သီး၊သံပရိုသီးအရည္ကို မတ္ခြက္၊ဒါမွမဟုတ္ လက္ဖက္ရည္ခြက္ထဲ ထည့္ပါ။ ေရေႏြးနည္းနည္းထည့္ျပီးေမႊကာ ေသာက္ေပးရတာျဖစ္ပါတယ္။ မိမိ ၾကိဳက္ႏွစ္သက္တဲ့အရသာအတုိင္း ေရေႏြး၊ေရွာက္ရည္နဲ ့ပ်ားရည္တုိ ့ကို လုိတုိးပုိေလွ်ာ့ထည့္ႏိုင္ပါတယ္။

Credit: Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရာသီအပြောင်းအလည်းတွင် လူတွေ အအေးမိ၊ချောင်းဆိုးတွေ အဖြစ်များနေပြီဖြစ်ပါတယ်။ အအေးမိချောင်းဆိုး တဲ့အခါ ပိုက်ဆံအကုန်ခံပြီး နာမည်ကြီးတံဆိပ်နဲ့ချောင်းဆိုးပျောက်ဆေးဝယ်သောက်နေမယ့်အစား ဗြိတိန်ရဲ့ နာမည်ကြီးဆရာဝန်တစ်ယောက်က သဘာဝဆေးနည်းကိုသာ သောက်ဖို့ညွှန်းလိုက်ပါတယ်။

ချောင်းဆိုးပျောက်ဆေးတွေဟာအလကား၊ပိုက်ဆံဖြုန်းမှုသက်သက်ဖြစ်ပြီး၊ ချောင်းဆိုးပျောက်ဆေးတွေရဲ့ နောက်ကွယ်မှာ ဆေးပညာဆိုင်ရာအထောက်အထားပြစရာကောင်းကောင်းမရှိဘူးလို့အထွေထွေရောဂါကု ဆရာဝန်များတော်ဝင်ကောလိပ်ရဲ့ ဒုတိယပါမောက္ခ Dr Tim Ballard က အကြံပြုပြောကြားလိုက်ပါတယ်။

အလားတူစွာပဲ NGS ရဲ့ ပြည်သူတွေကို ကျန်းမာရေးဆိုင်ရာအကြံပေးချက်တွေဖော်ပြတဲ့ဝက်ဘ်ဆိုဒ်မှာလည်း
“ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ချောင်းဆိုးတာကို အမြန်တိုက်ဖျက်နိုင်တဲ့နည်းလမ်းဆိုတာမရှိသေးပါဘူး။ ပုံမှန် အားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ဗိုင်းရပ်စ်ကို ရှင်းထုတ်လိုက်ပြီးချိန်မှာမှ ချောင်းဆိုးပျောက်သွားမှာ ဖြစ်ပါတယ်။ ချောင်းကြာရှည်ဆိုးရတဲ့နောက်ကွယ်မှာအကြောင်းရင်းတစ်ခုခုရှိမယ်ဆိုရင်လည်း၊ သီးခြားကုသမှု ခံယူဖို့လိုပါတယ်”

“ ကာလတိုချောင်းဆိုးတာကို ကုသဖို့အလွယ်ကူဆုံးနည်းနဲ့ကုန်ကျစရိတ်အနည်းဆုံးနည်းကတော့ ပျားရည်နဲ့ရှောက်သီး အိမ်တွင်းဆေးနည်းပဲဖြစ်ပါတယ်။ ပျားရည်ဟာ ပါးစပ်ထဲက ချွဲ၊သလိပ်တွေကို ထွက်စေတဲ့အမြှေးကို အလွှာပါးတစ်ထပ်အုပ်ပေးကာ ယားယံမှုကိုသက်သာစေတဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီအမြှေးပါးယားယံမှုကြောင့် ကျွန်တော်တို့တွေချောင်းဆိုးရတာပါ”

ပျားရည်နဲ့ရှောက်သီးဆေးနည်းကတော့ ပျားရည်နဲ့ရှောက်သီး၊သံပရိုသီးအရည်ကို မတ်ခွက်၊ဒါမှမဟုတ် လက်ဖက်ရည်ခွက်ထဲ ထည့်ပါ။ ရေနွေးနည်းနည်းထည့်ပြီးမွှေကာ သောက်ပေးရတာဖြစ်ပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့အရသာအတိုင်း ရေနွေး၊ရှောက်ရည်နဲ့ပျားရည်တို့ကို လိုတိုးပိုလျှော့ထည့်နိုင်ပါတယ်။



Credit: Thithtoolwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top