iMyanmarHouse.com - Best Property Website for Myanmar
×




Credit:ကြယ်စင်



#Unicode Version

ကိုယ်အလေးချိန် များလာတဲ့အခါ တခြား သူတွေက သင့်ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်ပြီး စိတ်အလိုမကျတဲ့ အတွေးတွေ ဝင်လာ နိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်း လုပ်ပြီး
အစားအသောက်ကို လျှော့ချ ချင်ပေမယ့် ဒီလို လိုက်နာဖို့ ခက်ခဲ နေကြပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေ ဖျက်တဲ့ ဖြစ်စဉ်ကို ကောင်းမွန် စေပြီး ကိုယ်အလေးချိန်ကို လျှော့ချ ပေးကြောင်း သီအိုရီ တစ်ခု အရ သိရပါတယ်။ တခြား သီအိုရီ တစ်ခုအရ ငှက်ပျောသီးက ကြာကြာ ဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်း စေတယ်လို့ ဆိုပါတယ်။

ငှက်ပျောသီးဖြင့် ဝိတ်ချနည်း

နံနက်စာ အဖြစ် ငှက်ပျောသီး ၁-၂လုံး စားပြီး ရေနှစ်ဖန်ခွက် သောက်လိုက်ပါ။ နေ့လယ်စာ ကိုတော့ သင်ကြိုက်ရာ စားနိုင်ပါတယ်။ ဒါပေမဲ့ အဆီ ပါဝင်မှုများတဲ့ အစာကို ရှောင်ပါ။ ဒီကြားထဲ ဗိုက်ဆာရင် ငှက်ပျောသီး တစ်လုံး စားနိုင်ပါတယ်။ ညစာကို ၈ နာရီမတိုင်ခင် သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေပဲ စားပါ။ နံနက်စာအဖြစ် ငှက်ပျောသီးနဲ့ အဆီနည်း ဒိန်ချဉ်ကို တွဲစား ပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီ လောင်ကျွမ်းမှု မြန်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။

Credit:ကြယ်စင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top