iMyanmarHouse.com - Best Property Website for Myanmar
×

သင္က စုံတြဲတစ္တြဲ လိုက္ဖက္မႈရွိမရွိကုိ ဇာတာေတြ ၊ေဗဒင္ေတြနဲ႔ တြက္ခ်က္ျပီး ၾကည့္ရတာကို မယုံၾကည္တတ္တဲ့ လက္ေတြ႔သမားတစ္ေယာက္ဆုိရင္ အခုေဖာ္ျပမယ့္အခ်က္ေတြကို ၾကည့္ျပီး သင္တုိ႔စုံတြဲက လုိက္ဖက္ညီတဲ့ စုံတြဲ ဟုတ္မဟုတ္ အေျဖထုတ္ၾကည့္ႏုိ္င္ပါတယ္။ ဘယ္ေလာက္ၾကာေအာင္ တြဲလာတဲ့ စုံတြဲျဖစ္ပါေစ လုိက္ဖက္ညီမႈမရွိရင္ ေပ်ာ္ရႊင္မႈထက္ စိတ္ပင္ပန္းမႈေတြကိုပဲ ရရွိႏုိင္မွာ ျဖစ္ပါတယ္။

သင္တုိ႔ႏွစ္ေယာက္လုံးရဲ႕ သူငယ္ခ်င္းေတြက သင္တုိ႔ႏွစ္ေယာက္တြဲေနတာကုိ မေထာက္ခံၾကပါဘူး။

ကုိယ္နဲ႔ ပုံစံတူ အၾကဳိက္တူတဲ့ သူငယ္ခ်င္းအသိုင္းအဝုိင္းထဲမွာ အတူရွိေပးဖုိ႔ အဆင္သင့္မျဖစ္တဲ့ သင့္အေဖာ္က သင့္အတြက္လည္း လုိက္ဖက္တဲ့ လက္တြဲေဖာ္ေကာင္းတစ္ေယာက္ အျဖစ္အျမဲရွိေနဖုိ႔ ခက္ခဲမွာျဖစ္ပါတယ္။

သင္တုိ႔ႏွစ္ေယာက္တြဲျပီးေနာက္ပိုင္း မိတ္ေဆြသစ္ထပ္မရဘူးဆိုတာကလည္း ေပ်ာ္ရႊင္တဲ့ စုံတြဲမဟုတ္ဘူးဆုိတာကို ျပပါတယ္။

ေပ်ာ္ရႊင္ေနၾကတဲ့ခ်စ္သူေတြက အတူတူ့ ျဖတ္သန္းခ်င္တဲ့ အခ်ိန္ေတြ၊ အေၾကာင္းအရာေတြမ်ားသလုိ ပြဲလမ္းသဘင္ေတြ မိတ္ေဆြ အေပါင္းအသင္းေတြနဲ႔ ေတြ႔ဆုံတာေတြအျပင္ ႏွစ္ေယာက္စလုံးနဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြအေပါင္းအသင္းေတြကိုလည္း ရွာေဖြေလ့ရွိၾကပါတယ္။

အျမဲတမ္းနီးပါး အေရးမပါတဲ့ အေၾကာင္းအရာေတြအတြက္ ရန္ျဖစ္ေနရေလ့ရွိတယ္ ။

ဘယ္စုံတြဲမဆို ရန္မျဖစ္ရတာ မရွိေပမဲ့ ဘယ္ေလာက္ေသးငယ္တဲ့ ကိစၥအတြက္ပဲဆုိဆုိ သေဘာထားျခင္း မတိုက္ဆုိင္တာမ်ားတဲ့အတြက္ ရန္ပြဲေတြပဲ ျဖစ္ေနရတတ္ပါတယ္။

ဟာသဓာတ္ခံျခင္းမတူတာ ။

တစ္ေယာက္ရယ္ရတဲ့ အေၾကာင္းက ေနာက္တစ္ေယာက္အတြက္ အူေၾကာင္ေၾကာင္ျဖစ္ေနတာက စရုိက္သဘာဝ မတူတာကို အလြယ္ဆုံး ျပသႏုိင္တာပဲ ျဖစ္ပါတယ္။ အတူတူရယ္ေမာႏုိင္တာက ခ်စ္သူႏွစ္ေယာက္ကို သံေယာဇဥ္အတုိးေစႏုိင္ဆုံးပဲ ျဖစ္ပါတယ္။ႏွစ္ေယာက္ စိတ္တူကိုယ္တူ ရယ္စရာျဖစ္ရပ္ ရွားပါးတာကလည္း လုိက္ဖက္ညီတဲ့ စုံတြဲမဟုတ္ဘူးဆုိတာကို ျပႏုိင္ပါတယ္။

တစ္ေယာက္မွာ သတင္းေကာင္းတစ္ခုရွိရင္ အရင္ဆုံး အခ်င္းခ်င္းအသိေပးေလ့မရွိတာ။

ကုိယ့္ရဲ႕ ထူးျခားတဲ့ ကိစၥတစ္ခုခုကုိ သိခြင့္ရွိတဲ့သူက သူမဟုတ္ဘူးဆုိရင္ ေရရွည္ ေပ်ာ္ရႊင္ႏုိင္မယ့္ ပတ္သက္မႈမ်ဳိး မျဖစ္ႏုိင္ပါဘူး။

သင့္ဘဝထဲက လူတစ္ခ်ဳိ႕နဲ႔ သူ႔ကို မိတ္ဆက္ေပးရမွာ ရွက္ေနတတ္တာ။

ကုိယ္က အျမဲ ဂုဏ္ယူေနႏုိင္မယ့္ လက္တြဲေဖာ္တစ္ေယာက္ မဟုတ္ဘူးဆုိရင္ ကုိယ့္ရဲ႕ လုပ္ေဖာ္ကုိင္ဖက္ေတြ၊ေဆြမ်ိဳးေတြနဲ႔ ကုိယ္အထင္ၾကီးခံခ်င္တဲ့သူေတြရဲ႔ေရွ႔မွာ လက္တြဲျပီးထုတ္ျပရဲမွာ မဟုတ္ပါဘူး။ဒါက လိုက္ဖက္မႈ မရွိတဲ့ စုံတြဲေတြရဲ႔ အမွတ္အသားပဲ ျဖစ္ပါတယ္။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်က စုံတွဲတစ်တွဲ လိုက်ဖက်မှုရှိမရှိကို ဇာတာတွေ ၊ဗေဒင်တွေနဲ့ တွက်ချက်ပြီး ကြည့်ရတာကို မယုံကြည်တတ်တဲ့ လက်တွေ့သမားတစ်ယောက်ဆိုရင် အခုဖော်ပြမယ့်အချက်တွေကို ကြည့်ပြီး သင်တို့စုံတွဲက လိုက်ဖက်ညီတဲ့ စုံတွဲ ဟုတ်မဟုတ် အဖြေထုတ်ကြည့်နိုင်ပါတယ်။ ဘယ်လောက်ကြာအောင် တွဲလာတဲ့ စုံတွဲဖြစ်ပါစေ လိုက်ဖက်ညီမှုမရှိရင် ပျော်ရွှင်မှုထက် စိတ်ပင်ပန်းမှုတွေကိုပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

သင်တို့နှစ်ယောက်လုံးရဲ့ သူငယ်ချင်းတွေက သင်တို့နှစ်ယောက်တွဲနေတာကို မထောက်ခံကြပါဘူး။

ကိုယ်နဲ့ ပုံစံတူ အကြိုက်တူတဲ့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ အတူရှိပေးဖို့ အဆင်သင့်မဖြစ်တဲ့ သင့်အဖော်က သင့်အတွက်လည်း လိုက်ဖက်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက် အဖြစ်အမြဲရှိနေဖို့ ခက်ခဲမှာဖြစ်ပါတယ်။

သင်တို့နှစ်ယောက်တွဲပြီးနောက်ပိုင်း မိတ်ဆွေသစ်ထပ်မရဘူးဆိုတာကလည်း ပျော်ရွှင်တဲ့ စုံတွဲမဟုတ်ဘူးဆိုတာကို ပြပါတယ်။

ပျော်ရွှင်နေကြတဲ့ချစ်သူတွေက အတူတူ့ ဖြတ်သန်းချင်တဲ့ အချိန်တွေ၊ အကြောင်းအရာတွေများသလို ပွဲလမ်းသဘင်တွေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံတာတွေအပြင် နှစ်ယောက်စလုံးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း ရှာဖွေလေ့ရှိကြပါတယ်။

အမြဲတမ်းနီးပါး အရေးမပါတဲ့ အကြောင်းအရာတွေအတွက် ရန်ဖြစ်နေရလေ့ရှိတယ် ။

ဘယ်စုံတွဲမဆို ရန်မဖြစ်ရတာ မရှိပေမဲ့ ဘယ်လောက်သေးငယ်တဲ့ ကိစ္စအတွက်ပဲဆိုဆို သဘောထားခြင်း မတိုက်ဆိုင်တာများတဲ့အတွက် ရန်ပွဲတွေပဲ ဖြစ်နေရတတ်ပါတယ်။

ဟာသဓာတ်ခံခြင်းမတူတာ ။

တစ်ယောက်ရယ်ရတဲ့ အကြောင်းက နောက်တစ်ယောက်အတွက် အူကြောင်ကြောင်ဖြစ်နေတာက စရိုက်သဘာဝ မတူတာကို အလွယ်ဆုံး ပြသနိုင်တာပဲ ဖြစ်ပါတယ်။ အတူတူရယ်မောနိုင်တာက ချစ်သူနှစ်ယောက်ကို သံယောဇဉ်အတိုးစေနိုင်ဆုံးပဲ ဖြစ်ပါတယ်။နှစ်ယောက် စိတ်တူကိုယ်တူ ရယ်စရာဖြစ်ရပ် ရှားပါးတာကလည်း လိုက်ဖက်ညီတဲ့ စုံတွဲမဟုတ်ဘူးဆိုတာကို ပြနိုင်ပါတယ်။

တစ်ယောက်မှာ သတင်းကောင်းတစ်ခုရှိရင် အရင်ဆုံး အချင်းချင်းအသိပေးလေ့မရှိတာ။

ကိုယ့်ရဲ့ ထူးခြားတဲ့ ကိစ္စတစ်ခုခုကို သိခွင့်ရှိတဲ့သူက သူမဟုတ်ဘူးဆိုရင် ရေရှည် ပျော်ရွှင်နိုင်မယ့် ပတ်သက်မှုမျိုး မဖြစ်နိုင်ပါဘူး။

သင့်ဘဝထဲက လူတစ်ချို့နဲ့ သူ့ကို မိတ်ဆက်ပေးရမှာ ရှက်နေတတ်တာ။

ကိုယ်က အမြဲ ဂုဏ်ယူနေနိုင်မယ့် လက်တွဲဖော်တစ်ယောက် မဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ဆွေမျိုးတွေနဲ့ ကိုယ်အထင်ကြီးခံချင်တဲ့သူတွေရဲ့ရှေ့မှာ လက်တွဲပြီးထုတ်ပြရဲမှာ မဟုတ်ပါဘူး။ဒါက လိုက်ဖက်မှု မရှိတဲ့ စုံတွဲတွေရဲ့ အမှတ်အသားပဲ ဖြစ်ပါတယ်။

Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top