iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေသာ ခႏၶာကိုယ္ျဖစ္ ဖို႔ လိုအပ္တဲ့ အာဟာရေတြကို မွ်တစြာ စားသံုးဖို႔ လိုအပ္တယ္ဆိုတာ သိထားၿပီးျဖစ္ေပမယ့္ အာဟာရျဖစ္ပါတယ္ဆိုတဲ့ အစားအစာေတြကို စားေသာက္တဲ့ နည္းလမ္းမမွန္ခဲ့ရင္ ေကာင္းက်ဳိးထက္ဆိုးက်ဳိးျဖစ္တတ္တယ္ဆိုတာ သိထားရေအာင္လို႔ ေဖာ္ျပေပးလိုက္ပါတယ္။

ထမင္း - ထမင္းဟာ ကစီဓာတ္ ႂကြယ္၀တဲ့အတြက္ ညအခ်ိန္ေတြ မစားဖို႔ အာဟာရေဗဒပညာရွင္ေတြက အႀကံျပဳေလ့ရွိပါတယ္။ ည ဘက္ထမင္းေတြစားတဲ့အခါ ဗိုက္ပြၿပီး ေကာင္းေကာင္းအိပ္မေပ်ာ္ ေစပါဘူး။ ဒါတင္မက ညဘက္ ထမင္းစားရင္ အလြယ္တကူအစာ မေၾကတဲ့အျပင္ ကိုယ္အေလးခ်ိန္ ကိုလည္း တိုးေစပါတယ္။

ႏြားႏို႔ - အသားဓာတ္နဲ႔ အာဟာရ ဓာတ္မ်ဳိးစံုပါ၀င္တဲ့ ႏြားႏို႔ဟာ က်န္းမာေရးအတြက္ အေထာက္ အကူေပးေပမယ့္ ႏြားႏို႔ကို ေန႔လယ္ဘက္မွာေသာက္တဲ့အခါ ေလးကန္ထိုင္းမိႈင္းတာမ်ဳိး ျဖစ္တတ္တယ္လို႔ သုေတသီေတြက ဆို ထားပါတယ္။ ညဘက္ႏြားႏို႔ ေသာက္တာက အေကာင္းဆံုးျဖစ္ ၿပီး ခႏၶာကိုယ္ကိုသက္ေသာင့္ သက္သာျဖစ္ေစတဲ့အျပင္ အာ ဟာရဓာတ္ေတြကိုလည္း ထိထိ ေရာက္ေရာက္ရရွိေစတယ္လို႔ သိ ရပါတယ္။

ဒိန္ခ်ဥ္ - ဒိန္ခ်ဥ္ကို ညဘက္ ေသာက္ရင္ ခႏၶာကိုယ္အပူေတြမ်ားေစၿပီး အခ်ဥ္ေပါက္ေစကာ အစာေခ်ဖ်က္မႈကို ဒုကၡေပးႏိုင္ တယ္လို႔ ဆိုပါတယ္။ ဒါတင္မက အေအးမိ၊ ေခ်ာင္းဆိုး၊ ႏွာရည္ယို တာေတြကိုလည္း ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။ အေကာင္းဆံုးကေတာ့ ဒိန္ခ်ဥ္ကို ေန႔ဘက္မွာ စားေပးရင္ အစာေခ်ဖ်က္မႈလုပ္ငန္း စဥ္ကို ေကာင္းက်ဳိးျပဳၿပီး အူက်န္း မာေရးလည္း ေကာင္းေစတယ္လို႔ ဆိုပါတယ္။

လက္ဖက္စိမ္း - ေကာင္းက်ဳိးေတြ မ်ားလြန္းတဲ့အတြက္ ဂရင္းတီးဆို ရင္ လူတိုင္းလိုလိုေသာက္ေလ့ရွိ ရာမွာ မွန္ကန္တဲ့အခ်ိန္မွာ ေသာက္မိဖို႔ေတာ့ လိုပါတယ္။ ဂရင္းတီးမွာပါတဲ့ ကဖိန္းဓာတ္က အခ်ဥ္ေပါက္တာတို႔ ေရဓာတ္ခန္းေျခာက္တာ တို႔ ျဖစ္ေစႏုိင္လို႔ မနက္အေစာႀကီးကလြဲလို႔ ေန႔ခင္းႀကိဳက္တဲ့အခ်ိန္ေသာက္ႏိုင္တယ္လို႔ ဆိုပါတယ္။
ပန္းသီး - ပန္းသီးတစ္လံုးေန႔စဥ္ စားေပးရင္ ဆရာ၀န္ေတာင္မလို ဘူးလို႔ ေျပာၾကေပမယ့္ စားတဲ့အခ်ိန္မမွန္ရင္ က်န္းမာေရးဆိုးက်ဳိးေပးႏုိင္ပါတယ္။ ညအခ်ိန္စားရင္အစာအိမ္ထဲမွာ အခ်ဥ္ဓာတ္ထုတ္လုပ္မႈမ်ားေစၿပီး ေန႔ဘက္မွာစားရင္ေတာ့ အူရဲ႕လုပ္ငန္းစဥ္ေတြကို ေထာက္ကူတဲ့အျပင္ ကင္ဆာျဖစ္ေစႏိုင္တဲ့ ကာဆီႏိုဂ်င္ကို ဖယ္ရွားရွင္းလင္းေပးတယ္လို႔ သိရပါတယ္။

ငွက္ေပ်ာသီး - ညဘက္မွာ ငွက္ ေပ်ာသီးစားတဲ့အခါ အေအးမိ၊ ေခ်ာင္းဆိုးေစတဲ့အျပင္ ခြၽဲ၊ သလိပ္ထတာမ်ဳိးေတြလည္း ျဖစ္တတ္တဲ့ အျပင္ ဗိုက္ထဲမွာ အစာလံုး၀မရွိ ခ်ိန္စားရင္လည္း အစာအိမ္ကို ဒုကၡေပးႏိုင္တယ္လို႔ သိရပါတယ္။အမွ်င္ဓာတ္ႂကြယ္၀တဲ့ ငွက္ေပ်ာ သီးကို ေန႔အခ်ိန္စားေပးရင္ေတာ့ အစာေခ်ဖ်က္မႈစနစ္ကို ေထာက္ ကူတဲ့အျပင္ တစ္ေနကုန္ အားအင္ျပည့္၀ေစတယ္လို႔ ဆိုပါတယ္။
အခုဆိုရင္ အစားအစာေတြ ကို က်န္းမာေရးနဲ႔ ညီၫြတ္ေစဖို႔ မွန္ကန္တဲ့စားခ်ိန္ေတြကို သိရၿပီဆိုေတာ့ အေလ့အထအမွားေတြ လုပ္ေနမိရင္လည္း ျပင္ဆင္လိုက္ရေအာင္ပါ။

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကျန်းမာသော ခန္ဓာကိုယ်ဖြစ် ဖို့ လိုအပ်တဲ့ အာဟာရတွေကို မျှတစွာ စားသုံးဖို့ လိုအပ်တယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် အာဟာရဖြစ်ပါတယ်ဆိုတဲ့ အစားအစာတွေကို စားသောက်တဲ့ နည်းလမ်းမမှန်ခဲ့ရင် ကောင်းကျိုးထက်ဆိုးကျိုးဖြစ်တတ်တယ်ဆိုတာ သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

ထမင်း - ထမင်းဟာ ကစီဓာတ် ကြွယ်ဝတဲ့အတွက် ညအချိန်တွေ မစားဖို့ အာဟာရဗေဒပညာရှင်တွေက အကြံပြုလေ့ရှိပါတယ်။ ည ဘက်ထမင်းတွေစားတဲ့အခါ ဗိုက်ပွပြီး ကောင်းကောင်းအိပ်မပျော် စေပါဘူး။ ဒါတင်မက ညဘက် ထမင်းစားရင် အလွယ်တကူအစာ မကြေတဲ့အပြင် ကိုယ်အလေးချိန် ကိုလည်း တိုးစေပါတယ်။

နွားနို့ - အသားဓာတ်နဲ့ အာဟာရ ဓာတ်မျိုးစုံပါဝင်တဲ့ နွားနို့ဟာ ကျန်းမာရေးအတွက် အထောက် အကူပေးပေမယ့် နွားနို့ကို နေ့လယ်ဘက်မှာသောက်တဲ့အခါ လေးကန်ထိုင်းမှိုင်းတာမျိုး ဖြစ်တတ်တယ်လို့ သုတေသီတွေက ဆို ထားပါတယ်။ ညဘက်နွားနို့ သောက်တာက အကောင်းဆုံးဖြစ် ပြီး ခန္ဓာကိုယ်ကိုသက်သောင့် သက်သာဖြစ်စေတဲ့အပြင် အာ ဟာရဓာတ်တွေကိုလည်း ထိထိ ရောက်ရောက်ရရှိစေတယ်လို့ သိ ရပါတယ်။

ဒိန်ချဉ် - ဒိန်ချဉ်ကို ညဘက် သောက်ရင် ခန္ဓာကိုယ်အပူတွေများစေပြီး အချဉ်ပေါက်စေကာ အစာချေဖျက်မှုကို ဒုက္ခပေးနိုင် တယ်လို့ ဆိုပါတယ်။ ဒါတင်မက အအေးမိ၊ ချောင်းဆိုး၊ နှာရည်ယို တာတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အကောင်းဆုံးကတော့ ဒိန်ချဉ်ကို နေ့ဘက်မှာ စားပေးရင် အစာချေဖျက်မှုလုပ်ငန်း စဉ်ကို ကောင်းကျိုးပြုပြီး အူကျန်း မာရေးလည်း ကောင်းစေတယ်လို့ ဆိုပါတယ်။

လက်ဖက်စိမ်း - ကောင်းကျိုးတွေ များလွန်းတဲ့အတွက် ဂရင်းတီးဆို ရင် လူတိုင်းလိုလိုသောက်လေ့ရှိ ရာမှာ မှန်ကန်တဲ့အချိန်မှာ သောက်မိဖို့တော့ လိုပါတယ်။ ဂရင်းတီးမှာပါတဲ့ ကဖိန်းဓာတ်က အချဉ်ပေါက်တာတို့ ရေဓာတ်ခန်းခြောက်တာ တို့ ဖြစ်စေနိုင်လို့ မနက်အစောကြီးကလွဲလို့ နေ့ခင်းကြိုက်တဲ့အချိန်သောက်နိုင်တယ်လို့ ဆိုပါတယ်။
ပန်းသီး - ပန်းသီးတစ်လုံးနေ့စဉ် စားပေးရင် ဆရာဝန်တောင်မလို ဘူးလို့ ပြောကြပေမယ့် စားတဲ့အချိန်မမှန်ရင် ကျန်းမာရေးဆိုးကျိုးပေးနိုင်ပါတယ်။ ညအချိန်စားရင်အစာအိမ်ထဲမှာ အချဉ်ဓာတ်ထုတ်လုပ်မှုများစေပြီး နေ့ဘက်မှာစားရင်တော့ အူရဲ့လုပ်ငန်းစဉ်တွေကို ထောက်ကူတဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ ကာဆီနိုဂျင်ကို ဖယ်ရှားရှင်းလင်းပေးတယ်လို့ သိရပါတယ်။

ငှက်ပျောသီး - ညဘက်မှာ ငှက် ပျောသီးစားတဲ့အခါ အအေးမိ၊ ချောင်းဆိုးစေတဲ့အပြင် ချွဲ၊ သလိပ်ထတာမျိုးတွေလည်း ဖြစ်တတ်တဲ့ အပြင် ဗိုက်ထဲမှာ အစာလုံးဝမရှိ ချိန်စားရင်လည်း အစာအိမ်ကို ဒုက္ခပေးနိုင်တယ်လို့ သိရပါတယ်။အမျှင်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျော သီးကို နေ့အချိန်စားပေးရင်တော့ အစာချေဖျက်မှုစနစ်ကို ထောက် ကူတဲ့အပြင် တစ်နေကုန် အားအင်ပြည့်ဝစေတယ်လို့ ဆိုပါတယ်။
အခုဆိုရင် အစားအစာတွေ ကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ မှန်ကန်တဲ့စားချိန်တွေကို သိရပြီဆိုတော့ အလေ့အထအမှားတွေ လုပ်နေမိရင်လည်း ပြင်ဆင်လိုက်ရအောင်ပါ။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top