iMyanmarHouse.com - Best Property Website for Myanmar
×

အေၾကာျပတ္လူ႕ခႏၶာကိုယ္မွာ မၾကာခဏေတြ႕ရတတ္တဲ့ အေၾကာျပတ္ရာေတြကို အျမဲစိတ္ပ်က္လက္ပ်က္ ျဖစ္ၾကရပါတယ္။ အမ်ိဳးသမီးေတြဆုိ ပိုလို႕ေတာင္ ဒီအေၾကာျပတ္ရာေတြေၾကာင့္ စိတ္ညစ္ၾကရပါေသးတယ္။ သူက ၀မ္းဗိုက္မွာတင္မကပဲ တင္ပါး၊ ရင္သား၊ ေပါင္တံ၊ လက္ေမာင္းစတဲ့ ေနရာေတြမွာ ျဖစ္တတ္တာမုိ႕ အ၀တ္အစား ၀တ္တဲ့အခါ ဒီအေၾကာျပတ္ရာေတြ မေပၚေအာင္ စဥ္းစား၀တ္ဆင္ရတာ အလုပ္တစ္လုပ္ ျဖစ္လာတာေၾကာင့္ပါ။
ဒီေတာ့ အေၾကာျပတ္ရာေတြကို ဘယ္လိုေပ်ာက္ကင္းသြားေအာင္ လုပ္ရမလဲ။ ဒါကိုေပ်ာက္ကင္းေစႏိုင္ပါတယ္ဆုိတဲ့ ႏိုင္ငံတကာက ေဆး၀ါးေတြကေတာ့ အမ်ားၾကီးပါပဲ။ ဒါေပမယ့္ အေၾကာျပတ္ရာေတြကို ကုိယ့္အိမ္မွာ ကိုယ္ကုမယ္ဆုိရင္လည္း ရတာမုိ႕ ဒီနည္းေလးေတြနဲ႕ စမ္းသပ္ၾကည့္ဖုိ႕ ေျပာျပေပးခ်င္ပါတယ္။

(၁) သၾကား၊မက္မြန္ဆီနဲ႕ သံပုယိုရည္အေရာအစပ္

သင့္အိမ္မွာ အလြယ္တကူရွိႏိုင္တဲ့ သၾကားအျဖဴေရာင္ေတြက သင့္ဗိုက္၊ တင္ပါး စတဲ့ေနရာေတြက အေၾကာျပတ္ရာေတြအတြက္ ေကာင္းမြန္တဲ့အရာေတြပါပဲ။ သူ႕ကိုသံုးျပီး အေၾကာျပတ္ရာေတြကို ဖယ္ရွာခ်င္တယ္ဆုိရင္ သၾကားထမင္းစားဇြန္း (၁) ဇြန္းကို ခြက္တစ္ခုထဲ ထည့္လိုက္ပါ။ ျပီးတဲ့ေနာက္မွာ မက္မြန္ဆီ၊ သံပုယုိရည္ စတဲ့ အစက္ အနည္းငယ္နဲ႔ ေရာစပ္ရပါမယ္။ ေသေသခ်ာခ်ာ ေရာသမေမႊျပီးပါက အရစ္ေၾကာင္းေတြေပၚ လိမ္းေပးရမွာျဖစ္ပါတယ္။ ျပီးတဲ့အခါမွာေတာ့ ျပတ္ေနတဲ့ အေၾကာေတြေပၚ ေရမခ်ိဳးခင္ မွန္မွန္ေလး လိမ္းေပးသင့္ပါတယ္။ လိမ္းတဲ့အခါ အနည္းဆံုး ၁၀မိနစ္ၾကာေအာင္ ေသခာ်ေလး လိမ္းေပးပါ။ ဒီလိုေန႕တုိင္းလိမ္းေပးတာကို တစ္လေလာက္ၾကာေအာင္ လုပ္ေပးမယ္ဆုိရင္ အေၾကာျပတ္တာေတြ သက္သာလာတာကို ျမင္ရပါလိမ့္မယ္။

(၂) အာလူးရည္

အာလူးရည္မွာ အေရျပားဆဲလ္ေတြကို အသစ္ျဖစ္ေစတဲ့အျပင္ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကိုပါ ထိန္းသိမ္းေပးပါတယ္။ သာမန္အရြယ္ေလာက္ရိွတဲ့ အာလူးတစ္လုံးကို အခ်ပ္လုိက္ျဖစ္ေအာင္ လွီးျဖတ္ပါ။ အဲဒီထဲ တစ္ခ်ပ္ယူျပီး အရစ္အေၾကာင္းျဖစ္တဲ့ေနရာမွာ မိနစ္အနည္းငယ္ ညင္သာစြာ ပြတ္ေပးပါ။ အရစ္ေၾကာင္းျဖစ္တဲ့ေနရာကို အာလူးရည္ေတြ သုတ္လိမ္းမိပါေစ။ အာလူးရည္ကို ေျခာက္တဲ့ အထိထားျပီး ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ရံုပါပဲ။ သူ႕ကိုေတာ့ အေၾကာျပတ္ရာေတြ ေပ်ာက္တဲ့အထိ လိမ္းေပးသြားလိုက္ပါ။

Credit : Lwin Pyin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အကြောပြတ်လူ့ခန္ဓာကိုယ်မှာ မကြာခဏတွေ့ရတတ်တဲ့ အကြောပြတ်ရာတွေကို အမြဲစိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။ အမျိုးသမီးတွေဆို ပိုလို့တောင် ဒီအကြောပြတ်ရာတွေကြောင့် စိတ်ညစ်ကြရပါသေးတယ်။ သူက ဝမ်းဗိုက်မှာတင်မကပဲ တင်ပါး၊ ရင်သား၊ ပေါင်တံ၊ လက်မောင်းစတဲ့ နေရာတွေမှာ ဖြစ်တတ်တာမို့ အဝတ်အစား ဝတ်တဲ့အခါ ဒီအကြောပြတ်ရာတွေ မပေါ်အောင် စဉ်းစားဝတ်ဆင်ရတာ အလုပ်တစ်လုပ် ဖြစ်လာတာကြောင့်ပါ။
ဒီတော့ အကြောပြတ်ရာတွေကို ဘယ်လိုပျောက်ကင်းသွားအောင် လုပ်ရမလဲ။ ဒါကိုပျောက်ကင်းစေနိုင်ပါတယ်ဆိုတဲ့ နိုင်ငံတကာက ဆေးဝါးတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် အကြောပြတ်ရာတွေကို ကိုယ့်အိမ်မှာ ကိုယ်ကုမယ်ဆိုရင်လည်း ရတာမို့ ဒီနည်းလေးတွေနဲ့ စမ်းသပ်ကြည့်ဖို့ ပြောပြပေးချင်ပါတယ်။

(၁) သကြား၊မက်မွန်ဆီနဲ့ သံပုယိုရည်အရောအစပ်

သင့်အိမ်မှာ အလွယ်တကူရှိနိုင်တဲ့ သကြားအဖြူရောင်တွေက သင့်ဗိုက်၊ တင်ပါး စတဲ့နေရာတွေက အကြောပြတ်ရာတွေအတွက် ကောင်းမွန်တဲ့အရာတွေပါပဲ။ သူ့ကိုသုံးပြီး အကြောပြတ်ရာတွေကို ဖယ်ရှာချင်တယ်ဆိုရင် သကြားထမင်းစားဇွန်း (၁) ဇွန်းကို ခွက်တစ်ခုထဲ ထည့်လိုက်ပါ။ ပြီးတဲ့နောက်မှာ မက်မွန်ဆီ၊ သံပုယိုရည် စတဲ့ အစက် အနည်းငယ်နဲ့ ရောစပ်ရပါမယ်။ သေသေချာချာ ရောသမမွှေပြီးပါက အရစ်ကြောင်းတွေပေါ် လိမ်းပေးရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ပြတ်နေတဲ့ အကြောတွေပေါ် ရေမချိုးခင် မှန်မှန်လေး လိမ်းပေးသင့်ပါတယ်။ လိမ်းတဲ့အခါ အနည်းဆုံး ၁၀မိနစ်ကြာအောင် သေခာျလေး လိမ်းပေးပါ။ ဒီလိုနေ့တိုင်းလိမ်းပေးတာကို တစ်လလောက်ကြာအောင် လုပ်ပေးမယ်ဆိုရင် အကြောပြတ်တာတွေ သက်သာလာတာကို မြင်ရပါလိမ့်မယ်။

(၂) အာလူးရည်

အာလူးရည်မှာ အရေပြားဆဲလ်တွေကို အသစ်ဖြစ်စေတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုပါ ထိန်းသိမ်းပေးပါတယ်။ သာမန်အရွယ်လောက်ရှိတဲ့ အာလူးတစ်လုံးကို အချပ်လိုက်ဖြစ်အောင် လှီးဖြတ်ပါ။ အဲဒီထဲ တစ်ချပ်ယူပြီး အရစ်အကြောင်းဖြစ်တဲ့နေရာမှာ မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ အရစ်ကြောင်းဖြစ်တဲ့နေရာကို အာလူးရည်တွေ သုတ်လိမ်းမိပါစေ။ အာလူးရည်ကို ခြောက်တဲ့ အထိထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ သူ့ကိုတော့ အကြောပြတ်ရာတွေ ပျောက်တဲ့အထိ လိမ်းပေးသွားလိုက်ပါ။

Credit : Lwin Pyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top