iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ငှက်ပျောသီး
၂။ ဒိန်ချဉ်
၃။ ထောပတ်သီး
၅။ ငါး
၆။ မက်မွန်သီး
Credit : Trend Myanmar
Unicode Version
သန္ဓေတားဆေးသုံးတဲ့ အမျိုးသမီးတစ်ယောက်ဟာ ၎င်းရဲ့ များစွာသော ဘေးထွက်ဆိုးကျိုးတွေ သေချာ သိထားရပါမယ်။ ရောဂါဝေဒနာအမျိုးမျိုးအတွက် လူတွေ သောက်သုံးတဲ့ ခေတ်ပေါ်ဆေးဝါးအများစုမှာ ဘေးထွက်ဆိုးကျိုးမျိုးစုံ ရှိပါတယ်။ ကိုယ်ဝန်မရအောင် အမျိုးသမီးတွေ သောက်ကြတဲ့ သန္ဓေတားဆေးတွေဟာ ဘေးထွက်ဆိုးကျိုးများစွာတို့ကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလို့ အမျိုးသမီးအများစုု အဲဒီဆေးတွေ ရှောင်ကြဉ်ကြပါတယ်။
သန္ဓေတားဆေးတွေဆိုတာ သားအိမ်မှာ ဥတည်မှု ဟန့်တားပေးတဲ့ ဟော်မုန်းဆေးတွေဖြစ်သည်နဲ့အညီ ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါတယ်။ သန္ဓေတားဆေးတွေဟာ ကိုယ်ဝန်မရအောင် တားဆီးရာမှာ အလွန်ထိရောက်ပြီး အဓိကဘေးထွက်ဆိုးကျိုးတချို့က မအီမသာဖြစ်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဝိတ်တက်ခြင်း၊ ရာသီပုံမှန်မဟုတ်ခြင်းစတာတွေ ဖြစ်ပါတယ်။
ဒါကြောင့် သန္ဓေတားဆေးသောက်တဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့စဉ်ပုံမှန်အစားအစာတွေ စားပေးဖို့ သိပ်အရေးကြီးပါတယ်။
၁။ ငှက်ပျောသီး
ငှက်ပျောသီးက ဗီတာမင် B-6 ကို ဦးနှောက်မှာ serotonin ပမာဏမြင့်တက်စေတယ်လို့ သိရပြီး သန္ဓေတားဆေးကြောင့် ဖြစ်ပေါ်တဲ့ စိတ်ဓာတ်ကျမှု လျှော့နည်းစေပါတယ်။
၂။ ဒိန်ချဉ်
သန္ဓေတားဆေးမှီဝဲနေတဲ့ အမျိုးသမီးတွေ ဒိန်ချဉ်ကို ပုံမှန်အစားအစာအဖြစ် စားပေးသင့်ပါတယ်။ ဒိန်ချဉ်မှာ probiotics နဲ့ ဗီတာမင် B ပေါကြွယ်ဝလို့ မအီမသာဖြစ်ခြင်းနဲ့ ခေါင်းကိုက်ခြင်း လျှော့နည်းစေပါတယ်။
၃။ ထောပတ်သီး
အိုမီဂါ 3 အဆီအက်ဆစ်နဲ့ ဖောလိပ်အပြည့်ပါတဲ့ ထောပတ်သီးဟာ ဟော်မုန်းမညီမျှမှုထိန်းညှိပေးနိုင်တာကြောင့် သန္ဓေတားဆေးသောက်နေစဉ် စားသုံးပေးနိုင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။
၄။ ရှောက်၊ သံပုရာမျိုးဝင်အသီးများ
လိမ္မော်သီးလို ရှောက်၊ သံပုရာမျိုးဝင်အသီးမှာပါတဲ့ ဗီတာမင် C က သန္ဓေတားဆေးရဲ့ အပျက်သဘော အကျိုးဆက်တွေကြောင့် အသားရေနဲ့ ဆံကေသာ ပျက်စီးမှု တွန်းလှန်ပေးနိုင်ပါတယ်။
၅။ ငါး
ငါးမှာ ဆံပင်ကြီးထွားမှုအတွက် မရှိမဖြစ်သိပ်အရေးပါတဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်ပါတယ်။ သန္ဓေတားဆေးက ဆံပင်ကျွတ်စေတာမို့ ငါးတွေ စားသုံးပေးနိုင်ပါတယ်။
၆။ မက်မွန်သီး
သန္ဓေတားဆေးက အသားရေပျက်စီးစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု ဖြစ်ပွားစေကြောင်း သိရပါတယ်။ မက်မွန်သီးမှာ ပါတဲ့ ဗီတာမင်နဲ့ အင်တီအောင်စီဒင်းတွေက ဒီဘေးထွက်ဆိုးကျိုးတွေ ကာကွယ်ပေးနိုင်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top