iMyanmarHouse.com - Best Property Website for Myanmar
×

သင္ကိုယ္တုိင္ အသက္ (၅၀)အရြယ္မေရာက္ေသးရင္ေတာင္ သင့္မိဘ၊ သင့္ဦးေလ၊ အန္တီ၊ အသိေတြထဲမွာ အသက္ (၅၀)ေက်ာ္ရွိတယ္ဆုိရင္ သူတုိ႕ကို ဒီသတင္းေလး ေျပာျပျပီး သင္သူတုိ႕က်န္းမာေရးကို ဂရုစိုက္ေၾကာင္း အသိေပးလိုက္ပါ။ အသက္ ၅၀ေက်ာ္လာသူတိုင္းဟာ ပန္းသီး တစ္ေန႔တစ္လံုး စားမယ္ဆိုရင္ ႏွလံုးတိုုက္ခိုက္မႈနဲ႔ ေလျဖတ္တာေၾကာင္႔ ယူေကမွာ တစ္ႏွစ္ေသဆံုးသူႏႈန္းထဲက ၈၅၀၀ေသာ အေရအတြက္ဟာ အသက္ ခ်မ္းသာရရလိမ္႔မယ္လို႔ သုေသတီေတြက ေျပာပါတယ္။

Statins လိုမ်ိဳး ေဆး၀ါးေတြအတိုင္း ပန္းသီးဟာ ႏွလံုးေသြးေၾကာ က်န္းမာေရးတိုးျမင္႔ေစပါတယ္။ ေဘးထြက္ဆိုးက်ိဳးလဲ ဘာမွမ႐ွိပါဘူး လို႔ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ သုေတသီေတြက  ၿဗိတိန္ေဆးပညာ ဂ်ာနယ္မွာ ေျပာထားပါတယ္။

သိပၸံနည္းက် ေလ႔လာမႈမ်ိဳး တိုက္႐ိုက္ႀကီးမဟုတ္ပါဘူး။ သ႐ုပ္ျပမႈေပၚမွာ သူ႔တို႔ရဲ႕ ယူဆခ်က္ေတြကို အေျခတည္ထားတာပါ။ အသီးတိုင္းကေတာ႔ အလုပ္ျဖစ္တာပါပဲ။ ဒါေပမဲ႔ လူေတြနဲ႔ လိုက္ေလ်ာညီေထြမႈ႐ွိေအာင္ လုပ္ဖို႔က်ေတာ႔ ခက္တယ္။ သက္ႀကီးပိုင္းေတြထဲက သံုးပံုႏွစ္ပံုဟာ အၾကံျပဳထားတဲ႔ အသီးအ႐ြက္ ၅ မ်ိဳးကို မစားၾကပါဘူး။ တစ္ေန႔ တစ္မ်ိဳးေတာ႔ အနည္းဆံုးစားဖို႔ စီမံရပါမယ္။ အသီးအ႐ြက္ စားေလ အက်ိဳး႐ွိေလေပါ႔။

သက္ႀကီးပိုင္းေတြသာ အသီးအ႐ြက္တစ္မ်ိဳး ပိုစားျဖစ္ရင္ ႏွစ္စဥ္ ေသြးေၾကာပိတ္မႈေၾကာင္႔ ေသဆံုးမႈေပါင္း ၁၁၀၀၀ ကို တားဆီးႏိုင္မယ္လို႔ သုေတသီေတြရဲ႕ တြက္ခ်က္မႈအရ သိရပါတယ္။

 Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်ကိုယ်တိုင် အသက် (၅၀)အရွယ်မရောက်သေးရင်တောင် သင့်မိဘ၊ သင့်ဦးလေ၊ အန်တီ၊ အသိတွေထဲမှာ အသက် (၅၀)ကျော်ရှိတယ်ဆိုရင် သူတို့ကို ဒီသတင်းလေး ပြောပြပြီး သင်သူတို့ကျန်းမာရေးကို ဂရုစိုက်ကြောင်း အသိပေးလိုက်ပါ။ အသက် ၅၀ကျော်လာသူတိုင်းဟာ ပန်းသီး တစ်နေ့တစ်လုံး စားမယ်ဆိုရင် နှလုံးတိုုက်ခိုက်မှုနဲ့ လေဖြတ်တာကြောင့် ယူကေမှာ တစ်နှစ်သေဆုံးသူနှုန်းထဲက ၈၅၀၀သော အရေအတွက်ဟာ အသက် ချမ်းသာရရလိမ့်မယ်လို့ သုသေတီတွေက ပြောပါတယ်။

Statins လိုမျိုး ဆေးဝါးတွေအတိုင်း ပန်းသီးဟာ နှလုံးသွေးကြော ကျန်းမာရေးတိုးမြင့်စေပါတယ်။ ဘေးထွက်ဆိုးကျိုးလဲ ဘာမှမရှိပါဘူး လို့ အောက်စ်ဖို့ဒ်တက္ကသိုလ် သုတေသီတွေက  ဗြိတိန်ဆေးပညာ ဂျာနယ်မှာ ပြောထားပါတယ်။

သိပ္ပံနည်းကျ လေ့လာမှုမျိုး တိုက်ရိုက်ကြီးမဟုတ်ပါဘူး။ သရုပ်ပြမှုပေါ်မှာ သူ့တို့ရဲ့ ယူဆချက်တွေကို အခြေတည်ထားတာပါ။ အသီးတိုင်းကတော့ အလုပ်ဖြစ်တာပါပဲ။ ဒါပေမဲ့ လူတွေနဲ့ လိုက်လျောညီထွေမှုရှိအောင် လုပ်ဖို့ကျတော့ ခက်တယ်။ သက်ကြီးပိုင်းတွေထဲက သုံးပုံနှစ်ပုံဟာ အကြံပြုထားတဲ့ အသီးအရွက် ၅ မျိုးကို မစားကြပါဘူး။ တစ်နေ့ တစ်မျိုးတော့ အနည်းဆုံးစားဖို့ စီမံရပါမယ်။ အသီးအရွက် စားလေ အကျိုးရှိလေပေါ့။

သက်ကြီးပိုင်းတွေသာ အသီးအရွက်တစ်မျိုး ပိုစားဖြစ်ရင် နှစ်စဉ် သွေးကြောပိတ်မှုကြောင့် သေဆုံးမှုပေါင်း ၁၁၀၀၀ ကို တားဆီးနိုင်မယ်လို့ သုတေသီတွေရဲ့ တွက်ချက်မှုအရ သိရပါတယ်။


 Credit : Trend Myanmar




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top