iMyanmarHouse.com - Best Property Website for Myanmar
×

ေဟာက္တယ္ဆုိတာကေတာ့ ႏွစ္ဦးႏွစ္ဖက္လံုး ဆုတ္ယုတ္ေစတဲ့ အက်င့္တစ္ခုပါပဲ။ ကုိယ္တုိင္ေဟာက္တတ္ရင္ေတာ့ ကိုယ့္ေၾကာင့္ အိပ္ေရးပ်က္သူေတြကို အားနာရသလုိ ကိုယ့္အတြက္လည္း လူမုန္းမ်ားေစတဲ့ အက်င့္တစ္ခုျဖစ္ပါတယ္။

သင္ကိုယ္တိုင္ေရာ ေဟာက္တတ္တဲ့သူတစ္ေယာက္လား??? ကိုယ့္ေဟာက္သံက ကိုယ္အိပ္သြားတဲ့အခါမွာေတာ့ ဘယ္ေလာက္က်ယ္ေလာင္မွန္း ကိုယ့္ဘာသာကိုယ္မသိရေပမယ့္လည္း တစ္ပါးသူအတြက္ေတာ့ နားဒုကၡေပးေနမွာ အမွန္ပါပဲ။

သင့္ပတ္ဝန္းက်င္မွာ ေဟာက္တတ္တဲ့သူရွိလား???ေဟာက္တတ္တဲ့သူတစ္ေယာက္ရွိရင္ေတာ့ အနီးနားပတ္ဝန္းက်င္က လူေတြအကုန္လံုးကေတာ့ အိပ္ေရးပ်က္ၿပီး အေတာ္ေလးလည္း ေဒါသထြက္မိမွာပါပဲ။

ေဟာက္သံဟာဆိုရင္ေတာ့ ၅၀-၁၀၀ ၾကား ဒက္စီဘယ္မွာရွိႏုိင္ၿပီး အေတာ္ကုိက်ယ္ေလာင္ပါတယ္။ ေဟာက္သံက်ယ္တဲ့သူကိုဆိုရင္ေတာ့ “နင္ေဟာက္တာ မီးရထားစက္ေခါင္းခုတ္သလိုပဲ” လုိ႔ ေျပာမိမွာပါ။ ဒီလိုမ်ိဳး ႏွစ္ဦးႏွစ္ဖက္အက်ိဳးယုတ္ေစတဲ့ ေဟာက္တဲ့အက်င့္ကို ေဖ်ာက္ဖ်က္ႏုိင္မယ့္နည္းလမ္းေလးေတြ ရွိေနပါတယ္။

၁. အရက္ေသစာ ေလွ်ာ့ေသာက္ပါ

အရက္ေသာက္တတ္တဲ့သူတစ္ေယာက္ျဖစ္တယ္ဆိုရင္ေတာ့ အရက္ေသာက္တာကို ေလွ်ာ့ခ်ဖို႔လိုပါလိမ့္မယ္။ အရက္ေသာက္တာနဲ႔ ေဟာက္တာ ဘာဆုိင္လဲလို႔ ေတြးမိသူေတြရွိမွာပါ။ အရက္ေသာက္တာဟာဆိုရင္ေတာ့ လွ်ာၾကြက္သားေတြကို ေလ်ာ့က်ေစၿပီး အသက္ရွဴလမ္းေၾကာင္းကို က်ဥ္းသြားေစပါတယ္။ ဒါ့ေၾကာင့္ မအိပ္ခင္မွာ အယ္လ္ကိုေဟာလ္ မမွီဝဲတာက ေဟာက္ျခင္းကို ေလ်ာ့က်ေစမွာျဖစ္ပါတယ္။

၂. ေဆးလိပ္ေသာက္တာေလွ်ာ့ပါ
ေဆးလိပ္ေသာက္တာက ႏွာေခါင္းတြင္းက တာဘီနိတ္ၾကြက္သားကို ပိုမိုႀကီးထြားလာေစၿပီး အသက္ရွဴရတာကို ပိုခက္ခဲလာေစတယ္လုိ႔ သိရပါတယ္။ ဒါ့ေၾကာင့္ ေဆးလိပ္ေသာက္တာကလည္း ေဟာက္တာနဲ႔ ဆက္စပ္ေနတာျဖစ္ပါတယ္။

၃. စပ္တဲ့အစားအစာေရွာင္ၾကဥ္ပါ

စပ္တဲ့ အစားအစာေတြဟာဆိုရင္ေတာ့ အစာအိမ္တြင္း အခ်ဥ္ေပါက္မႈကို ျမင့္တက္ေစၿပီး ဒီလုိအခ်ဥ္ေပါက္လုိ႔ ျဖစ္ေပၚလာတဲ့ အက္ဆစ္ေတြဟာ ေဟာက္ျခင္းနဲ႔ စပ္ဆုိင္ေနတယ္လုိ႔ သိရပါတယ္။


၄. ကိုယ္နဲ႔ သင့္ေတာ္တဲ့ ပံုစံအေနအထားနဲ႔ အိပ္စက္ပါ

သင့္အေနနဲ႔ အေဟာက္သန္တာကို ေက်ာခင္းအိပ္စက္ေနမယ္ဆုိရင္ေတာ့ ဆုိးဝါးတဲ့အၾကံဥာဏ္ပဲျဖစ္ေနပါလိမ့္မယ္။ အေဟာက္သန္သူေတာ္ေတာ္မ်ားမ်ားကိုလည္း ေက်ာခင္းမအိပ္စက္ဖုိ႔ ဆရာဝန္ေတြက အၾကံဥာဏ္ေပးၾကပါတယ္။

ေက်ာခင္းအိပ္တာအက်င့္ပါေနတယ္ဆုိရင္ေတာ့ သင့္အေနနဲ႔ ညဝတ္အက်ၤ ီေက်ာဘက္မွာ တင္းနစ္ေဘာလံုးေလးတြဲခ်ဳပ္ထားဖို႔ လုိပါလိမ့္မယ္။ ဒါမွ ေက်ာကုန္းမသံုးဘဲ အိပ္တတ္ေတာ့မွာပါ။

၅. ေဟာက္တဲ့အေၾကာင္းရင္းကို သိေအာင္ျပဳလုပ္ပါ

လူအေတာ္မ်ားမ်ားက ေဟာက္တဲ့အေၾကာင္းရင္းေတြ မတူၾကပါဘူး။ ႏွာေခါင္း ၊ လည္ေခ်ာင္းနဲ႔ အာေခါင္ျပႆနာေတြေၾကာင့္ ေဟာက္ၾကတာမ်ားပါတယ္။ ဒါ့ေၾကာင့္ ဘယ္အပိုင္းက ျပႆနာရွိလို႔ အခုလို ေဟာက္သလဲဆုိတာ သိရေအာင္ျပဳလုပ္ၿပီး ဆရာဝန္နဲ႔ ေဆြးေႏြးသင့္ပါတယ္။


၆. တစ္သက္လံုးျပန္မေဟာက္ေတာ့ေအာင္ ကုသလိုက္ပါ

သင့္အေနနဲ႔ ဘယ္အပိုင္း ျပႆနာရွိလုိ႔ ေဟာက္တာလဲဆုိတာသိခဲ့ရရင္ေတာ့ သင့္ရဲ႕ ေဟာက္တဲ့အက်င့္ဆုိးကိုလည္း ေဖ်ာက္ဖ်က္ႏုိင္ပါၿပီ။ လည္ေခ်ာင္းေၾကာင့္ဆိုရင္ေတာ့ သင့္လည္ေခ်ာင္းတြင္းမွာ ပိတ္ေနတဲ့အေရျပားအပိုပုိင္းကို ေလဆာနဲ႔ျဖတ္ထုတ္ႏုိင္ပါလိမ့္မယ္။ ႏွာေခါင္းေၾကာင့္ ေဟာက္တာဆုိရင္ေတာ့ ႏွာေခါင္းထဲက ေလလမ္းေၾကာင္းကို ရွင္းလင္းၿပီး ကုသႏိုင္ပါတယ္။

ေဟာက္သံကင္းေဝးၿပီး အိပ္ေကာင္းျခင္းအိပ္ႏိုင္ၾကပါေစ


Credit:thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ဟောက်တယ်ဆိုတာကတော့ နှစ်ဦးနှစ်ဖက်လုံး ဆုတ်ယုတ်စေတဲ့ အကျင့်တစ်ခုပါပဲ။ ကိုယ်တိုင်ဟောက်တတ်ရင်တော့ ကိုယ့်ကြောင့် အိပ်ရေးပျက်သူတွေကို အားနာရသလို ကိုယ့်အတွက်လည်း လူမုန်းများစေတဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။

သင်ကိုယ်တိုင်ရော ဟောက်တတ်တဲ့သူတစ်ယောက်လား??? ကိုယ့်ဟောက်သံက ကိုယ်အိပ်သွားတဲ့အခါမှာတော့ ဘယ်လောက်ကျယ်လောင်မှန်း ကိုယ့်ဘာသာကိုယ်မသိရပေမယ့်လည်း တစ်ပါးသူအတွက်တော့ နားဒုက္ခပေးနေမှာ အမှန်ပါပဲ။

သင့်ပတ်ဝန်းကျင်မှာ ဟောက်တတ်တဲ့သူရှိလား???ဟောက်တတ်တဲ့သူတစ်ယောက်ရှိရင်တော့ အနီးနားပတ်ဝန်းကျင်က လူတွေအကုန်လုံးကတော့ အိပ်ရေးပျက်ပြီး အတော်လေးလည်း ဒေါသထွက်မိမှာပါပဲ။

ဟောက်သံဟာဆိုရင်တော့ ၅၀-၁၀၀ ကြား ဒက်စီဘယ်မှာရှိနိုင်ပြီး အတော်ကိုကျယ်လောင်ပါတယ်။ ဟောက်သံကျယ်တဲ့သူကိုဆိုရင်တော့ “နင်ဟောက်တာ မီးရထားစက်ခေါင်းခုတ်သလိုပဲ” လို့ ပြောမိမှာပါ။ ဒီလိုမျိုး နှစ်ဦးနှစ်ဖက်အကျိုးယုတ်စေတဲ့ ဟောက်တဲ့အကျင့်ကို ဖျောက်ဖျက်နိုင်မယ့်နည်းလမ်းလေးတွေ ရှိနေပါတယ်။

၁. အရက်သေစာ လျှော့သောက်ပါ

အရက်သောက်တတ်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ အရက်သောက်တာကို လျှော့ချဖို့လိုပါလိမ့်မယ်။ အရက်သောက်တာနဲ့ ဟောက်တာ ဘာဆိုင်လဲလို့ တွေးမိသူတွေရှိမှာပါ။ အရက်သောက်တာဟာဆိုရင်တော့ လျှာကြွက်သားတွေကို လျော့ကျစေပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေပါတယ်။ ဒါ့ကြောင့် မအိပ်ခင်မှာ အယ်လ်ကိုဟောလ် မမှီဝဲတာက ဟောက်ခြင်းကို လျော့ကျစေမှာဖြစ်ပါတယ်။

၂. ဆေးလိပ်သောက်တာလျှော့ပါ
ဆေးလိပ်သောက်တာက နှာခေါင်းတွင်းက တာဘီနိတ်ကြွက်သားကို ပိုမိုကြီးထွားလာစေပြီး အသက်ရှူရတာကို ပိုခက်ခဲလာစေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်တာကလည်း ဟောက်တာနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

၃. စပ်တဲ့အစားအစာရှောင်ကြဉ်ပါ

စပ်တဲ့ အစားအစာတွေဟာဆိုရင်တော့ အစာအိမ်တွင်း အချဉ်ပေါက်မှုကို မြင့်တက်စေပြီး ဒီလိုအချဉ်ပေါက်လို့ ဖြစ်ပေါ်လာတဲ့ အက်ဆစ်တွေဟာ ဟောက်ခြင်းနဲ့ စပ်ဆိုင်နေတယ်လို့ သိရပါတယ်။


၄. ကိုယ်နဲ့ သင့်တော်တဲ့ ပုံစံအနေအထားနဲ့ အိပ်စက်ပါ

သင့်အနေနဲ့ အဟောက်သန်တာကို ကျောခင်းအိပ်စက်နေမယ်ဆိုရင်တော့ ဆိုးဝါးတဲ့အကြံဉာဏ်ပဲဖြစ်နေပါလိမ့်မယ်။ အဟောက်သန်သူတော်တော်များများကိုလည်း ကျောခင်းမအိပ်စက်ဖို့ ဆရာဝန်တွေက အကြံဉာဏ်ပေးကြပါတယ်။

ကျောခင်းအိပ်တာအကျင့်ပါနေတယ်ဆိုရင်တော့ သင့်အနေနဲ့ ညဝတ်အကျၤ ီကျောဘက်မှာ တင်းနစ်ဘောလုံးလေးတွဲချုပ်ထားဖို့ လိုပါလိမ့်မယ်။ ဒါမှ ကျောကုန်းမသုံးဘဲ အိပ်တတ်တော့မှာပါ။

၅. ဟောက်တဲ့အကြောင်းရင်းကို သိအောင်ပြုလုပ်ပါ

လူအတော်များများက ဟောက်တဲ့အကြောင်းရင်းတွေ မတူကြပါဘူး။ နှာခေါင်း ၊ လည်ချောင်းနဲ့ အာခေါင်ပြဿနာတွေကြောင့် ဟောက်ကြတာများပါတယ်။ ဒါ့ကြောင့် ဘယ်အပိုင်းက ပြဿနာရှိလို့ အခုလို ဟောက်သလဲဆိုတာ သိရအောင်ပြုလုပ်ပြီး ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။


၆. တစ်သက်လုံးပြန်မဟောက်တော့အောင် ကုသလိုက်ပါ

သင့်အနေနဲ့ ဘယ်အပိုင်း ပြဿနာရှိလို့ ဟောက်တာလဲဆိုတာသိခဲ့ရရင်တော့ သင့်ရဲ့ ဟောက်တဲ့အကျင့်ဆိုးကိုလည်း ဖျောက်ဖျက်နိုင်ပါပြီ။ လည်ချောင်းကြောင့်ဆိုရင်တော့ သင့်လည်ချောင်းတွင်းမှာ ပိတ်နေတဲ့အရေပြားအပိုပိုင်းကို လေဆာနဲ့ဖြတ်ထုတ်နိုင်ပါလိမ့်မယ်။ နှာခေါင်းကြောင့် ဟောက်တာဆိုရင်တော့ နှာခေါင်းထဲက လေလမ်းကြောင်းကို ရှင်းလင်းပြီး ကုသနိုင်ပါတယ်။

ဟောက်သံကင်းဝေးပြီး အိပ်ကောင်းခြင်းအိပ်နိုင်ကြပါစေ

Credit:thithtoolwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top