iMyanmarHouse.com - Best Property Website for Myanmar
×

ဒီတစ္ေခါက္ သုေတသနအရ ရွာေဖြေတြ႔ရွိခဲ့တဲ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်နည္းကေတာ့ ထူးဆန္းေနပါလိမ့္မယ္။ မွန္ၾကည့္ရင္း အစားစားျခင္းဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်သြားေစႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ရွာေဖြေတြ ႔ရွိခဲ့တာျဖစ္ပါတယ္။

သူတို႔ရွာေဖြေတြ႔ရွိခဲ့တာကေတာ့ ေခ်ာ့ကလက္ကိတ္ လိုမ်ိဳး က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အစားအစာေတြကို မွန္ၾကည့္ရင္းစားတဲ့အခါမွာ အစားအစာ ရဲ ႔ အရသာ ကို မခံစားမိပဲ စိတ္ေက်နပ္မႈကို မေတြ႔ႏိုင္ဘူးလို႔သိရပါတယ္။ ဒါေၾကာင့္ ကၽြမ္းက်င္သူေတြ ေကာက္ခ်က္ခ်ခဲ့တာက လူေတြဟာ က်န္းမာေရးနဲ႔မညီညြတ္တဲ့အစားအစာေတြ စားေနတဲ့ ကိုယ့္ကိုကိုယ္ ျပန္ျမင္ေနရျခင္းဟာ မသက္မသာ ျဖစ္ေစတယ္ဆိုတာပါပဲ။

 အဲဒီကတဆင့္ လူေတြဟာ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာေတြကို ပိုမို ဦးစားေပး ေရြးခ်ယ္လာလိမ့္မယ္လို႔ သိပၸံပညာရွင္ေတြက ယံုၾကည္ခဲ့ၾကပါတယ္။

ရလဒ္အေနနဲ႔ကေတာ့ မွန္ၾကည့္ရင္း အစာ စားျခင္းဟာ က်န္းမာေရးနဲ႔မညီညြတ္တဲ့ အစားအစာေတြစားေသာက္ျခင္းကို ေလ်ာ့က်သြားေစတယ္ဆိုတာကို သိပၸံပညာရွင္ေတြက ေတြ ႔ရွိခဲ့တာပါ။

ဒါေပမယ့္လည္း က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာေတြကို မွန္ၾကည့္ရင္းစားသံုးတဲ့အခါမွာေတာ့ အရသာလည္း မပ်က္သလို စိတ္ေက်နပ္မႈကိုပါ ရရွိႏိုင္တာကို ေတြ႔ခဲ့ရျပန္ပါတယ္။

ဒီေလ့လာမႈကိုေတာ့ Central Florida တကၠသိုလ္က သုေတသီအဖြဲ႔ကို ေဒါက္တာ Ata Jami က ဦးေဆာင္ၿပီး ေက်ာင္းသား ၁၈၅ ေယာက္ကို စမ္းသပ္ၾကည့္ခဲ့တာျဖစ္ပါတယ္။ ဒီေလ့လာမႈကိုေတာ့ Association for Consumer Research ဆိုတဲ့ ဂ်ာနယ္မွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။

Credit : thithtoolwin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒီတစ်ခေါက် သုတေသနအရ ရှာဖွေတွေ့ရှိခဲ့တဲ့ ကိုယ်အလေးချိန်လျှော့ချနည်းကတော့ ထူးဆန်းနေပါလိမ့်မယ်။ မှန်ကြည့်ရင်း အစားစားခြင်းဟာ ကိုယ်အလေးချိန်လျော့ကျသွားစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူတို့ရှာဖွေတွေ့ရှိခဲ့တာကတော့ ချော့ကလက်ကိတ် လိုမျိုး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို မှန်ကြည့်ရင်းစားတဲ့အခါမှာ အစားအစာ ရဲ့ အရသာ ကို မခံစားမိပဲ စိတ်ကျေနပ်မှုကို မတွေ့နိုင်ဘူးလို့သိရပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေ ကောက်ချက်ချခဲ့တာက လူတွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေ စားနေတဲ့ ကိုယ့်ကိုကိုယ် ပြန်မြင်နေရခြင်းဟာ မသက်မသာ ဖြစ်စေတယ်ဆိုတာပါပဲ။

 အဲဒီကတဆင့် လူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပိုမို ဦးစားပေး ရွေးချယ်လာလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ခဲ့ကြပါတယ်။

ရလဒ်အနေနဲ့ကတော့ မှန်ကြည့်ရင်း အစာ စားခြင်းဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေစားသောက်ခြင်းကို လျော့ကျသွားစေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပါ။

ဒါပေမယ့်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို မှန်ကြည့်ရင်းစားသုံးတဲ့အခါမှာတော့ အရသာလည်း မပျက်သလို စိတ်ကျေနပ်မှုကိုပါ ရရှိနိုင်တာကို တွေ့ခဲ့ရပြန်ပါတယ်။

ဒီလေ့လာမှုကိုတော့ Central Florida တက္ကသိုလ်က သုတေသီအဖွဲ့ကို ဒေါက်တာ Ata Jami က ဦးဆောင်ပြီး ကျောင်းသား ၁၈၅ ယောက်ကို စမ်းသပ်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဒီလေ့လာမှုကိုတော့ Association for Consumer Research ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။


Credit : thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top