iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးမွာ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေတြပါ အမွားလုပ္မိေလ့ရွိၾကပါတယ္။ အမွားဆိုတာ ျဖစ္ေလ့ရွိတဲ့အတြက္ မရည္႐ြယ္တဲ့အမွားမ်ဳိးဆိုရင္ ခြင့္လႊတ္ေပးဖို႔ ျပင္ဆင္ရမွာျဖစ္ပါတယ္။ ခြင့္လႊတ္ႏုိင္ေလာက္တဲ့ အမွားလုပ္မိသူကို အျပစ္မဆိုပဲ ေနာက္မျဖစ္ဖို႔သာ ေျပာျပရမွာပါ။

အခ်စ္ေရးမွာ အမ်ိဳးသမီးအမ်ားစု ျပဳလုပ္မိေလ့ရွိတဲ့ အမွားေတြထဲက အမ်ိဳးသားေတြ ခြင့္လႊတ္ေပးသင့္တဲ့ အမွား (၅) ခုရွိပါတယ္။

၁။ စိုးရိမ္မႈ လြန္ျခင္း

သင္ ဘာေတြမဟုတ္တာ လုပ္ေနၿပီလဲ။ သူ႔ကိုမေျပာထားတာ ဘာေတြမ်ား ရွိေနၿပီလဲ ဆိုၿပီး တစ္ခါတစ္ေလ စိုးရိမ္မႈ လြန္ကဲတတ္ၾကပါတယ္။ ဒါကို အမ်ိဳးသားေတြဘက္က နားလည္ေအာင္ ေသခ်ာရွင္းျပဖို႔ လိုပါတယ္။ အမ်ိဳးသမီးေတြဘက္ကလည္း စိုးရိမ္မႈလြန္ကဲရင္ သံသယျဖစ္လာတတ္တာ သတိျပရမွာပါ။

၂။ စကားမ်ားျခင္း

စကားမ်ားျခင္းဟာ အမွားေတာ့မဟုတ္ပါဘူး။ ေယဘုယ်အားျဖင့္ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ စကားပိုေျပာတတ္ၾကတာ သဘာဝျဖစ္ပါတယ္။ ဆက္ၿပီး နားမေထာင္ခ်င္ေတာ့ဘူးဆိုရင္ သင္ဆက္တုိက္ေျပာဖို႔ တစ္ခုခု ရွာႀကံစဥ္းစားလိုက္ပါ။ ဒါမွမဟုတ္ သူမမသိတဲ့ အရာတစ္ခုကို ေျပာဖို႔ စဥ္းစားလိုက္ပါ။ ဘာပဲျဖစ္ျဖစ္ စကားမ်ားတယ္ ဆုိတာလည္း ခြင့္လႊတ္လို႔ ရတဲ့အရာပါ။

၃။ ဆရာလုပ္ျခင္း

အမ်ိဳးသားေတြထဲမွာလည္း ဆရာလုပ္တတ္သူရွိသလို အမ်ိဳးသမီးေတြထဲမွာလည္း ဆရာလုပ္တတ္သူေတြရွိပါတယ္။ သူ႔ဗီဇနဲ႔ သူလာတာျဖစ္ၿပီး ေယာက္်ား၊မိန္းမနဲ႔ မဆိုင္လွပါဘူး။ အမ်ားေရွ႕မွာ သင့္ကို သိကၡာက်ေအာင္ မလုပ္သေ႐ြ႕ သူဆရာလုပ္တာကို သင္ခႊင့္လႊတ္ေပးသင့္ပါတယ္။

၄။ စိတ္ေကာက္ျခင္း

အမ်ိဳးသားေတြ အခ်စ္ေရးမွာ အၿမဲႀကံဳရတဲ့ ျပႆနာက အမ်ိဳးသမီးေတြရဲ႕ စိတ္ေကာက္ျခင္းျဖစ္ပါတယ္။ ခ်စ္သူကိုမေခ်ာ့ဖူးတဲ့ အမ်ိဳးသားဆိုတာ မရွိႏုိင္ပါဘူး။ ဒါေၾကာင့္ ေတာ္႐ံု စိတ္ေကာက္တာဆိုရင္ သင္ခြင့္လႊတ္ၿပီး ေခ်ာ့ဖို႔လိုပါတယ္။ အမ်ိဳးသမီးေတြ စိတ္ေကာက္တာဟာ အေခ်ာ့ခံခ်င္လို႔ ဆိုတာ သိထားရမွာပါ။

၅။ ရစ္တတ္ျခင္း

အရစ္ခံရတာဟာ စိတ္ညစ္စရာလို႔ ထင္စရာရွိေပမယ့္ တစ္ဖက္က ျပန္ၾကည့္ရင္ သင္ပိုၿပီးေတာင္ စိတ္ခ်ႏိုင္ပါေသးတယ္။ ရစ္ဖို႔ ႀကိဳးစားေနတဲ့သူဟာ သင့္ကို အမွန္တကယ္  ဂ႐ုစိုက္သူ လို႔ ဆိုႏုိင္ပါတယ္။ ဒါေၾကာင့္ သူမရဲ႕အမွားေတြထဲမွာ ရစ္တတ္တာကိုလည္း ခြင့္လႊတ္ရမယ့္ အရာလို႔ သေဘာထားလုိက္ပါ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချစ်ရေးမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ အမှားလုပ်မိလေ့ရှိကြပါတယ်။ အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့အမှားမျိုးဆိုရင် ခွင့်လွှတ်ပေးဖို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ်မိသူကို အပြစ်မဆိုပဲ နောက်မဖြစ်ဖို့သာ ပြောပြရမှာပါ။

အချစ်ရေးမှာ အမျိုးသမီးအများစု ပြုလုပ်မိလေ့ရှိတဲ့ အမှားတွေထဲက အမျိုးသားတွေ ခွင့်လွှတ်ပေးသင့်တဲ့ အမှား (၅) ခုရှိပါတယ်။

၁။ စိုးရိမ်မှု လွန်ခြင်း

သင် ဘာတွေမဟုတ်တာ လုပ်နေပြီလဲ။ သူ့ကိုမပြောထားတာ ဘာတွေများ ရှိနေပြီလဲ ဆိုပြီး တစ်ခါတစ်လေ စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။ ဒါကို အမျိုးသားတွေဘက်က နားလည်အောင် သေချာရှင်းပြဖို့ လိုပါတယ်။ အမျိုးသမီးတွေဘက်ကလည်း စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ်လာတတ်တာ သတိပြရမှာပါ။

၂။ စကားများခြင်း

စကားများခြင်းဟာ အမှားတော့မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် စကားပိုပြောတတ်ကြတာ သဘာဝဖြစ်ပါတယ်။ ဆက်ပြီး နားမထောင်ချင်တော့ဘူးဆိုရင် သင်ဆက်တိုက်ပြောဖို့ တစ်ခုခု ရှာကြံစဉ်းစားလိုက်ပါ။ ဒါမှမဟုတ် သူမမသိတဲ့ အရာတစ်ခုကို ပြောဖို့ စဉ်းစားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စကားများတယ် ဆိုတာလည်း ခွင့်လွှတ်လို့ ရတဲ့အရာပါ။

၃။ ဆရာလုပ်ခြင်း

အမျိုးသားတွေထဲမှာလည်း ဆရာလုပ်တတ်သူရှိသလို အမျိုးသမီးတွေထဲမှာလည်း ဆရာလုပ်တတ်သူတွေရှိပါတယ်။ သူ့ဗီဇနဲ့ သူလာတာဖြစ်ပြီး ယောက်ျား၊မိန်းမနဲ့ မဆိုင်လှပါဘူး။ အများရှေ့မှာ သင့်ကို သိက္ခာကျအောင် မလုပ်သရွေ့ သူဆရာလုပ်တာကို သင်ခွှင့်လွှတ်ပေးသင့်ပါတယ်။

၄။ စိတ်ကောက်ခြင်း

အမျိုးသားတွေ အချစ်ရေးမှာ အမြဲကြုံရတဲ့ ပြဿနာက အမျိုးသမီးတွေရဲ့ စိတ်ကောက်ခြင်းဖြစ်ပါတယ်။ ချစ်သူကိုမချော့ဖူးတဲ့ အမျိုးသားဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် တော်ရုံ စိတ်ကောက်တာဆိုရင် သင်ခွင့်လွှတ်ပြီး ချော့ဖို့လိုပါတယ်။ အမျိုးသမီးတွေ စိတ်ကောက်တာဟာ အချော့ခံချင်လို့ ဆိုတာ သိထားရမှာပါ။

၅။ ရစ်တတ်ခြင်း

အရစ်ခံရတာဟာ စိတ်ညစ်စရာလို့ ထင်စရာရှိပေမယ့် တစ်ဖက်က ပြန်ကြည့်ရင် သင်ပိုပြီးတောင် စိတ်ချနိုင်ပါသေးတယ်။ ရစ်ဖို့ ကြိုးစားနေတဲ့သူဟာ သင့်ကို အမှန်တကယ်  ဂရုစိုက်သူ လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူမရဲ့အမှားတွေထဲမှာ ရစ်တတ်တာကိုလည်း ခွင့်လွှတ်ရမယ့် အရာလို့ သဘောထားလိုက်ပါ။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top