iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Thithtoolwin



#Unicode Version

ဂျင်းကိုချက်ပြုတ်တဲ့အချိန်မှာ ဟင်းခတ်အဖြစ် မကြာခဏ အသုံးပြုကြပါတယ်။ ဒီတစ်ခါမှာတော့ သုတေသီတွေဟာ ဂျင်းမှာပါဝင်တဲ့ အစိတ်အပိုင်းငယ်လေးတွေဟာ ဝမ်းဗိုက်အတွင်းက ကလီစာ(အူ) ရောင်ရမ်းနာကျင်တာကို ကုသပေးနိုင်စွမ်းရှိတယ်လို့ သုတေသနသစ်တစ်ရပ်အရ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာတက္ကသိုလ်က သုတေသီတွေဟာ ဂျင်းမှာပါဝင်တဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေဟာ ကြွက်တွေရဲ့ ဝမ်းဗိုက်ထဲမှာ ဖြစ်ပွားနေတဲ့ ရောဂါတစ်ချို့ကို လျော့ကျသက်သာစေတာကိုတွေ့ရှိခဲ့ရတာပါ။

ယခင်ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ဂျင်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ ကင်ဆာနဲ့ တခြားရောဂါတွေကို သက်သာစေတယ်လို့ သိရပါတယ်။ ယခုသုတေသနမှာတော့ ဂျင်းကို ရောဂါအတော်များများကို ကုသရာမှာ အသုံးပြုနိုင်တာကို တွေ့ရှိခဲ့ရတာပါ။

အဲ့ဒီအပြင် ဂျင်းရဲ့ နာနိုအစိတ်အပိုင်းတွေဟာ အူတွေကိုပြင်ဆင်တာနဲ့ ဆက်လက်ရှင်သန်ဖို့ တွန်းအားပေးတာအပြင် ကျန်းမာရေးကိုအထောက်အကူပြုစေတဲ့ ဆဲလ်တွေကို ဖွံ့ဖြိုးစေတာ စတဲ့ဂုဏ်သတ္တိတွေလည်း ရှိတယ်လို့ သိရပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top