iMyanmarHouse.com - Best Property Website for Myanmar
×

ပံုသဏၭာန္ေရာ နာမည္ပါဆန္းျပားတဲ့ နဂါးေမာက္သီးဟာ အပူပိုင္းနဲ႔ အပူအေအးမွ် ေဒသေတြျဖစ္တဲ့ ေတာင္အေမရိကတိုက္နဲ႔ အာရွတိုက္မွာ အမ်ားဆံုး ေပါက္ေရာက္ပါတယ္။ အေရာင္အေသြးအားျဖင့္ ပန္းေသြးေရာင္အနီျဖစ္ၿပီး အသားကေတာ့ ႏို႔ႏွစ္အျဖဴေရာင္နဲ႔ အနက္ေရာင္ အေစ့ကေလးေတြ ေရာယွက္ပါ၀င္ပါတယ္။  အဲဒီထူးဆန္းတဲ့ သစ္သီးမွာေတာ့ ႂကြယ္၀တဲ့ သဘာ၀ အာဟာရဓာတ္ေတြ မ်ားစြာပါ၀င္ေနပါတယ္။

          အဂၤလိပ္လိုလည္း Dragon fruit လို႔ေခၚတဲ့ အဲဒီသစ္သီးမွာ(၆၀) ကယ္လိုရီသာ ပါ၀င္ၿပီး Vitamin-C,B1, B2, B3 နဲ႔ အျခားေသာ သတၱဳဓာတ္ေတြ ျဖစ္ၾကတဲ့ သံဓာတ္၊ ကယ္လ္ဆီယမ္ဓာတ္နဲ႔ ထံုးဓာတ္တို႔ ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္မို႔လို႔လည္း စူပါသစ္သီး (super fruit) လို႔ ေက်ာ္ၾကားရျခင္း ျဖစ္ပါတယ္။ နဂါးေမာက္သီးရဲ႕ အက်ဳိးေက်းဇူးေတြ ကေတာ့ -

အလွအပေရးရာတြင္-

          ၁။ အိုမင္းရင့္ေရာ္တဲ့ လကၡဏာမ်ားကို တိုက္ဖ်က္ေပးပါတယ္။

          နဂါးေမာက္သီးဟာ အသားအေရကို ထိန္းသိမ္းေပးတဲ့ သစ္သီးတစ္မ်ဳိး ျဖစ္ပါတယ္။ ၎ကို တစ္ပတ္တစ္ႀကိမ္ အသားအေရအတြက္ စားသံုးေပးျခင္းက အေရးအေၾကာင္း ျဖစ္ျခင္း မ်ားကဲ့သို႔ေသာ လကၡဏာေတြကို ကူညီကာကြယ္ေပးပါတယ္။

လိုအပ္ေသာပစၥည္းမ်ား-

          နဂါးေမာက္သီး တစ္ျခမ္း၊ ဒိန္ခ်ဥ္တစ္ဇြန္း။

လုပ္ေဆာင္ရန္-

          နဂါးေမာက္သီး အသားကို ျခစ္ယူၿပီး ႀကိတ္ေခ်ပါ။ ၎အႏွစ္ထဲသို႔ ဒိန္ခ်ဥ္ထည့္ပါ။ ၎အႏွစ္ကို မ်က္ႏွာႏွင့္ လည္ပင္းေပၚတြင္ မိနစ္ (၂၀) ၾကာ သုတ္လိမ္းထားပါ။ ထို႔ေနာက္ ေရေႏြးျဖင့္ေဆးခ်ပါ။

          ဤနည္းလမ္းက အသားအေရကို ပိုမိုႏုပ်ဳိသြားေစပါလိမ့္မယ္။

          ၂။ ၀က္ၿခံကို ကုသေပးပါတယ္။

          နဂါးေမာက္သီးနဲ႔ တိုက္႐ိုက္ထိေတြ႕ေပးျခင္းက ၀က္ၿခံကို ကူညီေလွ်ာ့ခ်ေပးပါတယ္။

လိုအပ္ေသာပစၥည္းမ်ား-

          နဂါးေမာက္သီး ေလးပံုတစ္ပံု၊ ၀ါဂြမ္းလံုး သံုးေလးလံုး။

လုပ္ေဆာင္ရန္-

          နဂါးေမာက္သီး အသားကိုယူၿပီး ခက္ရင္းတစ္ခုႏွင့္ ေခ်မြပါ။ ထို႔ေနာက္ ၀ါဂြမ္းျဖင့္တု႔ိၿပီး ၀က္ၿခံေနရာကို လိမ္းပါ။ ဘက္တီးရီးယားမပ်ံ႕ပြားေစရန္ ေနာက္တစ္ေနရာ အတြက္ ေနာက္ထပ္၀ါဂြမ္းအသစ္ျဖင့္ လိမ္းပါ။ မိနစ္(၂၀) ၾကာ ထားၿပီးေနာက္ ေရေႏြးျဖင့္ေဆးပါ။

          နဂါးေမာက္သီးတြင္ ဗီတာမင္စီႂကြယ္၀သည့္ အတြက္ ၀က္ၿခံကုသရာတြင္ လြန္စြာအသံုး၀င္ပါတယ္။

          ၃။ ေနေလာင္ အသားအေရကို ျပန္လည္ေကာင္းမြန္ေစပါတယ္။

          နဂါးေမာက္သီး အႏွစ္ကို လိမ္းေပးျခင္းက ေနေလာင္ထား၍ျဖစ္ေသာ အသားအေရ နီရဲေရာင္ရမ္းျခင္းကို သက္သာေစပါတယ္။

လိုအပ္ေသာပစၥည္းမ်ား -

          နဂါးေမာက္သီး ေလးပံုတစ္ပံု၊ Vitamin-E ေဆးလံုးတစ္လံုး။

လုပ္ေဆာင္ရန္ -

          နဂါးေမာက္သီးအသားကိုယူၿပီး ခက္ရင္းတစ္ခုႏွင့္ ေခ်မြပါ။ Vitamin E အလံုးကိုေဖာက္ၿပီး အရည္ကို နဂါးေမာက္သီး အႏွစ္ထဲ ထည့္ပါ။ ထို႔ေနာက္ ေနေလာင္ထားေသာ ေနရာေပၚကို လိမ္းပါ။ မိနစ္ (၃၀) ခန္႔ ထားၿပီးေနာက္ ေရေအးျဖင့္ ေဆးခ်ပါ။

          Vitamin E ႏွင့္ နဂါးေမာက္သီးမွာ ပါ၀င္တဲ့ Vitamin C တို႔က ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးပါတယ္။

          ၄။ ေဆးဆိုးထားေသာ ဆံပင္ကို က်န္းမာေစပါတယ္။

          ေဆးဆိုးထားတဲ့ ဆံပင္ေတြက ပ်က္စီးလြယ္ပါတယ္။ ဆံပင္ဆိုးေဆးမွာ ပါ၀င္တဲ့ ဓာတုပစၥည္းေတြဟာ ဆံပင္ကို ေျခာက္ေသြ႕သြားေစပါတယ္။ နဂါးေမာက္သီးကို သံုးေပးျခင္းက ၎ပ်က္စီးမႈအခ်ဳိ႕ကို ျပန္လည္က်န္းမာေစပါလိမ့္မယ္။

လိုအပ္ေသာ ပစၥည္းမ်ား -

          နဂါးေမာက္သီး တစ္လံုး။

လုပ္ေဆာင္ရန္ -

          နဂါးေမာက္သီးအသားကိုယူၿပီး ပ်စ္လာသည္ အထိ ႀကိတ္စက္ထဲ ထည့္ႀကိတ္ပါ။ ၎အႏွစ္ကို ဆံပင္နဲ႔ ဦးေရျပားကို လိမ္းပါ။ မိနစ္ (၂၀) ခန္႔ထားၿပီးေနာက္ ေခါင္းေလ်ာ္ရည္ အေပ်ာ့စားျဖင့္ ေလွ်ာ္ပါ။

က်န္းမာေရး အတြက္

          ၅။ ကိုလက္စထေရာကို ေလွ်ာ့ခ်ပါတယ္။

          နဂါးေမာက္သီးမွာ ကိုလက္စထေရာ မရွိသေလာက္ နည္းပါးပါတယ္။ ဒါေၾကာင့္ အဲဒီသစ္သီးက သင့္ကိုယ္အေလးခ်ိန္ကို ထိန္းေပးၿပီး က်န္းမာေစပါလိမ့္မယ္။ နဂါးေမာက္သီးကို ေန႔စဥ္အစားအစာ စာရင္းထဲ ထည့္စားေပးျခင္းက အထူး ေကာင္းမြန္ေစပါလိမ့္မယ္။

        ၆။ ႏွလံုး က်န္းမာေစပါတယ္။

          လူအေတာ္မ်ားမ်ား ႏွလံုးေသြးေၾကာက်ဥ္းေရာဂါကို ခံစားေနၾကရပါတယ္။ ၎ေရာဂါကို သက္သာေစႏိုင္တဲ့ အစားအစာမ်ားထဲမွာ နဂါးေမာက္သီးလည္း အပါအ၀င္ပါပဲ။ နဂါးေမာက္သီးမွာ ပါ၀င္တဲ့ အဆီတစ္မ်ဳိးက ႏွလံုးကိုက်န္းမာဖို႔ ထိန္းသိမ္းေပးပါတယ္။

          ၇။ ဖိုက္ဘာဓာတ္အား ျဖည့္ေပးပါတယ္။

          အစာေျခစနစ္ကို သန္႔ရွင္းဖို႔ဆိုရင္ နဂါးေမာက္သီးကို စားပါ။ နဂါးေမာက္သီးမွာ အစာေျခစနစ္ ပ်က္ယြင္းျခင္းနဲ႔ ၀မ္းခ်ဳပ္ျခင္းကို ကူညီေပးႏိုင္တဲ့ ဖိုက္ဘာဓာတ္ အေျမာက္အျမား ပါ၀င္ပါတယ္။ ပ႐ိုတိန္း ဓာတ္ပါ၀င္တဲ့ အသားေရာအေစ့ပါ စားသံုးေပးျခင္းျဖင့္ ခႏၶာကိုယ္ခုခံအားစနစ္ ေကာင္းမြန္ေစပါတယ္။

        ၈။ ဆီးခ်ဳိေရာဂါကို တိုက္ဖ်က္ပါတယ္။

          နဂါးေမာက္သီးမွာ ပါ၀င္တဲ့မ်ားစြာေသာ ဖိုက္ဘာဓာတ္က ေသြးတြင္းသၾကားဓာတ္ အဆင့္ကို ထိန္းေပးတာေၾကာင့္ ဆီးခ်ိဳေသြးခ်ဳိ ေ၀ဒနာရွင္ေတြ အတြက္ အသံုးတည့္ပါတယ္။ သို႔ေသာ္လည္း စားေသာက္မႈပံုစံ အေျပာင္းအလဲ ရွိမယ္ဆိုရင္ ဆရာ၀န္နဲ႔ ဦးစြာတိုင္ပင္ၿပီးမွ စားသံုးသင့္ပါတယ္။

          ၉။ အဆစ္အျမစ္နာ ေ၀ဒနာကို ကုသပါတယ္။

          အဆစ္အျမစ္ ေရာင္ရမ္းနာက်င္ျခင္းက အေၾကာအဆစ္ေနရာေတြကို နာက်င္ေစၿပီး လႈပ္ရွားရခက္ခဲေစပါတယ္။ ေန႔စဥ္အစားအစာထဲမွာ နဂါးေမာက္သီးကို ထည့္သြင္းေပးျခင္းက အဲဒီေ၀ဒနာေတြကို တုိက္ဖ်က္ေပးပါတယ္။

Credit: Messenger

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပုံသဏ္ဌာန်ရော နာမည်ပါဆန်းပြားတဲ့ နဂါးမောက်သီးဟာ အပူပိုင်းနဲ့ အပူအအေးမျှ ဒေသတွေဖြစ်တဲ့ တောင်အမေရိကတိုက်နဲ့ အာရှတိုက်မှာ အများဆုံး ပေါက်ရောက်ပါတယ်။ အရောင်အသွေးအားဖြင့် ပန်းသွေးရောင်အနီဖြစ်ပြီး အသားကတော့ နို့နှစ်အဖြူရောင်နဲ့ အနက်ရောင် အစေ့ကလေးတွေ ရောယှက်ပါဝင်ပါတယ်။  အဲဒီထူးဆန်းတဲ့ သစ်သီးမှာတော့ ကြွယ်ဝတဲ့ သဘာ၀ အာဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။

          အင်္ဂလိပ်လိုလည်း Dragon fruit လို့ခေါ်တဲ့ အဲဒီသစ်သီးမှာ(၆၀) ကယ်လိုရီသာ ပါဝင်ပြီး Vitamin-C,B1, B2, B3 နဲ့ အခြားသော သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ သံဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်နဲ့ ထုံးဓာတ်တို့ ပါဝင်ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း စူပါသစ်သီး (super fruit) လို့ ကျော်ကြားရခြင်း ဖြစ်ပါတယ်။ နဂါးမောက်သီးရဲ့ အကျိုးကျေးဇူးတွေ ကတော့ -

အလှအပရေးရာတွင်-

          ၁။ အိုမင်းရင့်ရော်တဲ့ လက္ခဏာများကို တိုက်ဖျက်ပေးပါတယ်။

          နဂါးမောက်သီးဟာ အသားအရေကို ထိန်းသိမ်းပေးတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းကို တစ်ပတ်တစ်ကြိမ် အသားအရေအတွက် စားသုံးပေးခြင်းက အရေးအကြောင်း ဖြစ်ခြင်း များကဲ့သို့သော လက္ခဏာတွေကို ကူညီကာကွယ်ပေးပါတယ်။

လိုအပ်သောပစ္စည်းများ-

          နဂါးမောက်သီး တစ်ခြမ်း၊ ဒိန်ချဉ်တစ်ဇွန်း။

လုပ်ဆောင်ရန်-

          နဂါးမောက်သီး အသားကို ခြစ်ယူပြီး ကြိတ်ချေပါ။ ၎င်းအနှစ်ထဲသို့ ဒိန်ချဉ်ထည့်ပါ။ ၎င်းအနှစ်ကို မျက်နှာနှင့် လည်ပင်းပေါ်တွင် မိနစ် (၂၀) ကြာ သုတ်လိမ်းထားပါ။ ထို့နောက် ရေနွေးဖြင့်ဆေးချပါ။

          ဤနည်းလမ်းက အသားအရေကို ပိုမိုနုပျိုသွားစေပါလိမ့်မယ်။

          ၂။ ဝက်ခြံကို ကုသပေးပါတယ်။

          နဂါးမောက်သီးနဲ့ တိုက်ရိုက်ထိတွေ့ပေးခြင်းက ဝက်ခြံကို ကူညီလျှော့ချပေးပါတယ်။

လိုအပ်သောပစ္စည်းများ-

          နဂါးမောက်သီး လေးပုံတစ်ပုံ၊ ဝါဂွမ်းလုံး သုံးလေးလုံး။

လုပ်ဆောင်ရန်-

          နဂါးမောက်သီး အသားကိုယူပြီး ခက်ရင်းတစ်ခုနှင့် ချေမွပါ။ ထို့နောက် ဝါဂွမ်းဖြင့်တု့ိပြီး ဝက်ခြံနေရာကို လိမ်းပါ။ ဘက်တီးရီးယားမပျံ့ပွားစေရန် နောက်တစ်နေရာ အတွက် နောက်ထပ်ဝါဂွမ်းအသစ်ဖြင့် လိမ်းပါ။ မိနစ်(၂၀) ကြာ ထားပြီးနောက် ရေနွေးဖြင့်ဆေးပါ။

          နဂါးမောက်သီးတွင် ဗီတာမင်စီကြွယ်ဝသည့် အတွက် ဝက်ခြံကုသရာတွင် လွန်စွာအသုံးဝင်ပါတယ်။

          ၃။ နေလောင် အသားအရေကို ပြန်လည်ကောင်းမွန်စေပါတယ်။

          နဂါးမောက်သီး အနှစ်ကို လိမ်းပေးခြင်းက နေလောင်ထား၍ဖြစ်သော အသားအရေ နီရဲရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

လိုအပ်သောပစ္စည်းများ -

          နဂါးမောက်သီး လေးပုံတစ်ပုံ၊ Vitamin-E ဆေးလုံးတစ်လုံး။

လုပ်ဆောင်ရန် -

          နဂါးမောက်သီးအသားကိုယူပြီး ခက်ရင်းတစ်ခုနှင့် ချေမွပါ။ Vitamin E အလုံးကိုဖောက်ပြီး အရည်ကို နဂါးမောက်သီး အနှစ်ထဲ ထည့်ပါ။ ထို့နောက် နေလောင်ထားသော နေရာပေါ်ကို လိမ်းပါ။ မိနစ် (၃၀) ခန့် ထားပြီးနောက် ရေအေးဖြင့် ဆေးချပါ။

          Vitamin E နှင့် နဂါးမောက်သီးမှာ ပါဝင်တဲ့ Vitamin C တို့က ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပါတယ်။

          ၄။ ဆေးဆိုးထားသော ဆံပင်ကို ကျန်းမာစေပါတယ်။

          ဆေးဆိုးထားတဲ့ ဆံပင်တွေက ပျက်စီးလွယ်ပါတယ်။ ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆံပင်ကို ခြောက်သွေ့သွားစေပါတယ်။ နဂါးမောက်သီးကို သုံးပေးခြင်းက ၎င်းပျက်စီးမှုအချို့ကို ပြန်လည်ကျန်းမာစေပါလိမ့်မယ်။

လိုအပ်သော ပစ္စည်းများ -

          နဂါးမောက်သီး တစ်လုံး။

လုပ်ဆောင်ရန် -

          နဂါးမောက်သီးအသားကိုယူပြီး ပျစ်လာသည် အထိ ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ ၎င်းအနှစ်ကို ဆံပင်နဲ့ ဦးရေပြားကို လိမ်းပါ။ မိနစ် (၂၀) ခန့်ထားပြီးနောက် ခေါင်းလျော်ရည် အပျော့စားဖြင့် လျှော်ပါ။

ကျန်းမာရေး အတွက်

          ၅။ ကိုလက်စထရောကို လျှော့ချပါတယ်။

          နဂါးမောက်သီးမှာ ကိုလက်စထရော မရှိသလောက် နည်းပါးပါတယ်။ ဒါကြောင့် အဲဒီသစ်သီးက သင့်ကိုယ်အလေးချိန်ကို ထိန်းပေးပြီး ကျန်းမာစေပါလိမ့်မယ်။ နဂါးမောက်သီးကို နေ့စဉ်အစားအစာ စာရင်းထဲ ထည့်စားပေးခြင်းက အထူး ကောင်းမွန်စေပါလိမ့်မယ်။

        ၆။ နှလုံး ကျန်းမာစေပါတယ်။

          လူအတော်များများ နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေကြရပါတယ်။ ၎င်းရောဂါကို သက်သာစေနိုင်တဲ့ အစားအစာများထဲမှာ နဂါးမောက်သီးလည်း အပါအဝင်ပါပဲ။ နဂါးမောက်သီးမှာ ပါဝင်တဲ့ အဆီတစ်မျိုးက နှလုံးကိုကျန်းမာဖို့ ထိန်းသိမ်းပေးပါတယ်။

          ၇။ ဖိုက်ဘာဓာတ်အား ဖြည့်ပေးပါတယ်။

          အစာခြေစနစ်ကို သန့်ရှင်းဖို့ဆိုရင် နဂါးမောက်သီးကို စားပါ။ နဂါးမောက်သီးမှာ အစာခြေစနစ် ပျက်ယွင်းခြင်းနဲ့ ဝမ်းချုပ်ခြင်းကို ကူညီပေးနိုင်တဲ့ ဖိုက်ဘာဓာတ် အမြောက်အမြား ပါဝင်ပါတယ်။ ပရိုတိန်း ဓာတ်ပါဝင်တဲ့ အသားရောအစေ့ပါ စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်စေပါတယ်။

        ၈။ ဆီးချိုရောဂါကို တိုက်ဖျက်ပါတယ်။

          နဂါးမောက်သီးမှာ ပါဝင်တဲ့များစွာသော ဖိုက်ဘာဓာတ်က သွေးတွင်းသကြားဓာတ် အဆင့်ကို ထိန်းပေးတာကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်တွေ အတွက် အသုံးတည့်ပါတယ်။ သို့သော်လည်း စားသောက်မှုပုံစံ အပြောင်းအလဲ ရှိမယ်ဆိုရင် ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။

          ၉။ အဆစ်အမြစ်နာ ဝေဒနာကို ကုသပါတယ်။

          အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းက အကြောအဆစ်နေရာတွေကို နာကျင်စေပြီး လှုပ်ရှားရခက်ခဲစေပါတယ်။ နေ့စဉ်အစားအစာထဲမှာ နဂါးမောက်သီးကို ထည့်သွင်းပေးခြင်းက အဲဒီဝေဒနာတွေကို တိုက်ဖျက်ပေးပါတယ်။


Credit: Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Unicode Version
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top