iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ဒါကို လိင္ဆက္ဆံတယ္ပဲ ေခၚေခၚ ၊ ခ်စ္တင္းေႏွာတယ္ပဲ ေခၚေခၚ ဒီလိုကိစၥရပ္မွာ ဘာေတြပါ၀င္တယ္ဆိုတာကိုေတာ့ အက်ယ္တ၀င့္ရွင္းျပေနဖို႔ မလိုေတာ့ပါဘူး။

ဒါေပမယ့္ ခ်စ္တင္းေႏွာျခင္းဟာ ကၽြႏ္ုပ္တို႔ ရဲ ႔ဦးေႏွာက္နဲ႔ ခႏၶာကိုယ္ကို ေျပာင္းလဲမႈေတြ ဘယ္လိုျဖစ္ေစႏိုင္တာလဲ?ဒါ့အျပင္ အိမ္ေထာင္ေရးသုခ မျပည့္၀ျခင္းဟာ ဘာေၾကာင့္ နာက်င္တဲ့ ခံစားခ်က္ျဖစ္ေပၚရတာလဲ?

ခ်စ္တင္းေႏွာျခင္းဟာ သာယာၾကည္ႏူးမႈ ၊ ေပ်ာ္ရႊင္မႈ နဲ႔ သံေယာဇဥ္ ျဖစ္တည္မႈတို႔ကို လုပ္ေဆာင္ေပးမယ့္ ေဟာ္မုန္းတစ္မ်ိဳးကို ၾကြယ္၀စြာ ထုတ္လုပ္ထြက္ေပၚလာေစတယ္လို႔ သိပၸံပညာရွင္ေတြက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ေလ့လာမႈမ်ားစြာက တဆင့္ ေတြ႔ရွိလာခဲ့တာကေတာ့ ခ်စ္တင္းေႏွာျခင္းဟာ ႏွလံုးေရာဂါ နဲ႔ အရိုးပြ ေရာဂါတို႔ ျဖစ္ပြားျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။

ခ်စ္တင္းေႏွာေနစဥ္မွာ အဓိက ထြက္ေပၚတဲ့ ေဟာ္မုန္းဟာ ေအာက္ဆီတိုဆင္ျဖစ္ၿပီး ေပြ႕ဖက္ျခင္း ေဟာ္မုန္းလို႔လည္း ေခၚၾကပါတယ္။ထိုေဟာ္မုန္းဟာ ကၽြႏ္ုပ္တို႔ရဲ ႔မာနေတြကို ေလ်ာ့နည္းလာေစၿပီး လူေတြကို ပိုယံုၾကည္လာေစတယ္လို႔ လီဗာပူး ေဆးရံုက ေဒါက္တာ Arun Ghosh ကဆိုပါတယ္။ ထိုေဟာ္မုန္းဟာ သံေယာဇဥ္ျဖစ္တည္ျခင္းအတြက္လည္း အဓိကက်ေနၿပီး စာနာသနားစိတ္ ကို မ်ားျပားလာေစတယ္လို႔လည္းသိရပါတယ္။

ဒီ ေဟာ္မုန္းမ်ိဳးဟာ ေယာက်ာၤး ၊မိန္းမ မေရြး ထုတ္လုပ္ႏုိင္ၿပီး အမ်ားဆံုး ထုတ္လုပ္သူေတြကေတာ့ မိန္းကေလးေတြပဲျဖစ္ပါတယ္။ ဒါေၾကာင့္ မိန္းကေလးေတြဟာ ေယာက်ာၤးတစ္ေယာက္နဲ႔ ခ်စ္တင္းေႏွာၿပီးတဲ့ေနာက္မွာ မာနေတြခ၀ါခ်ၿပီး ခ်စ္ကၽြမ္း၀င္မိသြားတာပါ။ ထိုေဟာ္မုန္းထြက္ရွိျခင္းက ပဲ ဆံုးခန္းတိုင္သည္အထိ သာယာၾကည္ႏူးမႈကို ေပးစြမ္းႏိုင္တာေၾကာင့္ အိမ္ ေထာင္ေရးသုခ မျပည့္၀ တဲ့အခါမွာ နာက်င္တဲ့ ခံစားခ်က္ေတြထြက္ေပၚျခင္းပဲျဖစ္ပါတယ္။

အမ်ိဳးသားေတြ ကာမသုခ ျပည့္၀တဲ့အခါမွာ ေတာ့ ဒိုပါမင္ ဆိုတဲ့ ေဟာ္မုန္းတစ္မ်ိဳးကိုထုတ္လုပ္ေပးၿပီး ထိုေဟာ္မုန္းဟာ သာယာၾကည္ႏူးမႈကို ျဖစ္ေစၿပီး စြဲလန္းတတ္ေစပါတယ္။ဒါေၾကာင့္ အမ်ိဳးသားအမ်ားစုဟာ ခ်စ္တင္းေႏွာျခင္းကို စြဲလန္းခံုမင္ၾကတာပဲျဖစ္တယ္လို႔ ေလ့လာမႈက ေဖာ္ျပထားပါတယ္။

Credit: Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



#Unicode Version

သင်ဟာ ဒါကို လိင်ဆက်ဆံတယ်ပဲ ခေါ်ခေါ် ၊ ချစ်တင်းနှောတယ်ပဲ ခေါ်ခေါ် ဒီလိုကိစ္စရပ်မှာ ဘာတွေပါဝင်တယ်ဆိုတာကိုတော့ အကျယ်တဝင့်ရှင်းပြနေဖို့ မလိုတော့ပါဘူး။

ဒါပေမယ့် ချစ်တင်းနှောခြင်းဟာ ကျွန်ုပ်တို့ ရဲ့ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲမှုတွေ ဘယ်လိုဖြစ်စေနိုင်တာလဲ?ဒါ့အပြင် အိမ်ထောင်ရေးသုခ မပြည့်ဝခြင်းဟာ ဘာကြောင့် နာကျင်တဲ့ ခံစားချက်ဖြစ်ပေါ်ရတာလဲ?

ချစ်တင်းနှောခြင်းဟာ သာယာကြည်နူးမှု ၊ ပျော်ရွှင်မှု နဲ့ သံယောဇဉ် ဖြစ်တည်မှုတို့ကို လုပ်ဆောင်ပေးမယ့် ဟော်မုန်းတစ်မျိုးကို ကြွယ်ဝစွာ ထုတ်လုပ်ထွက်ပေါ်လာစေတယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လေ့လာမှုများစွာက တဆင့် တွေ့ရှိလာခဲ့တာကတော့ ချစ်တင်းနှောခြင်းဟာ နှလုံးရောဂါ နဲ့ အရိုးပွ ရောဂါတို့ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ချစ်တင်းနှောနေစဉ်မှာ အဓိက ထွက်ပေါ်တဲ့ ဟော်မုန်းဟာ အောက်ဆီတိုဆင်ဖြစ်ပြီး ပွေ့ဖက်ခြင်း ဟော်မုန်းလို့လည်း ခေါ်ကြပါတယ်။ထိုဟော်မုန်းဟာ ကျွန်ုပ်တို့ရဲ့မာနတွေကို လျော့နည်းလာစေပြီး လူတွေကို ပိုယုံကြည်လာစေတယ်လို့ လီဗာပူး ဆေးရုံက ဒေါက်တာ Arun Ghosh ကဆိုပါတယ်။ ထိုဟော်မုန်းဟာ သံယောဇဉ်ဖြစ်တည်ခြင်းအတွက်လည်း အဓိကကျနေပြီး စာနာသနားစိတ် ကို များပြားလာစေတယ်လို့လည်းသိရပါတယ်။

ဒီ ဟော်မုန်းမျိုးဟာ ယောကျာၤး ၊မိန်းမ မရွေး ထုတ်လုပ်နိုင်ပြီး အများဆုံး ထုတ်လုပ်သူတွေကတော့ မိန်းကလေးတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေဟာ ယောကျာၤးတစ်ယောက်နဲ့ ချစ်တင်းနှောပြီးတဲ့နောက်မှာ မာနတွေခဝါချပြီး ချစ်ကျွမ်းဝင်မိသွားတာပါ။ ထိုဟော်မုန်းထွက်ရှိခြင်းက ပဲ ဆုံးခန်းတိုင်သည်အထိ သာယာကြည်နူးမှုကို ပေးစွမ်းနိုင်တာကြောင့် အိမ် ထောင်ရေးသုခ မပြည့်၀ တဲ့အခါမှာ နာကျင်တဲ့ ခံစားချက်တွေထွက်ပေါ်ခြင်းပဲဖြစ်ပါတယ်။

အမျိုးသားတွေ ကာမသုခ ပြည့်ဝတဲ့အခါမှာ တော့ ဒိုပါမင် ဆိုတဲ့ ဟော်မုန်းတစ်မျိုးကိုထုတ်လုပ်ပေးပြီး ထိုဟော်မုန်းဟာ သာယာကြည်နူးမှုကို ဖြစ်စေပြီး စွဲလန်းတတ်စေပါတယ်။ဒါကြောင့် အမျိုးသားအများစုဟာ ချစ်တင်းနှောခြင်းကို စွဲလန်းခုံမင်ကြတာပဲဖြစ်တယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။

Credit: Thithtoolwin

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top