iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္ေရးဝေအာင္ အိပ္တာက အခ်စ္ေရးေက်နပ္ေပ်ာ္ရႊင္မႈနဲ႕ ဆက္စပ္မႈရွိတဲ့အျပင္ အေရးပါတဲ့ အက်ဳိးတက္ေရာက္မႈရိွတယ္လုိ႔ Journal of Family Psychology ရဲ႕ ေလ့လာမႈတစ္ခုက ဆုိပါတယ္။ သုေတသီေတြက အေမရိကႏုိင္ငံ အုိဟုိင္းအုိးျပည္နယ္က ေလာေလာလတ္လတ္ အိမ္ေထာင္ျပဳထားသူ လိင္မတူ စုံတြဲ ၆၈ ေယာက္ကို သူတို႔ရဲ႕ ညအိပ္ခ်ိန္ပမာဏ၊ လိင္ကိစၥ၊ ၾကင္နာယုယမႈနဲ႔ အျငင္းပြားမႈေျပလည္ေအာင္ေျဖရွင္းျခင္းစတဲ့ ေနရာေတြမွာ အခ်စ္ေရးအရ ေက်နပ္အားရမႈနဲ႔ ဘက္ေပါင္းစုံ ေက်နပ္အားရမႈနဲ႔ ပတ္သက္ျပီး ၇ ရက္ၾကာ စူးစမ္းေလ့လာမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ပုံမွန္ထက္ ပိုအိပ္သူေတြဟာ အိမ္ေထာင္ဘဝမွာ ေက်နပ္အားရမႈ ခံစားႏုိင္ေျခ ပိုမ်ားတာ ေတြ႔ရပါတယ္။ အိပ္ခ်ိန္ပိုမ်ားတဲ့ အမ်ဳိးသားေတြ စိတ္အေႏွာင့္အယွက္ျဖစ္မႈနဲ႔ ျငင္းခုံစကားမ်ားမႈေတြ ပိုနည္းၾကပါတယ္။ အိပ္ခ်ိန္ တစ္နာရီလြတ္သြားျခင္းကပင္ အေသးအဖြဲျငင္းခုံမႈေတြပို ျဖစ္ေစႏုိင္ျပီး စိတ္ကသိကေအာက္ျဖစ္ေစတတ္ပါတယ္။

အိပ္ေရးဝေအာင္ အိပ္တာကလည္း ပိုမိုေကာင္းမြန္တဲ့ ျပသနာေျဖရွင္းျခင္းနည္းေတြ ျဖစ္ပါတယ္။ ဆိုေတာ့ အခ်စ္ေရး အေျခခံျပသနာေတြ ျဖစ္ေပၚတဲ့အခါ ေကာင္းစြာအနားယူသူက ျပသနာေတြကို လ်င္လ်င္ျမန္ျမန္ေျဖရွင္းႏုိင္မွာ ျဖစ္ပါတယ္။ ဒါတကယ္ အဟုတ္ပဲ ျဖစ္ပါတယ္။ အိပ္ခ်ိန္ ပိုမို ရရိွသင့္ေပးသင့္ပါတယ္။ က်န္းမာေရး၊ စိတ္ေပ်ာ္ရႊင္မႈ၊ စိတ္ဖိစီးမႈအတြက္ ေကာင္းမြန္ပါတယ္။

ေကာင္းေကာင္းအနားရတဲ့အခါ မိမိေျပာဆုိမႈပုံစံ မ်ားစြာ ပိုေကာင္းလာပါတယ္။ ဒါေၾကာင့္ အခ်စ္ေရးအတြက္ျဖစ္ျဖစ္၊ ကုိယ္ကိုတုိင္အတြက္ ျဖစ္ျဖစ္ အိပ္စက္မႈကို ဦးစားေပး သတ္မွတ္ခ်က္အျဖစ္ သေဘာထားသင့္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိပ်ရေးဝအောင် အိပ်တာက အချစ်ရေးကျေနပ်ပျော်ရွှင်မှုနဲ့ ဆက်စပ်မှုရှိတဲ့အပြင် အရေးပါတဲ့ အကျိုးတက်ရောက်မှုရှိတယ်လို့ Journal of Family Psychology ရဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သုတေသီတွေက အမေရိကနိုင်ငံ အိုဟိုင်းအိုးပြည်နယ်က လောလောလတ်လတ် အိမ်ထောင်ပြုထားသူ လိင်မတူ စုံတွဲ ၆၈ ယောက်ကို သူတို့ရဲ့ ညအိပ်ချိန်ပမာဏ၊ လိင်ကိစ္စ၊ ကြင်နာယုယမှုနဲ့ အငြင်းပွားမှုပြေလည်အောင်ဖြေရှင်းခြင်းစတဲ့ နေရာတွေမှာ အချစ်ရေးအရ ကျေနပ်အားရမှုနဲ့ ဘက်ပေါင်းစုံ ကျေနပ်အားရမှုနဲ့ ပတ်သက်ပြီး ၇ ရက်ကြာ စူးစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပုံမှန်ထက် ပိုအိပ်သူတွေဟာ အိမ်ထောင်ဘဝမှာ ကျေနပ်အားရမှု ခံစားနိုင်ခြေ ပိုများတာ တွေ့ရပါတယ်။ အိပ်ချိန်ပိုများတဲ့ အမျိုးသားတွေ စိတ်အနှောင့်အယှက်ဖြစ်မှုနဲ့ ငြင်းခုံစကားများမှုတွေ ပိုနည်းကြပါတယ်။ အိပ်ချိန် တစ်နာရီလွတ်သွားခြင်းကပင် အသေးအဖွဲငြင်းခုံမှုတွေပို ဖြစ်စေနိုင်ပြီး စိတ်ကသိကအောက်ဖြစ်စေတတ်ပါတယ်။

အိပ်ရေးဝအောင် အိပ်တာကလည်း ပိုမိုကောင်းမွန်တဲ့ ပြသနာဖြေရှင်းခြင်းနည်းတွေ ဖြစ်ပါတယ်။ ဆိုတော့ အချစ်ရေး အခြေခံပြသနာတွေ ဖြစ်ပေါ်တဲ့အခါ ကောင်းစွာအနားယူသူက ပြသနာတွေကို လျင်လျင်မြန်မြန်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါတကယ် အဟုတ်ပဲ ဖြစ်ပါတယ်။ အိပ်ချိန် ပိုမို ရရှိသင့်ပေးသင့်ပါတယ်။ ကျန်းမာရေး၊ စိတ်ပျော်ရွှင်မှု၊ စိတ်ဖိစီးမှုအတွက် ကောင်းမွန်ပါတယ်။

ကောင်းကောင်းအနားရတဲ့အခါ မိမိပြောဆိုမှုပုံစံ များစွာ ပိုကောင်းလာပါတယ်။ ဒါကြောင့် အချစ်ရေးအတွက်ဖြစ်ဖြစ်၊ ကိုယ်ကိုတိုင်အတွက် ဖြစ်ဖြစ် အိပ်စက်မှုကို ဦးစားပေး သတ်မှတ်ချက်အဖြစ် သဘောထားသင့်ပါတယ်။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top