iMyanmarHouse.com - Best Property Website for Myanmar
×

►အမ်ိဳးသမီးေတြ ေသြးဆံုးတယ္ဆုိတာ ဘာကုိေျပာ တာပါလဲဆရာ၊ ေဆးပညာ႐ႈေထာင့္ကေန ရွင္းျပ ေပးပါလား။

အမ်ိဳးသမီးေတြက ၄၅၊ ၅ဝ ပတ္ဝန္းက်င္ ေလာက္ေရာက္ၿပီဆိုရင္ သူတို႔ရဲ႕ခႏၶာကိုယ္ထဲမွာရွိ တဲ့ သားဥအိမ္ကေန ေဟာ္မုန္းေတြထုတ္တာ ရပ္ သြားတယ္။ တျဖည္းျဖည္းနဲ႔ နည္းလာရာကေန လံုးဝရပ္သြားေရာ။ အဲ့ဒီေတာ့ မိန္းမေဟာ္မုန္းေတြ မထြက္ေတာ့တဲ့အခါက်ေတာ့ ဓမၼတာ မလာေတာ့ ဘူး။ ဓမၼတာမလာေတာ့ဘူးဆိုရင္ မိန္းကေလးေတြ က ေသြးဆံုးၿပီေပါ့။ အဲ့ဒီလိုေသြးဆံုးတာက အမ်ိဳး သမီးတိုင္း ႀကံဳရမယ့္ သဘာဝတရားႀကီးပါ။ တစ္ ေယာက္နဲ႔ တစ္ေယာက္ေတာ့ မတူၾကဘူးေပါ့။ အ ၾကမ္းဖ်င္းအားျဖင့္ေတာ့ အသက္၄၅၊ ၅ဝ ေလာက္ မွာ ျဖစ္တယ္။ အမ်ားစုကေတာ့ ဒီလိုပဲ ဓမၼတာ မလာေတာ့တာ၊ ဓမၼတာကတ ျဖည္းျဖည္းနဲ႔ လေတြ လေတြေက်ာ္ေက်ာ္သြားၿပီး မလာေတာ့တာေတြျဖစ္ ၿပီး ဓမၼတာရပ္သြားတယ္။ အဲ့ဒါကုိပဲ ေသြးဆုံးတယ္ လုိ႔ေခၚတာပါ။

►ေသြးဆံုးျခင္းနဲ႔ဆိုင္တဲ့ လကၡဏာေတြကေရာ ဘာ ေတြျဖစ္လာမလဲ။ ႀကိဳၿပီးသိႏုိင္ေအာင္ေျပာျပေပး ပါဆရာ။

တစ္ေယာက္နဲ႔ တစ္ေယာက္ေတာ့ မတူဘူးေပါ့။အမ်ားဆံုးျဖစ္တာက ဘာလဲဆိုေတာ့ မီးယပ္ပူ မီးယပ္ခ်မ္းလို႔ေခၚတဲ့ မ်က္ႏွာေတြ လည္ပင္းေတြ၊ ရင္ဘတ္ေတြ ရွိန္္းရွိန္း ရွိန္းရွိန္းနဲ႔ပူမယ္။ ေနာက္ၿပီး ခ်မ္းသြားျပန္ေရာ၊ ညႀကီးမွာလည္း ေခြၽးေတြ မတ ရားထြက္ၿပီး လန္႔ႏိုးတာတို႔ျဖစ္တယ္။ အဲ့ဒါမ်ိဳးေတြ ျဖစ္တတ္တာေပါ့။ ေနာက္ၿပီး ညအိပ္မေပ်ာ္တာ ေတြျဖစ္တယ္။ တခ်ိဳ႕ေတြက်ေတာ့ စိတ္မွာအေျပာင္း အလဲေတြျဖစ္တယ္။ ေဒါသထြက္တာတို႔ တစ္ခါတ ေလက်လို႔ရွိရင္ ဘာမွမဟုတ္တဲ့အေၾကာင္းနဲ႔လည္း ငိုခ်င္ေနတာေပါ့။ ငိုခ်င္ ငိုေနမယ္။ ေနာက္ၿပီးေတာ့ အိမ္ေထာင္ရွင္ေတြမွာ မယံုသကၤာျဖစ္တာေတြ လည္း ျဖစ္တက္တယ္။ ေယာက်္ားကို အဲ့ဒီလိုမ်ိဳး ေတြျဖစ္တယ္။ ေနာက္ၿပီးမိမိေယာက်္ားကုိ စိတ္ကုန္ တာေတြရွိတယ္။ ကိုယ့္ကေလးေတြနဲ႔လည္း ဘာမ ဟုတ္တာေလးနဲ႔ စိတ္ဆိုးစိတ္ေကာက္တာေတြ ျဖစ္ တယ္။ စိတ္ေတြနဲ႔ပတ္သက္ၿပီးကေတာ့ မ်ိဳးစံုျဖစ္ တယ္။ ဒါေတြကို ေသြးဆံုးတဲ့လကၡဏာေတြလို႔ ေျပာ ၾကတယ္။

►ေသြးဆံုးတာရဲ႕ေနာက္ဆက္တြဲ ကိစၥရပ္ေလးေတြ ကေရာ ဘာေတြ ျဖစ္မလဲဆရာ။

ထပ္ၿပီးေတာ့ သိရမယ့္အေၾကာင္းေလးေတြ လည္းရွိတယ္။လကၡဏာေတြ အဲ့ဒီလိုေတြ ျပၿပီဆို လို႔ရွိရင္ ဘာေတြျဖစ္ေသးလဲဆိုေတာ့ တျဖည္းျဖည္း နဲ႔ ရက္ပိုၾကာလာၿပီဆိုလို႔ရွိရင္ မ်ိဳးပြားအဂၤါေတြမွာ ေမြးလမ္းေၾကာင္းေတြ၊ ဆီးသြားတဲ့ေနရာေတြမွာရွိတဲ့ အေရျပားေတြက ေျခာက္ေသြ႔ၿပီးေတာ့ အရည္ေတြ ဘာေတြ သိပ္မထြက္ေတာ့ဘဲနဲ႔ ယားယံတာေတြဘာ ေတြျဖစ္တတ္တယ္။ ေနာက္တစ္ခုက အိမ္ေထာင္ ေရးေတြမွာ ျပႆနာတက္တာက စိတ္မပါေတာ့ တာ၊ နာက်င္တာတို႔ျဖစ္တတ္တယ္။ အတူတူေနတဲ့ ကိစၥေတြမွာ သာယာမႈမရွိတာေတြ နည္းလာတာတို႔ ျဖစ္တတ္တယ္။ ပြန္းပဲ့တာေတြ ျဖစ္တတ္တယ္။ ေနာက္ ဆီးမထိန္းႏိုင္တာေတြ ျဖစ္တတ္တယ္။ ေခ်ာင္းဆိုးရင္ ဆီးမထိန္းႏိုင္တာတို႔ ျဖစ္တယ္။ ►ေသြးဆံုးျခင္းနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ က်န္းမာေရးျပႆနာေတြရွိရင္ လည္းႀကိဳတင္ကာကြယ္လုိ႔ရ ေအာင္ေျပာျပေပးပါဆရာ။ ဘာေတြျဖစ္တတ္ေသးလဲဆိုေတာ့ ေဟာ္မုန္း အေျပာင္းအလဲေတြေၾကာင့္ အ႐ိုးေတြပြ အ႐ိုးပါးတာ ေတြျဖစ္တတ္တယ္။ ေနာက္ၿပီးေတာ့ အမ်ိဳးသမီးေတြ အသက္ႀကီးလာၿပီဆိုလို႔ရွိရင္ ေခ်ာ္လဲတဲ့အခါေတြ မွာ လက္ေလးနဲ႔ ေထာက္႐ံုေလးနဲ႔ က်ိဳးသြားတာ ေတြျဖစ္တတ္တယ္။ လက္ေကာက္ဝတ္ အ႐ိုးေတြ က်ိဳးတာ။ ေပါင္႐ိုးေတြက်ိဳးတာ။ အဲ့ဒါမ်ိဳးေတြျဖစ္ တတ္တယ္။ အလြယ္အကူနဲ႔ က်ိဳးသြားတတ္တယ္။ ေနာက္ဒီထက္ပိုၿပီး ၾကာသြာရင္ေတာ့ ခါးေတြကုန္း တာတို႔၊ ခါးမွာရွိတဲ့အ႐ိုးေတြ က်ိဳးပဲ့ကုန္တာေတြျဖစ္ တတ္တယ္။ ေနာက္ၿပီးေတာ့ အမ်ိဳးသမီးေတြမွာ ႏွလံုးေသြးေၾကာက်ဥ္းတဲ့ ေရာဂါေတြက ပိုျဖစ္လာ တယ္။ အရင္တုန္းက ေဟာ္မုန္းေတြက အဲ့ဒါေတြ မျဖစ္ေအာင္ ကာကြယ္ေပးထားတာခုလို ေဟာ္မုန္း လည္းမထြက္ေရာ ႏွလံုးေသြးေၾကာက်ဥ္း ၿပီးေတာ့ ရင္ဘတ္ေအာင့္တာတို႔ ပိုၿပီးေတာ့ ျဖစ္တတ္္တယ္။

►အမ်ိဳးသမီးတစ္ေယာက္ေသြးဆုံးၿပီဆုိရင္ မိသားစု ေတြကေရာ ဘယ္လုိမ်ိဳးေတြနားလည္ေပးဖုိ႔လုိမလဲ။

ပထမအေရးအႀကီးဆံုးကေတာ့ အဲ့ဒီသဘာဝ တရားႀကီးကို အမ်ိဳးသမီးေတြ၊ သူ႔ရဲ႕ မိသားစုေတြ အေနနဲ႔ အမွန္အတိုင္းနားလည္ဖို႔ေတာ့ လုိတာေပါ့ ေနာ္။ သဘာဝတရားျဖစ္တဲ့အတြက္ ဒါမ်ိဳးေတြက ႀကံဳရတတ္တယ္။ တခ်ိဳ႕ေတြကအဲ့ဒါမ်ိဳးေတြျဖစ္လာ ရင္လံုးဝလက္မခံတဲ့ သူေတြလည္းရွိတယ္။ တခ်ိဳ႕ ဆို စိတၱဇပဲျဖစ္သလိုပံုစံမ်ိဳးနဲ႔ မိသားစုကလည္း အဲ့ ဒီအခ်ိန္မ်ိဳးက်ရင္ နားမလည္ျဖစ္ၿပီး စိတၱဇဆရာဝန္ ဆီေရာက္တာတို႔၊ ေတာေတြမွာဆို ပေယာဂဝင္တယ္ ဆိုၿပီးေတာ့ ျဖစ္တတ္တယ္။ မိသားစုအေနနဲ႔က လည္း ဒီသဘာဝတရားကို နားလည္ရမယ္။ မိမိအ ေနနဲ႔ကလည္း ဘာလုပ္ဖို႔လိုသလဲဆိုေတာ့ သဘာဝ တရားကိုလက္ခံဖို႔လိုတယ္။ မိမိဘဝကိုအလိုက္သင့္ ေနႏိုင္ေအာင္ ပံုစံကိုအလိုက္သင့္ေျပာင္းလဲရမယ္။

►ေသြးဆုံးတယ္ဆုိတာကေတာ့ အမ်ိဳးသမီးတုိင္းျဖစ္ တတ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီလုိျဖစ္ခ်ိန္မွာ က်န္းမာ ေရးအျမင္နဲ႔ ဘာေတြႀကိဳတင္ျပင္ဆင္ရပါမလဲ။

ဘာေတြ ေျပာင္းလဲေပးရမလဲဆိုေတာ့ ေဟာ္ မုန္းေတြ ေျပာင္းလဲသြားတဲ့ ကိစၥေတြမွာ သဘာဝ ေဟာ္မုန္းျဖစ္တဲ့ ပဲႏို႔တို႔၊ ပဲပုတ္တို႔၊ ပဲပိစပ္တို၊႔ တို႔ ဟူးတို႔ အဲ့ဒါမ်ိဳးေလးေတြကို စားရမယ္။ေနာက္ၿပီး ေတာ့ အ႐ိုးေတြ သန္စြမ္းဖို႔အတြက္ ႏို႔နဲ႔ ႏို႔ထြက္ ပစၥည္းေတြကို စားရမယ္။

Credit: Hantharwady News

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
►အမျိုးသမီးတွေ သွေးဆုံးတယ်ဆိုတာ ဘာကိုပြော တာပါလဲဆရာ၊ ဆေးပညာရှုထောင့်ကနေ ရှင်းပြ ပေးပါလား။

အမျိုးသမီးတွေက ၄၅၊ ၅ဝ ပတ်ဝန်းကျင် လောက်ရောက်ပြီဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိ တဲ့ သားဥအိမ်ကနေ ဟော်မုန်းတွေထုတ်တာ ရပ် သွားတယ်။ တဖြည်းဖြည်းနဲ့ နည်းလာရာကနေ လုံးဝရပ်သွားရော။ အဲ့ဒီတော့ မိန်းမဟော်မုန်းတွေ မထွက်တော့တဲ့အခါကျတော့ ဓမ္မတာ မလာတော့ ဘူး။ ဓမ္မတာမလာတော့ဘူးဆိုရင် မိန်းကလေးတွေ က သွေးဆုံးပြီပေါ့။ အဲ့ဒီလိုသွေးဆုံးတာက အမျိုး သမီးတိုင်း ကြုံရမယ့် သဘာဝတရားကြီးပါ။ တစ် ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူးပေါ့။ အ ကြမ်းဖျင်းအားဖြင့်တော့ အသက်၄၅၊ ၅ဝ လောက် မှာ ဖြစ်တယ်။ အများစုကတော့ ဒီလိုပဲ ဓမ္မတာ မလာတော့တာ၊ ဓမ္မတာကတ ဖြည်းဖြည်းနဲ့ လတွေ လတွေကျော်ကျော်သွားပြီး မလာတော့တာတွေဖြစ် ပြီး ဓမ္မတာရပ်သွားတယ်။ အဲ့ဒါကိုပဲ သွေးဆုံးတယ် လို့ခေါ်တာပါ။

►သွေးဆုံးခြင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေကရော ဘာ တွေဖြစ်လာမလဲ။ ကြိုပြီးသိနိုင်အောင်ပြောပြပေး ပါဆရာ။

တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။အများဆုံးဖြစ်တာက ဘာလဲဆိုတော့ မီးယပ်ပူ မီးယပ်ချမ်းလို့ခေါ်တဲ့ မျက်နှာတွေ လည်ပင်းတွေ၊ ရင်ဘတ်တွေ ရှိန်းရှိန်း ရှိန်းရှိန်းနဲ့ပူမယ်။ နောက်ပြီး ချမ်းသွားပြန်ရော၊ ညကြီးမှာလည်း ချွေးတွေ မတ ရားထွက်ပြီး လန့်နိုးတာတို့ဖြစ်တယ်။ အဲ့ဒါမျိုးတွေ ဖြစ်တတ်တာပေါ့။ နောက်ပြီး ညအိပ်မပျော်တာ တွေဖြစ်တယ်။ တချို့တွေကျတော့ စိတ်မှာအပြောင်း အလဲတွေဖြစ်တယ်။ ဒေါသထွက်တာတို့ တစ်ခါတ လေကျလို့ရှိရင် ဘာမှမဟုတ်တဲ့အကြောင်းနဲ့လည်း ငိုချင်နေတာပေါ့။ ငိုချင် ငိုနေမယ်။ နောက်ပြီးတော့ အိမ်ထောင်ရှင်တွေမှာ မယုံသင်္ကာဖြစ်တာတွေ လည်း ဖြစ်တက်တယ်။ ယောကျ်ားကို အဲ့ဒီလိုမျိုး တွေဖြစ်တယ်။ နောက်ပြီးမိမိယောကျ်ားကို စိတ်ကုန် တာတွေရှိတယ်။ ကိုယ့်ကလေးတွေနဲ့လည်း ဘာမ ဟုတ်တာလေးနဲ့ စိတ်ဆိုးစိတ်ကောက်တာတွေ ဖြစ် တယ်။ စိတ်တွေနဲ့ပတ်သက်ပြီးကတော့ မျိုးစုံဖြစ် တယ်။ ဒါတွေကို သွေးဆုံးတဲ့လက္ခဏာတွေလို့ ပြော ကြတယ်။

►သွေးဆုံးတာရဲ့နောက်ဆက်တွဲ ကိစ္စရပ်လေးတွေ ကရော ဘာတွေ ဖြစ်မလဲဆရာ။

ထပ်ပြီးတော့ သိရမယ့်အကြောင်းလေးတွေ လည်းရှိတယ်။လက္ခဏာတွေ အဲ့ဒီလိုတွေ ပြပြီဆို လို့ရှိရင် ဘာတွေဖြစ်သေးလဲဆိုတော့ တဖြည်းဖြည်း နဲ့ ရက်ပိုကြာလာပြီဆိုလို့ရှိရင် မျိုးပွားအင်္ဂါတွေမှာ မွေးလမ်းကြောင်းတွေ၊ ဆီးသွားတဲ့နေရာတွေမှာရှိတဲ့ အရေပြားတွေက ခြောက်သွေ့ပြီးတော့ အရည်တွေ ဘာတွေ သိပ်မထွက်တော့ဘဲနဲ့ ယားယံတာတွေဘာ တွေဖြစ်တတ်တယ်။ နောက်တစ်ခုက အိမ်ထောင် ရေးတွေမှာ ပြဿနာတက်တာက စိတ်မပါတော့ တာ၊ နာကျင်တာတို့ဖြစ်တတ်တယ်။ အတူတူနေတဲ့ ကိစ္စတွေမှာ သာယာမှုမရှိတာတွေ နည်းလာတာတို့ ဖြစ်တတ်တယ်။ ပွန်းပဲ့တာတွေ ဖြစ်တတ်တယ်။ နောက် ဆီးမထိန်းနိုင်တာတွေ ဖြစ်တတ်တယ်။ ချောင်းဆိုးရင် ဆီးမထိန်းနိုင်တာတို့ ဖြစ်တယ်။ ►သွေးဆုံးခြင်းနဲ့ ပတ်သက်ပြီး နောက်ထပ် ကျန်းမာရေးပြဿနာတွေရှိရင် လည်းကြိုတင်ကာကွယ်လို့ရ အောင်ပြောပြပေးပါဆရာ။ ဘာတွေဖြစ်တတ်သေးလဲဆိုတော့ ဟော်မုန်း အပြောင်းအလဲတွေကြောင့် အရိုးတွေပွ အရိုးပါးတာ တွေဖြစ်တတ်တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေ အသက်ကြီးလာပြီဆိုလို့ရှိရင် ချော်လဲတဲ့အခါတွေ မှာ လက်လေးနဲ့ ထောက်ရုံလေးနဲ့ ကျိုးသွားတာ တွေဖြစ်တတ်တယ်။ လက်ကောက်ဝတ် အရိုးတွေ ကျိုးတာ။ ပေါင်ရိုးတွေကျိုးတာ။ အဲ့ဒါမျိုးတွေဖြစ် တတ်တယ်။ အလွယ်အကူနဲ့ ကျိုးသွားတတ်တယ်။ နောက်ဒီထက်ပိုပြီး ကြာသွာရင်တော့ ခါးတွေကုန်း တာတို့၊ ခါးမှာရှိတဲ့အရိုးတွေ ကျိုးပဲ့ကုန်တာတွေဖြစ် တတ်တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေမှာ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါတွေက ပိုဖြစ်လာ တယ်။ အရင်တုန်းက ဟော်မုန်းတွေက အဲ့ဒါတွေ မဖြစ်အောင် ကာကွယ်ပေးထားတာခုလို ဟော်မုန်း လည်းမထွက်ရော နှလုံးသွေးကြောကျဉ်း ပြီးတော့ ရင်ဘတ်အောင့်တာတို့ ပိုပြီးတော့ ဖြစ်တတ်တယ်။

►အမျိုးသမီးတစ်ယောက်သွေးဆုံးပြီဆိုရင် မိသားစု တွေကရော ဘယ်လိုမျိုးတွေနားလည်ပေးဖို့လိုမလဲ။

ပထမအရေးအကြီးဆုံးကတော့ အဲ့ဒီသဘာဝ တရားကြီးကို အမျိုးသမီးတွေ၊ သူ့ရဲ့ မိသားစုတွေ အနေနဲ့ အမှန်အတိုင်းနားလည်ဖို့တော့ လိုတာပေါ့ နော်။ သဘာဝတရားဖြစ်တဲ့အတွက် ဒါမျိုးတွေက ကြုံရတတ်တယ်။ တချို့တွေကအဲ့ဒါမျိုးတွေဖြစ်လာ ရင်လုံးဝလက်မခံတဲ့ သူတွေလည်းရှိတယ်။ တချို့ ဆို စိတ္တဇပဲဖြစ်သလိုပုံစံမျိုးနဲ့ မိသားစုကလည်း အဲ့ ဒီအချိန်မျိုးကျရင် နားမလည်ဖြစ်ပြီး စိတ္တဇဆရာဝန် ဆီရောက်တာတို့၊ တောတွေမှာဆို ပယောဂဝင်တယ် ဆိုပြီးတော့ ဖြစ်တတ်တယ်။ မိသားစုအနေနဲ့က လည်း ဒီသဘာဝတရားကို နားလည်ရမယ်။ မိမိအ နေနဲ့ကလည်း ဘာလုပ်ဖို့လိုသလဲဆိုတော့ သဘာဝ တရားကိုလက်ခံဖို့လိုတယ်။ မိမိဘဝကိုအလိုက်သင့် နေနိုင်အောင် ပုံစံကိုအလိုက်သင့်ပြောင်းလဲရမယ်။

►သွေးဆုံးတယ်ဆိုတာကတော့ အမျိုးသမီးတိုင်းဖြစ် တတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုဖြစ်ချိန်မှာ ကျန်းမာ ရေးအမြင်နဲ့ ဘာတွေကြိုတင်ပြင်ဆင်ရပါမလဲ။

ဘာတွေ ပြောင်းလဲပေးရမလဲဆိုတော့ ဟော် မုန်းတွေ ပြောင်းလဲသွားတဲ့ ကိစ္စတွေမှာ သဘာဝ ဟော်မုန်းဖြစ်တဲ့ ပဲနို့တို့၊ ပဲပုတ်တို့၊ ပဲပိစပ်တို၊့ တို့ ဟူးတို့ အဲ့ဒါမျိုးလေးတွေကို စားရမယ်။နောက်ပြီး တော့ အရိုးတွေ သန်စွမ်းဖို့အတွက် နို့နဲ့ နို့ထွက် ပစ္စည်းတွေကို စားရမယ်။

Credit: Hantharwady News



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top