iMyanmarHouse.com - Best Property Website for Myanmar
×

မိုးတြင္းအျပင္ထြက္တဲ့အခါ မိုးေရေတြ စိုစြတ္သြားတဲ့ ဆံပင္ေတြဟာ ဖြာသြားတာ၊ ပံုမက်ေတာ့တာ စသျဖင့္ အၾကည့္ရဆိုးေစပါတယ္။ အဲ့ဒီလို မျဖစ္ရေအာင္ ခုလို မိုးရာသီ ေခါင္းစေလ်ွာ္တဲ့ အခ်ိန္ကေန စျပီး အျပင္ထြက္တဲ့အခ်ိန္ေတြမွာလည္း ဘယ္လိုျပင္ဆင္သြားသင့္တယ္ဆုိတာ အဆင့္ဆင့္ ေျပာျပေပးသြားခ်င္ပါတယ္။
(၁) ေခါင္းေလွ်ာ္တာကေတာ့ ပထမအဆင့္ပါ။

ရာသီဥတု ခန္းမွန္းခ်က္မွာ မိုးရြာမယ္လို႔ ေျပာထားသလား။ မိုးမိလုိ႔ ဖယိုဖရဲ ျဖစ္မယ့္ သင့္ဆံပင္အတြက္ ေခါင္းေလ်ွာ္တဲ့အခါ ဆံပင္ေပ်ာ့ေဆးသာ သံုးထားမယ္ဆုိရင္ ရိုးရိုးေလ်ွာ္ထားတဲ့ ဆံပင္ေတြထက္ ၾကည့္ရတာ ပိုအဆင္ေျပပါလိမ့္မယ္။ ေခါင္းေလွ်ာ္တဲ့ အခါတုိင္း ဆံပင္ေပ်ာ့ေဆးသံုးၿပီး  ေလွ်ာ္ဖုိ႔ေတာ့ မေမ့ပါနဲ႔။

(၂) အေျခာက္ခံပါ

ေခါင္းေလွ်ာ္ျပီးရင္ ဆံပင္ေျခာက္ေအာင္ ပုဝါကို အသုံးျပဳျပီး ၾကမ္းၾကမ္းတမ္းတမ္း သုတ္တာမ်ဳိး ေရွာင္ပါ။ ဘာေၾကာင့္လည္းဆိုေတာ့ ဒါဟာ ဆံပင္သားကို  ၾကမ္းတမ္းေစျပီး မေျဖာင့္ေတာပဲ ေကာက္ေကာက္ႀကီး ျဖစ္သြားေစႏိုင္ပါတယ္။ အဲဒီအစား dryer နဲ႔ ေျခာက္ေအာင္ မမႈတ္ခင္ တဘက္နဲ႔ ေျခာက္ေအာင္ အသာေလးဖိျပီး ေရေတြကို ဖယ္ထုတ္ပါ။ မိုးမိလို႔ ေရစိုသြားတယ္ဆိုရင္လည္း အဲဒီအတုိင္းပဲ စကၠဴပုဝါနဲ႔ တို႔တုိ႔ၿပီး ေျခာက္ေအာင္ သုတ္ေပးမယ္ဆိုရင္ ဆံပင္သား မနာေတာ့ဘူးေပါ့။

(၃) အလုပ္သြားမယ္၊ ေက်ာင္းသြားေတာ့မယ္ဆိုရင္ ၾကိဳတင္ျပင္ဆင္ထားပါ။

ဆံပင္အရင္းကို ေရမထိေအာင္ မိုးကာတစ္ခုခုျဖင့္ အတတ္ႏိုင္ဆံုး ကာထားေပးပါ။

(၄)ေရစိုသြားတဲ့အခါ ျဖစ္ႏုိင္ရင္ အျမန္ဆုံး ေျခာက္ေအာင္လုပ္ပါ။

ဆံပင္ေရစိုျပီဆိုရင္ အျမန္ဆုံးေျခာက္ေအာင္ သုတ္ေပးျခင္းဟာ ဆံပင္ေကာက္ျခင္း၊ ၾကည့္လို႔မေကာင္းေအာင္ ပြေယာင္းေယာင္းျဖစ္ျခင္းေတြကို ေလ်ာ့နည္းေစပါလိမ့္မယ္။ ဆံပင္အေျခာက္ခံစက္ မရိွတဲ့ ေနရာမ်ဳိးေတြမွာ မိုးမိတယ္ဆိုရင္ လက္ကိုသာ သုံးျပီး အျမန္ဆုံးေျခာက္ေအာင္သုတ္ပါ။

(၅) အခ်ိန္အားေနတုိင္း ဆံပင္တို႔ထိျခင္းကို ေရွာင္ပါ။

က်ဲတဲ့ဆံပင္မ်ဳိးကုိ လက္နဲ႔ ခဏခဏ သြားကိုင္မယ္ဆိုရင္လည္း လက္ထဲက ေခြ်းေတြနဲ႔ အပူဓာတ္ေတြေၾကာင့္ ပိုျပီး စိုစြတ္ေအာင္ထပ္လုပ္သလို ျဖစ္ေစႏုိင္ပါတယ္။

(၆) ဆံပင္ထိန္းသိမ္းေဆးတစ္ခုခု ေဆာင္ထားပါ။

ဆံပင္ကို ဖရိုဖရဲ မျဖစ္ေအာင္ထိန္းသိမ္းေပးမယ့္ Serum လို အသုံးအေဆာင္တစ္ခုခုကို အျမဲေဆာင္ထားပါ။ လက္ေလးနဲ႔ ေအာက္ေျခကေန အသာေလး ပြတ္လိမ္းေပးမယ္ဆိုရင္ ဘယ္ရာသီဥတုအေျခအေနမ်ဳိးမွာမဆို ဆံပင္ကို ထိန္းသိမ္းျပီးသားျဖစ္ေနပါလိမ့္မယ္။

(၇) ဘီးကို ေဝးေဝးမွာသာထားပါ။

ဆံပင္ေရစိုထိလို႔ ဖရိုဖရဲျဖစ္ေနတဲ့ အခ်ိန္မွာ ေခါင္းကို သြားမၿဖီးလိုက္ပါနဲ႔။ အဲဒီအေကြးအေကာက္အတိုင္းေျခာက္သြားတယ္ဆိုရင္ မသပ္မရပ္ျဖစ္သြားေစပါလိမ့္မယ္။

(၈) ေခါင္းတြင္ အဝတ္စပတ္ျပီး အိပ္ပါ။

ညအခ်ိန္မွာ ေခါင္းေလွ်ာ္ျပီး ဆံပင္ကို အေျဖာင့္ဆြဲထားတယ္ဆိုရင္ အဝတ္စကို ေခါင္းမွာ ပတ္ထားျပီး ေနာက္တစ္ေန႔အတြက္ ျပင္ဆင္မႈ လုပ္ေပးပါ။ ဆံပင္ကို သပ္သပ္ရပ္ရပ္နဲ႔ ေျဖာင့္ေနေအာင္ ထိန္းသိမ္းထားေပးမွာျဖစ္ျပီး မိုးရာသီအခ်ိန္မ်ဳိး အတြက္ ေကာင္းမြန္တဲ့ ၾကိဳတင္ျပင္ဆင္မႈ တစ္ခုလည္းျဖစ္ပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိုးတွင်းအပြင်ထွက်တဲ့အခါ မိုးရေတွေ စိုစွတ်သွားတဲ့ ဆံပင်တွေဟာ ဖွာသွားတာ၊ ပုံမကျတော့တာ စသဖြင့် အကြည့်ရဆိုးစေပါတယ်။ အဲ့ဒီလို မဖြစ်ရအောင် ခုလို မိုးရာသီ ခေါင်းစလျှော်တဲ့ အချိန်ကနေ စပြီး အပြင်ထွက်တဲ့အချိန်တွေမှာလည်း ဘယ်လိုပြင်ဆင်သွားသင့်တယ်ဆိုတာ အဆင့်ဆင့် ပြောပြပေးသွားချင်ပါတယ်။
(၁) ခေါင်းလျှော်တာကတော့ ပထမအဆင့်ပါ။

ရာသီဥတု ခန်းမှန်းချက်မှာ မိုးရွာမယ်လို့ ပြောထားသလား။ မိုးမိလို့ ဖယိုဖရဲ ဖြစ်မယ့် သင့်ဆံပင်အတွက် ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးသာ သုံးထားမယ်ဆိုရင် ရိုးရိုးလျှော်ထားတဲ့ ဆံပင်တွေထက် ကြည့်ရတာ ပိုအဆင်ပြေပါလိမ့်မယ်။ ခေါင်းလျှော်တဲ့ အခါတိုင်း ဆံပင်ပျော့ဆေးသုံးပြီး  လျှော်ဖို့တော့ မမေ့ပါနဲ့။

(၂) အခြောက်ခံပါ

ခေါင်းလျှော်ပြီးရင် ဆံပင်ခြောက်အောင် ပုဝါကို အသုံးပြုပြီး ကြမ်းကြမ်းတမ်းတမ်း သုတ်တာမျိုး ရှောင်ပါ။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ဆံပင်သားကို  ကြမ်းတမ်းစေပြီး မဖြောင့်တောပဲ ကောက်ကောက်ကြီး ဖြစ်သွားစေနိုင်ပါတယ်။ အဲဒီအစား dryer နဲ့ ခြောက်အောင် မမှုတ်ခင် တဘက်နဲ့ ခြောက်အောင် အသာလေးဖိပြီး ရေတွေကို ဖယ်ထုတ်ပါ။ မိုးမိလို့ ရေစိုသွားတယ်ဆိုရင်လည်း အဲဒီအတိုင်းပဲ စက္ကူပုဝါနဲ့ တို့တို့ပြီး ခြောက်အောင် သုတ်ပေးမယ်ဆိုရင် ဆံပင်သား မနာတော့ဘူးပေါ့။

(၃) အလုပ်သွားမယ်၊ ကျောင်းသွားတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားပါ။

ဆံပင်အရင်းကို ရေမထိအောင် မိုးကာတစ်ခုခုဖြင့် အတတ်နိုင်ဆုံး ကာထားပေးပါ။

(၄)ရေစိုသွားတဲ့အခါ ဖြစ်နိုင်ရင် အမြန်ဆုံး ခြောက်အောင်လုပ်ပါ။

ဆံပင်ရေစိုပြီဆိုရင် အမြန်ဆုံးခြောက်အောင် သုတ်ပေးခြင်းဟာ ဆံပင်ကောက်ခြင်း၊ ကြည့်လို့မကောင်းအောင် ပွယောင်းယောင်းဖြစ်ခြင်းတွေကို လျော့နည်းစေပါလိမ့်မယ်။ ဆံပင်အခြောက်ခံစက် မရှိတဲ့ နေရာမျိုးတွေမှာ မိုးမိတယ်ဆိုရင် လက်ကိုသာ သုံးပြီး အမြန်ဆုံးခြောက်အောင်သုတ်ပါ။

(၅) အချိန်အားနေတိုင်း ဆံပင်တို့ထိခြင်းကို ရှောင်ပါ။

ကျဲတဲ့ဆံပင်မျိုးကို လက်နဲ့ ခဏခဏ သွားကိုင်မယ်ဆိုရင်လည်း လက်ထဲက ချွေးတွေနဲ့ အပူဓာတ်တွေကြောင့် ပိုပြီး စိုစွတ်အောင်ထပ်လုပ်သလို ဖြစ်စေနိုင်ပါတယ်။

(၆) ဆံပင်ထိန်းသိမ်းဆေးတစ်ခုခု ဆောင်ထားပါ။

ဆံပင်ကို ဖရိုဖရဲ မဖြစ်အောင်ထိန်းသိမ်းပေးမယ့် Serum လို အသုံးအဆောင်တစ်ခုခုကို အမြဲဆောင်ထားပါ။ လက်လေးနဲ့ အောက်ခြေကနေ အသာလေး ပွတ်လိမ်းပေးမယ်ဆိုရင် ဘယ်ရာသီဥတုအခြေအနေမျိုးမှာမဆို ဆံပင်ကို ထိန်းသိမ်းပြီးသားဖြစ်နေပါလိမ့်မယ်။

(၇) ဘီးကို ဝေးဝေးမှာသာထားပါ။

ဆံပင်ရေစိုထိလို့ ဖရိုဖရဲဖြစ်နေတဲ့ အချိန်မှာ ခေါင်းကို သွားမဖြီးလိုက်ပါနဲ့။ အဲဒီအကွေးအကောက်အတိုင်းခြောက်သွားတယ်ဆိုရင် မသပ်မရပ်ဖြစ်သွားစေပါလိမ့်မယ်။

(၈) ခေါင်းတွင် အဝတ်စပတ်ပြီး အိပ်ပါ။

ညအချိန်မှာ ခေါင်းလျှော်ပြီး ဆံပင်ကို အဖြောင့်ဆွဲထားတယ်ဆိုရင် အဝတ်စကို ခေါင်းမှာ ပတ်ထားပြီး နောက်တစ်နေ့အတွက် ပြင်ဆင်မှု လုပ်ပေးပါ။ ဆံပင်ကို သပ်သပ်ရပ်ရပ်နဲ့ ဖြောင့်နေအောင် ထိန်းသိမ်းထားပေးမှာဖြစ်ပြီး မိုးရာသီအချိန်မျိုး အတွက် ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှု တစ်ခုလည်းဖြစ်ပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top