iMyanmarHouse.com - Best Property Website for Myanmar
×

Q 1: ဆရာရွင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အမ်ိဳးသား(ခင္ပြန္း)နဲ႔ ဆက္ဆံလို႔ ရပါသလား။ တကယ္လို႔ ဆက္ဆံခဲ့ရင္ ဗိုက္ထဲက ကေလးကို ထိခိုက္ႏိုင္ပါသလား။

Q 2: ဆရာ Post တခုမွာ ဖတ္လိုက္ရတဲ့ ကိုယ္ဝန္ ပထမ ၃ လမွာ ေယာက္က်ားနဲ႔ အတူတူေနလို႔ မရဘူးဆိုၿပီး။ အခု ကိုယ္ဝန္က ၂ လ ေလာက္ ရွိေနပါၿပီ။ သားဦးဆိုေတာ့ အေတြ ့အၾကံဳမရွိဘူး ၿဖစ္ေနလို႔ပါ။ တကယ္လို႔ အတူတူေနလို႔ ရတယ္ဆိုရင္ ဘယ္လို ပံုစံမ်ိဳးက ကိုယ္ဝန္ေဆာင္ေတြ အတြက္ အဆင္ေၿပနိုင္မလဲ ဆိုတာပါ ေၿပာၿပပါေနာ္။

A 1: ပံုမွန္ ကုိယ္ဝန္ေဆာင္ေနစဥ္ အတူေနတာ ပံုမွန္ပါ။ ပံုမွန္ကုိယ္ဝန္ဆိုရင္ အထဲကကေလးမွာ လိုအပ္တဲ့ အကာအကြယ္ေတြ အစံုရွိတယ္။ ေရျမႊာအိတ္က ပါးေပမဲ့ ခိုင္တယ္၊ ကာကြယ္ႏိုင္တယ္။ သားအိမ္အဝမွာလည္း မပြင့္သေရြ႕ အခြ်ဲနဲ႔ ပိတ္ေနတယ္။ ဒါ့ေၾကာင့္ က်ားအဂၤါျဖစ္ျဖစ္ ေတာ္ေတာ့တန္တန္ ပိုးမႊားျဖစ္ျဖစ္ ကေလးဆီ မေရာက္ႏိုင္ပါ။ ဆက္ဆံတာ သာမက ဆႏၨျပည့္ဝသြားျခင္းဆိုတဲ့ Orgasm ျဖစ္တာေၾကာင့္လည္း ကိုယ္ဝန္ကို ျပႆနာ မတက္ပါ။

ဒါေပမဲ့ “အရင္အတိုင္းသာ ဆက္လုပ္ပါ၊ ဘာမွ မျဖစ္ပါဘူး”လို႔ တိုက္တြန္းတာေတာ့ မဟုတ္ပါ။ အတြင္းသိ လင္မယား ဆိုရင္ ထားေတာ့ ေနာက္ေၾကာင္း ရာဇဝင္ ဘာမွမသိသူနဲ႔ ကိုယ္ဝန္ေဆာင္စဥ္ ဆက္ဆံမိရင္ လိင္ကတဆင့္ ကူးစက္ေရာဂါ ရွိလို႔ကေတာ့ မေအသာမက ကေလးကိုပါ ကူးေတာ့မွာပါ။

ကိုယ္ဝန္ေဆာင္ျပီဆိုတာနဲ႔ တားေဆး၊ တားနည္းေတြအတြက္ ဝါယမစိုက္စရာမလို၊ မရွိသင့္ဘဲ ရွိသြားမွာမ်ိဳးလည္း စိုးရိမ္စရာ မရွိ၊ ရာသီရက္လည္း ၾကည့္မေနနဲ႔၊ ဆိုေတာ့ ပိုေတာင္ အဆင္ေျပသလို ျဖစ္လာ တယ္။ ေနာက္တခါ ႏွစ္ေယာက္လံုးမွာ ေရာဂါဘယ ကင္းေနရင္ (ကြန္ဒြန္) မလို ျဖစ္ေနလို႔ အတူပိုေနတာ ျဖစ္လာႏိုင္တယ္။

ပံုမွန္ ကုိယ္ဝန္ေဆာင္ မဟုတ္တာ လာပါမယ္။ အထစ္အေငါ့ရွိတဲ့ အမ်ိဳးသမီးရဲ႕ ေမြးဖြါးရာဇဝင္ Bad Obstetric history တခုခုရွိေနရင္။ ဥပမာ Miscarriage/Abortion ကိုယ္ဝန္ပ်က္တာ၊ Pre-term labor လမေစ့ (၃၇ ပါတ္ ထက္ေစာ) ကေလး ေမြးဘူးတာမ်ိဳး။ တခ်ိဳ႕ အမ်ိဳးသမီးေတြရဲ႕သားအိမ္အဝဟာ မလံုဘူး၊ ကုိယ္ဝန္ ရင့္လာတာကို ထိန္းမထားႏိုင္ဘူး။ ဒီလိုျဖစ္ရင္ သားအိမ္အဝကို မေမြးမခ်င္း ပိတ္ခ်ဳပ္ေပးတားရတယ္။ ဒီေတာ့ ဆက္ဆံလိုက္ရင္ ေသခ်ာေပါက္ ေစာေမြးလာႏိုင္တယ္။ ေနာက္ထပ္ ပံုမွန္ မဟုတ္တာေတြက ကုိယ္ဝန္ေဆာင္ေနတံုး ေသြးဆင္းလာတာ၊ အရည္ဆင္းတာ။ (အာလ္ထြာေဆာင္း) ရိုက္လိုက္ေတာ့ အမႊာကုိယ္ဝန္ေဆာင္ေနတာနဲ႔ အခ်င္းက သားအိမ္အဝနား ရွိေနတာေတြကို ဆိုလိုတယ္။

အၾကမ္းဖ်င္း ေျပာရရင္ ကုိယ္ဝန္တခုကို ၃ လစီ၊ ၃ ပိုင္း၊ သတ္မွတ္တာမို႔ “ဒုတိယ ၃ လမွာ ဆက္ဆံတာ ဘာမွ ျဖစ္စရာ မရွိဘူး” လို႔ ေျပာႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္စ ပဌမ ၃ လမွာ အမ်ိဳးသမီးဟာ Morning sickness ကိုယ္ဝန္ေဆာင္စ လကၡဏာေတြ ခံစားေနရလို႔ ဆက္ဆံခ်င္စိတ္ အပါအဝင္ အာရံုငါးပါး၊ နည္းပါးေနလိမ့္မယ္။ ကုိယ္ဝန္ေဆာင္ ေနာက္ဆံုး ရက္ေတြမွာ အေရွာင္ခိုင္းတာကေတာ့ လိုရမယ္ရ သေဘာပါ။ သီအိုရီအရ ေယာက္်ားရဲ႕ Semen ထဲပါတဲ့ ဓါတ္က သားအိမ္ကုိ ညွစ္ေစေအာင္ ဆြေပးမလားလို႔ပါ။ ကိုယ္ဝန္သည္မွာ ေနရထိုင္ရတာ ေလးလံလာျပီ၊ အသြားအလာလည္း ခက္လာျပီမို႔၊ စိတ္အလိုလည္း နည္းပါးႏိုင္တယ္ မဟုတ္လား။

ဇနီးသည္ ကုိယ္ဝန္ရွိခ်ိန္ လိုက္ျပီး၊ ေယာက္်ားသားေတြမွာလည္း စိတ္ကစားမႈ ေျပာင္းတတ္ေသးတယ္။ သူငယ္ခ်င္း တေယာက္ ေဆးေက်ာင္းနဲ႔ မနီးမေဝးက ကုိယ္ဝန္ေဆာင္ မိန္းကေလး တေယာက္ကို “သိပ္လွတယ္ကြ” ဆိုျပီး၊ တဖြဖြ ေျပာခဲ့ ဘူးတယ္။ တမ်ိဳးမထင္ပါနဲ႔ အေျပာသက္သက္သာပါ။ ကာယကံရွင္ ခင္ပြန္းတခ်ိဳ႕မွာေတာ့ ေမြးလာမဲ့ကေလး အနာဂတ္ေရး စဥ္းစားရ၊ ဇနီးသည္ က်န္းမာေရး အတြက္ ေၾကာင့္ၾကရနဲ႔ သီလသာ ေစာင့္ေနခ်င္ၾကတယ္။

“က်န္းမာေရးနဲ႔ ဘာသာေရး ရႈေဒါင့္ေတြ အသာထား၊ ကုိယ္ဝန္ဆိုတာ လိင္ဆက္ဆံတာက စတယ္ မဟုတ္လား” လို႔ ေျပာၾကတာလည္း ရွိတယ္။ အားေပးတဲ့ဘက္ကေန ထပ္ေျပာတာက “(ဗဂ်ိဳင္းနား) ဟာ ပိုျပီး စိုစြတ္ေနတယ္။ ေနရာက အဂၤါမွန္သမွ် အျမင္အရ ပိုမို ေဖါင္းၾကြေနတယ္။ ဒီအခ်ိန္ၾကမွ ပဌမ Climax ေရာက္ရတယ္။” စသျဖင့္။

ကုိယ္ဝန္ေဆာင္ရတာက ကုိယ္ခႏၶာ အျပင္ပံုသဏၭာန္သာမက အတြင္းစိတ္မွာပါ အေျပာင္းအလဲေတြ ရွိလာတယ္။ ေဟာ္မုန္းေတြလည္း အေျပာင္းၾကီး ေျပာင္းလာတယ္။ မတူတာက စိတ္အလို နည္းသူေတြက နည္းလာသလို၊ မ်ားခ်င္သူကလည္း မ်ားႏိုင္တယ္။ အမွန္က ကုိယ္ဝန္ မေဆာင္ခ်ိန္မွာလည္း စိတ္အလိုဆိုတာ အတက္အက် ရွိတာပါ။ ခင္ပြန္းသည္က ပိုျပီး နားလည္မႈ ရွိရပါမယ္။ ကာမပိုင္ဘဝ ေရာက္ၾကျပီဆိုတာနဲ႔ “ငါပိုင္တာဘဲ ငါ့သေဘာဘဲ” လို႔ မျဖစ္သင့္ပါ။ သာယာမႈဆိုတာ ေက်နပ္မႈကင္း၊ ေပ်ာ္ရႊင္ျခင္းမပါ၊ တဖက္သတ္ ခ်ည္းသာဆိုရင္ အၾကင္လင္မယားရဲ႕ ဓမၼတာ မဟုတ္ႏိုင္ေတာ့ပါ။

စံုေအာင္ထည့္ ေရးပါရေစ။ အတူေနတာမွာ “အၾကမ္းဘရမ္း” ဆက္ဆံတာမ်ိဳး ေရွာင္ရပါမယ္။ အေနအထား Position ကုိ သင့္ေအာင္ ေရြးတတ္ရမယ္။ (အိုရယ္လ္) နည္းသံုးရင္ ေလသြင္း မႈတ္တာမ်ိဳး ျဖစ္မသြားေစ ရပါ။ Air embolism ဆိုတာ ရတတ္တယ္။ ေလက ေသြးေၾကာထဲ သြားပိတ္ျပီး၊ အသက္ကိုပါ အႏၱရာယ္ေပးႏိုင္လို႔ပါ။

ဒီက်န္းမာေရးအေၾကာင္း ေျပာတဲ့အခါ သူမ်ားဆီမွာေတာ့ ႏွစ္ေယာက္သား စကားေျပာၾကပါ။ ေဆြးေႏြးၾကပါ။ (ဝပ္ေရွာ့ခ္) တက္ပါ စသျဖင့္ အၾကံျပဳတာေတြ ရွိတယ္။ ကြ်န္ေတာ္တို႔ ယဥ္ေက်းမႈမွာ သူတို႔ေျပာသမွ် လိုက္လုပ္လို႔ မရပါ။ မရေတာ့ “မေကာင္းဘူး။ သိပ္ ေအာက္တယ္” ဆိုခ်င္သူေတြက ဆိုမယ္။ အဲလိုမဟုတ္ပါ။ ေခတ္အမီဆံုး၊ ေရွ႕ဆံုးေရာက္ တိုင္းျပည္ေတြနဲ႔ ေျပာင္းျပန္သာရွိတဲ့ တိုင္းျပည္ေတြမွာ ကုိယ္ဝန္ေဆာင္စဥ္ ဆက္ဆံမႈေၾကာင့္ ျဖစ္ေစတဲ့ အေပါင္း-အႏုတ္ေတြဆိုတာ သိပ္ၾကီးထူးတာ မဟုတ္ပါ။

သူမ်ားေတြ လုပ္တာကုိ လိုက္မလုပ္ႏိုင္လို႔ စိတ္အား မငယ္သင့္ပါ။ မလုပ္နဲ႔ဆိုတာကို ေခတ္ေနာက္ျပန္ဆြဲလို႔ မထင္သင့္ပါ။ သစ္တိုင္း၊ ဆန္းတိုင္း၊ သူမ်ားတိုင္းျပည္ေတြကလူေတြ ေျပာတိုင္း-လုပ္တိုင္း-ခိုင္းတိုင္း အဟုတ္ၾကီး မထင္သင့္ၾကပါ။ သူမ်ားေတြ မလုပ္ႏိုင္တာေတြလည္း ကုိယ့္ဆီမွာ ရွိပါတယ္။ ေရာဂါ အဆန္းေတြကို လက္ရပ္ေခၚေနတဲ့ အက်င့္စရိုက္ အဆန္း အျပားေတြဟာ ကိုယ့္ဆီမွာ ရွားတယ္။ မိသားစုရဲ႕ ေႏြးေထြးမႈမ်ိဳး၊ လူၾကီးသူမ၊ အာစရိယေတြရဲ႕ ထိန္းကြပ္မႈမ်ိဳး ဆိုတာက ကုိယ့္ယဥ္ေက်းမႈမွာသာ ရွိပါတယ္။

အဂၤလိပ္လို တြဲေခၚလို႔ ေကာင္းတဲ့ စာလံုးႏွစ္လံုးရွိတယ္။ Intercourse ဆိုတဲ့ အဂၤါခ်င္းဆက္ဆံမႈကို အေရွာင္ခိုင္းျပီး၊ Intimacy ဆိုတဲ့ ႏွစ္ဦးႏွစ္ဝ ရင္းႏွီးၾကြမ္းဝင္ၾကဘို႔ကိုေတာ့ ကုိယ္ဝန္ရွိစဥ္ တေလွ်ာက္လံုး မျဖစ္အေနလုပ္ဘို႔ အၾကံျပဳတယ္။

A 2: ကိုယ္ဝန္ ပထမ ၃ လမွာ ေယာက္က်ားနဲ ့အတူေနရင္ ပ်က္က်မွာ စိုးရတယ္၊ ေနာက္ဆံုး ၃ လ ေစာေမြးမွာ စိုးရတယ္ ဆိုတာ ေယဘုယ် ေျပာတာပါ။ ပံုမွန္ ဆက္ဆံတာေၾကာင့္ ပ်က္မက်ႏိုင္ပါ။ ကိုယ္ဝန္ဆိုတာ (ေနာ္မယ္) ျဖစ္ေနရင္ အလြန္ လံုျခဳံပါတယ္။ ေရျမြာရည္ကေန ကေလးကို အကာအကြယ္ ေပးေနတယ္။ “ကုိယ္ဝန္ရွိစဥ္ ဆက္ဆံႏိုင္တဲ့ (ပိုေဇရွင္) မ်ား” ဆိုျပီး သပ္သပ္ သိဘို႔ လိုတာ အမွန္ပါ။ ကိုယ္တိုင္ ၾကံဆႏိုင္ ၾကပါတယ္။ ဆက္ဆံသင့္တဲ့ အေနအထားေတြဆိုတာ အမ်ားဖတ္ဘို႔ ေရးတင္တာ သိပ္မေကာင္းလွဘူး ထင္လို႔ ေမးသူဆီကိုသာ တိုက္ရိုက္ ျပန္လိုက္ပါမယ္။

Credit: ေဒါက္တာတင့္ေဆြ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။

Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့အကြုံမရှိဘူး ဖြစ်နေလို့ပါ။ တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။

A 1: ပုံမှန် ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာ တယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။

ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရ သဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။

ဇနီးသည် ကိုယ်ဝန်ရှိချိန် လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေး တယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေး အတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။

“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား” လို့ ပြောကြတာလည်း ရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား) ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမို ဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။

စုံအောင်ထည့် ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်း မှုတ်တာမျိုး ဖြစ်မသွားစေ ရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။

သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန်ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်း အပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။

အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

A 2: ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။ ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ “ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ” ဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင် ကြပါတယ်။ ဆက်ဆံသင့်တဲ့ အနေအထားတွေဆိုတာ အများဖတ်ဘို့ ရေးတင်တာ သိပ်မကောင်းလှဘူး ထင်လို့ မေးသူဆီကိုသာ တိုက်ရိုက် ပြန်လိုက်ပါမယ်။

Credit: ဒေါက်တာတင့်ဆွေ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top