iMyanmarHouse.com - Best Property Website for Myanmar
×

ဖိအားကင္းကင္းနဲ႔ ေပ်ာ္ရႊင္ဖြယ္ေန႔ရက္တစ္ရက္ကို ပိုင္ဆုိင္ရမယ္ဆိုရင္ေတာ့ လူက်န္းမာ ၊ စိတ္ခ်မ္းသာျဖစ္မွာအမွန္ပါပဲ။ ဒီလုိ ေပ်ာ္ရႊင္ဖြယ္ေန႔ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္မယ့္နည္းလမ္းေကာင္းေလးေတြကို အခုလိုပဲ ေဖာ္ျပေပးလုိက္ရပါတယ္။

မနက္ေစာေစာ အိပ္ယာထပါ

ဖ်တ္လတ္တဲ့ ေန႔ရက္တစ္ရက္ကို ပိုု္င္ဆိုင္ရဖို႔ဆုိရင္ေတာ့ မနက္ေစာေစာ အိပ္ယာထတာက ေကာင္းပါလိမ့္မယ္။ နာရီဝက္ ၊ တစ္နာရီေလာက္ အခ်ိန္ပိုပိုင္ဆိုင္လုိက္တာကေတာ့ သင္လုပ္စရာရွိတဲ့အလုပ္ေတြကို ျပဳလုပ္ႏိုင္ဖို႔အတြက္ ျပင္ဆင္ခ်ိန္ေကာင္းေကာင္းရရွိမွာျဖစ္ၿပီး အားကစားျပဳလုပ္ဖို႔အတြက္လည္း အခ်ိန္ပိုေနတာကို ေတြ႕ျမင္ရမွာပါ။

ရွင္းစရာရွိတဲ့အလုပ္မွန္သမွ် ရွင္းလိုက္ပါ

ကိုယ့္မွာ လုပ္စရာရွိေနတဲ့ အလုပ္အစအေနေလးေတြကို လက္စသတ္လုိက္ပါ။ ဥပမာအေနန႔ဲဆိုရင္ေတာ့ work report ကို update လုပ္တာေတြ ၊ အလုပ္အတြက္ ေငြေၾကးထည့္သြင္းတာေတြကို တစ္ခါတည္း လုပ္လိုက္ပါ။

သတင္းေတြကို ခဏတာပိတ္ထားလုိက္ပါ

သတင္းနားမေထာင္ခုိင္းတာမဟုတ္ပါဘူး။ ကိုယ့္စိတ္မေပ်ာ္မရႊင္ျဖစ္ေနခ်ိန္မွာ သတင္းေတြကို ပိတ္ထားလိုက္တာအေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ သတင္းဆိုတာဟာ ဒီဘက္ေခတ္မွာေတာ့ အေကာင္းထက္ အဆိုးမ်ားပါတယ္။ ဘယ္ေနရာမွာ ပစ္ခတ္မႈျဖစ္သြားျပန္ၿပီ ၊ သဘာဝေဘးေတြ က်လာျပန္ၿပီ ၊ ႏုိင္ငံေရး အထိကရုဏ္းေတြျဖစ္ျပန္ၿပီ စတဲ့ သတင္းဆိုးေတြက သင့္စိတ္ေပ်ာ္ရႊင္မႈကို ထိခိုက္ေစၿပီး ဖိအားေတြ တိုးလာႏုိင္လုိ႔ပါ။

သူတစ္ပါးကို ျဖည့္ေတြးေပးလုိက္ပါ

သူမ်ားကို အေကာင္းျမင္စိတ္ေလးပဲထားၿပီး ျဖည့္စြက္စဥ္းစားေပးလုိက္မယ္ဆိုရင္ အဆင္ေျပသြားပါလိမ့္မယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အတိုက္အခံျဖစ္ေနတဲ့ အခါမွာ ကုိယ္လည္း ေဒါသထြက္စိတ္ဆိုးရၿပီး တစ္ပါးသူနဲ႔လည္း အဆီအေငၚမတည့္မႈေတြ ဆက္တိုက္ျဖစ္လာမွာပါ။ ဒါ့ေၾကာင့္ သူ႔ဘက္က ျဖည့္ေတြးေပးလုိက္ၿပီး ကိုယ့္ဘက္က သည္းခံျခင္းတရားကို လက္ကိုင္ထားလုိက္ရင္ အဆင္ေျပသြားမွာျဖစ္ပါတယ္။

ေပ်ာ္ရႊင္ဖြယ္ေန႔ေလးေတြကို ပိုင္ဆုိင္ၾကပါေစေနာ္

Credit : Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဖိအားကင်းကင်းနဲ့ ပျော်ရွှင်ဖွယ်နေ့ရက်တစ်ရက်ကို ပိုင်ဆိုင်ရမယ်ဆိုရင်တော့ လူကျန်းမာ ၊ စိတ်ချမ်းသာဖြစ်မှာအမှန်ပါပဲ။ ဒီလို ပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်မယ့်နည်းလမ်းကောင်းလေးတွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်။

မနက်စောစော အိပ်ယာထပါ

ဖျတ်လတ်တဲ့ နေ့ရက်တစ်ရက်ကို ပိုု်င်ဆိုင်ရဖို့ဆိုရင်တော့ မနက်စောစော အိပ်ယာထတာက ကောင်းပါလိမ့်မယ်။ နာရီဝက် ၊ တစ်နာရီလောက် အချိန်ပိုပိုင်ဆိုင်လိုက်တာကတော့ သင်လုပ်စရာရှိတဲ့အလုပ်တွေကို ပြုလုပ်နိုင်ဖို့အတွက် ပြင်ဆင်ချိန်ကောင်းကောင်းရရှိမှာဖြစ်ပြီး အားကစားပြုလုပ်ဖို့အတွက်လည်း အချိန်ပိုနေတာကို တွေ့မြင်ရမှာပါ။

ရှင်းစရာရှိတဲ့အလုပ်မှန်သမျှ ရှင်းလိုက်ပါ

ကိုယ့်မှာ လုပ်စရာရှိနေတဲ့ အလုပ်အစအနေလေးတွေကို လက်စသတ်လိုက်ပါ။ ဥပမာအနေနဲ့ဆိုရင်တော့ work report ကို update လုပ်တာတွေ ၊ အလုပ်အတွက် ငွေကြေးထည့်သွင်းတာတွေကို တစ်ခါတည်း လုပ်လိုက်ပါ။

သတင်းတွေကို ခဏတာပိတ်ထားလိုက်ပါ

သတင်းနားမထောင်ခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်စိတ်မပျော်မရွှင်ဖြစ်နေချိန်မှာ သတင်းတွေကို ပိတ်ထားလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သတင်းဆိုတာဟာ ဒီဘက်ခေတ်မှာတော့ အကောင်းထက် အဆိုးများပါတယ်။ ဘယ်နေရာမှာ ပစ်ခတ်မှုဖြစ်သွားပြန်ပြီ ၊ သဘာဝဘေးတွေ ကျလာပြန်ပြီ ၊ နိုင်ငံရေး အထိကရုဏ်းတွေဖြစ်ပြန်ပြီ စတဲ့ သတင်းဆိုးတွေက သင့်စိတ်ပျော်ရွှင်မှုကို ထိခိုက်စေပြီး ဖိအားတွေ တိုးလာနိုင်လို့ပါ။

သူတစ်ပါးကို ဖြည့်တွေးပေးလိုက်ပါ

သူများကို အကောင်းမြင်စိတ်လေးပဲထားပြီး ဖြည့်စွက်စဉ်းစားပေးလိုက်မယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် အတိုက်အခံဖြစ်နေတဲ့ အခါမှာ ကိုယ်လည်း ဒေါသထွက်စိတ်ဆိုးရပြီး တစ်ပါးသူနဲ့လည်း အဆီအငေါ်မတည့်မှုတွေ ဆက်တိုက်ဖြစ်လာမှာပါ။ ဒါ့ကြောင့် သူ့ဘက်က ဖြည့်တွေးပေးလိုက်ပြီး ကိုယ့်ဘက်က သည်းခံခြင်းတရားကို လက်ကိုင်ထားလိုက်ရင် အဆင်ပြေသွားမှာဖြစ်ပါတယ်။

ပျော်ရွှင်ဖွယ်နေ့လေးတွေကို ပိုင်ဆိုင်ကြပါစေနော်

Credit : Thithtoolwin



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top