iMyanmarHouse.com - Best Property Website for Myanmar
×
၁။ အစားအသောက်
၂။ ပင်ကိုယ်စရိုက်
၃။ မျိုးပွားမှု
၅။ ဗိုက်သားအဆီပြသနာ
၆။ အသက်အန္တရာယ်
Credit : Trend Myanmar
Unicode Version
မိမိသွေးအမျိုးအစားနဲ့ ပတ်သက်လို့ အရင်က များများစားစား စဉ်းစားဖူးကြမှာ မဟုတ်ပါဘူး။ ဒါက ကျန်းမာရေး မထိခိုက်လာမချင်း သဘောပေါက်မယ့် အရာမျိုးလည်း မဟုတ်ဘူးကိုး။ သင့်ကို အံ့အားသင့်စေမယ့် သွေးအမျိုးအစားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချက် (၆) ချက်ရှိပါတယ်။
၁။ အစားအသောက်
 သွေးအမျိုးအစားတစ်ခုနဲ့ တစ်ခုအတွက် အာဟာရလိုအပ်မှုတွေ ကွဲပြားပါတယ်။ 'O' သွေးအုပ်စုဟာ အစာအိမ်ပြသနာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ 'O' သွေးနဲ့ လူတွေမှာ ပရိုတိန်းဓာတ်မြင့်မားတဲ့ နေ့စဉ်ပုံမှန်အစားအသောက် လိုအပ်ပါတယ်။ ထိခိုက်လွယ်တဲ့ ကိုယ်ခံအားစနစ်ကြောင့် A သွေးအုပ်စုမှာ ဗီတာမင် C များပြားတဲ့ အစားအစာတွေ စားသုံးသင့်ပါတယ်။ B သွေးအုပ်စုတွေအနေနဲ့ အသွင်ပြောင်းဆီ (transfat) တွေ မစားသုံးသင့်ပါဘူး။ စိတ်ဖိစီးမှုဟော်မုန်းအလွန်အကျွံထုတ်လုပ်ပေးပါတယ်။ AB သွေးအုပ်စုက အစာအိမ်အက်စစ် အနည်းငယ်သာ ထုတ်လုပ်ပါတယ်။
၂။ ပင်ကိုယ်စရိုက်
'A' သွေးအုပ်စုတွေဟာ ကြင်နာတတ်ပြီး ဂရုဏာထားတတ်ကြပါတယ်။ 'B' သွေးအုပ်စုတွေက ခင်မင်တတ်ပြီး ဖော်ဖော်ရွေရွေရှိကြပါတယ်။ 'O' သွေးရှိသူတွေဟာ လက်တွေ့ကျတယ်၊ စနစ်တကျရှိပြီး စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။
၃။ မျိုးပွားမှု
O သွေးပိုင်ရှင်တွေ မျိုးမပွားနိုင်ခြေ ပိုများပါတယ်။
၄။ ဒေါသနဲ့ စိတ်ဖိစီးမှု ဖြစ်စေနိုင်
'A' သွေးအုပ်စုနဲ့ သူတွေဟာ cortisol အင်မတန်များတာကြောင့် စိတ်ဖိစီးမှု ပိုများကြပါတယ်။ 'O' သွေးတွေက ဒေါသပိုကြီး ကြပါတယ်။
၅။ ဗိုက်သားအဆီပြသနာ
'A' သွေးအမျိုးအစားရှိသူတွေက လေပွခြင်း၊ အစာမကြေခြင်းနဲ့ ဆီးချိုရောဂါကြောင့် ဗိုက်သားအဆီကျဖို့ အခက်အခဲတွေ့ကြပါတယ်။
၆။ အသက်အန္တရာယ်
သွေးသွင်းဖို့ လိုအပ်ချိန်မှာ သွေးအမျိုးအစား သိထားခြင်းက အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ တခြားသွေးအမျိုးအစားတစ်ခုခု သွင်းမိသွားတာက အသက်ဆုံးရှုံးစေနိုင်ပါတယ်။
Credit : Trend Myanmar
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top