iMyanmarHouse.com - Best Property Website for Myanmar
×

 ေရာဂါသိရင္ ကုသမယ့္ ေဆး၀ါး ရွိတာမို႔ လိင္ဆက္ဆံမႈဆုိင္ရာ က်န္းမာေရး ျပႆနာေတြ ျဖစ္လာရင္ ေပါ့ေပါ့တန္တန္ သေဘာမထား သင့္ပါဘူး

လူတုိင္းလူတုိင္းမွာ မတူညီတဲ့ ကုိယ္ခႏၶကုိယ္ တည္ေဆာက္ပုံရွိေနတာမုိ႔ တဦးနဲ႔ တဦး က်န္းမာေရးမတူညီႏုိင္ၾကပါဘူး။ ဒါေပမယ့္ အမ်ဳိးသမီးေတြမွာေတာ့ ႀကဳံေတြ႕ရတဲ့ လိင္ပုိင္းဆုိင္ရာ က်န္းမာေရး ျပႆနာ ၆ ခုကေတာ့ တူညီၾကပါတယ္။ ဒါေပမယ့္ ေရာဂါသိ အေျဖရွိဆိုသလို အမ်ဳိးသမီးေတြ ႀကဳံေတြ႕ရတဲ့ က်န္းမာေရး ျပႆနာေတြအတြက္ အေျဖဆုိတာရွိစၿမဲ ပါပဲ။ အေရးႀကီးဆုံးကေတာ့ ကုိယ္ဘာျဖစ္ေနသလဲဆုိတာ ေသေသခ်ာခ်ာ သိဖုိ႔ပါပဲ။ ဒီတပတ္ရဲ႕ လိင္ဆက္ဆံမႈဆုိင္ရာ အသိပညာေပးအျဖစ္ အမ်ဳိးသမီးေတြ ဘာေတြႀကဳံေတြ႕ရလဲ၊ ဘယ္လိုေျဖရွင္းႏုိင္မလဲဆုိတဲ့ အေၾကာင္းအရာေတြကုိ ေဖာ္ျပ လုိက္ပါတယ္။ေခ်ာဆီ ျပႆနာ

အမ်ဳိးသမီးတုိင္း လိင္ဆက္ဆံခ်ိန္မွာ အၿမဲလိုလို ႀကဳံေတြ႕ရတဲ့ ျပႆနာကေတာ့ လိင္အဂၤါက လုံေလာက္တဲ့ ေခ်ာဆီ မထြက္လာဘဲ လိင္ဆက္ဆံစဥ္မွာ နာနာက်င္က်င္ ခံစားရပါတယ္။ ဒါက ျပင္ပမွာ လိင္ဆက္ဆံဖို႔ အမ်ဳိးသမီးကုိ နမ္းရႈံ႕ လႈံ႕ေဆာ္တာမ်ဳိးမလုပ္ေတာ့ဘဲ တုိက္ရုိက္ လိင္ဆက္ဆံတာေၾကာင့္ အမ်ဳိးသမီးအဂၤါမွာ လုံေလာက္တဲ့ ေခ်ာဆီ မထြက္ လာေတာ့ဘဲ နာက်င္တာ ျဖစ္ႏုိင္သလို အမ်ဳိးသမီးရဲ႕ ကုိယ္ခႏၶာ ပင္ပန္းႏြမ္းနယ္ၿပီး ဖိစီးမႈေတြေၾကာင့္လည္း ေခ်ာဆီ မထြက္ ေတာ့ဘဲ နာက်င္တာျဖစ္ႏုိင္ပါတယ္။ အမ်ဳိးသမီးလိင္အဂၤါက ႏူးညံ့တဲ့ အေရျပား တစ္ရႈးေတြ ဖြဲ႕စည္း ထားတာမို႔ ေခ်ာဆီ မပါဘဲ လိင္ဆက္ဆံ လိုက္မယ္ဆုိရင္ေတာ့ အဲဒီတစ္ရႈးေတြ ေပါက္ၿပဲတာ ၊ ကြဲထြက္တာမ်ဳိးေတြ ျဖစ္ၿပီး နာက်င္မႈ ခံစား ရတာျဖစ္ပါတယ္။ ဒီျပႆနာကိုေတာ့ ေရကို အေျခခံလုပ္ထားတဲ့ေခ်ာဆီေတြ အသုံးျပဳၿပီး ေျဖရွင္း ႏုိင္ပါတယ္။ ေရကို အေျခခံ ေဖာ္ထုတ္ထားတဲ့ ေခ်ာဆီေတြက လြယ္လြယ္ကူကူ အသုံးျပဳႏုိင္တဲ့အျပင္ ေဘးကင္း လုံၿခဳံမႈ လည္း ရွိပါတယ္။

ဆႏၵမျပည့္၀ျခင္း

အမ်ဳိးသမီးေတြ လိင္ဆက္ဆံတဲ့အခါ သာယာမႈ အထြတ္အထိပ္မေရာက္တာကလည္း ႀကီးမားတဲ့ က်န္းမာေရး ျပႆနာ တခုပါပဲ။ ဒီက်န္းမာေရး ျပႆနာကေတာ့ လိင္ဆက္ဆံရာမွာ အရွက္အေၾကာက္ႀကီးေနတာ၊ အေတြ႕အႀကဳံ မရွိတာ၊ လိင္ဆက္ဆံမႈဆုိင္ရာ ဗဟုသုတမရွိတာေတြအျပင္ စိတ္ပုိင္းဆုိင္ရာ ကစဥ့္ကလ်ား ေၾကာင့္ျဖစ္ႏုိင္သလို လိင္ပိုင္းဆုိင္ရာ အၾကမ္းဖက္ခံရတဲ့ စိတ္ဒဏ္ရာေတြရွိတာေၾကာင့္လည္း ျဖစ္ပါတယ္။ လိင္ဆက္ဆံတုိင္း ဆႏၵမျပည့္၀တဲ့ ျပႆနာ ျဖစ္ေနတယ္ဆုိရင္ေတာ့ ကၽြမ္းက်င္သူေတြနဲ႔ ျပသတုိင္ပင္ ကုသသင့္ပါတယ္။

ပုံမွန္မဟုတ္ေသာ ရာသီေသြးဆင္းျခင္း

ပုံမွန္မဟုတ္တဲ့ ရာသီေသြးဆင္းျခင္းကလည္း အမ်ဳိးသမီးေတြမွာ လိင္ဆက္ဆံမႈဆုိင္ရာ ျပႆနာေတြျဖစ္ေစပါတယ္။ ရာသီေသြးဆင္းၿပီးခ်ိန္မွာ အမ်ဳိးသမီးေတြရဲ႕ ၀မ္းဗုိက္ပိုင္းက အထိအခိုက္မခံႏုိင္ေအာင္ ႏူးညံ့ေနတတ္ၿပီး ဒါကလည္း အမ်ဳိးသမီးတဦးနဲ႔ တဦး ေတာ့ တူညီမႈမရွိႏုိင္ပါဘူး။ ရာသီလာၿပီးတဲ့ေနာက္ပုိင္း လိင္ဆက္ဆံမယ္ဆုိရင္ အမ်ဳိးသမီးေတြကုိ ထိခိုက္နာက်င္ေစႏုိင္ပါတယ္။ ဒါေပမယ့္ ဒါကလည္း အမ်ဳိးသမီးတဦးနဲ႔ တဦး မတူညီႏုိင္ပါဘူး။ ပုံမွန္မဟုတ္တဲ့ ရာသီေသြး ဆင္းေနတယ္ဆုိရင္ ကၽြမ္းက်င္သူ ဆရာ၀န္ဆီ သြားျပတာ အေကာင္းဆုံးပါပဲ။

လိင္ဆက္ဆံမႈကို သက္ေရာက္ေစေနေသာ က်န္းမာေရးအေျခအေနမ်ား

ႏွလုံးေရာဂါ ၊ ေဟာ္မုန္းဓာတ္ မညီမမွ် ျဖစ္တာ၊ နာတာရွည္ ေရာဂါေတြျဖစ္တဲ့ ေက်ာက္ကပ္ေရာဂါ၊ စိတ္ေရာဂါ ၊ ေသြးဆုံးကုိင္ နဲ႔ အလြန္အကၽြံ႕ ေဆးသုံးစြဲမႈေတြေၾကာင့္ ျဖစ္တဲ့ေရာဂါေတြက လိင္ဆက္ဆံမႈမွာ က်န္းမာေရး ဆုိင္ရာ အခက္ အခဲနဲ႔ ျပႆနာေတြ ျဖစ္ေပၚေစၿပီး လိင္ဆက္ဆံလုိစိတ္ကုိ ထာ၀ရ ေပ်ာက္ဆုံးသြားေစႏုိင္ပါတယ္။ လုံေလာက္တဲ့ ေဆး၀ါးကုသမႈေတြ ခံယူမယ္ဆုိရင္ေတာ့ အမ်ားစုက ပုံမွန္ လိင္ဆက္ဆံမႈ ျပန္လည္ရရွိနုိင္ပါတယ္။

လိင္ဆက္ဆံမႈမွ တဆင့္ ျဖစ္ေပၚလာေသာ ျပႆနာမ်ား

သားအိမ္အရည္အိတ္ျဖစ္တာ ၊ အမ်ဳိးသမီးအဂၤါ (ေယာနိ) ေရာင္ရမ္းတာ၊ မႈိဆြဲတာ ၊ ၀မ္းဗုိက္ပုိင္းနဲ႔ တင္ပါးဆုံပုိင္းမွာ အျပင္းအထန္ နာက်င္ျခင္း (Endometriosis) ဆုိတဲ့ က်န္းမာေရး ျပႆနာေတြက လိင္ဆက္ဆံမႈကေန တဆင့္ ျဖစ္ေပၚ လာတာျဖစ္ပါတယ္။ ဒီလို က်န္းမာေရး ျပႆနာေတြကိုေတာ့ ဂရုတစုိက္နဲ႔ ကုသသင့္ပါတယ္။ ဘာျဖစ္လို႔လဲ ဒီက်န္းမာေရး ျပႆနာေတြက ကုသရခက္ခဲၿပီး မကုသရင္ေတာ့ ဘယ္ေတာ့မွ မသက္သာတဲ့ ေရာဂါေတြျဖစ္ပါတယ္။ ကုသလုိက္မယ္ဆုိရင္ေတာ့ ေရရွည္မွာ ျပႆနာကင္းတဲ့ လိင္ဆက္ဆံမႈဆုိင္ရာ သာယာမႈေတြ ျပန္လည္ရရွိႏုိင္ပါတယ္။ မကုသဘဲ ထားမယ္ဆုိရင္ေတာ့ လိင္ဆက္ဆံတုိင္း အမ်ဳိးသမီးေတြအတြက္ နာက်င္မႈကုိ ခံစားေစရမွာျဖစ္ပါတယ္။

စိတ္ပုိင္းဆုိင္ရာ ျပႆနာမ်ား

အမ်ဳိးသမီးေတြ အမ်ားဆုံးႀကဳံေတြ႕ရတဲ့ လိင္ဆက္ဆံမႈဆုိင္ရာ ျပႆနာတခုကေတာ့ လိင္ဆက္ဆံေနစဥ္အတြင္း စိတ္လႈပ္ရွားျခင္းနဲ႔ စိတ္ဂေယာက္ဂယက္ျဖစ္ျခင္းပါပဲ။ စိုးရိမ္စိတ္မ်ားတာနဲ႔ စိတ္ဖိစီးမႈမ်ားက အမ်ဳိးသမီးရဲ႕ ကုိယ္ခႏၶာကိုယ္ အတြင္းမွာရွိတဲ့ ေဟာ္မုန္းေတြ မညီမမွ် ျဖစ္ေစၿပီး သာယာမႈ အထြတ္အထိပ္မေရာက္တာ၊ လိင္ဆက္ဆံသူနဲ႔ အမ်ဳိးသမီး ၾကားမွာ ေက်နပ္မႈမရတာေတြျဖစ္ေစပါတယ္။ အေၾကာက္တရားနဲ႔ ဖိအားေတြကလည္း အမ်ဳိးသမီးေတြအတြက္ လိင္ဆက္ဆံမႈဆုိင္ရာ ျပႆနာေတြ ျဖစ္ေပၚေစပါတယ္။ ဖ်ားနာၿပီးကုိယ္လက္ မအီမသာျဖစ္ေနတဲ့အခ်ိန္၊ အလိုမတူဘဲ ဆက္ဆံေနရတဲ့အခ်ိန္၊ လိင္ပုိင္းဆုိင္ရာ စိတ္ဒဏ္ရာရွိေနတာ၊ အလုပ္ဖိအားေတြက အမ်ဳိးသမီးေတြအတြက္ ပုံမွန္ လိင္ဆက္ဆံ မႈမွာ အေႏွာင့္အယွက္ အတားဆီးေတြ အျဖစ္ အမ်ားဆုံး ေနရာယူလာပါတယ္။ ဒါကုိ ကုသဖို႔ကေတာ့ကုိယ့္ စိတ္ဖိအား ေတြကုိ တတ္ႏုိင္သမွ် ထိန္းသိမ္းဟန္႔ထားၿပီး ေမ့ေပ်ာက္ထားရမယ္ဆုိရင္ေတာ့ သာယာေပ်ာ္ရႊင္တဲ့ လိင္ပုိင္း ဆုိင္ရာ သုခေတြ ျပန္လည္ရရွိႏုိင္ပါလိမ့္မယ္။


Credit:ဧရာ၀တီ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ရောဂါသိရင် ကုသမယ့် ဆေးဝါး ရှိတာမို့ လိင်ဆက်ဆံမှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာရင် ပေါ့ပေါ့တန်တန် သဘောမထား သင့်ပါဘူး

လူတိုင်းလူတိုင်းမှာ မတူညီတဲ့ ကိုယ်ခန္ဓကိုယ် တည်ဆောက်ပုံရှိနေတာမို့ တဦးနဲ့ တဦး ကျန်းမာရေးမတူညီနိုင်ကြပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ ကြုံတွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ၆ ခုကတော့ တူညီကြပါတယ်။ ဒါပေမယ့် ရောဂါသိ အဖြေရှိဆိုသလို အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ ကျန်းမာရေး ပြဿနာတွေအတွက် အဖြေဆိုတာရှိစမြဲ ပါပဲ။ အရေးကြီးဆုံးကတော့ ကိုယ်ဘာဖြစ်နေသလဲဆိုတာ သေသေချာချာ သိဖို့ပါပဲ။ ဒီတပတ်ရဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အသိပညာပေးအဖြစ် အမျိုးသမီးတွေ ဘာတွေကြုံတွေ့ရလဲ၊ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြ လိုက်ပါတယ်။ချောဆီ ပြဿနာ

အမျိုးသမီးတိုင်း လိင်ဆက်ဆံချိန်မှာ အမြဲလိုလို ကြုံတွေ့ရတဲ့ ပြဿနာကတော့ လိင်အင်္ဂါက လုံလောက်တဲ့ ချောဆီ မထွက်လာဘဲ လိင်ဆက်ဆံစဉ်မှာ နာနာကျင်ကျင် ခံစားရပါတယ်။ ဒါက ပြင်ပမှာ လိင်ဆက်ဆံဖို့ အမျိုးသမီးကို နမ်းရှုံ့ လှုံ့ဆော်တာမျိုးမလုပ်တော့ဘဲ တိုက်ရိုက် လိင်ဆက်ဆံတာကြောင့် အမျိုးသမီးအင်္ဂါမှာ လုံလောက်တဲ့ ချောဆီ မထွက် လာတော့ဘဲ နာကျင်တာ ဖြစ်နိုင်သလို အမျိုးသမီးရဲ့ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်ပြီး ဖိစီးမှုတွေကြောင့်လည်း ချောဆီ မထွက် တော့ဘဲ နာကျင်တာဖြစ်နိုင်ပါတယ်။ အမျိုးသမီးလိင်အင်္ဂါက နူးညံ့တဲ့ အရေပြား တစ်ရှုးတွေ ဖွဲ့စည်း ထားတာမို့ ချောဆီ မပါဘဲ လိင်ဆက်ဆံ လိုက်မယ်ဆိုရင်တော့ အဲဒီတစ်ရှုးတွေ ပေါက်ပြဲတာ ၊ ကွဲထွက်တာမျိုးတွေ ဖြစ်ပြီး နာကျင်မှု ခံစား ရတာဖြစ်ပါတယ်။ ဒီပြဿနာကိုတော့ ရေကို အခြေခံလုပ်ထားတဲ့ချောဆီတွေ အသုံးပြုပြီး ဖြေရှင်း နိုင်ပါတယ်။ ရေကို အခြေခံ ဖော်ထုတ်ထားတဲ့ ချောဆီတွေက လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့အပြင် ဘေးကင်း လုံခြုံမှု လည်း ရှိပါတယ်။

ဆန္ဒမပြည့်ဝခြင်း

အမျိုးသမီးတွေ လိင်ဆက်ဆံတဲ့အခါ သာယာမှု အထွတ်အထိပ်မရောက်တာကလည်း ကြီးမားတဲ့ ကျန်းမာရေး ပြဿနာ တခုပါပဲ။ ဒီကျန်းမာရေး ပြဿနာကတော့ လိင်ဆက်ဆံရာမှာ အရှက်အကြောက်ကြီးနေတာ၊ အတွေ့အကြုံ မရှိတာ၊ လိင်ဆက်ဆံမှုဆိုင်ရာ ဗဟုသုတမရှိတာတွေအပြင် စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ကြောင့်ဖြစ်နိုင်သလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ စိတ်ဒဏ်ရာတွေရှိတာကြောင့်လည်း ဖြစ်ပါတယ်။ လိင်ဆက်ဆံတိုင်း ဆန္ဒမပြည့်ဝတဲ့ ပြဿနာ ဖြစ်နေတယ်ဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင် ကုသသင့်ပါတယ်။

ပုံမှန်မဟုတ်သော ရာသီသွေးဆင်းခြင်း

ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းခြင်းကလည်း အမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာတွေဖြစ်စေပါတယ်။ ရာသီသွေးဆင်းပြီးချိန်မှာ အမျိုးသမီးတွေရဲ့ ဝမ်းဗိုက်ပိုင်းက အထိအခိုက်မခံနိုင်အောင် နူးညံ့နေတတ်ပြီး ဒါကလည်း အမျိုးသမီးတဦးနဲ့ တဦး တော့ တူညီမှုမရှိနိုင်ပါဘူး။ ရာသီလာပြီးတဲ့နောက်ပိုင်း လိင်ဆက်ဆံမယ်ဆိုရင် အမျိုးသမီးတွေကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါကလည်း အမျိုးသမီးတဦးနဲ့ တဦး မတူညီနိုင်ပါဘူး။ ပုံမှန်မဟုတ်တဲ့ ရာသီသွေး ဆင်းနေတယ်ဆိုရင် ကျွမ်းကျင်သူ ဆရာဝန်ဆီ သွားပြတာ အကောင်းဆုံးပါပဲ။

လိင်ဆက်ဆံမှုကို သက်ရောက်စေနေသော ကျန်းမာရေးအခြေအနေများ

နှလုံးရောဂါ ၊ ဟော်မုန်းဓာတ် မညီမမျှ ဖြစ်တာ၊ နာတာရှည် ရောဂါတွေဖြစ်တဲ့ ကျောက်ကပ်ရောဂါ၊ စိတ်ရောဂါ ၊ သွေးဆုံးကိုင် နဲ့ အလွန်အကျွံ့ ဆေးသုံးစွဲမှုတွေကြောင့် ဖြစ်တဲ့ရောဂါတွေက လိင်ဆက်ဆံမှုမှာ ကျန်းမာရေး ဆိုင်ရာ အခက် အခဲနဲ့ ပြဿနာတွေ ဖြစ်ပေါ်စေပြီး လိင်ဆက်ဆံလိုစိတ်ကို ထာဝရ ပျောက်ဆုံးသွားစေနိုင်ပါတယ်။ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ ခံယူမယ်ဆိုရင်တော့ အများစုက ပုံမှန် လိင်ဆက်ဆံမှု ပြန်လည်ရရှိနိုင်ပါတယ်။

လိင်ဆက်ဆံမှုမှ တဆင့် ဖြစ်ပေါ်လာသော ပြဿနာများ

သားအိမ်အရည်အိတ်ဖြစ်တာ ၊ အမျိုးသမီးအင်္ဂါ (ယောနိ) ရောင်ရမ်းတာ၊ မှိုဆွဲတာ ၊ ဝမ်းဗိုက်ပိုင်းနဲ့ တင်ပါးဆုံပိုင်းမှာ အပြင်းအထန် နာကျင်ခြင်း (Endometriosis) ဆိုတဲ့ ကျန်းမာရေး ပြဿနာတွေက လိင်ဆက်ဆံမှုကနေ တဆင့် ဖြစ်ပေါ် လာတာဖြစ်ပါတယ်။ ဒီလို ကျန်းမာရေး ပြဿနာတွေကိုတော့ ဂရုတစိုက်နဲ့ ကုသသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဒီကျန်းမာရေး ပြဿနာတွေက ကုသရခက်ခဲပြီး မကုသရင်တော့ ဘယ်တော့မှ မသက်သာတဲ့ ရောဂါတွေဖြစ်ပါတယ်။ ကုသလိုက်မယ်ဆိုရင်တော့ ရေရှည်မှာ ပြဿနာကင်းတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ သာယာမှုတွေ ပြန်လည်ရရှိနိုင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင်တော့ လိင်ဆက်ဆံတိုင်း အမျိုးသမီးတွေအတွက် နာကျင်မှုကို ခံစားစေရမှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

အမျိုးသမီးတွေ အများဆုံးကြုံတွေ့ရတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာတခုကတော့ လိင်ဆက်ဆံနေစဉ်အတွင်း စိတ်လှုပ်ရှားခြင်းနဲ့ စိတ်ဂယောက်ဂယက်ဖြစ်ခြင်းပါပဲ။ စိုးရိမ်စိတ်များတာနဲ့ စိတ်ဖိစီးမှုများက အမျိုးသမီးရဲ့ ကိုယ်ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ဟော်မုန်းတွေ မညီမမျှ ဖြစ်စေပြီး သာယာမှု အထွတ်အထိပ်မရောက်တာ၊ လိင်ဆက်ဆံသူနဲ့ အမျိုးသမီး ကြားမှာ ကျေနပ်မှုမရတာတွေဖြစ်စေပါတယ်။ အကြောက်တရားနဲ့ ဖိအားတွေကလည်း အမျိုးသမီးတွေအတွက် လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။ ဖျားနာပြီးကိုယ်လက် မအီမသာဖြစ်နေတဲ့အချိန်၊ အလိုမတူဘဲ ဆက်ဆံနေရတဲ့အချိန်၊ လိင်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာရှိနေတာ၊ အလုပ်ဖိအားတွေက အမျိုးသမီးတွေအတွက် ပုံမှန် လိင်ဆက်ဆံ မှုမှာ အနှောင့်အယှက် အတားဆီးတွေ အဖြစ် အများဆုံး နေရာယူလာပါတယ်။ ဒါကို ကုသဖို့ကတော့ကိုယ့် စိတ်ဖိအား တွေကို တတ်နိုင်သမျှ ထိန်းသိမ်းဟန့်ထားပြီး မေ့ပျောက်ထားရမယ်ဆိုရင်တော့ သာယာပျော်ရွှင်တဲ့ လိင်ပိုင်း ဆိုင်ရာ သုခတွေ ပြန်လည်ရရှိနိုင်ပါလိမ့်မယ်။


Credit:ဧရာဝတီ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top