iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Duwun



#Unicode Version

အဆီများတဲ့ ငါးကို တစ်ပတ်နှစ်ကြိမ်စားခြင်းဟာ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးချိုသွေးချိုကြောင့် အမြင်အာရုံချို့ယွင်းနိုင်မှုကို လျော့ကျစေတယ်လို့ သုတေသနတစ်ခုက ပြောကြားပါတယ်။

အဆိုပါသုတေသနကို စပိန်နိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး JAMA Ophthalmology ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဆီများတဲ့ ငါးမှာ ပါတဲ့ omega-3 polyunsaturated fatty acids ပေးကာ စမ်းသပ်ခဲ့တာဖြစ်ပြီး Omega 3 ပိုမိုရရှိသူ ၄၈ ရာခိုင်နှုန်းဟာ ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့တဲ့မှုကို ပိုမိုလျော့ကျတာ ဖြစ်ပါတယ်။

 လေ့လာမှုမှာ လူပေါင်း ၃၆၁၄ ယောက်ပါဝင်ခဲ့ပြီး ဆီးချိုရောဂါ Type 2 ရှိသူတွေဖြစ်ကာ လေ့လာချိန်ဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ နှစ်ထိ ကြာမြင့်ခဲ့ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top