iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမကိုယ္ သန္႔ရွင္းေရးအတြက္ ဒါေတြ လုပ္မိရဲ႕လားမိန္းကေလး တစ္ေယာက္ အတြက္ မိန္းမကိုယ္သန္႔ရွင္းေရး ကလည္း အေရး ႀကီးပါတယ္။ မ်က္ႏွာကို လွပေအာင္ ဘယ္လိုပဲ ျပင္ဆင္ျခယ္သ ထားပါေစ၊ သင့္ကိုယ္သင္ လုံျခဳံမႈ မရွိနိုင္ပါဘူး။ ခႏၶာ ကိုယ္တစ္ ကိုယ္လုံး သန္႔ရွင္းၿပီး တစ္ကိုယ္ ေရက်န္းမာေရးနဲ႔ ညီၫြတ္ဖို႔ လိုတယ္ဆို ေပမယ့္ သင့္ခႏၶာကိုယ္ရဲ႕ မ်ိဳးပြားအဂၤါ ျဖစ္တဲ့ မိန္းမကိုယ္ သန္႔ရွင္းေန ဖို႔လည္း လိုအပ္ပါတယ္။ ဒါေၾကာင့္ သင္ရဲ႕ တစ္ ကိုယ္ေရ သန္႔ရွင္းေရးမွာ အေရးပါတဲ့ မိန္းမကိုယ္ သန္႔ရွင္းေရး အတြက္ ဒါေတြ လုပ္မိပါရဲ႕လား။

- ၾကမ္းတမ္း တဲ့ ဆပ္ျပာေတြ၊ အေမႊးရနံ႔လြန္ကဲတဲ့ ဆပ္ျပာေတြ မသုံးသင့္ပါဘူး။

- ရနံ႔ျပင္းလြန္းတဲ့ မိန္းမကိုယ္ သန္႔စင္ ေဆးရည္ေတြကို အလြန္အမင္း အသုံးျပဳ တာက မိန္းမကိုယ္ေျခာက္ေသြ႕ေစနိုင္ တာေၾကာင့္ အလြန္အမင္း အသုံးျပဳတာ ကို ေရွာင္ပါ။

- မိန္းမကိုယ္ အတြင္းပိုင္း ထဲကို သန္႔စင္ ေဆးရည္ေတြနဲ႔ ေဆးၾကာတာ၊ ေရနဲ႔ေဆး ေၾကာတာမ်ိဳးေတြကို ေရွာင္သင့္ပါတယ္။ မိန္းမကိုယ္အတြင္းမွာ သဘာဝအရ ပိုး မႊားေတြကို မဝင္ေရာက္နိုင္ေအာင္ ကာ ကြယ္နိုင္စြမ္းရွိပါတယ္။ သန္႔စင္ေပးဖို႔ မလို ပါဘူး။

- အထူးသျဖင့္ မိန္းကေလးေတြဟာ ရာသီလာေနခ်ိန္ေတြမွာ သန္႔ရွင္းေရးကို ပိုမိုဂ႐ုစိုက္ဖို႔ လိုပါတယ္။ ရာသီလာတဲ့ ရက္ေတြမွာ မ်ိဳးပြားအဂၤါေတြကို သန္႔ရွင္း ေရးလုပ္တဲ့ အခါ ေရေႏြးေႏြးေလးနဲ႔ သန္႔ စင္ေပးတာ အေကာင္း ဆုံးပါ။

- အမ်ိဳးသမီး လစဥ္သုံးပစၥည္းကို မလဲဘဲ တစ္ေနကုန္ ဝတ္ဆင္ထား တာမ်ိဳးကို ေရွာင္ရွားပါ။ အထူးသျဖင့္ ညအိပ္ရာဝင္ ခါနီးမွာ မိန္းမကိုယ္သန္႔ရွင္းေရးကို ေသ ခ်ာစြာျပဳလုပ္ၿပီး လစဥ္သုံးပစၥည္းအသစ္ ကို လဲလွယ္ဝတ္ဆင္ကာ အိပ္စက္ပါ။

- တင္းက်ပ္လြန္းတဲ့ အတြင္းခံေဘာင္း ဘီ၊ ထူလြန္း၊ ပူလြန္းတဲ့ အတြင္းခံေဘာင္း ဘီေတြအစား ေလဝင္ေလထြက္ေကာင္း တဲ့ ခ်ည္သား အတြင္း ခံေဘာင္းဘီကို ဝတ္ ဆင္ပါ။

- ပိုးမႊားကူးစက္ လြယ္ေစနိုင္တဲ့ လိင္ အဂၤါတစ္ဝိုက္မွာရွိ အေရျပားေတြ သန္႔ ရွင္းေနဖို႔ အလြန္အေရးႀကီး ပါတယ္။

- ဆီးသြားခ်င္ တာကို မသြားဘဲ ဆီး ေအာင့္ထားတာမ်ိဳးကို ေရွာင္ရွားပါ။

- မ်ိဳးပြားအဂၤါ တစ္ဝိုက္မွာ နာက်င္မႈျဖစ္ တာ၊ နီရဲေနတတ္တာ၊ ယားယံတာ၊ အိမ္ ေထာင္သည္ေတြ အမ်ိဳးသားနဲ႔ အတူေန တဲ့အခါ နာက်င္မႈ ခံစားရတာ၊ ေသြးဆင္း တာ စတာေတြျဖစ္ေပၚပါက ဆရာဝန္နဲ႔ တိုင္ပင္ပါ။




Credit:Good Health

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းမကိုယ် သန့်ရှင်းရေးအတွက် ဒါတွေ လုပ်မိရဲ့လားမိန်းကလေး တစ်ယောက် အတွက် မိန်းမကိုယ်သန့်ရှင်းရေး ကလည်း အရေး ကြီးပါတယ်။ မျက်နှာကို လှပအောင် ဘယ်လိုပဲ ပြင်ဆင်ခြယ်သ ထားပါစေ၊ သင့်ကိုယ်သင် လုံခြုံမှု မရှိနိုင်ပါဘူး။ ခန္ဓာ ကိုယ်တစ် ကိုယ်လုံး သန့်ရှင်းပြီး တစ်ကိုယ် ရေကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုတယ်ဆို ပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ မျိုးပွားအင်္ဂါ ဖြစ်တဲ့ မိန်းမကိုယ် သန့်ရှင်းနေ ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သင်ရဲ့ တစ် ကိုယ်ရေ သန့်ရှင်းရေးမှာ အရေးပါတဲ့ မိန်းမကိုယ် သန့်ရှင်းရေး အတွက် ဒါတွေ လုပ်မိပါရဲ့လား။

- ကြမ်းတမ်း တဲ့ ဆပ်ပြာတွေ၊ အမွှေးရနံ့လွန်ကဲတဲ့ ဆပ်ပြာတွေ မသုံးသင့်ပါဘူး။

- ရနံ့ပြင်းလွန်းတဲ့ မိန်းမကိုယ် သန့်စင် ဆေးရည်တွေကို အလွန်အမင်း အသုံးပြု တာက မိန်းမကိုယ်ခြောက်သွေ့စေနိုင် တာကြောင့် အလွန်အမင်း အသုံးပြုတာ ကို ရှောင်ပါ။

- မိန်းမကိုယ် အတွင်းပိုင်း ထဲကို သန့်စင် ဆေးရည်တွေနဲ့ ဆေးကြာတာ၊ ရေနဲ့ဆေး ကြောတာမျိုးတွေကို ရှောင်သင့်ပါတယ်။ မိန်းမကိုယ်အတွင်းမှာ သဘာဝအရ ပိုး မွှားတွေကို မဝင်ရောက်နိုင်အောင် ကာ ကွယ်နိုင်စွမ်းရှိပါတယ်။ သန့်စင်ပေးဖို့ မလို ပါဘူး။

- အထူးသဖြင့် မိန်းကလေးတွေဟာ ရာသီလာနေချိန်တွေမှာ သန့်ရှင်းရေးကို ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။ ရာသီလာတဲ့ ရက်တွေမှာ မျိုးပွားအင်္ဂါတွေကို သန့်ရှင်း ရေးလုပ်တဲ့ အခါ ရေနွေးနွေးလေးနဲ့ သန့် စင်ပေးတာ အကောင်း ဆုံးပါ။

- အမျိုးသမီး လစဉ်သုံးပစ္စည်းကို မလဲဘဲ တစ်နေကုန် ဝတ်ဆင်ထား တာမျိုးကို ရှောင်ရှားပါ။ အထူးသဖြင့် ညအိပ်ရာဝင် ခါနီးမှာ မိန်းမကိုယ်သန့်ရှင်းရေးကို သေ ချာစွာပြုလုပ်ပြီး လစဉ်သုံးပစ္စည်းအသစ် ကို လဲလှယ်ဝတ်ဆင်ကာ အိပ်စက်ပါ။

- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်း ဘီ၊ ထူလွန်း၊ ပူလွန်းတဲ့ အတွင်းခံဘောင်း ဘီတွေအစား လေဝင်လေထွက်ကောင်း တဲ့ ချည်သား အတွင်း ခံဘောင်းဘီကို ဝတ် ဆင်ပါ။

- ပိုးမွှားကူးစက် လွယ်စေနိုင်တဲ့ လိင် အင်္ဂါတစ်ဝိုက်မှာရှိ အရေပြားတွေ သန့် ရှင်းနေဖို့ အလွန်အရေးကြီး ပါတယ်။

- ဆီးသွားချင် တာကို မသွားဘဲ ဆီး အောင့်ထားတာမျိုးကို ရှောင်ရှားပါ။

- မျိုးပွားအင်္ဂါ တစ်ဝိုက်မှာ နာကျင်မှုဖြစ် တာ၊ နီရဲနေတတ်တာ၊ ယားယံတာ၊ အိမ် ထောင်သည်တွေ အမျိုးသားနဲ့ အတူနေ တဲ့အခါ နာကျင်မှု ခံစားရတာ၊ သွေးဆင်း တာ စတာတွေဖြစ်ပေါ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။




Credit:Good Health



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top