iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ရွဴးက အိမ္တြင္းသန္႔ရွင္းေရးလုပ္ရာမွာ လူသိမ်ားတဲ့ အကူပစၥည္းေတြျဖစ္ျပီး အရန္သင့္လည္းရိွ၊ လိုသေလာက္ဆြဲျဖဲျပီး လုိအပ္တဲ့ေနရာေတြ သုတ္ကာ အမိုက္ပုံးထဲ လႊင့္ပစ္လုိက္ရုံပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လုိ႔ ဖုန္စတဲ့ အညစ္အေၾကးတစ္ခုခု ရွင္းတုိင္း သူ႕ကို မသုံးသင့္ပါဘူး။ ပ်က္စီးထိခုိက္မႈေတြ ျဖစ္ေစႏုိင္တာေၾကာင့္ ဒီပစၥည္း ၅ မ်ဳိးကို သန္႔ရွင္းတဲ့အခါမွာ တစ္ရွဴးလုံးဝ မသုံးပါနဲ႔။

၁။ မ်က္မွန္

မ်က္မွန္ကို တစ္ရွဴးနဲ႔ သုတ္ပါက မွန္ရိွ အကာအကြယ္ေပး အလႊာကို ျခစ္မိေစႏုိင္ပါတယ္။ ဒါေၾကာင့္ မ်က္ႏွာနဲ ႔တြဲဖက္ပါရိွတဲ့ အဝတ္စႏူးႏူးညံ့ညံ့ေလးနဲ႔သာ သုတ္ပါ။

၂။ သစ္သားပရိေဘာဂပစၥည္းမ်ား

တစ္ရွဴးက ေကာ္ဖတ္ကဲ့သုိ႔ ပြန္းရွေစႏုိင္စြမ္း ရိွပါတယ္။ ဒီေတာ့ သစ္သားပရိေဘာဂအသုံးအေဆာင္ေတြကို ဖုန္သုတ္တာက ျခစ္ရာေတြ က်န္ရစ္ေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္ သစ္သားပရိေဘာဂအသုံးအေဆာင္ေတြကို စိုစြတ္တဲ့ အဝတ္ႏူးႏူးည့ံညံ့ေလးေတြနဲ႔ သုတ္တာအေကာင္းဆုံးျဖစ္ပါတယ္။

၃။ အီလက္ထေရာနစ္ပစၥည္းကိရိယာမ်ား

ပိုမိုၾကမ္းေထာ္တဲ့ တစ္ရွဴးေတြက ႏူးညံ့သိမ္ေမြ႔တဲ့ စက္ပစၥည္းေတြ အထူးသျဖင့္ မ်က္မွန္၊ ဖုန္းစခရင္စတာေတြကို ပ်က္စီးေစႏုိင္ပါတယ္။ ဖုန္စသည္ျဖင့္ ညစ္ပတ္ေနတဲ့ အီလက္ထေရာနစ္ပစၥည္းေတြကို ႏူးည့ံတဲ့အဝတ္စ သုိ႔မဟုတ္ ပုိးသတ္အဝတ္စျဖင့္ သုတ္ပါ။ ဘာေၾကာင့္လဲဆုိေတာ့ ဖုန္းေတြမွာ ဘက္တီးရီးယားပိုးအေျမာက္အမ်ား ကိန္းေအာင္းေနတတ္လုိ႔ပဲ ျဖစ္ပါတယ္။

၄။ ေကာ္ေဇာ

ေကာ္ေဇာအစြန္းအထင္းေတြကို တစ္ရွဴးနဲ႔ သုတ္ဖုိ႔ ၾကိဳးစားရင္ တစ္ရွဴးသာ ညက္ညက္ေၾကျပီး ျပသနာ ပိုဆိုးေစပါလိမ့္မယ္။

၅။ T-Shirt အမည္း

ေကာ္ေဇာ၊ အက်ၤီအမည္းနဲ႔ အနက္ေရာင္အထည္တုိ႔မွာ တစ္ရွဴးအစအနေတြ က်န္ရစ္ပါလိမ့္မယ္။ တစ္္ရွဴးအစိုနဲ႔သုတ္တာက အေျခအေန ပိုဆုိးသြားပါလိမ့္မယ္။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တစ်ရှူးက အိမ်တွင်းသန့်ရှင်းရေးလုပ်ရာမှာ လူသိများတဲ့ အကူပစ္စည်းတွေဖြစ်ပြီး အရန်သင့်လည်းရှိ၊ လိုသလောက်ဆွဲဖြဲပြီး လိုအပ်တဲ့နေရာတွေ သုတ်ကာ အမိုက်ပုံးထဲ လွှင့်ပစ်လိုက်ရုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဖုန်စတဲ့ အညစ်အကြေးတစ်ခုခု ရှင်းတိုင်း သူ့ကို မသုံးသင့်ပါဘူး။ ပျက်စီးထိခိုက်မှုတွေ ဖြစ်စေနိုင်တာကြောင့် ဒီပစ္စည်း ၅ မျိုးကို သန့်ရှင်းတဲ့အခါမှာ တစ်ရှူးလုံးဝ မသုံးပါနဲ့။

၁။ မျက်မှန်

မျက်မှန်ကို တစ်ရှူးနဲ့ သုတ်ပါက မှန်ရှိ အကာအကွယ်ပေး အလွှာကို ခြစ်မိစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာနဲ့တွဲဖက်ပါရှိတဲ့ အဝတ်စနူးနူးညံ့ညံ့လေးနဲ့သာ သုတ်ပါ။

၂။ သစ်သားပရိဘောဂပစ္စည်းများ

တစ်ရှူးက ကော်ဖတ်ကဲ့သို့ ပွန်းရှစေနိုင်စွမ်း ရှိပါတယ်။ ဒီတော့ သစ်သားပရိဘောဂအသုံးအဆောင်တွေကို ဖုန်သုတ်တာက ခြစ်ရာတွေ ကျန်ရစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သစ်သားပရိဘောဂအသုံးအဆောင်တွေကို စိုစွတ်တဲ့ အဝတ်နူးနူးညံ့ညံ့လေးတွေနဲ့ သုတ်တာအကောင်းဆုံးဖြစ်ပါတယ်။

၃။ အီလက်ထရောနစ်ပစ္စည်းကိရိယာများ

ပိုမိုကြမ်းထော်တဲ့ တစ်ရှူးတွေက နူးညံ့သိမ်မွေ့တဲ့ စက်ပစ္စည်းတွေ အထူးသဖြင့် မျက်မှန်၊ ဖုန်းစခရင်စတာတွေကို ပျက်စီးစေနိုင်ပါတယ်။ ဖုန်စသည်ဖြင့် ညစ်ပတ်နေတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို နူးညံ့တဲ့အဝတ်စ သို့မဟုတ် ပိုးသတ်အဝတ်စဖြင့် သုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ဖုန်းတွေမှာ ဘက်တီးရီးယားပိုးအမြောက်အများ ကိန်းအောင်းနေတတ်လို့ပဲ ဖြစ်ပါတယ်။

၄။ ကော်ဇော

ကော်ဇောအစွန်းအထင်းတွေကို တစ်ရှူးနဲ့ သုတ်ဖို့ ကြိုးစားရင် တစ်ရှူးသာ ညက်ညက်ကြေပြီး ပြသနာ ပိုဆိုးစေပါလိမ့်မယ်။

၅။ T-Shirt အမည်း

ကော်ဇော၊ အကျၤီအမည်းနဲ့ အနက်ရောင်အထည်တို့မှာ တစ်ရှူးအစအနတွေ ကျန်ရစ်ပါလိမ့်မယ်။ တစ်ရှူးအစိုနဲ့သုတ်တာက အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top