iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္စရာေကာင္းၿပီး ဘယ္လိုၾကည့္ၾကည့္လွေနတဲ့သူ႔ကို ခ်စ္လြန္းအားၾကီးလို႕ လုပ္မိလိုက္တဲ့အခ်က္ေတြရွိပါတယ္။

ဒီအခ်က္ေလးေတြက ဘာေတြၿဖစ္မလဲဆိုတာကို ၾကည့္လိုက္ၾကရေအာင္ေနာ္။

၀၁. ကိုယ့္ခ်စ္ေလးအေၾကာင္းကို သူငယ္ခ်င္းေတြၾကား အရမ္းၾကြားလိုက္မိတယ္။

ခ်စ္ဖို႔ေကာင္းတဲ့ ရည္းစားေလးရလာၿပီဆိုေတာ့ သူ႔အေၾကာင္းကို သူငယ္ခ်င္းေတြကို ေၿပာရတာ အေမာပါပဲ။ သူငယ္ခ်င္းေတြေတာ့ မသိဘူး။ မိန္းကေလးၿဖစ္သူကေကာ ကိုယ့္အေၾကာင္းကို သူမ်ားလိုက္ေၿပာေနတဲ့အခါ ၾကိဳက္ပါမလား။ ၂ေယာက္တည္းၾကားက နားလည္မႈေတြနဲ႔ သေဘာတူညီခ်က္ရွိတဲ့အေၾကာင္းေတြကိုပါ သူမ်ားလိုက္ေၿပာေနရင္ေတာ့ မေကာင္းဘူးလို႔ထင္ပါတယ္။

၀၂. သူ႕ပံုေတြကို တင္ၿပီးရင္တင္ေတာ့ ဘာၿဖစ္မလဲ။

သူနဲ႔အရမ္းခ်စ္ၾကတဲ့အေၾကာင္းကို Facebook မွာတင္ၿပီးရင္တင္တဲ့သူရွိပါတယ္။ မိန္းကေလးၿဖစ္သူမွာေတာ့ သူ႔ပံုေတြ Facebook မွာပလူပ်ံေနရင္ ရွက္စရာေကာင္းသလို၊ လံုၿခဳံေရးလည္း စဥ္းစားစရာရွိလာပါတယ္။ Tag နဲ႔တင္ၿပင္ရင္လည္း မိန္းကေလး သူငယ္ခ်င္းေတြလည္း ေတြ႕ရမွာၿဖစ္တာေၾကာင့္ အခ်စ္လြန္ေနရင္ မိန္းကေလး အခ်င္းခ်င္း အမွန္းတရားက မနာလိုမႈအၿဖစ္စတင္ပါလိမ့္မယ္။

၀၃. ေလွ်ာက္လည္တဲ့အခါ တစ္ေယာက္တည္း အရွိန္ေတြ မတတ္ေစပါနဲ႕။

သူနဲ႔ ေလွ်ာက္လည္ရေတာ့မယ္ဆိုရင္ ေတြးတာနဲ႔တင္ ေပ်ာ္လို႔မဆံုးပဲ၊ အဲဒီေန႕မွာဘာေတြလုပ္ရမလဲဆိုၿပီး အစီအစဥ္ေတြဆဲြၿပီး တခုၿပီးတခုလုပ္မယ္လို႔ ေတြးၿပီးေပ်ာ္ေနတတ္ပါတယ္။ ဒါပင္မဲ့ မိန္းကေလးၿဖစ္သူက ေယာက်ၤားေလးအေနာက္ကို တေကာက္ေကာက္လိုက္ႏုိင္ေလာက္ေအာင္ အားမရွိတတ္ပါ။ ဒါေၾကာင့္ ေလွ်ာ္လည္မယ္ဆုိရင္ သူ႔အတြက္လည္း စဥ္းစားေပးလိုက္ပါ။

၀၄. အၿမဲတမ္း ပိုက္ဆံေတြထုတ္မေနပါနဲ႕။

သူ႕အတြက္ အၿမဲတမ္း ဘာသြားသြား၊ လာလာ၊ ဘာစားစား ရွင္းရင္ေတာ့ ၾကာရွည္မွာေတာ့ မေကာင္းပါ။ သူေဌးၿဖစ္ရင္ေတာ့ ေကာင္းတာေပါ့။ အဲဒီလိုမွမဟုုတ္ရင္ေတာ့ ေဒဝါရီ ခံသြားရမယ့္အေပါက္ကို ၾကိဳၿမင္ပါတယ္။ သူတလွည့္၊ကုိယ္တလွည့္က အေကာင္းဆံုးၿဖစ္မွာပါ။

၀၅. လက္ေဆာင္ေပးတုိင္းလဲ မေကာင္းပါ။

လက္ေဆာင္ေတြခ်ည္းပဲ ေပးေနရင္ ေမြးေန႕၊ Anniversary ေတြ အခ်ိန္ရွိတိုင္းသာ ေပးေနရင္ေတာ့ လက္ေဆာင္ေပးရင္ေတာင္ ေပ်ာ္စရာေကာင္းေတာ့မွာ မဟုတ္ပါ။

၀၆. ကိုယ္လိုခ်င္ေသာ ပံုသြင္းတာကို သတိထားပါ။

ကိုယ္ခ်စ္တဲ့ မိန္းကေလးၿဖစ္တာေၾကာင့္လည္း အခ်စ္ပိုၿပီး ကိုယ္လိုခ်င္တဲ့ပံုၿဖစ္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ ေၿပာင္းယူမယ္ဆိုတဲ့ ဆႏၵရွိမွာပါ။ မိန္းကေလးလည္း လူၿဖစ္သလို၊ ခံစားခ်က္ေတြရွိပါတယ္။ သူ႕ကိုတန္ဖိုးထားရင္ သူ႕ဝတ္ခ်င္တဲ့အတိုင္း ၊ သူ႕ရဲ႕စတိုင္ကို ဦးစားေပးလိုက္ပါ။ အကယ္၍ ကိုယ္ကဝတ္ေတြခ်င္တဲ့ အဝတ္အစားရွိရင္လည္း လက္ေဆာင္ေပးၾကည့္လုုိက္ပါ။

၀၇. စိတ္ဓါတ္ပိုင္းဆုိင္ရာ ႏွိပ္စက္မႈေတြကို မၿဖစ္ပါေစနဲ႕။

သူ႕ကိုေပ်ာ္ေစခ်င္တယ္ဆိုၿပီး တဖက္သတ္ခ်ည္း စကားေတြေၿပာ၊ တရားေတြေပးလုပ္ေနရင္ေတာ့ ၾကာရင္မိန္းကေလးၿဖစ္သူက စိတ္ညစ္လာပါလိမ့္မယ္။ အခ်စ္မွာ မ်က္စိမရွိဆိုသလို၊ သတိထားၿပီး ႏွစ္ေယာက္ၾကားထဲမွာ ေရရွည္ အဆင္ေၿပေအာင္ အၿပန္အလွန္ နားလည္မႈေတြနဲ႕ ေက်ာ္ၿဖတ္သြားရမွာပါ။

Credit: Chelmo Team

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်စရာကောင်းပြီး ဘယ်လိုကြည့်ကြည့်လှနေတဲ့သူ့ကို ချစ်လွန်းအားကြီးလို့ လုပ်မိလိုက်တဲ့အချက်တွေရှိပါတယ်။

ဒီအချက်လေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၀၁. ကိုယ့်ချစ်လေးအကြောင်းကို သူငယ်ချင်းတွေကြား အရမ်းကြွားလိုက်မိတယ်။

ချစ်ဖို့ကောင်းတဲ့ ရည်းစားလေးရလာပြီဆိုတော့ သူ့အကြောင်းကို သူငယ်ချင်းတွေကို ပြောရတာ အမောပါပဲ။ သူငယ်ချင်းတွေတော့ မသိဘူး။ မိန်းကလေးဖြစ်သူကကော ကိုယ့်အကြောင်းကို သူများလိုက်ပြောနေတဲ့အခါ ကြိုက်ပါမလား။ ၂ယောက်တည်းကြားက နားလည်မှုတွေနဲ့ သဘောတူညီချက်ရှိတဲ့အကြောင်းတွေကိုပါ သူများလိုက်ပြောနေရင်တော့ မကောင်းဘူးလို့ထင်ပါတယ်။

၀၂. သူ့ပုံတွေကို တင်ပြီးရင်တင်တော့ ဘာဖြစ်မလဲ။

သူနဲ့အရမ်းချစ်ကြတဲ့အကြောင်းကို Facebook မှာတင်ပြီးရင်တင်တဲ့သူရှိပါတယ်။ မိန်းကလေးဖြစ်သူမှာတော့ သူ့ပုံတွေ Facebook မှာပလူပျံနေရင် ရှက်စရာကောင်းသလို၊ လုံခြုံရေးလည်း စဉ်းစားစရာရှိလာပါတယ်။ Tag နဲ့တင်ပြင်ရင်လည်း မိန်းကလေး သူငယ်ချင်းတွေလည်း တွေ့ရမှာဖြစ်တာကြောင့် အချစ်လွန်နေရင် မိန်းကလေး အချင်းချင်း အမှန်းတရားက မနာလိုမှုအဖြစ်စတင်ပါလိမ့်မယ်။

၀၃. လျှောက်လည်တဲ့အခါ တစ်ယောက်တည်း အရှိန်တွေ မတတ်စေပါနဲ့။

သူနဲ့ လျှောက်လည်ရတော့မယ်ဆိုရင် တွေးတာနဲ့တင် ပျော်လို့မဆုံးပဲ၊ အဲဒီနေ့မှာဘာတွေလုပ်ရမလဲဆိုပြီး အစီအစဉ်တွေဆွဲပြီး တခုပြီးတခုလုပ်မယ်လို့ တွေးပြီးပျော်နေတတ်ပါတယ်။ ဒါပင်မဲ့ မိန်းကလေးဖြစ်သူက ယောကျၤားလေးအနောက်ကို တကောက်ကောက်လိုက်နိုင်လောက်အောင် အားမရှိတတ်ပါ။ ဒါကြောင့် လျှော်လည်မယ်ဆိုရင် သူ့အတွက်လည်း စဉ်းစားပေးလိုက်ပါ။

၀၄. အမြဲတမ်း ပိုက်ဆံတွေထုတ်မနေပါနဲ့။

သူ့အတွက် အမြဲတမ်း ဘာသွားသွား၊ လာလာ၊ ဘာစားစား ရှင်းရင်တော့ ကြာရှည်မှာတော့ မကောင်းပါ။ သူဌေးဖြစ်ရင်တော့ ကောင်းတာပေါ့။ အဲဒီလိုမှမဟုုတ်ရင်တော့ ဒေဝါရီ ခံသွားရမယ့်အပေါက်ကို ကြိုမြင်ပါတယ်။ သူတလှည့်၊ကိုယ်တလှည့်က အကောင်းဆုံးဖြစ်မှာပါ။

၀၅. လက်ဆောင်ပေးတိုင်းလဲ မကောင်းပါ။

လက်ဆောင်တွေချည်းပဲ ပေးနေရင် မွေးနေ့၊ Anniversary တွေ အချိန်ရှိတိုင်းသာ ပေးနေရင်တော့ လက်ဆောင်ပေးရင်တောင် ပျော်စရာကောင်းတော့မှာ မဟုတ်ပါ။

၀၆. ကိုယ်လိုချင်သော ပုံသွင်းတာကို သတိထားပါ။

ကိုယ်ချစ်တဲ့ မိန်းကလေးဖြစ်တာကြောင့်လည်း အချစ်ပိုပြီး ကိုယ်လိုချင်တဲ့ပုံဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ပြောင်းယူမယ်ဆိုတဲ့ ဆန္ဒရှိမှာပါ။ မိန်းကလေးလည်း လူဖြစ်သလို၊ ခံစားချက်တွေရှိပါတယ်။ သူ့ကိုတန်ဖိုးထားရင် သူ့ဝတ်ချင်တဲ့အတိုင်း ၊ သူ့ရဲ့စတိုင်ကို ဦးစားပေးလိုက်ပါ။ အကယ်၍ ကိုယ်ကဝတ်တွေချင်တဲ့ အဝတ်အစားရှိရင်လည်း လက်ဆောင်ပေးကြည့်လိုုက်ပါ။

၀၇. စိတ်ဓါတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို မဖြစ်ပါစေနဲ့။

သူ့ကိုပျော်စေချင်တယ်ဆိုပြီး တဖက်သတ်ချည်း စကားတွေပြော၊ တရားတွေပေးလုပ်နေရင်တော့ ကြာရင်မိန်းကလေးဖြစ်သူက စိတ်ညစ်လာပါလိမ့်မယ်။ အချစ်မှာ မျက်စိမရှိဆိုသလို၊ သတိထားပြီး နှစ်ယောက်ကြားထဲမှာ ရေရှည် အဆင်ပြေအောင် အပြန်အလှန် နားလည်မှုတွေနဲ့ ကျော်ဖြတ်သွားရမှာပါ။

Credit: Chelmo Team



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top