iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ႀကီးလာတဲ့အခါမွာ အေရျပားကို ေဆးေၾကာတာ၊ သန္႔စင္ေအာင္ လုပ္တာနဲ႔ အစိုဓာတ္ ထိန္းတာ စတဲ့နည္းလမ္း ေတြကို လုပ္ေဆာင္တဲ့ အခါမွာ သတိထား သင့္တဲ့ အခ်က္ေတြ ရွိပါတယ္။

အေၾကာင္း ကေတာ့ အသက္ႀကီး လာေလေလ အသား အေရက ေျခာက္ေသြ႕ လာေလေလ ျဖစ္တတ္တာေၾကာင့္ အေရျပား စိုေျပေနေအာင္ ေရခ်ဳိးခ်ိန္မွာ လိုက္နာ သင့္တဲ့ နည္းလမ္း ေတြကို ေဖာ္ျပ လိုက္ရပါတယ္။

(၁) အေရျပားကိုျခစ္ၿပီး စမ္းသပ္မႈ ျပဳလုပ္ပါ

သင့္အေနနဲ႔ ေရမခ်ဳိးခင္မွာ လက္ေမာင္း ဒါမွမဟုတ္ ေျခေထာက္ ေပၚက အေရျပား ေနရာငယ္ကို လက္သည္းနဲ႔ ျခစ္ၾကည့္ လိုက္ပါ။ အျဖဴေရာင္ အမွတ္ရာႀကီး က်န္ေနခဲ့ရင္ အေရျပားက ေျခာက္ေသြ႕ ေနတာေၾကာင့္ အစိုဓာတ္ ထိန္းဖို႔ အထူး လိုအပ္ ေနပါတယ္။

(၂) ေရေအးျဖင့္ ခ်ဳိးပါ

ေရပူနဲ႔ အခ်ိန္ၾကာၾကာ ခ်ဳိးတာက အေရျပား ေပၚက အစိုဓာတ္ကို ကင္းေဝးေစၿပီး အကာအကြယ္ အဆီေတြကို ေဆးခ် လိုက္သလို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အသားအေရ ေျခာက္ေသြ႕ ေနသူေတြ အေနနဲ႔ ေအးျမတဲ့ေရနဲ႔ ခ်ဳိးသင့္ၿပီး ေရခ်ဳိးခ်ိန္ကို ခဏပဲ ထားသင့္ ပါတယ္။ ေဆာင္းရာသီလို ေအးျမလြန္းတဲ့ ေန႔ရက္ေတြမွာ တစ္ရက္ျခား တစ္ႀကိမ္ပဲ ေရခ်ဳိး သင့္ပါတယ္။

(၃) အဆီဓာတ္ပါေသာ ဆပ္ျပာသံုးပါ

အဆီဓာတ္ ပါတဲ့ ဆပ္ျပာေတြဟာ ေရခ်ဳိးၿပီးခ်ိန္မွာ အေရျပားေပၚကို အက်ဳိးရွိတဲ့ အဆီလႊာ တင္က်န္ ေနတတ္ ပါတယ္။ အနံ႔ေမႊးလြန္းတဲ့ ဆပ္ျပာေတြကေတာ့ အသားအေရကို ေျခာက္ေသြ႕ ေစပါတယ္။

(၄) သပြတ္အူကို သံုးပါ

ေရခ်ဳိးခ်ိန္မွာ အေရျပားေပၚက ဆဲလ္ေသေတြ ကြာက်သြားေအာင္ သပြတ္အူနဲ႔ စက္ဝိုင္းပံု အတိုင္း ညင္ညင္သာသာ လွည့္ၿပီး ေၾကးကၽြတ္ေအာင္ လုပ္ေပးပါ။ သံုးထားတဲ့ သပြတ္အူကို ေျခာက္ေသြ႕တဲ့ ေနရာမွာ အျမဲ သိမ္းထားပါ။ စိုစြတ္ေနတဲ့ ေနရာမွာ ထားပါက ဘက္တီး ရီးယား ေပါက္ဖြား ႏိုင္ေျခ ရွိပါတယ္။

(၅) အစိုဓာတ္ထိန္း ခရင္မ္ကို လိမ္းပါ

ေရခ်ဳိးၿပီး အခ်ိန္ သံုးမိနစ္ေလာက္ ၾကာတဲ့အခါမွာ အစိုဓာတ္ပါတဲ့ ခရင္မ္ ဒါမွမဟုတ္ လိုးရွင္းကို လိမ္းေပးတာက အေရျပား ေျခာက္ေသြ႕တာနဲ႔ ယားယံတာကို သက္သာ ေစပါတယ္။ ေအးျမတဲ့ အခ်ိန္ေတြမွာ ပ်စ္ခၽြဲတဲ့ အစိုဓာတ္ထိန္း ခရင္မ္ကို မ်ားမ်ား လိမ္းေပးပါ။

Credit: Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အသက် ကြီးလာတဲ့ အခါမှာ အရေပြားကို ဆေးကြောတာ၊ သန့်စင်အောင် လုပ်တာနဲ့ အစိုဓာတ် ထိန်းတာ စတဲ့နည်းလမ်း တွေကို လုပ်ဆောင်တဲ့ အခါမှာ သတိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။

အကြောင်း ကတော့ အသက်ကြီး လာလေလေ အသား အရေက ခြောက်သွေ့ လာလေလေ ဖြစ်တတ်တာကြောင့် အရေပြား စိုပြေနေအောင် ရေချိုးချိန်မှာ လိုက်နာ သင့်တဲ့ နည်းလမ်း တွေကို ဖော်ပြ လိုက်ရပါတယ်။

(၁) အရေပြားကိုခြစ်ပြီး စမ်းသပ်မှု ပြုလုပ်ပါ

သင့်အနေနဲ့ ရေမချိုးခင်မှာ လက်မောင်း ဒါမှမဟုတ် ခြေထောက် ပေါ်က အရေပြား နေရာငယ်ကို လက်သည်းနဲ့ ခြစ်ကြည့် လိုက်ပါ။ အဖြူရောင် အမှတ်ရာကြီး ကျန်နေခဲ့ရင် အရေပြားက ခြောက်သွေ့ နေတာကြောင့် အစိုဓာတ် ထိန်းဖို့ အထူး လိုအပ် နေပါတယ်။

(၂) ရေအေးဖြင့် ချိုးပါ

ရေပူနဲ့ အချိန်ကြာကြာ ချိုးတာက အရေပြား ပေါ်က အစိုဓာတ်ကို ကင်းဝေးစေပြီး အကာအကွယ် အဆီတွေကို ဆေးချ လိုက်သလို ဖြစ်စေပါတယ်။ ဒါကြောင့် အသားအရေ ခြောက်သွေ့ နေသူတွေ အနေနဲ့ အေးမြတဲ့ရေနဲ့ ချိုးသင့်ပြီး ရေချိုးချိန်ကို ခဏပဲ ထားသင့် ပါတယ်။ ဆောင်းရာသီလို အေးမြလွန်းတဲ့ နေ့ရက်တွေမှာ တစ်ရက်ခြား တစ်ကြိမ်ပဲ ရေချိုး သင့်ပါတယ်။

(၃) အဆီဓာတ်ပါသော ဆပ်ပြာသုံးပါ

အဆီဓာတ် ပါတဲ့ ဆပ်ပြာတွေဟာ ရေချိုးပြီးချိန်မှာ အရေပြားပေါ်ကို အကျိုးရှိတဲ့ အဆီလွှာ တင်ကျန် နေတတ် ပါတယ်။ အနံ့မွှေးလွန်းတဲ့ ဆပ်ပြာတွေကတော့ အသားအရေကို ခြောက်သွေ့ စေပါတယ်။

(၄) သပွတ်အူကို သုံးပါ

ရေချိုးချိန်မှာ အရေပြားပေါ်က ဆဲလ်သေတွေ ကွာကျသွားအောင် သပွတ်အူနဲ့ စက်ဝိုင်းပုံ အတိုင်း ညင်ညင်သာသာ လှည့်ပြီး ကြေးကျွတ်အောင် လုပ်ပေးပါ။ သုံးထားတဲ့ သပွတ်အူကို ခြောက်သွေ့တဲ့ နေရာမှာ အမြဲ သိမ်းထားပါ။ စိုစွတ်နေတဲ့ နေရာမှာ ထားပါက ဘက်တီး ရီးယား ပေါက်ဖွား နိုင်ခြေ ရှိပါတယ်။

(၅) အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပါ

ရေချိုးပြီး အချိန် သုံးမိနစ်လောက် ကြာတဲ့အခါမှာ အစိုဓာတ်ပါတဲ့ ခရင်မ် ဒါမှမဟုတ် လိုးရှင်းကို လိမ်းပေးတာက အရေပြား ခြောက်သွေ့တာနဲ့ ယားယံတာကို သက်သာ စေပါတယ်။ အေးမြတဲ့ အချိန်တွေမှာ ပျစ်ချွဲတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို များများ လိမ်းပေးပါ။

Credit: Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top