iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ့္ရုပ္ရည္သြင္ျပင္ကို အျမန္ဆုံး အသိအမွတ္ျပဳေစႏုိင္တဲ့အထဲမွာ သြားက အဓိကက်ပါတယ္။ ကိုယ့္သြားကို အရမ္းျဖဴတယ္လို႔ ျမင္သြားေစဖုိ႔အတြက္ အိမ္မွာရွိတဲ့ သြားျဖဴေစတဲ့ ပစၥည္းမ်ဳိးစုံနဲ႔ အလုပ္ရႈပ္ခံစရာမလိုပါဘူး။ ၃ စကၠန္႔အတြင္းမွာပဲ သြားကိုပိုျဖဴသြားေစႏုိင္တဲ့ အျမန္ဆုံးနည္းလမ္းတစ္ခုရွိပါတယ္။

ဒီနည္းေလးကေတာ့ ကိုယ့္အသားေရာင္ကိုလိုက္ျပီး ႏႈတ္ခမ္းနီအေရာင္ကုိ ဆိုးရမွာပဲ ျဖစ္ပါတယ္။ ဒါဆုိရင္ ဆယ္ဖီရိုက္တဲ့အခါ ကိုယ့္ရဲ႕အျပဳံးကုိပုိျပီးလွပေစမွာပါ။ ပိုျပီးျဖဴေဖြးတဲ့သြားပိုင္ရွင္ေတြျဖစ္ဖို႔အတြက္ အသားေရာင္အလိုက္ ေရြးခ်ယ္သင့္တဲ့ ႏႈတ္ခမ္းနီအေရာင္ေလးေတြကို သိထားဖို႔လိုပါတယ္။

သင့္အသားေရာင္က အလယ္အလတ္ရွိတဲ့ အဝါေရာင္ အသားအေရမ်ဳိးဆုိရင္ေတာ့ ႏႈတ္ခမ္းနီအေရာင္မ်ားစြာထဲက မိတ္ကပ္ေရာင္လို ပန္းေရာင္မ်ဳိးက သင့္အျပဳံးေတြကို ပိုုျပီးအသက္ဝင္လွပေစမွာျဖစ္ပါတယ္။ ပန္းေရာင္ႏႈတ္ခမ္းနီက အေရျပားေၾကာင့္ အဝါေရာင္သန္းေနတာကို ေမွးမွိန္သြားေစႏုိင္ျပီး သြားေလးေတြကို ပိုျပီးျဖဴေဖြးေနေစမွာပါ။

သင္က အသားအရမ္းျဖဴတဲ့ မိန္းကေလးတစ္ဦးဆုိရင္ သြားကို ပိုျပီးျဖဴေဖြးတယ္လို႔ ထင္ေစဖုိ႔အတြက္ စေတာ္ဘယ္ရီေရာင္လို အနီရဲရဲအေရာင္ကိုဆုိးသင့္ပါတယ္။ သင့္ရဲ႕ အေရာင္ေဖ်ာ့ေဖ်ာ့ အသားေရာင္ေပၚမွာ ထင္းကနဲျဖစ္သြားေစတဲ့ အနီေရာင္ရင့္ရင့္ႏႈတ္ခမ္းနီေၾကာင့္ သြားအေရာင္ကို ပိုျပီးေတာက္ပသြားေစတာျဖစ္ပါတယ္။

သင္က ညဳိတဲ့သူတစ္ဦးဆိုရင္ေတာ့ ပုံမွန္အားျဖင့္ သြားေတြကုိ ထင္းခနဲ ျမင္ရတတ္ပါတယ္။ ဒီလုိထင္းခနဲျမင္ရတဲ့သြားကို အရင္ကထက္ ပိုျပီးျဖဴေဖြးတဲ့သြားေတြအျဖစ္ ျမင္ခ်င္တယ္ဆုိရင္ေတာ့ မရမ္းေစ့ေရာင္လုိ၊ ဘယ္ရီသီးအေရာင္လုိ အေရာင္ရင့္ေလးေတြဆုိးေပးသင့္ပါတယ္။



Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်ရုပ်ရည်သွင်ပြင်ကို အမြန်ဆုံး အသိအမှတ်ပြုစေနိုင်တဲ့အထဲမှာ သွားက အဓိကကျပါတယ်။ ကိုယ့်သွားကို အရမ်းဖြူတယ်လို့ မြင်သွားစေဖို့အတွက် အိမ်မှာရှိတဲ့ သွားဖြူစေတဲ့ ပစ္စည်းမျိုးစုံနဲ့ အလုပ်ရှုပ်ခံစရာမလိုပါဘူး။ ၃ စက္ကန့်အတွင်းမှာပဲ သွားကိုပိုဖြူသွားစေနိုင်တဲ့ အမြန်ဆုံးနည်းလမ်းတစ်ခုရှိပါတယ်။

ဒီနည်းလေးကတော့ ကိုယ့်အသားရောင်ကိုလိုက်ပြီး နှုတ်ခမ်းနီအရောင်ကို ဆိုးရမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဆယ်ဖီရိုက်တဲ့အခါ ကိုယ့်ရဲ့အပြုံးကိုပိုပြီးလှပစေမှာပါ။ ပိုပြီးဖြူဖွေးတဲ့သွားပိုင်ရှင်တွေဖြစ်ဖို့အတွက် အသားရောင်အလိုက် ရွေးချယ်သင့်တဲ့ နှုတ်ခမ်းနီအရောင်လေးတွေကို သိထားဖို့လိုပါတယ်။

သင့်အသားရောင်က အလယ်အလတ်ရှိတဲ့ အဝါရောင် အသားအရေမျိုးဆိုရင်တော့ နှုတ်ခမ်းနီအရောင်များစွာထဲက မိတ်ကပ်ရောင်လို ပန်းရောင်မျိုးက သင့်အပြုံးတွေကို ပိုုပြီးအသက်ဝင်လှပစေမှာဖြစ်ပါတယ်။ ပန်းရောင်နှုတ်ခမ်းနီက အရေပြားကြောင့် အဝါရောင်သန်းနေတာကို မှေးမှိန်သွားစေနိုင်ပြီး သွားလေးတွေကို ပိုပြီးဖြူဖွေးနေစေမှာပါ။

သင်က အသားအရမ်းဖြူတဲ့ မိန်းကလေးတစ်ဦးဆိုရင် သွားကို ပိုပြီးဖြူဖွေးတယ်လို့ ထင်စေဖို့အတွက် စတော်ဘယ်ရီရောင်လို အနီရဲရဲအရောင်ကိုဆိုးသင့်ပါတယ်။ သင့်ရဲ့ အရောင်ဖျော့ဖျော့ အသားရောင်ပေါ်မှာ ထင်းကနဲဖြစ်သွားစေတဲ့ အနီရောင်ရင့်ရင့်နှုတ်ခမ်းနီကြောင့် သွားအရောင်ကို ပိုပြီးတောက်ပသွားစေတာဖြစ်ပါတယ်။

သင်က ညိုတဲ့သူတစ်ဦးဆိုရင်တော့ ပုံမှန်အားဖြင့် သွားတွေကို ထင်းခနဲ မြင်ရတတ်ပါတယ်။ ဒီလိုထင်းခနဲမြင်ရတဲ့သွားကို အရင်ကထက် ပိုပြီးဖြူဖွေးတဲ့သွားတွေအဖြစ် မြင်ချင်တယ်ဆိုရင်တော့ မရမ်းစေ့ရောင်လို၊ ဘယ်ရီသီးအရောင်လို အရောင်ရင့်လေးတွေဆိုးပေးသင့်ပါတယ်။



Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top