iMyanmarHouse.com - Best Property Website for Myanmar
×










Credit : Trend Myanmar

ပို့သပေးပါတယ်။


Unicode Version

သင့်ရဲ့အချစ်ရေးမှာ သင်နားလည်သဘောပေါက်ဖို့ လိုအပ်တဲ့ အချက်လေးတွေ ရှိနေပါတယ်။ ဒါတွေကို မသိဘူးဆိုရင် အချစ်ရေးမှာ မိမိရင်းနှီးမြုပ်နှံထားတဲ့ အရာတွေအားလုံး အလဟသ ဖြစ်သွားနိုင်ပါတယ်။


အမျိုးသမီးတစ်ဦးအနေနဲ့ အသက်အရွယ် တချို့ကျော်လာပြီဆိုတာနဲ့ ကိုယ်နဲ့ ရှေ့ဆက်လက်တွဲမယ့် အမျိုးသားတစ်ဦးနဲ့ ချိန်းတွေ့ဖို့ အလွန်အမင်း အရေးကြီးလာပါတယ်။


မိမိ သမီးရည်းစားဆက်ဆံရေးမှာ ဒီလူဟာ သင့်တော်မှန်ကန်တဲ့လူလား ဒါမှမဟုတ် အပျော်တမ်းအတွက် သက်သက်ပဲလားဆိုတာ စမ်းစစ်ကြည့်ရအောင်။


(၁) ချစ်သူရည်းစားဘဝ ရေရှည်ထိန်းသိမ်းနိုင်ခြင်း


ချစ်သူရည်းစားဘဝကို ရေရှည် အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်မယ်ဆိုရင် ဒါဟာ နှစ်ဦးစလုံး အချင်းချင်း စိတ်ရှည်သည်းခံကြတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ရေရှည်သမီးရည်းစား ဘဝဆိုတာ ခက်ခဲတယ်။ အဲဒါကို ကျော်လွှားနိုင်တာ အနာဂတ်မှာ အတူတကွ အောင်မြင်မှုများစွာ ရရှိနိုင်မယ့် အဓိပ္ပါယ်ပဲဖြစ်ပါတယ်။


(၂) သင့်အကြောင်း လူတွေကိုပြောပြနေ


သူဟာ သင့်ရဲ့ နံပါတ် ၁ ပရိသတ်တစ်ဦးပါ။ သင် တစ်ခုခုလုပ်တိုင်း အဲဒါကို သူ့သူငယ်ချင်းတွေဆီ ကြွားလုံးထုတ် ပါလိမ့်မယ်။ ဘာဖြစ်ဖြစ် ပြသနာမဟုတ်ဘူး။ သူ့ဘဝမှာ သင်ရှိနေဖို့ သူမရှက်မကြောက်ရှိနေတဲ့ အဓိပ္ပါယ်ဖြစ်တယ်။


(၃) သူစွန့်လွှတ် အနစ်နာခံခဲ့မှုများ


သူ့အပေါင်းသင်းများနဲ့ ဘောလုံးပွဲကြည့်ဖို့ ပျက်ကွက်ပြီး သင့်အနားနေနိုင်ရင် သူဟာ သင့်ဖူးစာရှင် အစစ်ဖြစ်ပါတယ်။ သူ ဒါကို ထပ်ခါတလဲလဲ လုပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် သူလုပ်နိုင်ခဲ့ရင် ဒါလက္ခဏာတစ်ခုဖြစ်တယ်။ အများစုကိစ္စရပ်တွေမှာ အမျိုးသားအများစုက အပေါင်းသင်းတွေနဲ့ ဘောလုံးပွဲကြည့်တာ ဘာနဲ့မှမလဲနိုင်ကြဘူး။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top