iMyanmarHouse.com - Best Property Website for Myanmar
×

နံနက္ေစာေစာဗိုက္ထဲအစာ မရွိတုန္း လက္ဖက္ရည္ဒါမွမ ဟုတ္ ေကာ္ဖီကိုတန္းၿပီး ေသာက္ တာမ်ဳိးဟာ ခႏၶာကိုယ္အတြက္ ဆိုးက်ဳိးေပးတယ္လို႔ သုေတသနျပဳ ခ်က္တခ်ဳိ႕က ဆိုထားပါတယ္။ အေလ့အထဆိုတာမ်ဳိးကလည္း ေဖ်ာက္ဖို႔ ခက္ခဲတဲ့အတြက္ ဆိုး က်ဳိးနည္းႏိုင္သမွ် နည္းဖို႔ ေကာ္ဖီ၊ လက္ဖက္ရည္မေသာက္ခင္မွာ ေရကိုအရင္ဆံုးေသာက္ရင္း ကာကြယ္ႏုိင္တယ္လို႔ သိရပါတယ္။ ေရေသာက္တဲ့အတြက္ ဘာေတြကာကြယ္ၿပီးသားျဖစ္ေစသလဲဆိုရင္-

ေရဓာတ္ကုန္ခန္းမႈမွ ကာကြယ္ ေပးျခင္း - ခႏၶာကိုယ္ဟာ အိပ္စက္ေနတဲ့အခ်ိန္ ၆ နာရီ၊ ၇ နာရီ ေလာက္အတြင္းမွာ ဘာမွမစား၊ မေသာက္ဘဲရွိေနတာမို႔ အိပ္ရာ ထထခ်င္းမွာ ေရဓာတ္ကုန္ခန္းေန ေလ့ရွိပါတယ္။ ေကာ္ဖီ၊ လက္ဖက္ရည္ကို တန္းၿပီးေသာက္လိုက္တဲ့ အခါ ခႏၶာကိုယ္ထဲကို အရည္၀င္ သြားတဲ့အတြက္ ဆီးရႊင္ေစတာ ေၾကာင့္ ခႏၶာကိုယ္ထဲကေရဓာတ္ ေတြကို ထပ္ထုတ္လိုက္သလို ျဖစ္ ေစပါတယ္။ ဒါေၾကာင့္မို႔ အိပ္ရာ ထတာနဲ႔ ေရတစ္ခြက္ေသာက္ တာဟာ ခႏၶာကိုယ္ကို ေရဓာတ္ ျပည့္၀ေစသလို ကဖိန္းဓာတ္ ေၾကာင့္ ျဖစ္လာႏိုင္တဲ့ ဆိုးက်ဳိး ေတြကိုလည္း ေလွ်ာ့ခ်ၿပီးသား ျဖစ္ေစပါတယ္။

အစာအိမ္အခ်ဥ္မေပါက္ေအာင္ ကာကြယ္ေပးျခင္း - လက္ဖက္ ရည္ဟာ pH တန္ဖိုး (၆) ရွိၿပီး ေကာ္ဖီကေတာ့ pH တန္ဖိုး (၅) ရွိ တာေၾကာင့္ အစာမရွိတဲ့အခ်ိန္ ေသာက္တဲ့အခါ ဟိုက္ဒ႐ိုကလို ရစ္အက္စစ္ပမာဏလိုအပ္တာ ထက္ပိုၿပီးထုတ္တဲ့အတြက္ အစာ အိမ္အခ်ဥ္ေပါက္တာမ်ဳိး ျဖစ္ တတ္ပါတယ္။ ဒါေၾကာင့္မို႔ ဘာမွ မေသာက္ခင္၊ မစားခင္မွာ သတိ တရနဲ႔ ေရေသာက္ဖို႔ လိုပါတယ္။

အစာေခ်ဖ်က္မႈဆိုင္ရာျပႆနာ မ်ားအား ကာကြယ္ျခင္း - ဟိုက္ဒ႐ိုကလိုရစ္အက္စစ္ေတြလိုတာ ထက္ ပိုထြက္လာတဲ့အခါ အစာ ေခ်အဖြဲ႕ကို အလုပ္ေတြတြန္းၿပီး ခိုင္းေစသလိုျဖစ္ၿပီး ေလပြတာတို႔၊ ၀မ္းေဖာ၀မ္းေရာင္တို႔၊ အူမကင္ ဆာတို႔လိုမ်ဳိးအထိပါ ျဖစ္ႏိုင္တဲ့အ တြက္ ေရတစ္ခြက္ေလာက္ႀကိဳ တင္ေသာက္ရင္း ကာကြယ္ဖို႔ လို ပါတယ္။

Credit: Today Bago 

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

နံနက်စောစောဗိုက်ထဲအစာ မရှိတုန်း လက်ဖက်ရည်ဒါမှမ ဟုတ် ကော်ဖီကိုတန်းပြီး သောက် တာမျိုးဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးတယ်လို့ သုတေသနပြု ချက်တချို့က ဆိုထားပါတယ်။ အလေ့အထဆိုတာမျိုးကလည်း ဖျောက်ဖို့ ခက်ခဲတဲ့အတွက် ဆိုး ကျိုးနည်းနိုင်သမျှ နည်းဖို့ ကော်ဖီ၊ လက်ဖက်ရည်မသောက်ခင်မှာ ရေကိုအရင်ဆုံးသောက်ရင်း ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ရေသောက်တဲ့အတွက် ဘာတွေကာကွယ်ပြီးသားဖြစ်စေသလဲဆိုရင်-

ရေဓာတ်ကုန်ခန်းမှုမှ ကာကွယ် ပေးခြင်း - ခန္ဓာကိုယ်ဟာ အိပ်စက်နေတဲ့အချိန် ၆ နာရီ၊ ၇ နာရီ လောက်အတွင်းမှာ ဘာမှမစား၊ မသောက်ဘဲရှိနေတာမို့ အိပ်ရာ ထထချင်းမှာ ရေဓာတ်ကုန်ခန်းနေ လေ့ရှိပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်ကို တန်းပြီးသောက်လိုက်တဲ့ အခါ ခန္ဓာကိုယ်ထဲကို အရည်ဝင် သွားတဲ့အတွက် ဆီးရွှင်စေတာ ကြောင့် ခန္ဓာကိုယ်ထဲကရေဓာတ် တွေကို ထပ်ထုတ်လိုက်သလို ဖြစ် စေပါတယ်။ ဒါကြောင့်မို့ အိပ်ရာ ထတာနဲ့ ရေတစ်ခွက်သောက် တာဟာ ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေသလို ကဖိန်းဓာတ် ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး တွေကိုလည်း လျှော့ချပြီးသား ဖြစ်စေပါတယ်။

အစာအိမ်အချဉ်မပေါက်အောင် ကာကွယ်ပေးခြင်း - လက်ဖက် ရည်ဟာ pH တန်ဖိုး (၆) ရှိပြီး ကော်ဖီကတော့ pH တန်ဖိုး (၅) ရှိ တာကြောင့် အစာမရှိတဲ့အချိန် သောက်တဲ့အခါ ဟိုက်ဒရိုကလို ရစ်အက်စစ်ပမာဏလိုအပ်တာ ထက်ပိုပြီးထုတ်တဲ့အတွက် အစာ အိမ်အချဉ်ပေါက်တာမျိုး ဖြစ် တတ်ပါတယ်။ ဒါကြောင့်မို့ ဘာမှ မသောက်ခင်၊ မစားခင်မှာ သတိ တရနဲ့ ရေသောက်ဖို့ လိုပါတယ်။

အစာချေဖျက်မှုဆိုင်ရာပြဿနာ များအား ကာကွယ်ခြင်း - ဟိုက်ဒရိုကလိုရစ်အက်စစ်တွေလိုတာ ထက် ပိုထွက်လာတဲ့အခါ အစာ ချေအဖွဲ့ကို အလုပ်တွေတွန်းပြီး ခိုင်းစေသလိုဖြစ်ပြီး လေပွတာတို့၊ ဝမ်းဖောဝမ်းရောင်တို့၊ အူမကင် ဆာတို့လိုမျိုးအထိပါ ဖြစ်နိုင်တဲ့အ တွက် ရေတစ်ခွက်လောက်ကြို တင်သောက်ရင်း ကာကွယ်ဖို့ လို ပါတယ်။

Credit: Today Bago

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top