iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ဖိစီးျခင္းမွာလည္း အကိ်ဳးရလဒ္ေတြ ရိွသည္ဟု က၊ြမ္းက်င္သူ အမ်ားစု လက္ခံထားသည္။ ကိစၥတစ္ခုခု အတြက္ စိတ္ဖိစီးေနသည့္အခါ လူသည္ ထိုကိစၥကို ပိုအာရံုစိုက္ ျဖစ္သည္။ ပိုျပီးလည္း နိုးနိုးၾကားၾကား ရိွေနတတ္သည္။

မည္သည့္ အရာမဆို တန္ေဆး လြန္ေဘးျဖစ္သည္။ အသင့္အတင့္ေသာ စိတ္ဖိစီးမႈသည္ စိတ္အာရံုကို စူးစိုက္ကာ စဲြစဲြျမဲျမဲ လုပ္ျဖစ္ေအာင္ ဖန္တီးေပးနိုင္ေသာ္လည္း စိတ္ဖိစီးမႈ သိပ္မ်ားသြားလွ်င္မူကား စားေသာက္မႈ ပံုစံကအစ လူမႈဆက္ဆံေရးထိပါ ထိခိုက္နိုင္သည္။

ေရတိုေရရွည္ စိတ္ဖိစီးမႈေတြေၾကာင့္ ေနစဥ္ဘ၀ကိုပါ ထိခိုက္ရသည့္ အခ်က္ (၇) ခ်က္ကို ေအာက္တြင္ ေဖာ္ျပပါမည္။

၁။ ဆံုးျဖတ္ခ်က္ အလဲြေတြ ပိုခ်ျဖစ္ေစသည္။

ေသခ်ာစဥ္းစား ဆံုးျဖတ္သင့္သည့္ ကိစၥမိ်ဳးကို စိတ္ဖိစီးေနခိ်န္မိ်ဳးတြင္ မဆံုးျဖတ္ပါနွင့္ဟု လူမႈစိတ္ပညာ ကြ်မ္းက်င္ပညာရွင္မ်ားက အၾကံျပဳသည္။ စိတ္ဖိစီးေနသည့္ အခါ မိမိစိတ္သန္ရာဘက္ကို ဆဲြျပီး ဆံုးျဖတ္မိတတ္သည္။ မိမိက ထိုအခိ်န္တြင္ အေကာင္းဘက္ကို စိတ္သန္ေနသည္ ဆိုလွ်င္ မိမိဆံုးျဖတ္ရမည့္ ကိစၥကိုလည္း အေကာင္းခ်ည္း စြတ္ျမင္ကာ ထိုအတိုင္း ဆံုးျဖတ္လိုက္တတ္သည္။

မိမိက အဆိုးဘက္ကို စိတ္သန္ေနခိ်န္ ဆိုပါကလည္း မိမိဆံုးျဖတ္ရမည့္ ကိစၥကို အဆိုးခ်ည္း စြတ္ျမင္ကာ အဆိုးကဲေသာ ဆံုးျဖတ္ခ်က္မိ်ဳး ခ်မိတတ္သည္။ သို႔ျဖစ္ရာ စိတ္တည္ျငိမ္ေနေသာ အခါမိ်ဳးမွသာ အေကာင္းေရာ အဆိုးကိုပါ ေသခ်ာခိ်န္ဆျပီး ဆံုးျဖတ္သင့္သည္။

၂။ ေပါင္းလို႔သင္းလို႔ မေကာင္းသူ ျဖစ္ေနလိမ့္မည္။

အလြန္အကံြ် စိတ္ဖိစီးေနသည့္အခါ ကိုယ့္ကိစၥေလာက္သာ အာရံုစိုက္ ျဖစ္ေနမည္။ ေဘး၀န္းက်င္ကို အာရံုစိုက္ဖို႔ စိတ္မရွည္ေတာ့။ ေဘးဘီက လူမ်ားသည္ ကိုယ့္အတြက္ ေဒါသျဖစ္စရာ၊ စိတ္မရွည္စရာမ်ားခ်ည္း ျဖစ္ေနလိမ့္မည္။ ထိုသို႔ ျဖစ္ရသည္မွာလည္း ကိုယ့္စိတ္မထားတတ္ရံု တစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္။ ၾကြက္မ်ားနဲ႔ ေလ့လာမႈတြင္ အလြန္အကံြ် စိတ္ဖိစီးလာေသာ ၾကြက္မ်ား၏ ဦးေနွာက္ထဲကေန အင္ဇိုင္းတစ္မိ်ဳး ထြက္လာသည္။ ထိုအင္ဇိုင္းသည္ ေပါင္းသင္း ဆက္ဆံနိုင္စြမ္းကို က်ဆင္းေစသည့္ အင္ဇိုင္းျဖစ္ေၾကာင္း ေတြ႔ခဲ့ရသည္။

၃။ အလုပ္ျပီးေျမာက္ဖို႔ ပိုခက္လာမည္။

အလြန္အကံြ် စိတ္ဖိစီးလာသည့္အခါ ဦးေနွာက္အတြင္း ရည္မွန္းခ်က္ ေဖာ္ေဆာင္ေရး တာ၀န္ယူသည့္ အပိုင္းတြင္ စိတ္ဖိစီးဟိုမုန္းမ်ား ဖံုးလႊမ္း ေနွာင့္ယွက္သျဖင့္ လူသည္လုပ္မည့္ အလုပ္ကို ျပီးေျမာက္ေအာင္လုပ္ဖို႔ ပိုခက္ခဲလာရသည္။ ထိုသို႔ ျဖစ္လာသည့္အခါ လူသည္ ရည္မွန္းခ်က္ ေပါက္ေျမာက္ေရး အတြက္ နည္းလမ္းသစ္မ်ား တီထြင္ဖန္တီး အသံုးခ်နိုင္စြမ္းလည္း ကုန္ခမ္းသြားျပီး လမ္းဆိုး၊ အက်င့္ဆိုးကိုသာ ဆက္လုပ္မိကာ ေတာ္ေတာ္နဲ႔ အလုပ္မျပီးေျမာက္သည့္ ျပႆနာ ၾကံဳလာရေတာ့သည္။

၄။ မယဥ္မေက်းသမား ျဖစ္လာမည္။

အလြန္ စိတ္ဖိစီးလာသည့္အခါ လုပ္မိလုပ္ရာ လုပ္ျဖစ္လာသည္။ စာေမးပဲြက်မွာ စိုးရိမ္လြန္မႈေၾကာင့္ စာခိုးခ်ျဖစ္သည့္ဆီ ေရာက္သြားျခင္းမိ်ဳး။ မၾကာေသးခင္က လုပ္ထားေသာ စစ္တမ္းတစ္ရပ္ အရလည္း တက္စ္တို စထရုန္းဓာတ္နွင့္ စိတ္ဖိစီးေစေသာ ေကာ္တီဇုန္း ဓာတ္တို႔ မ်ားေနသူတိုသည္ စာေမးပဲြမွာ ပိုခိုးခ်ေလ့ရိွေၾကာင္း ေတြ႔ရသည္။

၅။ တစ္ခုရဖို႔ လွ်ာထြက္မတတ္ ဇြတ္လုပ္ဖို႔ ၀န္မေလး။

စိတ္အလြန္ဖိစီး အေလာသံုးဆယ္ နိုင္ေနခိ်န္မိ်ဳးတြင္ ေပ်ာက္ေနေသာ ေဘာပင္တစ္ေခ်ာင္း ေတြ႔ဖို႔အေရး တစ္အိမ္လံုးက အ၀တ္ဗီရိုေတြကို ေလွ်ာက္ဖြဖို႔ ၀န္ေလးမည္ မဟုတ္။ တစ္ကယ္လည္း ဖြမိလိမ့္မည္။ အ၀တ္ဗီရိုေတြ လိုက္ဖြျခင္း အကိ်ဳးဆက္ ဆိုးကိ်ဳးသည္ ေဘာပင္ တစ္ေခ်ာင္း ေတြ႔ရိွျခင္းထက္ မ်ားစြာ ၾကီးေလးသည့္တိုင္ စိတ္ဖိစီးေနခိ်န္တြင္ ဘာမွမေတြးနိုင္ဘဲ ဖြမိလိမ့္မည္။ စိတ္ျငိမ္သြားေသာ အခါက်မွ မိမိဖြထားသမွ် ၾကည့္ျပီး ငါေတာ္ေတာ္ မိုက္ပါလားဟု ကိုယ့္ေခါင္း ကိုယ္ထုမိလိမ့္မည္။

၆။ မလိုအပ္ဘဲ ပိုစြန္႔စားလိမ့္မည္။

စိတ္အလြန္ ဖိစီးေနသည့္အခါ ကိုယ့္ကို စိတ္ဖိစီးေစသည့္ ျပႆနာကို ျမန္ျမန္ ေျပလည္ေရးကိုသာ အာရံုထားေတာ့သည္။ က်န္တာဘာမွ မေတြးေတာ့။ အႏၱရာယ္ ျဖစ္ေစသည့္ ကိစၥမိ်ဳးကိုပင္ အႏၱရာယ္မွန္း မေၾကာက္နိုင္ဘဲ ဇြတ္တိုးလုပ္ေတာ့သည္။

ကိုယ့္ေက်ာေပၚ ခြစီးေနသည့္ စိတ္ဖိစီးမႈ ၀န္ထုပ္ ျမန္ျမန္ခ်ပစ္နိုင္ေရးသာ ကိုယ့္္စိတ္ထဲမွာ ရိွသည္။ ထိုသို႔ျဖစ္ရျခင္းမွာ လူ႔ဦးေနွာက္သည္ စိတ္ဖိစီးေစသည့္ အင္ဇိုင္းမ်ားကို ေခ်မႈန္း တိုက္ဖ်က္သည့္ အလုပ္နဲ႔ခ်ည္း ၀န္ပိေနေသာေၾကာင့္ က်န္အပိုင္းမ်ားမွာ အာရံုေလ်ာ့ကာ အႏၱရာယ္ ရိွသည္ကိုပင္ အႏၱရာယ္ဟု သတိ မေပးျဖစ္ေတာ့ျခင္းေၾကာင့္ ျဖစ္သည္။

၇။ ေမ့တာ ေလ်ာ့တာ ပိုျဖစ္လာမည္။

အလြန္အကံြ် စိတ္ဖိစီးလာသည့္အခါ လူက ေလာေလာေလာ ေလာျဖစ္ေနျပီး တစ္ျခားဟာေတြ ေမ့ေနေလ်ာ့ေနလိမ့္မည္။ အလုပ္ေတြ ဖိစီးျပီး အာရံုေတြမ်ားေနလွ်င္ ေမ့တတ္တာ ထံုးစံပင္။ ၾကြက္မ်ားနွင့္ ေလ့လာၾကည့္သည့္အခါ စိတ္ဖိစီးလြန္းပါက ဦးေနွာက္အတြင္း စိတ္ဖိစီး ဟိုမုန္းမ်ားသည္ ဦးေနွာက္ကို ပံုစံေျပာင္းသြားေစကာ ခံစားခ်က္ ေနာက္လိုက္ျပီး တံု႔ျပန္ေအာင္ လုပ္ပစ္လိုက္သည္။

ထိုအခါ လူသည္ အခ်က္အလက္သိမႈ အားနည္းသြားကာ မွတ္သားထားသည္မ်ား ေမ့ေလ်ာ့လာေတာ့သည္။ စိတ္ဖိစီးမႈက်သြားျပီး လူက ေအးေအးေဆးေဆး ရိွလာပါမွ ေမ့ေနတာေတြ ျပန္မွတ္မိ လာေတာ့သည္။


Credit : The Messenger

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စိတ်ဖိစီးခြင်းမှာလည်း အကျိုးရလဒ်တွေ ရှိသည်ဟု က၊ွမ်းကျင်သူ အများစု လက်ခံထားသည်။ ကိစ္စတစ်ခုခု အတွက် စိတ်ဖိစီးနေသည့်အခါ လူသည် ထိုကိစ္စကို ပိုအာရုံစိုက် ဖြစ်သည်။ ပိုပြီးလည်း နိုးနိုးကြားကြား ရှိနေတတ်သည်။

မည်သည့် အရာမဆို တန်ဆေး လွန်ဘေးဖြစ်သည်။ အသင့်အတင့်သော စိတ်ဖိစီးမှုသည် စိတ်အာရုံကို စူးစိုက်ကာ စွဲစွဲမြဲမြဲ လုပ်ဖြစ်အောင် ဖန်တီးပေးနိုင်သော်လည်း စိတ်ဖိစီးမှု သိပ်များသွားလျှင်မူကား စားသောက်မှု ပုံစံကအစ လူမှုဆက်ဆံရေးထိပါ ထိခိုက်နိုင်သည်။

ရေတိုရေရှည် စိတ်ဖိစီးမှုတွေကြောင့် နေစဉ်ဘဝကိုပါ ထိခိုက်ရသည့် အချက် (၇) ချက်ကို အောက်တွင် ဖော်ပြပါမည်။

၁။ ဆုံးဖြတ်ချက် အလွဲတွေ ပိုချဖြစ်စေသည်။

သေချာစဉ်းစား ဆုံးဖြတ်သင့်သည့် ကိစ္စမျိုးကို စိတ်ဖိစီးနေချိန်မျိုးတွင် မဆုံးဖြတ်ပါနှင့်ဟု လူမှုစိတ်ပညာ ကျွမ်းကျင်ပညာရှင်များက အကြံပြုသည်။ စိတ်ဖိစီးနေသည့် အခါ မိမိစိတ်သန်ရာဘက်ကို ဆွဲပြီး ဆုံးဖြတ်မိတတ်သည်။ မိမိက ထိုအချိန်တွင် အကောင်းဘက်ကို စိတ်သန်နေသည် ဆိုလျှင် မိမိဆုံးဖြတ်ရမည့် ကိစ္စကိုလည်း အကောင်းချည်း စွတ်မြင်ကာ ထိုအတိုင်း ဆုံးဖြတ်လိုက်တတ်သည်။

မိမိက အဆိုးဘက်ကို စိတ်သန်နေချိန် ဆိုပါကလည်း မိမိဆုံးဖြတ်ရမည့် ကိစ္စကို အဆိုးချည်း စွတ်မြင်ကာ အဆိုးကဲသော ဆုံးဖြတ်ချက်မျိုး ချမိတတ်သည်။ သို့ဖြစ်ရာ စိတ်တည်ငြိမ်နေသော အခါမျိုးမှသာ အကောင်းရော အဆိုးကိုပါ သေချာချိန်ဆပြီး ဆုံးဖြတ်သင့်သည်။

၂။ ပေါင်းလို့သင်းလို့ မကောင်းသူ ဖြစ်နေလိမ့်မည်။

အလွန်အကံျွ စိတ်ဖိစီးနေသည့်အခါ ကိုယ့်ကိစ္စလောက်သာ အာရုံစိုက် ဖြစ်နေမည်။ ဘေးဝန်းကျင်ကို အာရုံစိုက်ဖို့ စိတ်မရှည်တော့။ ဘေးဘီက လူများသည် ကိုယ့်အတွက် ဒေါသဖြစ်စရာ၊ စိတ်မရှည်စရာများချည်း ဖြစ်နေလိမ့်မည်။ ထိုသို့ ဖြစ်ရသည်မှာလည်း ကိုယ့်စိတ်မထားတတ်ရုံ တစ်ခုတည်းကြောင့်တော့ မဟုတ်။ ကြွက်များနဲ့ လေ့လာမှုတွင် အလွန်အကံျွ စိတ်ဖိစီးလာသော ကြွက်များ၏ ဦးနှောက်ထဲကနေ အင်ဇိုင်းတစ်မျိုး ထွက်လာသည်။ ထိုအင်ဇိုင်းသည် ပေါင်းသင်း ဆက်ဆံနိုင်စွမ်းကို ကျဆင်းစေသည့် အင်ဇိုင်းဖြစ်ကြောင်း တွေ့ခဲ့ရသည်။

၃။ အလုပ်ပြီးမြောက်ဖို့ ပိုခက်လာမည်။

အလွန်အကံျွ စိတ်ဖိစီးလာသည့်အခါ ဦးနှောက်အတွင်း ရည်မှန်းချက် ဖော်ဆောင်ရေး တာဝန်ယူသည့် အပိုင်းတွင် စိတ်ဖိစီးဟိုမုန်းများ ဖုံးလွှမ်း နှောင့်ယှက်သဖြင့် လူသည်လုပ်မည့် အလုပ်ကို ပြီးမြောက်အောင်လုပ်ဖို့ ပိုခက်ခဲလာရသည်။ ထိုသို့ ဖြစ်လာသည့်အခါ လူသည် ရည်မှန်းချက် ပေါက်မြောက်ရေး အတွက် နည်းလမ်းသစ်များ တီထွင်ဖန်တီး အသုံးချနိုင်စွမ်းလည်း ကုန်ခမ်းသွားပြီး လမ်းဆိုး၊ အကျင့်ဆိုးကိုသာ ဆက်လုပ်မိကာ တော်တော်နဲ့ အလုပ်မပြီးမြောက်သည့် ပြဿနာ ကြုံလာရတော့သည်။

၄။ မယဉ်မကျေးသမား ဖြစ်လာမည်။

အလွန် စိတ်ဖိစီးလာသည့်အခါ လုပ်မိလုပ်ရာ လုပ်ဖြစ်လာသည်။ စာမေးပွဲကျမှာ စိုးရိမ်လွန်မှုကြောင့် စာခိုးချဖြစ်သည့်ဆီ ရောက်သွားခြင်းမျိုး။ မကြာသေးခင်က လုပ်ထားသော စစ်တမ်းတစ်ရပ် အရလည်း တက်စ်တို စထရုန်းဓာတ်နှင့် စိတ်ဖိစီးစေသော ကော်တီဇုန်း ဓာတ်တို့ များနေသူတိုသည် စာမေးပွဲမှာ ပိုခိုးချလေ့ရှိကြောင်း တွေ့ရသည်။

၅။ တစ်ခုရဖို့ လျှာထွက်မတတ် ဇွတ်လုပ်ဖို့ ဝန်မလေး။

စိတ်အလွန်ဖိစီး အလောသုံးဆယ် နိုင်နေချိန်မျိုးတွင် ပျောက်နေသော ဘောပင်တစ်ချောင်း တွေ့ဖို့အရေး တစ်အိမ်လုံးက အဝတ်ဗီရိုတွေကို လျှောက်ဖွဖို့ ဝန်လေးမည် မဟုတ်။ တစ်ကယ်လည်း ဖွမိလိမ့်မည်။ အဝတ်ဗီရိုတွေ လိုက်ဖွခြင်း အကျိုးဆက် ဆိုးကျိုးသည် ဘောပင် တစ်ချောင်း တွေ့ရှိခြင်းထက် များစွာ ကြီးလေးသည့်တိုင် စိတ်ဖိစီးနေချိန်တွင် ဘာမှမတွေးနိုင်ဘဲ ဖွမိလိမ့်မည်။ စိတ်ငြိမ်သွားသော အခါကျမှ မိမိဖွထားသမျှ ကြည့်ပြီး ငါတော်တော် မိုက်ပါလားဟု ကိုယ့်ခေါင်း ကိုယ်ထုမိလိမ့်မည်။

၆။ မလိုအပ်ဘဲ ပိုစွန့်စားလိမ့်မည်။

စိတ်အလွန် ဖိစီးနေသည့်အခါ ကိုယ့်ကို စိတ်ဖိစီးစေသည့် ပြဿနာကို မြန်မြန် ပြေလည်ရေးကိုသာ အာရုံထားတော့သည်။ ကျန်တာဘာမှ မတွေးတော့။ အန္တရာယ် ဖြစ်စေသည့် ကိစ္စမျိုးကိုပင် အန္တရာယ်မှန်း မကြောက်နိုင်ဘဲ ဇွတ်တိုးလုပ်တော့သည်။

ကိုယ့်ကျောပေါ် ခွစီးနေသည့် စိတ်ဖိစီးမှု ဝန်ထုပ် မြန်မြန်ချပစ်နိုင်ရေးသာ ကိုယ့််စိတ်ထဲမှာ ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ လူ့ဦးနှောက်သည် စိတ်ဖိစီးစေသည့် အင်ဇိုင်းများကို ချေမှုန်း တိုက်ဖျက်သည့် အလုပ်နဲ့ချည်း ဝန်ပိနေသောကြောင့် ကျန်အပိုင်းများမှာ အာရုံလျော့ကာ အန္တရာယ် ရှိသည်ကိုပင် အန္တရာယ်ဟု သတိ မပေးဖြစ်တော့ခြင်းကြောင့် ဖြစ်သည်။

၇။ မေ့တာ လျော့တာ ပိုဖြစ်လာမည်။

အလွန်အကံျွ စိတ်ဖိစီးလာသည့်အခါ လူက လောလောလော လောဖြစ်နေပြီး တစ်ခြားဟာတွေ မေ့နေလျော့နေလိမ့်မည်။ အလုပ်တွေ ဖိစီးပြီး အာရုံတွေများနေလျှင် မေ့တတ်တာ ထုံးစံပင်။ ကြွက်များနှင့် လေ့လာကြည့်သည့်အခါ စိတ်ဖိစီးလွန်းပါက ဦးနှောက်အတွင်း စိတ်ဖိစီး ဟိုမုန်းများသည် ဦးနှောက်ကို ပုံစံပြောင်းသွားစေကာ ခံစားချက် နောက်လိုက်ပြီး တုံ့ပြန်အောင် လုပ်ပစ်လိုက်သည်။

ထိုအခါ လူသည် အချက်အလက်သိမှု အားနည်းသွားကာ မှတ်သားထားသည်များ မေ့လျော့လာတော့သည်။ စိတ်ဖိစီးမှုကျသွားပြီး လူက အေးအေးဆေးဆေး ရှိလာပါမှ မေ့နေတာတွေ ပြန်မှတ်မိ လာတော့သည်။


Credit : The Messenger



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top