iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္လိမ္းတဲ့အခါ ေပါင္ဒါကေန အိုင္းရွဲဒိုးအထိ မျဖစ္မေန အသံုးျပရတဲ့ ဘရက္ရွ္ေတြ၊ sponge ေတြဟာ မ်က္ႏွာနဲ႕ေန႕စဥ္ထိေတြ႕ေနရတဲ့ အရာေတြ ျဖစ္တာေၾကာင့္ ပံုမွန္သန္႕ရွင္းေရးလုပ္ေပးဖုိ႕ လိုပါတယ္။ ခုသံုးေနတဲ့ မိတ္ကပ္ဘရက္ရွ္ေတြကို ဘယ္ေန႕တုန္းက ေနာက္ဆံုးထားျပီး သန္႕ရွင္းေပးခဲ့သလဲဆုိတာကို ေတြးမရေတာ့ဘူးဆိုရင္ေတာ့ ခုေျပာျပေပးမယ့္ နည္းေလးေတြ အသံုးျပဳ ျပီး ခုပဲ သန္႕ရွင္းေရးလုပ္ေပးလိုက္ပါေနာ္။

သင္က မိတ္ကပ္လိမ္းတဲ့အခါ sponge သံုးရတာ သေဘာက်တယ္ဆုိရင္ သူ႕ကို ဘယ္လုိသန္႕ရွင္းေရး လုပ္ေပးရမယ္ဆုိတာေလး ေျပာျပေပးပါ့မယ္။ မိတ္ကပ္လိမ္းတဲ့အခါ တကယ့္ကို ညီသြားေအာင္ လုပ္ေဆာင္ေပးႏိုင္တဲ့ ဒီ sponge ကို ေရေႏြးေႏြးေလးနဲ႕ ပထမဆံုး သန္႕ရွင္းေရးလုပ္ျပီးတာနဲ႕ ဆပ္ျပာခပ္ေပ်ာ့ေပ်ာ့၊ ေရနဲ႕ေရာျပီး ေနာက္တစ္ထပ္ ေဆးေၾကာလိုက္ပါ။ ျပီးတဲ့အခါ ေနာက္ဆံုးတစ္ၾကိမ္ ေရေလးနဲ႕ေဆးၾကာျပီး ေရေတြကို ညွစ္ထုတ္ကာ သန္႕ရွင္းတဲ့ တဘတ္ေလးနဲ႕ ေျခာက္ေသြ႕ေအာင္ လုပ္လိုက္ပါ။

မိတ္ကပ္ဘရက္ရွ္

မိတ္ကပ္ဘရက္ရွ္ေတြကို သန္႕ရွင္းေရလုပ္တဲ့အခါ ပထမဆံုးသတိေပးခ်င္တာကေတာ့ ဘရက္ရွ္ေတြေပၚ ေရေတြတုိက္ရိုက္ေလာင္းခ်တာမ်ိဳး လုံး၀မလုပ္ပါနဲ႕။ ဒီလိုလုပ္ျခင္းအားျဖင့္ ဘရက္ရွ္အေမႊးေလးေတြနဲ႕ လက္ကိုင္ကို တြဲစပ္ထားတဲ့ ေကာ္ေတြကို ေပ်ာ့သြားေစပါတယ္။ ေနာက္ပုိင္းသံုးတဲ့အခါ အဆင္ေျပမွာ မဟုတ္ေတာ့တာေၾကာင့္ ဒါမ်ိဳးေတာ့ မလုပ္မိပါေစနဲ႕။ ဒီေတာ့ ဘရက္ရွ္ထိပ္ပိုင္းေလးကိုပဲ ေရေတြစိုစြတ္သြားေအာင္ လက္ကုိင္တံကို ကိုင္ျပီး ေရစိမ္တာမ်ိဳး လုပ္ေပးပါ။ အိမ္မွာ ဘရက္ရွ္သန္႕ရွင္းေရးလုပ္တဲ့ဟာမ်ိဳးရွိရင္ အဲ့ဒါကို သံုးျပီး သန္႕ရွင္းႏိုင္ပါတယ္။ မဟုတ္ရင္ေတာ့ နည္းနည္းေပ်ာ့တဲ့ ဆပ္ျပာကိုသာ သံုးပါ။ ဘရက္ရွ္ထိအမႊားေလးေတြကို ဆပ္ျပာနဲ႕ေသခ်ာ သန္႕စင္ေပးလိုက္ရံုပါပဲ။ ျပီးတဲ့အခါမွာေတာ့ သင့္လက္နဲ႕ ဒါမွမဟုတ္ paper towel နဲ႕ ေျခာက္ေအာင္ လုပ္ေပးလိုက္ပါ။ တကယ္လုိ႕ အဲ့ဒီ paper towel ကလည္း သန္႕ေနဦးမယ္၊ ဒါမွမဟုတ္ သင့္လက္ဖ၀ါးကလည္း ဘရက္ရွ္နဲ႕ထိေတြ႕ထားတာေတာင္ သန္႕စင္ေနဦးမယ္ဆုိရင္ ဘရက္ရွ္ကို ခုနကလုိပဲ ထပ္ေဆးပါ။ ျပီးတဲ့အခါမွာေတာ့ စားပြဲခံုေပၚ တင္ထားျပီး သန္႕ရွင္းတဲ့ တဘတ္နဲ႕ သုတ္ေပးလိုက္ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိတ်ကပ်လိမ်းတဲ့အခါ ပေါင်ဒါကနေ အိုင်းရှဲဒိုးအထိ မဖြစ်မနေ အသုံးပြရတဲ့ ဘရက်ရှ်တွေ၊ sponge တွေဟာ မျက်နှာနဲ့နေ့စဉ်ထိတွေ့နေရတဲ့ အရာတွေ ဖြစ်တာကြောင့် ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ ခုသုံးနေတဲ့ မိတ်ကပ်ဘရက်ရှ်တွေကို ဘယ်နေ့တုန်းက နောက်ဆုံးထားပြီး သန့်ရှင်းပေးခဲ့သလဲဆိုတာကို တွေးမရတော့ဘူးဆိုရင်တော့ ခုပြောပြပေးမယ့် နည်းလေးတွေ အသုံးပြု ပြီး ခုပဲ သန့်ရှင်းရေးလုပ်ပေးလိုက်ပါနော်။

သင်က မိတ်ကပ်လိမ်းတဲ့အခါ sponge သုံးရတာ သဘောကျတယ်ဆိုရင် သူ့ကို ဘယ်လိုသန့်ရှင်းရေး လုပ်ပေးရမယ်ဆိုတာလေး ပြောပြပေးပါ့မယ်။ မိတ်ကပ်လိမ်းတဲ့အခါ တကယ့်ကို ညီသွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ ဒီ sponge ကို ရေနွေးနွေးလေးနဲ့ ပထမဆုံး သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ဆပ်ပြာခပ်ပျော့ပျော့၊ ရေနဲ့ရောပြီး နောက်တစ်ထပ် ဆေးကြောလိုက်ပါ။ ပြီးတဲ့အခါ နောက်ဆုံးတစ်ကြိမ် ရေလေးနဲ့ဆေးကြာပြီး ရေတွေကို ညှစ်ထုတ်ကာ သန့်ရှင်းတဲ့ တဘတ်လေးနဲ့ ခြောက်သွေ့အောင် လုပ်လိုက်ပါ။

မိတ်ကပ်ဘရက်ရှ်

မိတ်ကပ်ဘရက်ရှ်တွေကို သန့်ရှင်းရေလုပ်တဲ့အခါ ပထမဆုံးသတိပေးချင်တာကတော့ ဘရက်ရှ်တွေပေါ် ရေတွေတိုက်ရိုက်လောင်းချတာမျိုး လုံးဝမလုပ်ပါနဲ့။ ဒီလိုလုပ်ခြင်းအားဖြင့် ဘရက်ရှ်အမွှေးလေးတွေနဲ့ လက်ကိုင်ကို တွဲစပ်ထားတဲ့ ကော်တွေကို ပျော့သွားစေပါတယ်။ နောက်ပိုင်းသုံးတဲ့အခါ အဆင်ပြေမှာ မဟုတ်တော့တာကြောင့် ဒါမျိုးတော့ မလုပ်မိပါစေနဲ့။ ဒီတော့ ဘရက်ရှ်ထိပ်ပိုင်းလေးကိုပဲ ရေတွေစိုစွတ်သွားအောင် လက်ကိုင်တံကို ကိုင်ပြီး ရေစိမ်တာမျိုး လုပ်ပေးပါ။ အိမ်မှာ ဘရက်ရှ်သန့်ရှင်းရေးလုပ်တဲ့ဟာမျိုးရှိရင် အဲ့ဒါကို သုံးပြီး သန့်ရှင်းနိုင်ပါတယ်။ မဟုတ်ရင်တော့ နည်းနည်းပျော့တဲ့ ဆပ်ပြာကိုသာ သုံးပါ။ ဘရက်ရှ်ထိအမွှားလေးတွေကို ဆပ်ပြာနဲ့သေချာ သန့်စင်ပေးလိုက်ရုံပါပဲ။ ပြီးတဲ့အခါမှာတော့ သင့်လက်နဲ့ ဒါမှမဟုတ် paper towel နဲ့ ခြောက်အောင် လုပ်ပေးလိုက်ပါ။ တကယ်လို့ အဲ့ဒီ paper towel ကလည်း သန့်နေဦးမယ်၊ ဒါမှမဟုတ် သင့်လက်ဖဝါးကလည်း ဘရက်ရှ်နဲ့ထိတွေ့ထားတာတောင် သန့်စင်နေဦးမယ်ဆိုရင် ဘရက်ရှ်ကို ခုနကလိုပဲ ထပ်ဆေးပါ။ ပြီးတဲ့အခါမှာတော့ စားပွဲခုံပေါ် တင်ထားပြီး သန့်ရှင်းတဲ့ တဘတ်နဲ့ သုတ်ပေးလိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top