iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္ေရးခ်စ္ရာမွာ ဒါက အေရးမပါဘူးလို႔ ထင္မိေကာင္း ထင္မိႏိုင္ပါတယ္။ တကယ္ေတာ့ ေမာင္ႏွမသားခ်င္း႐ွိသူေတြက ပိုၿပီးနားလည္ၾကပါတယ္။ အႀကီးဆံုးျဖစ္ရတာ၊ အငယ္ဆံုးျဖစ္ရတာဟာ အုပ္ထိန္းသူေတြရဲ႕ ျပဳစုေစာင့္ေ႐ွာက္မႈေၾကာင့္ ပုဂၢိဳလ္ေရးရာပတ္သက္မႈေတြကို အက်ိဳးသက္ေရာက္မႈေတြ ႐ွိေနတတ္ပါတယ္။ မိသားစုတစ္စုမွာ အႀကီးဆံုးသမီးျဖစ္ရသူက အိမ္ရဲ႕တာဝန္ေတြကို ပိုၿပီးထမ္းေဆာင္ေနခ်ိန္မွာ အငယ္ဆံုးသားတစ္ေယာက္နဲ႔ ခ်စ္မိၿပီဆုိရင္ေတာ့ မတူညီတဲ့အျမင္နဲ႔ အေတြးအေခၚေတြဟာ ကသိကေအာင့္ျဖစ္စရာေတြ ျဖစ္လာေရာေလ။

၁။ ကိစၥႀကီးႀကီးမားမားေတြၾကံဳလာခ်ိန္ ကိုယ္ကေတြးေတာပူပန္ေနေပမဲ့ သူကေတာ့ ေအးေအးေဆးေဆး႐ွိလြန္းလွပါတယ္။ တစ္နည္းဆုိရရင္ သူကစိတ္႐ႈပ္မခံတတ္တာေၾကာင့္ မိန္းကေလးျဖစ္ၿပီး ကိုယ္ကပဲလိုက္ပူပန္ေနရတာမ်ိဳးပါ။

၂။ အိမ္အတြက္စဥ္းစားရတာမ်ားေတာ့ အလိုလိုရင့္က်က္လာတဲ့ကိုယ့္ရဲ႕ စံႏႈန္းသတ္မွတ္ခ်က္ေတြဟာ သူ႔ရဲ႕အျမင္နဲ႔ မတူညီပါဘူး။

၃။ အဆင္မေျပစရာေတြၾကံဳလာေတာ့ သူက ဟာသလုပ္ၿပီး ရယ္ေမာလိုက္ႏိုင္ေပမဲ့ ကိုယ္ကေတာ့ သက္ျပင္းေတြခ်ေနမိတာမ်ိဳးလည္း ႐ွိပါတယ္။

၄။ ကိုယ္က အႀကီးဆံုးဆုိေတာ့ စီမံခန္႔ခြဲတာေတြ ရည္မွန္းခ်က္ေတြ ျပည့္ေနခ်ိန္မွာ သူကေတာ့ လြယ္္လြယ္ေလးပဲေတြးေနတတ္ပါတယ္။

၅။ တစ္ခုခု တုိင္ပင္လိုက္တဲ့ ကိုယ့္ကိုပဲ စဥ္းစားခိုင္းတာေတြ ႐ွိလာရင္ ကိုယ့္မွာစိတ္ညစ္ရပါတယ္။ ေယာက္်ားလးကို အားကိုးခ်င္ပါတယ္ဆုိမွ ထစ္ခနဲဆို ကိုယ့္ကိုပဲေ႐ွ႕ထြက္ခိုင္းေနတာမ်ိဳးက စိတ္ညစ္စရာပါပဲ။

၆။ အႀကီးဆံုးပီပီ ေနရာတကာ ပူပန္လြန္း၊ ဂ႐ုစိုက္လြန္းတာေတြေၾကာင့္လည္း သူက အဆင္မေျပျဖစ္ရပါတယ္။ ဥပမာ - စားေသာက္ဆိုင္မွာ စားသမွ်႐ွင္းေပးတာမ်ိဳး၊ လူေ႐ွ႕သူေ႐ွ႕မွာ ဆူပူမိတာမ်ိဳးကေတာ့ မျဖစ္သင့္ပါဘူး။ သူလည္းကိုယ္ပိုင္အရည္အခ်င္း ႐ွိသူပါ။ ေနရာတကာလိုက္ၿပီး ကေလးထိန္းသလိုလုပ္ဖုိ႔မသင့္ပါဘူး။

၇။ သူက အေကာင္းျမင္လြန္းေနတာလားေတာ့ မေျပာတတ္ပါဘူး။ ကိုယ့္မွာ အသည္းအသန္ ပူပင္ေနရခ်ိန္ သူကေတာ့ ေျဖေတြးေလးေတြးေနတတ္လို႔လည္း မခ်င့္မရဲျဖစ္မိရပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်ရေးချစ်ရာမှာ ဒါက အရေးမပါဘူးလို့ ထင်မိကောင်း ထင်မိနိုင်ပါတယ်။ တကယ်တော့ မောင်နှမသားချင်းရှိသူတွေက ပိုပြီးနားလည်ကြပါတယ်။ အကြီးဆုံးဖြစ်ရတာ၊ အငယ်ဆုံးဖြစ်ရတာဟာ အုပ်ထိန်းသူတွေရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် ပုဂ္ဂိုလ်ရေးရာပတ်သက်မှုတွေကို အကျိုးသက်ရောက်မှုတွေ ရှိနေတတ်ပါတယ်။ မိသားစုတစ်စုမှာ အကြီးဆုံးသမီးဖြစ်ရသူက အိမ်ရဲ့တာဝန်တွေကို ပိုပြီးထမ်းဆောင်နေချိန်မှာ အငယ်ဆုံးသားတစ်ယောက်နဲ့ ချစ်မိပြီဆိုရင်တော့ မတူညီတဲ့အမြင်နဲ့ အတွေးအခေါ်တွေဟာ ကသိကအောင့်ဖြစ်စရာတွေ ဖြစ်လာရောလေ။

၁။ ကိစ္စကြီးကြီးမားမားတွေကြုံလာချိန် ကိုယ်ကတွေးတောပူပန်နေပေမဲ့ သူကတော့ အေးအေးဆေးဆေးရှိလွန်းလှပါတယ်။ တစ်နည်းဆိုရရင် သူကစိတ်ရှုပ်မခံတတ်တာကြောင့် မိန်းကလေးဖြစ်ပြီး ကိုယ်ကပဲလိုက်ပူပန်နေရတာမျိုးပါ။

၂။ အိမ်အတွက်စဉ်းစားရတာများတော့ အလိုလိုရင့်ကျက်လာတဲ့ကိုယ့်ရဲ့ စံနှုန်းသတ်မှတ်ချက်တွေဟာ သူ့ရဲ့အမြင်နဲ့ မတူညီပါဘူး။

၃။ အဆင်မပြေစရာတွေကြုံလာတော့ သူက ဟာသလုပ်ပြီး ရယ်မောလိုက်နိုင်ပေမဲ့ ကိုယ်ကတော့ သက်ပြင်းတွေချနေမိတာမျိုးလည်း ရှိပါတယ်။

၄။ ကိုယ်က အကြီးဆုံးဆိုတော့ စီမံခန့်ခွဲတာတွေ ရည်မှန်းချက်တွေ ပြည့်နေချိန်မှာ သူကတော့ လွယ်လွယ်လေးပဲတွေးနေတတ်ပါတယ်။

၅။ တစ်ခုခု တိုင်ပင်လိုက်တဲ့ ကိုယ့်ကိုပဲ စဉ်းစားခိုင်းတာတွေ ရှိလာရင် ကိုယ့်မှာစိတ်ညစ်ရပါတယ်။ ယောက်ျားလးကို အားကိုးချင်ပါတယ်ဆိုမှ ထစ်ခနဲဆို ကိုယ့်ကိုပဲရှေ့ထွက်ခိုင်းနေတာမျိုးက စိတ်ညစ်စရာပါပဲ။

၆။ အကြီးဆုံးပီပီ နေရာတကာ ပူပန်လွန်း၊ ဂရုစိုက်လွန်းတာတွေကြောင့်လည်း သူက အဆင်မပြေဖြစ်ရပါတယ်။ ဥပမာ - စားသောက်ဆိုင်မှာ စားသမျှရှင်းပေးတာမျိုး၊ လူရှေ့သူရှေ့မှာ ဆူပူမိတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ သူလည်းကိုယ်ပိုင်အရည်အချင်း ရှိသူပါ။ နေရာတကာလိုက်ပြီး ကလေးထိန်းသလိုလုပ်ဖို့မသင့်ပါဘူး။

၇။ သူက အကောင်းမြင်လွန်းနေတာလားတော့ မပြောတတ်ပါဘူး။ ကိုယ့်မှာ အသည်းအသန် ပူပင်နေရချိန် သူကတော့ ဖြေတွေးလေးတွေးနေတတ်လို့လည်း မချင့်မရဲဖြစ်မိရပါတယ်။

Credit: Duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top